ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
အပိုင်း(၆)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-da38398905148
အပိုင်း(၇)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-7247228089579
အပိုင်း(၈)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-e2b3da336cc4e
image
credit-facebook image

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်
အပိုင်း ( ၉ )
အခန်း ( ၁၇ )

နွေဦးမောင်အသံကို ငြိမ်အောင်ထိန်းလိုက်ရင်း
စကားစပြောလိုက်သည်။
"ညီညီတို့ ပြောစရာရှိရင်ပြောကြလေ
ဆရာလာနှုတ်ဆက်တာပါ အခုပဲရောက်တာ
ဆရာသွားနားလိုက်အုံးမယ်။"

ကြိုင်နှင့်ညီညီ့ထံမှ ဟုတ်ကဲ့ပါဆရာဟု ပြန်ဖြေ
လိုက်သံက မိမိနားထဲသို့ မကြားတစ်ချက်ကြား
တစ်ချက်။အတတ်နိုင်ဆုံးပြုံးပြကာ အိမ်ဘက်ဆီ
သို့လှည့်ထွက်ခဲ့ရသော်လည်း မိမိအပြုံးများမပီပြင်ခဲ့ဘူးဆိုတာ မိမိသာအသိဆုံးပါလေ။ဒါဟာ ကံတရားကပေးတဲ့ပြစ်ဒဏ်ဆိုရင်တောင် နွေဦးမောင်ခံယူဖို့ အသင့်ပါပဲ။နွေနေပူပူက ရင်ထဲကအပူနှင့် ပေါင်းစပ်သွား၍ထင် အခုမှပို၍ပူပြင်းနေသယောင်ခံစားရ
လေသည်။

ကြိုင် မိမိလက်ကို အသာအယာပင်ရုန်းလိုက်သည်။
"ခဏထိုင်ရအောင်ညီညီ ငါတို့ အဲဒီအကြောင်းကို
အေးအေးဆေးဆေးသေချာဆွေးနွေးကြတာပေါ့။"
ညီညီက မိမိမျက်နှာကိုငေးကြည့်နေရင်း
ကွတ်ပျစ်ပေါ်သို့ထိုင်ချလိုက်၏။ကြိုင် ညီညီ့ဘေးတွင် ခပ်ခွါခွါထိုင်လိုက်ရင်း ကျောခိုင်းသွားသော ဆရာ့မျက် ၀န်းများကိုမြင်ယောင်လာမိပြန်သည်။မိမိဟာ
မွေးကတည်းက ပြတ်သားသူဖြစ်သည်။မိမိတွင်
တစ်စုံတစ်ရာကို တွေဝေတတ်သောစိတ်မရှိ။အခုအချစ်ရေးနှင့်ပတ်သက်လာတော့လည်း မိမိနှလုံးသားကို အသေအချာနားလည်ထားသူဖြစ်သည်။
မိမိသေချာဆုံးဖြတ်ရမည်။ညီညီဆိုသည်မှာလဲ မိမိချစ်ရသောသူငယ်ချင်းပင် မဟုတ်ပါလား။ကြိုင်
စိတ်ကိုပိုင်းဖြတ်လိုက်ကာ ညီညီ့ဘက်သို့လှည့်၍
မျက်နှာချင်းဆိုင်လိုက်သည်။

"ညီညီ ငါအခုပြောမယ့်စကားတွေကို သေချာနား
ထောင်နော်။"
"အင်းပါကြိုင် ပြောပါ"

ညီညီက စိတ်ပါဝင်စားစွာဖြင့် ကြိုင့်ကိုငေးရင်းပြန်
ဖြေလိုက်သည်။
"နင်ဟာ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တယ်။နင်နဲ့ အလွမ်းသက်ဟာ ဒီလောကမှာ ငါချစ်ရတဲ့လူနှစ်ဦးဆိုတာ နင်လက်ခံလားညီညီ။"
"ငါလက်ခံပါတယ်ကြိုင် ငါ့အတွက်လည်း နင်နဲ့ 
အလွမ်းက အချစ်ရဆုံးသူတွေပါပဲ။တစ်ခုပဲကွာတာ အလွမ်းကို သူငယ်ချင်းလို အရမ်းချစ်ပြီး နင့်ကို
တော့ သူငယ်ချင်းထက်ပိုတဲ့ အချစ်နဲ့ ချစ်မိတာကိုပဲကြိုင်။"
"ငါဘယ်လိုအဖြေပဲဖြေဖြေ နင်ကငါ့ကိုသူငယ်ချင်းလိုချစ်နေမှာပဲလား။"

