ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
အပိုင်း(၆)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-da38398905148
အပိုင်း(၇)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-7247228089579
အပိုင်း(၈)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-e2b3da336cc4e
အပိုင်း(၉)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-30efe721147c1
အပိုင်း(၁၀)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy
အပိုင်း(၁၁)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-66a7c76db4445
အပိုင်း(၁၂)
https://steemit.com/myanmar/@soethakhin/kan-ekayaimungtnmwlymenpamy-b8b57f65a6246
အပိုင်း(၁၃)
https://steemit.com/myanmar/@soethakhin/ka
n-ekayami-ngtnmwlymenpamy-73a8004546b27
အပိုင်း(၁၄)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0c00d2c58d4ce
image
credit-facebook image; From Nyi Nyi'acc(my friend)
ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၁၅ )
အခန်း ( ၂၉ )

တိတ်ဆိတ်မှုကို ဦးစွာဖြိုခွင်းလိုက်ဟန်ဖြင့်
ဒေစီလွင့်အသံ ထွက်ပေါ်လာသည်။
"အမနာမည်က ဒေစီလွင်ပါ။နွေဦးမောင်နဲ့ 
ပတ်သက်တာလေးနည်းနည်း ပြောစရာရှိလို့
လာခဲ့တာ။ညီမနာမည်က ကြိုင်ဟုတ်ပါတယ်နော်။" "ဟုတ်ပါတယ်အမ။"
"မောင့်ရည်းစား ဆိုတာလား။"
ကြိုင့်မျက်နှာ တစ်ချက်တော့ ပျက်သွားသည်။သူက ဆရာ့ကိုမောင်လို့ခေါ်တာလား။
ကြိုင် မျက်နှာကိုပြင်လိုက်ရင်း
"ဟုတ်ပါတယ်အမ ကြိုင်က ဆရာ့ချစ်သူပါ။"
"အေးကွယ် အမဒီလိုစကားတွေပြောရတာ
စိတ်တော့ မကောင်းဘူး။တစ်ကယ်တော့ အမနဲ့
မောင်က ငယ်ငယ်ကတည်းက နှစ်အိမ့်တစ်အိမ်
အတူနေကြတဲ့ ကစားဖော်ဆိုပါတော့။
အဲ ကြီးလာတော့လည်း အရမ်းချစ်ကြတဲ့ သူငယ်
ချင်းတွေ ဖြစ်လာကြတယ်။အမက သူ့ ကိုအရမ်း
ချစ်သလို သူကလည်း အမဆို မျက်စိအောက်ကကို အပျောက်မခံဘူးရယ်။
ပြီးတော့ မောင်က ရည်းစားကလည်း ခပ်များများ
ခပ်ပွေပွေ ခပ်ရှုပ်ရှုပ်ရယ်။သူကျောင်းတက်တုန်းကလည်း တွဲသမျှ ရည်းစားတွေနဲ့ ပြဿနာတက်တိုင်း အမပဲ လိုက်ရှင်းပေးရတာ။"
ကြိုင် စိတ်မရှည်ဟန်ဖြင့် စကားဝင်ထောက်လိုက်သည်။
"ဒါတွေဘာဖြစ်လို့  ကြိုင့်ကိုလာပြောနေတာပါလဲအမ။"

ဒေစီလွင် လက်ကာပြလိုက်ရင်း
"လာမယ်လေညီမ ဖြည်းဖြည်းပေါ့ အမအားလုံးကို သေချာပြောပြမှာပါ။အခုကျတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ အမအိမ်နဲ့ သူ့အိမ်က အမနဲ့မောင့်ကို လက်ထပ်ပေးချင်တယ်။အဲဒါ အမကတော့ ငြင်းစရာမရှိဘူး။အမှန်အတိုင်းပြောရရင် မောင့်ကို
သံယောစဉ်လည်းရှိတယ်။ကိုယ့် ခင်ပွန်းတစ်
ယောက်လိုလည်း ချစ်နိုင်တယ်။အဲဒီမှာ ပြဿနာ
ရှိလာတာက မောင့်ဘက်ကပဲ။မောင်ကလည်း
အမကို သံယောစဉ်ရှိတယ်။လက်ထပ်ချင်တယ်
ပေါ့။ခက်တာက မောင်ကအားနာတတ်တယ်။
မောင်က ဖြစ်ကြောင်းကုန်စင်ကို အမကိုဖွင့်ပြောပြီး ညီမကိုလာတောင်းပန်ပေးဖို့  တောင်းဆိုတော့တာပဲ။ သူညီမအပေါ်ကို စိတ်ကစားခဲ့တာပါတဲ့ ညီမကရိုးသားလို့ သူကိုယ်တိုင်လာပြီး မတောင်းဆိုရက်ဘူးတဲ့။အစကတော့ အမလည်း မတောင်းပန်
ပေးချင်ဘူး။ဒါပေမယ့် မောင်က ညီမရဲ့ ခွင့်လွှတ်မှုကို ရမှ မင်္ဂလာဆောင်ကို စိတ်ဖြောင့်ဖြောင့်
ကျင်းပနိုင်မယ်ပြောလာလို့ အမခုလို ညီမဆီ
ထွက်လာခဲ့တာပဲ။"