ညီညီ ကြိုင့်မျက်ဝန်းများကို စိုက်ကြည့်လိုက်ရင်း "ငါပြောပြီးပါကောကြိုင် ငါဟာနင့်ကို
သူငယ်ချင်းထက်ပိုတဲ့အချစ်နဲ့ ချစ်မိခဲ့တယ်။သူငယ်ချင်းထက်ပိုတဲ့အချစ်လို့ ပြောလိုက်ကတည်းက ငါနင့်ကိုချစ်တဲ့အချစ်က သူငယ်ချင်းချစ်ကနေ တစ်ဆင့်တက်လာတာမလို့  အရင်အချစ်က လျော့ရဲသွားမှာမဟုတ်ပါဘူး။"
"ကောင်းပြီညီညီ ဒါဆိုငါဖြေမယ်။ငါကပြတ်သားတဲ့သူဆိုတာတော့ မွေးကတည်းက ပေါင်းလာတဲ့
အတွက် နင်သိပြီးသားနေမှာပါ။ပြီးတော့ ငါ့အဖြေဟာ ဘယ်တော့မှမပြောင်းတဲ့အဖြေပဲညီ ဒီဘဝ
ဒီတစ်သက်ပေါ့ဟာ။ငါနင့်ကိုသူငယ်ချင်းလိုပဲ
ချစ်တယ်ညီညီ ယောကျာ်းတစ်ယောက်က မိန်းမ
တစ်ယောက်ကို ချစ်တဲ့အချစ်မျိုးနဲ့ ငါနင့်ကိုမချစ်နိုင်ဘူး။"

ကြိုင့်အဖြေက မိမိနားထဲတွင် ဗုန်းပေါက်ကွဲသွား
သည့်နှယ်ဖြစ်သွားလေသည်။မိမိမျှော်လင့်ခဲ့မိ
သည်။ကြိုင်ဟာမိမိကို လုံးဝပြန်ချစ်လိမ့်မယ်လို့ ။အခုတော့ မထင်ထားမိတဲ့အဖြေစကားတစ်ခွန်းဟာ ညီညီ့ကမ္ဘာကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေလေသည်။ကိုယ်မြတ်နိုးတန်ဖိုးထားရသည့် အရာတစ်ခုကို လုံးဝဆုံးရှုံးသွားပြီလို့ သိလိုက်ရတဲ့ ခံစားမှုဟာ ဒီလောက်ထိနာကျင်ခံခက် ဆိုးရွားလိမ့်မယ်လို့ 
ဘယ်တုန်းကမှမတွေးမိခဲ့ပါ။အကောင်းဆုံးကိုပဲမျှော်လင့်တတ်ပြီး အဆိုးဆုံးအခြေအနေေ
တွအတွက် ပြင်ဆင်ထားလေ့မရှိသော မိမိလိုအပ်ချက်ကြောင့်လည်း ဒီလောက်ထိပြိုလဲသွားရြ
ခင်းပင်။
နှစ်ယောက်သားကြားတွင် နှစ်ကမ္ဘာခြားသွား
သည့်နှယ် စကားသံများကတိတ်ဆိတ်ငြိမ်သက်
လျှက်။သစ်ရွက်လေတိုးသံနှင့် ကျေးငှက်အော်မြည်သံများက အခုမှပိုကျယ်လောင်နေကြလေသည်။

ကြိုင်အခုလိုဖြေလိုက်ရသည်ကို သိပ်တော့စိတ်မ
ကောင်းလှပါ။သို့သော်လည်း ကြိုင်ညီညီ့ကို လုံးဝမချစ်နိုင်ပေ။မချစ်နိုင်သော အကြောင်းတရားက နှစ်ချက်ရှိလေသည်။ပထမအချက်မှာ အလွမ်းဖြစ်၏။ပါးနပ်လှသောကြိုင်ဟာ ညီညီ့အပေါ်တွင်ရှိသော အလွမ်းရဲ့ခံစားချက်ကို ရိပ်မိခဲ့တာကြာပြီ။
မြွေမြွေချင်းခြေမြင်တယ်ဆိုရမလို မိန်း
မသားချင်းမလို့ ပိုသိတာလဲဖြစ်နိုင်သည်။
ကြိုင်ဖြစ်စေချင်တာက မိမိချစ်ရတဲ့သူငယ်ချင်းနှစ်ဦးအဆင်ပြေနေတာပဲမြင်ချင်သည်။သို့သော်လည်း
မကြာလှသော အချိန်ကတည်းက မိမိအပေါ်ထား
သော ညီညီ့သဘောထားကို ရိပ်စားမိခဲ့၍
သောကရောက်ခဲ့ရသည်။အခုတော့ရင်ထဲမှာ
ပေါ့သွားပြီ။မိမိအချစ်ကို မရနိုင်သော ညီညီ့ကို
အလွမ်းနဲ့သာ အဆင်ပြေစေချင်မိ၏။ကြိုင် ညီညီ့ကို မချစ်နိုင်သော ဒုတိယအချက်ကတော့ ကြိုင့်နှလုံးသားကြောင့်ပင်ဖြစ်သည်။ကြိုင်တဖြည်းဖြည်းနှင့်မိမိကိုယ်ကို နားလည်လာမိသည်။မိမိနှလုံးသားဟာ ဆရာ့အပေါ်တွင် နက်နက်ရှိုင်းရှိုင်း တွယ်တာနေမိပြီ။ မပြည့်ဝနိုင်သော နှလုံးသားများ၏အလိုကို ကြိုင်ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်တော့ပေ။

ညီညီ့ဆီမှ ခြောက်သွေ့ အက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။
"ငါတစ်ခုမေးချင်တယ်ကြိုင်။နင်ငါ့ကို မချစ်နိုင်ဘူးဆိုတာ ငါလက်ခံပေးပါ့မယ်ကြိုင်။ ဒါပေမယ့်
တစ်ခုတော့ဖြေပေးပါ။နင်ငါ့ကို ဘာလို့ ပြန်မချစ်နိုင်တာလဲဟင်။"

ကြိုင် ညီညီ့ကို စိတ်မကောင်းစွာကြည့်လိုက်မိ
သည်။
ဘယ်တုန်းကမှမမြင်ဖူးသော မျှော်လင့်ချက်ကင်းမဲ့ကာ ဆွေးမြေ့နေသည့် ညီညီ့မျက်ဝန်းများက
ကြိုင့်ကိုလည်း နာကျင်စေတာအမှန်ပါ။သို့သော်
လည်း ပေးလက်စနှင့် ဒဏ်ရာများကို တစ်ခါတည်းသာ ပေးချင်ပါသည်။အခါခါခွဲ၍ပေးလျှင် ညီညီ
ဒီထက်ပို နာကျင်ပေလိမ့်မည်။ကြိုင်အားတင်းလိုက်ရင်း စကားဆက်လိုက်၏။

"ငါ့ရင်ထဲမှာ တစ်စုံတစ်ယောက်က နေရာယူထားတယ်ညီညီ ငါသူ့ ကိုအရမ်းချစ်နေမိပြီ တစ်ခြားလူအတွက် နေရာလုံးဝမရှိတော့တဲ့အထိ မြတ်နိုးတွယ်တာမှုမျိုးနဲ့ပေါ့။"

"ငါနားလည်ပါတယ်ကြိုင်။ငါလည်းနင့်ကိုသိပ်ချစ်ဖူးခဲ့တာမလို့ နင့်ရဲ့ခံစားချက်ကို စာနာပေးနိုင်တယ်။
ငါနင့်ကို တစ်ခုတော့ မှာချင်တယ်ကြိုင် အရမ်းကြီး အသည်းနင့်အောင် မချစ်ပါနဲ့လား။အရမ်းချစ်မိရင် အရမ်းခံစားရတာမလို့ပါ။"