ကြိုင့် ဒူးများတုန်ယင်လာသောကြောင့် ကွပ်ပျစ်
ပေါ်သို့ ထိုင်ချလိုက်သည်။အသက်ကို ခပ်မျှင်းမျှင်း ရှုလိုက်ရင်း ဆရာ့မျက်နှာကို မြင်ယောင်လာမိပြန်သည်။ဆရာဟာ ကြိုင့်အပေါ်ကို အဲလိုရက်စက်
မယ့်သူမဟုတ်ပါ။ဆရာကြိုင့်ကို တစ်ကယ်ချစ်ခဲ့
သည်ပဲ။ဆရာ့အချစ်များက အစစ်အမှန်သာဖြစ
မည်ဟု ကြိုင်ခံစားခဲ့မိသည်ပဲ။ကြိုင် မျက်နှာကို
မော့လိုက်ရင်း အသံမတုန်အောင်ထိန်းကာ စကား
စလိုက်သော်လည်း အဖျားခပ်၍ တုန်ယင်သွား
လေသည်။
"ကျွန်မ မယုံဘူးအမ။ဒီစကားတွေကို အမညာ
ပြောနေတယ်လို့ထင်တယ်။"ဒေစီလွင်က တစ်ချက်
ပြုံးလိုက်ရင်း မိမိကျောပိုးအိတ်ကို ဖွင့်လိုက်သည်။
"ညီမက ခေါင်းမာပြီး အယုံအကြည်ရှိမယ့်သူ
မဟုတ်ဘူးလို့  အမထင်မြင်မိလို့  သက်သေယူလာပါတယ်။ဒီမှာ အမတို့ရဲ့ မင်္ဂလာဆောင် ဖိတ်စာနဲ့
မောင်က ညီမဆီရေးလိုက်တဲ့စာပါ။
ညီမက မောင်နဲ့အနီးကပ်နေတဲ့သူပဲ။
မောင့်လက်ရေးကို မှတ်မိမယ်ထင်ပါတယ်။
image

ပန်းနုရောင်ဖိတ်စာလေးကို ကိုင်နေရင်း ကြိုင့်လက်များတုန်ယင်လာသည်။ဖိတ်စာအောက်မှ စာလေးကို ဖွင့်ဖတ်လိုက်သည်။စာတစ်ကြောင်းတည်း
သို့သော် အရမ်းပြီးပြည့်စုံလေသည်။

"ခွင့်လွှတ်ပါကြိုင်......."

မရည်ရွယ်ပါဘဲလျက် မျက်ရည်တစ်စက်က
စာရွက်ထောင့်စွန်းသို့ ကြွေကျသွားသည်။
ဒီတစ်ကြိမ်လောက် ဆရာ့လက်ရေးမြင်ပြီး မုန်းမိတာ ပထမဆုံးပင်။