ကြိုင် ဖြည်းလေးစွာ ခေါင်းငြိမ့်မိလိုက်သည်ထင်သော်လည်း မသေချာပါ။

"ညီညီ ထရပ်လိုက်ရင်း ငါပြန်တော့မယ်ကြိုင်
ငါနင့်ရှေ့မှာ မငိုချင်ဘူး။ငါခုနကပြောခဲ့တဲ့ စကား
လေးကို နည်းနည်းပြန်ပြင်ချင်တယ်။နင်ပြောခဲ့
တယ်လေ နင်သာငါ့ကိုပြန်မချစ်ဘူးဆိုရင် သူငယ်
ချင်းလို ချစ်အုံးမှာလားလို့ ။ငါပြန်ဖြေပါ့မယ်ကြိုင်
ငါနင့်ကို သူငယ်ချင်းလိုချစ်အုံးမှာပါ။ ပြီးတော့
ကိုယ်ချစ်ရတဲ့ ချစ်သူတစ်ယောက်လိုလည်း ချစ်နေအုံးမှာပဲကြိုင်။ကိုယ်ချစ်နေတဲ့သူက ကိုယ့်ကို ပြန်မချစ်တာနဲ့ ပဲ ကိုယ့်အချစ်ကို ပြောင်းလဲစရာလိုလို့ လားကြိုင်။ငါ့အတွက်တော့ ချစ်သူဆိုတာ ချစ်နေရသူပါပဲ။နှစ်ဦးစလုံးအပြန်အလှန်ချစ်မှ ချစ်သူမဟုတ်ဘူး။ တစ်ဖတ်သက်ချစ်ရတာဟာလည်း ချစ်သူပါပဲ
ကြိုင်။ငါသွားတော့မယ်။"

သစ်ရွက်ခြောက်များကို ဖြတ်နင်းသွားသော
ညီညီ့ခြေသံကို နားစိုက်နေမိသော်လည်း ညီညီ့ကို
တော့ လှည့်မကြည့်ခဲ့ပါ။လှည့်မကြည့်မိအောင် ကြိုးစားခြင်းဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ကြိုင့်အတွက်တော့ ဒီနွေဟာ အပူဆုံးပါပဲ။
image
credit-facebook image

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်
အခန်း ( ၁၈ )

ရေလှိုင်းဖြူဖြူကြီးများက ကြိုင့်ကို တစ်ခုပြီးတစ်ခု ဖုန်းအုပ်နေသည်။ကြိုင့်နှာခေါင်းများ ပါးစပ်များမှ ရေများဝင်နေကာ အသက်ရှုကြပ်သည်ထက်
ကြပ်လာသည်။ကယ်ကြပါ ကြိုင် အသားကုန်အော်ဟစ်လိုက်သော်လည်း အသံကလည်ချောင်းဝတွင်ပင် ဆို့ ကာ အပြင်သို့ ထွက်မလာတော့ပေ။
ကြိုင်သေရတော့မည်ထင်သည် နောက်ဆုံးအနေ
ဖြင့် လက်ကို အပေါ်သို့ အားကုန်သုံး၍ မြှောက်
လိုက်သည်။ရုတ်တရက် ကြိုင့်လက်ကို တစ်စုံတစ်ဦးက ဆုပ်ကိုင်လိုက်တာ ခံစားလိုက်ရပြီး ကြိုင့်
လောကကြီးတစ်ခုလုံး အမှောင်ကျသွားလေသည်။