"ကဲညီမလည်း ဒီလောက်ဆို နားလည်လောက်ပါ
ပြီ။အမပြောချင်တာကညီမဟာမြန်မာမိန်းမကောင်း တစ်ယောက်ဖြစ်မယ်ဆိုရင် သူများအိမ်ထောင်ရေးကို မဖျက်စီးသင့်ဘူးပေါ့။မိန်းမသားချင်း ဒီလိုမပြောချင်ပေမယ့်လည်းမောင်နဲ့ပတ်သက်ပြီးနောက်ဆုတ် စေချင်တယ်။မောင်အိမ်ထောင်ကျပြီး ညီမဆီပြန်လာရင်တောင် မပတ်သက်စေချင်ဘူး။"
ကြိုင်ဆတ်ခနဲ ခေါင်းမော့လိုက်သည်။မိမိမှာလည်း မာနရှိသည်ပဲ။
"စိတ်ချပါ မဒေစီလွင်။ကျွန်မက သူတစ်ပါးခင်ပွန်းကို မြူဆွယ်တတ်တဲ့ အပေါစား မိန်းမမဟုတ်ပါဘူး။ကျွန်မအရင်က ဘယ်လောက်ချစ်ခဲ့ချစ်ခဲ့ အခုမုန်းလိုက်ပါပြီ။ ဆရာ့ကိုလည်း ပြောလိုက်ပါ။
မင်္ဂလာပွဲကို စိတ်အေးလက်အေး ဆင်နွှဲပါလို့  ဆရာသိတဲ့ ကြိုင်က သူများမင်္ဂလာဆောင်ကို
နှောက်ယှက်တတ်တဲ့သူ မဟုတ်ပါဘူးလို့။"

"ကောင်းပါပြီ ညီမ ဒါဆို အမကို ခွင့်ပြုပါအုံး။"

ဒေစီလွင် ချာကနဲ လှည့်ထွက်လာခဲ့သည်။
အောင်နိုင်သူတို့၏အပြုံးက နှုတ်ခမ်းတွင် တွဲလဲခိုလျက်။မောင့်ကိုသဘောကျ၍ မောင့်လက်ရေးကို အတုလိုက်ခိုးခဲ့သည်မှာ ငယ်ငယ်ကတည်းကပင်
ဖြစ်သည်။အခုလို အသုံးဝင်လာလိမ့်မည်ဟုတော့ မထင်ခဲ့ပါ။သို့သော် မိမိလုပ်ရပ်က မှန်ရဲ့လား။
နေပူကျဲကျဲအောက် ရွာလမ်းမကြီးထက်တွင်
လျှောက်လှမ်းနေသော ဒေစီလွင့်ခြေလှမ်းများ
တုန့် ခနဲ ရပ်သွားသည်။
ကြိုင့်မျက်ဝန်းမှ ကြွေကျသွားသော မျက်ရည်တစ်
စက် အသဲနစ်အောင် ချစ်နေမှန်းသိသာနေသည့်
ကြိုင့်အမူအယာ။ငါမှားသွားပြီလား။ငါဒီလိုလုပ်သင့် ရဲ့လား။အရမ်းများ အတ္တကြီးသွားသလား။ချောမောကာ ယောကျာ်းပီသလွန်းသော မောင့်မျက်နှာကို မြင်ယောင်လာပြန်သည်။ဒေစီလွင်ခေါင်းကို
ခတ်ဆတ်ဆတ်ခါလိုက်သည်။ငါမမှားဘူး
ဟုတ်တယ် ငါမမှားဘူး။ငါလုပ်သင့်တာကို ငါလုပ်တာ။ငါဒါတွေအားလုံးကို လုပ်ခဲ့တာ မောင့်ကို
အသည်းနာလောက်အောင် ချစ်လို့။နှလုံးသားတွေ ပေါက်ထွက်မတတ် စူးစူးနစ်နစ် မြတ်နိုးတွယ်တာလွန်းလို့။ဟုတ်တယ်ဒေစီလွင်ဆိုတဲ့ ငါ့မှာအမှားမရှိဘူး။ဒေစီလွင်၏ ခြေလှမ်းများက ခပ်သွက်သွက်ပင် ရွာထိပ်ဆီသို့ထွက်ခွါသွားလေသည်။အနောက်မိုးကုပ်စက်ဝိုင်းတွင် နေလုံးက ရွာနောက်ဖျားသို့
တဖြည်းဖြည်း မေးတင်နေချေပြီ ......။
image
credit-facebook image! from ကဗျာလမ်း page

အခန်း ( ၃၀ )

လောကရှိအဆိုးဆုံးသော အရာများထဲတွင်
ကိုယ်အချစ်ဆုံးသူတစ်ယောက်က ကိုယ့်အပေါ်
တွင် သစ္စာဖောက်ခြင်းထက် ပို၍ဆိုးရွားသော
နာကြည်းခံပြင်းစရာကောင်းတာမရှိပေ။
ကိုယ့်နှလုံးသားတစ်ခုလုံးရော ကိုယ့်ဘ၀တစ်ခုလုံးရော ယုံကြည်စွာပုံအပ်ပြီး ချစ်ခဲ့မိသူကိုမှ
ရက်ရက်စက်စက်နင်းချေရက်သည်။ဖိတ်စာလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ကြိုင့်
မျက်ဝန်းများေ၀၀ါးလာသည်။ ခံပြင်းခြင်း မယုံ
ကြည်နိုင်ခြင်း ၊ မုန်းတီးစက်ဆုပ်ခြင်း ဟူသော
ခံစားချက်ပေါင်းစုံကြောင့် ဘယ်ဘက်ရင်အုံတစ်ခုလုံး မခံမရပ်နိုင်အောင်နာကျင်ကာ တားဆီးမရ
သော မျက်ရည်များက မြစ်ကျိုးအင်းနှယ် တသွင်သွင် စီးကျလျှက်။တဖြည်ဖြည်းနှင့် ကြိုင့်ခေါင်းထဲ
တွင် မူးရိပ်မူးရိပ်ဖြစ်လာသည်။မြင်ရသော မြင်ကွင်းများက ချာချာလည်ကာေ၀၀ါးနေသည်။
ဆရာနေထိုင်ခဲ့ရာ အိမ်လေး ၊ ဆရာရေလောင်း
လေ့ရှိသော ပုဏ္ဏရိပ်ပင်တန်းလေး ၊ ဆရာကိုယ်
တိုင်ခူး၍ ကြိုင့်ကို အမြတ်တနိုးပန်ဆင်ပေးခဲ့သော ကံ့ကော်ပန်းများ အရာအားလုံးချာချာလည်နေကာ
ကြိုင် တဖြည်းဖြည်း ပြိုလဲလာသည်။မိမိထံသို့
တဘုတ်ဘုတ် ပြေးလာသော ခြေသံနှင့်အတူ
အလွမ်း၏ စိုးရိမ်တကြီးခေါ်သံကို သဲ့သဲ့မျှ ကြား
လိုက်ရပြီးနောက်တွင် ကမ္ဘာလောကကြီးနှင့်
အဆက်အသွယ် ပြတ်သွားခဲ့လေသည်။
ဖြစ်နိုင်လျှင် လောကကြီးထဲက အပြီးတိုင်ထွက်
သွားပါရစေ။

"အားနည်းလို့မူးလဲသွားတာပါ ဒေါ်လေးထားဆင့်
ကြိုင်အခုတစ်လော အိပ်ရေးပျက်နေတယ်ထင်ပါ
တယ်။"
မိမိနားထဲသို့ ခပ်တိုးတိုးဝင်လာသော အသံများ
ကြောင့် ကြိုင် မျက်လုံးကို ခပ်ဖြည်းဖြည်း ဖွင့်ကြည့်လိုက်သည်။
အမေ အဖေ ဦးလေးထွန်းမြင့်တို့ ၏ စိုးရိမ်ပူပန်
နေသော မျက်နှာများ နားကြတပ်ရင်း မိမိကို
စမ်းသပ်ကာ ဗျာများနေသော အလွမ်း။
"ဟော ကြိုင်နိုးလာပြီ အလွမ်း၏ ၀မ်းသာအားရစွာ အော်လိုက်သံထွက်ပေါ်လာသည်။"
"သမီး အမေ့သမီးလေး ဘယ်လိုနေသေးလဲ။"
ကြိုင် အမေ့လက်ကို ဆုပ်ကိုင်ထားရင်း ငိုချင်လာ
မိသည်။
"သမီးသက်သာသွားပါပြီ အမေ။"
"အားနည်းနေတယ်ပြောတယ်"
"အမေ ကြက်သားစွပ်ပြုတ်ပူပူလေး လုပ်ပေး
မယ်နော်။"
"ကဲကဲ သမီးနားပါစေ မထားဆင့် ဒို့ အောက်ဆင်း
ကြစို့  အလွမ်းလည်းရှိနေတာပဲ စိတ်ပူနေစရာမလိုတော့ပါဘူး။"
အဖေက ဦးဆောင်ကာ အောက်သို့ ဆင်းသွား
ကြလေသည်။