"မြေးလေး ထထ"ခပ်ဝေးဝေးမှလား မိမိအနီးမှလား မသဲကွဲသည့် အသံနှင့်အတူ ကြိုင်တဖြည်းဖြည်းနှင့် မျက်လုံးဖွင့်ကြည့်လိုက်၏။မိမိကို ငုံ့ ကြည့်နေသော အဖိုးအိုတစ်ဦး။ မုတ်ဆိတ်မွေးများမှာ လည်ပင်းပေါ်ထိ တွဲလျားကျနေပြီး မိမိကို ကြင်နာသည့်အကြည့်ဖြင့် ကြည့်နေလေသည်။ကြိုင် အိပ်နေရာမှထထိုင်ကာ ဘေးဘီကို မျက်လုံးဝေ့ကြည့်လိုက်သည်။မိမိရောက်နေသည်က ရေနံချေးဝနေသည့် အိမ်ကြီး၏အလယ်အခန်းတွင်ဖြစ်သည်။အိမ်ကြီးမှာကြီးမားလှပြီး မြန်မာမှုမြန်မာ့ဟန်ထင်ဟပ်နေ သော ပရိဘောဂများ၊ ပန်းကနုတ်များထိုးထားသည့် ကွမ်းအစ်များ၊ ရှေးဟောင်း စလွယ်ဓားများ၊ နံရံတွင်ချိတ်ထားသည့် ဓာတ်ပုံပေါင်းများစွာနှင့်အတူ ခန်းနားထည်ဝါနေလေသည်။
"ငါ့မြေးလေးတောင် အရွယ်ရောက်နေပြီပဲ
ရော့ရော့မြေးလေး ရေစင်လေးသောက်လိုက်အုံး" အဖိုးအိုက ပြုံး၍ ရေအပြည့်ထည့်ထားသော
ယွန်းခွက်တစ်လုံးကို ကမ်းပေးလေသည်။
ကြိုင်အငမ်းမရပင် ရေကိုယူကာ မော့သောက်လိုက်သည်။
"အဖိုး သမီးဘယ်ရောက်နေတာလဲ။ ကိုယ့်အိမ်ကို
ပြန်ရောက်နေတာလေသမီး ဒါကသမီးအိမ် ဟောဟိုမှာမြင်နေရတဲ့ ရဲတိုက်အနီရောင်က သမီးအမ
အိမ်။"
"ဟင် သမီးအိမ်ဟုတ်လား။"
ကြိုင်အံ့အားသင့်စွာဖြင့် အဖိုးအိုကို မော့ကြည့်နေမိ၏။အဖိုးအိုက ကြိုင့်ကို ငေးကြည့်လိုက်ရင်း
"အဖိုးသမီးကိုသတိပေးစရာရှိလို့ ခဏခေါ်လိုက်တာ။သမီးတစ်ယောက်ယောက်ကို ချစ်လို့မရဘူး
ဒုက္ခရောက်လိမ့်မယ် အဖိုးစကားကို သေချာမှတ်ထားပါသမီး။တစ်စုံတစ်ယောက်ကို မချစ်မိပါစေနဲ့။" အဖိုးအို၏စကားကို ကြိုင်နားမလည်နိုင်စွာ ကြည့်
နေစဉ်မှာပင် ပတ်ဝန်းကျင်တွင် မြူများဆိုင်းလာကာ မြင်ကွင်းတစ်ခုလုံးေ၀၀ါးသွားသည်။မြင်ကွင်းထဲတွင် ဆရာ့ကို ၀ိုးတ၀ါးမြင်လိုက်ရသည်။ဆရာ့
မျက်နှာမှာ ညှိုးငယ်နေလေသည်။
"ဆရာ ကြိုင်ဒီမှာ ။ကြိုင်ဝမ်းသာအားရ လက်ပြ
လိုက်တော့ ဆရာက ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ကာ လှည့်ထွက်သွားလေသည်။ဆရာ ဆရာ နေပါအုံး ကြိုင့်ကိုစောင့်အုံးလေ ဆရာ. ......."

"သမီး သမီးလေး" ဒေါ်ထားဆင့် စိုးရိမ်မကင်းစွာဖြင့် ကြိုင့်ကိုလှုပ်နှိုးလိုက်သည်။
"အင်း အင်း ဟင်အမေ ဘာဖြစ်လို့လဲ။"

မိမိကို စိုးရိမ်တကြီးမျက်ဝန်းများနှင့် ကြည့်နေသောအမေ့ကြောင့် ကြိုင်လန့်သွားသည်။

"သမီးယောင်နေလို့ အမေနှိုးနေတာကြာပြီ
မနက်၎နာရီရှိပြီလေ သမီးမထသေးလို့။"
"အော် ယောင်နေတယ်ဆိုမှ သမီးအိပ်မက်မက်
တယ်။အိပ်မက်ကရယ်စရာကြီးအမေရယ် ခစ်ခစ် အိပ်မက်ထဲမှာ မုတ်ဆိတ်မွေးအရှည်ကြီးနဲ့ အဖိုးအိုတစ်ယောက်က သမီးကို ရည်းစားမထားဖို့ ဆုံးမနေတယ်။ရယ်စရာမကောင်းဘူးလားဟင် အမေ့။"

ပေါ့ပေါ့ပါးပါးပြောရင်း စောင်ခေါက်နေေ
သာ သမီးစကားများကြောင့် ဒေါ်ထားဆင့်မျက်နှာထိန်းမရအောင် ပျက်သွားသည်။အမှောင်ထဲမှာမလို့ သမီးကတော့ မရိပ်မိပေ။

"ကဲကဲ သမီး ဘုရားရှိခိုးတော့ အမေသွားတော့
မယ်။"

လေးကန်သော ခြေလှမ်းများဖြင့် ကြိုင့်အိပ်ခန်းထဲမှထွက်လာသော ဒေါ်ထားဆင့်မျက်နှာပေါ်တွင် သောကအရိပ်များဖုံးလွှမ်းနေလေတော့သည်။