"နင်ဘယ်လိုနေသေးလဲကြိုင်။"
အလွမ်း၏မျက်ဝန်းများထဲမှ စိုးရိမ်ပူပန်နေဟန်
အပြင် လျို့ ၀ှက်သိပ်သည်းသော အမူအရာ
တစ်ချို့ကြောင့် ကြိုင် အလွမ်းလက်ကိုဆုပ်ကိုင်
လိုက်သည်။
"နင် အားလုံးကို သိသွားပြီမလား အလွမ်း
ငါ့လက်ထဲက မင်္ဂလာဖိတ်စာကြောင့်လေ။"
"ငါသဘောပေါက်ပါတယ်ကြိုင် ဒါပေမယ့်
အဲဒီထက် အရေးကြီးတာ ငါပြောစရာရှိတယ်။
နင်စိတ်ခိုင်ခိုင်ထားနော်။"
ကြိုင် အလွမ်းမျက်နှာကို စူးစမ်းလိုက်မိသည်။
"နင့်မှာကိုယ်ဝန်ရှိနေပြီ ကြိုင်။
"အို. ......"
ကြိုင်နှုတ်ခမ်းများ ခပ်ဟဟ ပွင့်လာသည်။
မျက်ဝန်းအိမ်များထဲတွင် လသာသောညတစ်ည၏ အဖြစ်အပျက်တစ်ချို့ကို မြင်ယောင်လာပြန်သည်။
ခေါင်းကို ခါအရမ်းတွင် မျက်ရည်တစ်စက်က
လွင့်ခနဲကြွေသွားသည်။
"လူကြီးတွေကို နင်အားနည်းနေတာလို့ ငါညာပြောလိုက်တယ်။နင့်ဆီက ခွင့်ပြုချက် မရဘဲ မပြောချင်တာကြောင့်ပဲ။ငါ့ကို ပြောစမ်းပါကြိုင် ဒီကိုယ်ဝန်က ဆရာနဲ့မဟုတ်လား။"
ကြိုင့် မျက်ဝန်းများ လှုပ်ခတ်မှုကို ငေးရင်း အလွမ်းသဘောပေါက်လိုက်သည်။
"နင်ဘာမှ စိတ်မပူနဲ့ကြိုင်။ငါဆရာ့ဆီကို လိုက်သွားမယ်။နင့်အကြောင်းကို ပြောပြမယ်။ဆရာ ဟာ
သူ့မင်္ဂလာပွဲကို ဖျက်ပြီး နင့်ကိုလက်ထပ်ရမယ်။"
ကြိုင် ခေါင်းကို တွင်တွင် ခါရမ်းလိုက်သည်။
"မဖြစ်ဘူး အလွမ်း ငါ ဆရာ့ကို မယူနိုင်ဘူး။
ဆရာ့ကို မုန်းတယ်။ပြီးတော့ သူ့ မင်္ဂလာပွဲကိုလည်း မနှောက်ယှက်ပါဘူးလို့  ငါကတိပေးလိုက်ပြီ။"
"တော်တော့ ကြိုင် နင်ဘာမဟုတ်တဲ့ ကတိတွေကို စောင့်ထိန်းနေစရာမလိုဘူး။
နင့်ဗိုက်ထဲက ကလေးအတွက်စဉ်းစား။
ကလေးကို လွယ်ထားရတဲ့ မိခင်တစ်ယောက်က အရေးကြီးသလား။သူတို့မင်္ဂလာဆောင်က
အရေးကြီးသလား။ငါသိသလောက် ဆရာဟာ
ဒီလောက်မယုတ်မာဘူး။နင့်အဖြစ်ကို သိရင်
သူနင့်ကို လက်ထပ်မှာပဲ။ဆရာက နင့်ကိုချစ်ခဲ့တာပဲကြိုင်။"
"တော်ပါအလွမ်းရယ် ဆရာသာ ငါ့ကိုတစ်ကယ်ချစ်
ခဲ့ရင် ဒီမင်္ဂလာဖိတ်စာက ငါ့လက်ထဲတောင်ရောက်လာမှာမဟုတ်ဘူး။"

အလွမ်းသက် သက်ပြင်းမောကို ချလိုက်မိသည်။
"ကောင်းပြီကြိုင် အဲဒီတော့ ငါတို့  အချစ်တွေအမုန်း တွေကို ခနဖယ်ထားလိုက်ရအောင် နင့်ဗိုက်ထဲက ကလေးမှာ အဖေရှိဖို့လိုတယ်။ပြောလေ နင်ဆရာ့ကိုမယူရင် ဘယ်သူ့ကိုယူမှာလဲ။ဒီကလေးအတွက် အဖေတစ်ယောက်လိုတယ်ကြိုင်။"