ကြိုင်ဆရာ့ကိုတွေ့ ချင်နေမိသည်။ကြိုင်တို့ 
ကျောင်းပြန်သွားရဖို့ ရက်က နီးကပ်လာချေပြီ။
ဟိုတစ်ခါ ဆရာပြန်လာသည့်နေ့  ကံ့ကော်ခြံထဲ
တွင် သုံးယောက်ဆုံပြီးသည့်နောက်ပိုင်းကတည်းက ကြိုင် ဆရာနှင့်မတွေ့ ရသေးပေ။ဆရာက သိသိသာသာပင် ကြိုင့်ကိုရှောင်နေသည်။
ကြိုင်သွားသည့်အခါတိုင်း ဆရာက အခန်းထဲက
မထွက် အိပ်နေသည်က များလေသည်။တစ်ကယ်ဆိုဆရာက အအိပ်မက်သူမဟုတ်ပါ။တမင်ပင်
ကြိုင်နှင့်မတွေ့ အောင်ရှောင်နေခြင်းပင်။ဆရာဘာလို့ ကြိုင့်ကို ရှောင်နေလဲဆိုတာ ကြိုင်းစဉ်းစားလို့ မရပေ။အတွေးနှင့်အတူ ကံ့ကော်ခြံဘက်ထွက်လာခဲ့၏။

ဒီတစ်ခါတော့ ကံတရားကကြိုင့်ဘက်တွင်ရှိသည်
ပြောရမည် ။ဆရာခြံထဲတွင်ထိုင်နေလေသည်။
ကြိုင်အပြေးလေးပင် ဆရာ့ဆီသို့ လှမ်းလာခဲ့သည်။ဆရာက ဘာတွေအတွေးလွန်နေသည်မသိ ကြိုင့်
ခြေသံကို ကြားပုံမပေါ်ပဲ အဝေးဆီသို့ ငေးနေလေသည်။

"ဆရာ"
နွေဦးမောင်အံ့သြတစ်ကြီးပင် မော့ကြည့်
လိုက်မိသည်။မိမိတွေ့ချင်နေသူ၏မျက်နှာလေး။

"အော် ကြိုင် အလည်လာတာလား ပန်းကောက်လာတာလား။"
ကြိုင်ကွပ်ပျစ်တစ်ဖက်အစွန်းတွင်ဝင်ထိုင်လိုက်ရင်း
"ဆရာ့ကိုလာကြည့်တာဆရာ။"

ကြိုင့်အဖြေကြောင့် နွေဦးမောင် ခပ်အမ်းအမ်းဖြစ်သွားသည်။

"ဆရာရှိမရှိလာကြည့်တာလား ကြိုင် ဆရာက
ထွက်မပြေးပါဘူး။"

ကြိုင်က ခပ်ဆတ်ဆတ်ဖြင့်
"ထွက်မပြေးပေမယ့် ဆရာက ကြိုင့်ကို ရှောင်နေ
တယ်လေ။အဲဒီတော့ တွေ့ချင်လွန်းတဲ့ကြိုင်က
ကန်တွတ်ပေါက်က ဗျိုင်းကြီးစောင့်သလို လာလာ
စောင့်ရတာပေါ့။"
နွေဦးမောင် ကြိုင့်မျက်နှာလေးကို ငေးကနဲဖြစ်သွားသည်။

သနပ်ခါးရေကျဲလေး လိမ်းထားသော ပါးလေးပေါ်သို့ ဆံနွယ်စများ လွင့်ဝဲကျနေ၏။ ဘာမှ မဆိုး
မလိမ်းထားသော နှုတ်ခမ်းဖူးဖူးလေးက ပန်းနု
ရောင်လေးပြေးနေသည်။ရင်ခုန်သံတွေကိုမြန်စေသော မနက်ခင်းဟာ ငေးမောနမ်းရှိုက်ဖွယ်ရာအတိ။နွေဦးမောင် သတိဝင်လာကာ ဆတ်ခနဲ
မျက်နှာလွှဲလိုက်သည်။

"ကြိုင် ဆရာ့ကို အဲဒါတွေမကြိုက်တာ။"
"ဟင်"
နွေဦးမောင်ကြိုင့်ဘက်သို့ အလန့် တကြား
လှည့်ကြည့်လိုက်ရင်းမေးလိုက်သည်။

"ဆရာဘာလုပ်လို့ လဲကြိုင်။"
"ဘာမှမလုပ်လို့ ပဲ"
ကြိုင်က နွေဦးမောင်ကို တည့်တည့်ကြည့်လိုက်ရင်း "ခုလေးတင် ဆရာကြိုင့်ကို ကြည့်နေတယ်လေ တစ်ခုခု ပြောချင်နေတဲ့ အကြည့်နဲ့ ပြီးကြဘာမှမပြောပဲ ဆရာမျက်နှာလွှဲသွားတယ် ကြိုင်မသိဘူးများထင်နေသလားဆရာ။ ကြိုင့်ကို ဆရာက ကလေးလို့ ထင်နေတုန်းပဲလား။"

နွေဦးမောင် ကြိုင့်ကို နည်းနည်းတော့ ဖြုံသွားသည်။ကြိုင်က ပါးနပ်လှပါလား မိမိဒီထက်ပို၍
အနေအထိုင်ပိရိမှ ဖြစ်မည်။နွေဦးမောင်ရယ်လိုက်
ရင်း
'ဒီလိုပဲကြည့်လိုက်တာပါကြိုင် စကားထွေထွေထူးထူးပြောစရာရယ်လို့တော့မရှိပါဘူး။"
"သေချာလားဆရာ"
နွေဦးမောင် တစ်ဖက်သို့ မျက်နှာလွှဲလိုက်ရင်း
"ဘာကိုမသေချာရမှာလဲကြိုင်။ပေါက်တက်ကရ
တွေ တွေးမနေနဲ့။"
ကြိုင် ထိုင်နေရာမှဆတ်ခနဲ ထလိုက်သည်။
"ကြိုင်တို့ ကျောင်းပြန်သွားရတော့မယ်ဆရာ။
ဒီကြားထဲ ဆရာ့ကိုလာနှုတ်ဆက်ဖြစ်မယ်မထင်ဘူး။ကြိုင်သွားတော့မယ် မသွားခင် ဆရာ့ကိုတစ်ခုတော့ ပြောချင်တယ်။ဆရာ့ကို ကြိုင်နားမလည်
နိုင်တော့ဘူး ဆရာဟာ တစ်ခါတစ်လေ အရမ်းလူ
ကြီးဆန်ပြီး ထိန်းချုပ်လွန်းအားကြီးလွန်းတယ်။"

ပြောချင်တာပြောပြီး ကြိုင်ကလှည့်ထွက်သွားပေမယ့် ရင်နှင့်မဆန့်အောင် ခံစားလိုက်ရသူကတော့ နွေဦးမောင်ရယ်ပါ။ကြိုင်ရယ် ထိန်းရတာပေါ့ ထိန်းချုပ်ရတာပေါ့ ဆရာကလူကြီးလေ။ပြီးတော့ ကြိုင်ကောညီညီကောက ဆရာချစ်ရတဲ့ တပည့်လေးတွေ။ကိုယ့်တပည့်လေးတွေရဲ့ အချစ်ရေးကို ဆရာမုဒိသာပွါးပါရစေကွာ။ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ရန်သူတွေပဲဖြစ်ဖြစ် မိတ်ဆွေတွေပဲဖြစ်ဖြစ် ဆရာတပည့်တွေပဲဖြစ်ဖြစ် အဲ့ဒီလူဟာ ဘ၀မှာဘယ်လောက်အရေးပါလာမလဲဆိုတာ အစကတော့ မသိနိုင်ကြဘူးလေ။ခုတော့ ကြိုင်ဟာ ဆရာ့
အတွက်အရေးပါလာမယ့်သူတစ်ယောက်လို့ 
ဆရာတဖြည်းဖြည်း သိလာရတယ်။ဒါပေမယ့် အသိက အရှိမှမဟုတ်ပဲကွယ်။လေအဝေ့တွင်
ကံ့ကော်ပင်ပေါ်မှ သစ်ရွက်နှစ်ရွက် ကြွေကျလာလေတော့သည်။
image
credit -facebook image
ဆက်လက်စောင့်မျှော်ဖတ်ရှုအားပေးပါဦးခင်ဗျာ
အားလုံးကိုကျေးဇူးတင်ပါတယ်
image
Author-Soe Tha Khin
MSC-172

Sort:  

နောက်ဆက်တွဲကမျှော်ပေါ့နော်
မကြာစေနဲ့

မကြာတော့ပါဘူးဗျာ hee hee

မလွယ်ပါဘူး မိန်းကလေးတွေကတော့ .....