"အဲဒီအဖေနေရာကို ငါဝင်လိုက်ပါ့မယ် ကြိုင်။" တံခါးဝမှ အသံနှင့်အတူ အခန်းထဲသို့ ဝင်လာသော ညီညီ့ကြောင့် မိန်းကလေးနှစ်ဦးလုံး အံ့အားသင့်သွားကြသည်။အလွမ်းလက်ထဲမှ နားကြပ်က
အောက်သို့ လွတ်ကျသွားကာ ကြိုင့် မျက်ဝန်းများမှာလည်း ပြူးကျယ်သွားလေသည်။
ညီစေမင်း အခန်းထဲသို့  လျှောက်လာရင်း
"နင်တို့နှစ်ယောက်ပြောတာကို ငါအားလုံးကြားခဲ့
ပြီးပြီကြိုင်။ဆရာနဲ့ အကြောင်းလည်း ငါအကုန်သိပြီးပြီ။ဆရာ့ကို ဒီလိုလူတစ်ယောက်လို့ မထင်ခဲ့မိတာတော့ အမှန်ပဲ။ထားပါတော့ အရာအားလုံးဟာ ဖြစ်ပျက်ပြီးခဲ့ပြီပဲ။ငါ့ကိုလက်ထပ်ပါကြိုင်။ဒီစကားကို နင့်ဗိုက်ထဲကလွယ်ထားတဲ့ ကလေးအတွက်စဉ်းစား ပြီးလက်ခံပေးပါ။"
ကြိုင် ခေါင်းရမ်းရင်း ငိုချလိုက်မိသည်။
"မဖြစ်ဘူးညီညီ ငါနင့်ကို လက်မထပ်နိုင်ဘူး။
ဒါက ငါမလိမ္မာခဲ့လို့ဖြစ်ခဲ့တာ။ငါ့အပြစ်တွေပါ။
ငါတစ်ယောက်တည်းဖြေရှင်းမယ်။"
"နင်တစ်ယောက်တည်း ဘယ်လိုဖြေရှင်းမှာလဲ"
ညီညီ့အသံကဒေါသကြောင့်နည်းနည်းကျယ်လောင် သွားသည်။ဖြစ်နိုင်လျှင်ကြိုင့်ပခုံးကိုဆွဲကိုင်လှုပ်ရမ်းပစ်ချင်သည်။ညီညီလေသံကိုပျော့လိုက်ရင်း
"နင်ငါ့ကို မချစ်ဘူးဆိုတာ ငါသိပါတယ်ကြိုင်။
နင်ဘယ်တော့မှ ငါ့ကိုမချစ်နိုင်ဘူးဆိုတာလဲ
ငါသိပြီးသားပါ။ဒါပေမယ့် ငါနင့်ကို ချစ်တယ်ကြိုင်။နင်တစ်ခုကိုတော့ သိပါ။ငါနင့်ကို ချစ်တဲ့အချစ်က
နင့်ဆီက တုံ့ပြန်မေတ္တာကို ပြန်ရမှဖြစ်မယ်ဆိုတဲ့
အချစ်မျိုး မဟုတ်ဘူး။နင်အဆင်ပြေဖို့ ပဲလိုတယ်
ကြိုင်။နင်ငါ့ကို ဘယ်တော့မှ ပြန်မချစ်နိုင်ဘူးဆို
ရင်တောင် ဗိုက်ထဲက ရင်သွေးလေးနဲ့ နင့်အတွက် နင်လက်ခံပေးပါ။ အလွမ်း နင်လည်း ကူပြောပေးပါလို့ ငါတောင်းပန်ပါတယ်။"
အလွမ်းသက် ခံစားချက်မဲ့သော မျက်ဝန်းများနှင့် ညီညီ့ကို မော့ကြည့်လိုက်မိသည်။ဘာတွေဖြစ်ကုန်ခဲ့ပြီလဲ ကံတရားရယ်။