မလွယ်ဆို အာ့တိုင်းပဲဗျို့

သစ်ရွက်လေး ကြွေတာနှစ်ရွက်ထဲလားကွယ် သူများလွမ်းနေပါတယ်ဆို များများကြွေရင် ပိုကောင်းမယ် ထင်တယ် ခခ်ခခ်

ကြွေတယ်ဆိုတာလည်းအကန့်သတ်နဲ့ကောင်းတယ်လားလို့ ခ်ခ်

ငါ့အတွက်တော့ ချစ်သူဆိုတာ ချစ်နေရသူပါပဲ။နှစ်ဦးစလုံးအပြန်အလှန်ချစ်မှ ချစ်သူမဟုတ်ဘူး။ တစ်ဖတ်သက်ချစ်ရတာဟာလည်း ချစ်သူပါပဲ
ဒီစာသားလေးကိုသဘောကျတယ်ဗျာ

သဘောကျစေဗျာ

ဇာတ်​လမ်း​လေးက မရိုးဘဲ ဖတ်​လို့အရမ်း​ကောင်းပါတယ်

နောက်ဆက်တွဲကမျှော်ပေါ့နော်မကြာစေနဲ့

ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါ

ဖတ်လို့တော့ အတော်ကောင်းတာပဲ။ စာကြောင်းလေးတွေ ညီရင်
ပိုကြည့်ကောင်းမယ်။

ဟုတ်ကဲ့ပါအစ်ကိုရေ

Broရေးတာတွေပြီးသွားရင်
ဝတ္ထုစာအုပ်ထုတ်လို့ရတယ်ဗျာ။
အရေးအသားကောင်းချက်က
စာဖတ်သူရဲ့ အတွေးထဲ စိတ်ကူးထဲထိရောက်ပြီး
ခံစားရစေတယ်။
အားပေးနေပါတယ် broရေ

ဟုတ်ကဲ့ပါအစ်ကိုရေ
ခုလိုဖတ်ရှုအားပေးလို့ကျေးဇူးပါဗျ

အဲဒီစာတွေ စာအုပ်ထုတ်လို့ရနိုင်လောက်တယ် သေချာသိမ်းထားပေတော့ဗျာ။

ဟုတိကဲ့ပါဗျာသေချားသိမ်းထားပါ့မယ်

ဖတ်ရတာမိုက်ပါတယ်ဗျာ

ဟုတ်ကဲ့ပါဗျာ
ကျေးဇူးပါဗျ

အပိုင်းဆက်​​တွေ ဘယ်​​လောက်​များများ ဖက်​လို့​ကောင်း​နေ​တော့လည်း ဆက်​ပြီးအား​ပေး​နေပါ့မယ်​ခင်​ဗျ

ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်

ဖက်လိုအရမ်းကောင်းတယ်

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ဗ

ဖတ်လို့ ကောင်းပါပေတယ်ဗျာ

ဟုတ်ကဲ့ပါအစ်ကိုရေကျေးဇူးပါဗျ

ကျွန်တော်လည်းfriend zoneထဲမှာမနေဘဲဖွင့်ပြောလိုက်တော့မယ်

လှုပ်ရှားမှမုန့်စားရမယ်နော်

စကားလုံးတိုင်းကအသက်​ပါလှပါတယ်​ တကယ့်​ကို ရင်​ထဲထိ​စေ​သော စကားလုံး​တွေနဲ့ ဖွဲ့နွဲ့ထားတာ ဖတ်​သူကို စွဲ​ဆောင်​နိုင်​ပါတယ်​ အား​ပေးလျှက်​ပါကြိုင်​ အယ်​ဟုတ်​​ပေါင်​ ကိုစိုး ဟီး

ကြိုင်လိုက်ညီရယ်

အဲလဲ့
ဆရာနဲ့ တပည့်နဲ့ 😍😍

ဖြစ်တတ်ပါတယ်ဗျာလို့

ပြီးသွားရင်​ pdf ​လေးလုပ်​​ပေးပါအရမ်းဖတ်​လို့​ကောင်းတယ်

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 17068.01
ETH 1265.29
USDT 1.00
SBD 2.17