ကြိုင့် ရှိုက်သံသဲ့သဲ့ ဖုံးလွှမ်းရာ အခန်းလေးကို
ကျောခိုင်းရင်း ညီညီခြေဦးတည့်ရာသို့ ထွက်လာ
ခဲ့သည်။မိမိအမြတ်တနိုး တန်ဖိုးထားခဲ့ရသည့်
မိန်းကလေးမှာမှ ဒီလိုအဖြစ်ဆိုးမျိုးကြုံလာခဲ့သည်။ ဖြေမဆည်နိုင်အောင် ရင်ထဲတွင် နာကျင်မိသည်။
မိမိကြိုင့်ကို အရမ်းချစ်သည်။ကြိုင့်အတွက် ဘာမဆို ပေးဆပ်ပစ်ဖို့ ၀န်မလေးပါ။အဆုံးစွန် မိမိ
အသက်ကို စတေးပြီး ကြိုင့်ကို ကာကွယ်ရမည်
ဆိုလျှင်တောင် ကာကွယ်ပေးမည်ဖြစ်သည်။
ညီစေမင်းဆိုသည့် မိမိက အဲသလောက် အချစ်ကြီး လေသည်။ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့သူတွေ
အတွက်အဆုံးစွန်ဆုံး လုပ်ပေးနိုင်တာကကိုယ့်ကိုကိုယ် စွန့်လွှတ်အနစ်နာခံခြင်းပင် မဟုတ်ပါလား။နေ၀င်သွားပေပြီ။ အိပ်တန်းပျံငှက်တို့ အုပ်စုလိုက်
ပျံသန်းသွားကြသည်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။မိမိ၏ အိပ်တန်းကရော ဘယ်မှာများပါလိမ့်.....
image
credit-facebook image! from ကဗျာလမ်း page
ဆက်လက်
ဖော်ပြပါဦးမည်။
ဖတ်ရှုပေးပါသောညီအစ်ကိုများအားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။
image
Author-SOE THA KHIN
MSC-172

Sort:  

မုန်​တိုင်းထန်​ခဲ့ပြီ​ပေါ့ ကြိုင်

ဟုတ်ပါတယ်ဗျာလို့

ရင်ထဲမှာ ခံစားရလို့ တခါတည်းပြီးအောင် ဖတ်ချင်တော့တာပဲ

ပြီးတော့မှာပါဗျ

ဇာတ်လမ်းလေးက အရမ်းကောင်းလာပြီ

ဟုတ်ကဲ့ပါဗျာ

ဇာတ်​ရှိန်​မြင့်​လာပြီ​နော်

ဟုတ်ပါတယ်ဗျာ

ခံစားရအောင်လုပ်ပြန်ပြီ

မလုပ်ဖျင်ပေမယ့်လည်းပေါ့နော်

ပြီးလိုက်ပါတော့ကွယ် စောင့်စောင့်ဖတ်နေရတာ မောလို့ပါ။

နည်းနည်းလေးသီးခံပေးပါဗျာ

မုန်တိုင်းထန်ခဲ့လေသည်ပေါ့

ဟုတ်ပါတယ်ဗျာ

စွန့်​လွတ်​အနစ်​နာခံခြင်းက အချစ်​လို့​ခေါ်သလား....?
ရေးထား​လေး​တွေ ဖက်​လို့​ကောင်းတယ်​ဗျာ

ဟုတ်ကဲ့ပါဗျကျေးဇူးပါ

ဝမ်းနည်းစရာပါလားဘဒိုရ
ကလေးနဲ့ဆိုတော့ သူ့သိုက်က ပြန်လာခေါ်တော့မှာပေါ့နော့်။

ထင်ရတာပဲဗျာ ပြန်မပို့ချင်ပါဘူး

ကျန်တော့်ဆီပဲပို့လိုက်ပါဗျာ :P

ပို့လိုက်မယ်ဗျာ

ဝိုး
ခံစားမှုတွေကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်လိုက်တာပဲဗျ
ဇာတ်ရှိန်တက်အောင်ကိုရေးနိုင်တာ လေးစားတယ်ဗျာ။
ကောင်းခန်းတွေကို ဆက်လက်အားပေးပါအုံးမယ်ဗျို့👏👏👏👍👍👍

ကျေးဇူးပါကိုမိုးရေ
ဆက်လက်ကြိုးစားပါဦးမည်ဗျ

သိုက်အကြောင်းပါလာပြီ စိတ်ဝင်စားတယ်ဗျာ

ဇာတ်လမ်းအစကနေပျောက်နေတာခုမှပြန်ဖော်ရတော့တာဗျို့

ဇာတ်လမ်းက လွမ်းခန်းတွေ စလာပြီကွယ်

ဝမ်းနည်းတတ်သူတွေအဖို့ ပဝါလေးတွေဆောင်ထားရတော့မယ်

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 16582.66
ETH 1220.05
USDT 1.00
SBD 2.08