ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar6 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
image
credit-facebook image
အပိုင်း ( ၄ )
အခန်း ( ၇ )
အထုပ်ကိုဘုတ်ခနဲပစ်ချကာ နွေဦးမောင် ထိုင်ခုံပေါ်သို့ မောပန်းစွာထိုင်ချလိုက်သည်။

"ကျွန်တော်ပြန်ရောက်ပြီ အမေ"

အမေ့ကိုလှမ်းအော်လိုက်တော့ အမေက မီးဖိုခန်းထဲမှနေ၍ ခပ်တင်းတင်းထွက်လာကာ အထုပ်ကို
ဖြေ၍ ပစ္စည်းများကို နေရာချနေ၏။
နွေဦးမောင်သိတာပေါ့ မိမိ၏မွေးသမိခင် ဒေါ်ခင်မိမိဟာ နွေဦးမောင်ရွေးချယ်ခဲ့သည့် တက္ကသိုလ်နှင့် ပတ်သက်ပြီး အခုချိန်ထိ မိမိအပေါ် စိတ်ကွက်နေဆဲဆိုတာ။လွန်ခဲ့သော ၄နှစ် ကျောင်းတော်ရာမှပြန်လာပြီးနောက်ပိုင်း နွေဦးမောင်နှင့် သီဟက
ပညာရေးတက္ကသိုလ်ရွေးပြီး မင်းကျော်ကတော့
အိမ်ကိုမလွန်ဆန်နိုင်စွာ ဆေးလိုင်းရွေးခဲ့သည်။
အမေနှင့် အကြီးအကျယ်ရန်ဖြစ်ပြီးမှ စစ်ကိုင်း
ပညာရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ရခြင်းဖြစ်
သည်။ထိုတက္ကသိုလ်မှ ဘွဲ့ရကာ အိမ်ပြန်လာသော သားကို မကြိုဆိုနိုင်တာ အမေ့အမှားတော့
မဟုတ်ပေ။

"အန်တီ အန်တီခင် မောင်ပြန်လာပြီဆို"

နွေဦးမောင် အိမ်ဝမှအသံကြောင့် ကျွတ်ခနဲ
စုတ်သပ်လိုက်သည်။ငှက်ဆိုးထိုးသံမလာပြီလေ။

"ဟယ် သမီး ဒေစီ လာလေ လာလာ သားလဲခုပဲ
ရောက်တယ်"

သားဖြစ်သူပြန်လာသည်ကို ခရီးဦးကြိုခြင်းမပြုခဲ့
သည့် အမေက ဒေစီလွင်လာသည်ကိုတော့ ကြိုရန် ပျာပျာသလဲ အိမ်ရှေ့ထွက်သွားလေပြီ။ဒေစီလွင်မှာ နွေဦးမောင်တို့ ဘေးအိမ်မှဖြစ်ပြီး ဦးလွင်စိုးနှင့် ဒေါ်ဒေစီ၏သမီးဖြစ်ကာ နွေဦးမောင်နှင့် တစ်တန်းတည်းကျောင်းတက်ခဲ့သူဖြစ်သည်။နွေဦးမောင်ကတော့ ဘယ်တုန်းကမှ သူငယ်ချင်းအဖြစ် အဖက်လုပ်ပြီး မခေါ်ခဲ့သော်လည်း ဒေစီလွင်ကတော့
နွေဦးမောင်ကို အတော်ပင် တွယ်တာလေသည်။
ဆယ်တန်းအောင်တော့ အမှတ်ကောင်းသော
ဒေစီလွင်ကလဲ ဆေးကိုပဲရွေးခဲ့ခြင်းဖြစ်ကာ
အမေက ဒေစီလွင့်ကို အချစ်ပိုခဲ့သည်။မိဘစကားနားထောင်သော သမီးလိမ္မာလေးအဖြစ် အမွှမ်းတင်ကာ သူနှင့်ယှဉ်၍ နွေဦးမောင်ပြုပြင်ဆုံးမ၍
မရကြောင်း အမြဲအပြစ်တင်ခဲ့သည်။
image
credit-facebook image

"မောင်ကြည့်အုံး ပြန်လာတာကို အိမ်ရှေ့ကနေ
ပြန်လာပြီလို့ အော်သွားပါရောလား ခုတော့ငါ့မှာ
နင်ပြန်လာလား လာကြည့်နေရတယ်"

"ငါကဘာလို့ နင့်ကိုသံတော်ဦးတင်ရမှာလဲမိလွင်
ငါ့အိမ်ပဲ ငါပြန်လာချင်တဲ့အချိန် ပြန်လာမှာပေါ့။
နင့်ကိုလာကြည့်ပါလို့ ငါပြောမိလို့ လား"

ဒေစီလွင်က စူပုပ်သွားကာ

"အန်တီခင် ကြည့်အုံး မောင်က ဘယ်တော့မှ
လွင့်ကိုဆို အကောင်းမပြောဘူး"

"အယ်မေ့တော့မလို့ ဒီမှာ မေမေကပေးလိုက်တာ အန်တီခင်ဖို့ တဲ့ သွေးတိုးကျတဲ့ လက်ဖက်ခြောက်တဲ့"
"အေးအေး ဒေစီကတော့ လုပ်ပြီ သမီးမပြန်သေးနဲ့ အုံး ထမင်းစားပြီးမှပြန်ကြားလား"

"အန်တီခင် မခေါ်ရင်တောင် လွင်ကစားပြီးမ
ှပြန်မယ်ပြောမလို့ အန်တီခင့်လက်ရာကို မစားရတာကြာပြီလေ"

"မောင် နင်ကော တူတူစားမယ်မလား"

"နင့်ကိုငါခဏခဏ ပြောနေရတယ်
ဘယ်နှစ်ခါပြောရမလဲမိလွင်
ငါ့ကို မောင်မောင်နဲ့ မခေါ်ပါနဲ့ ဆိုတာ
နင့်ကြောင့် တစ်ကယ်လာဘ်ပိတ်တယ်"

"မောင်ကလဲ နင့်နာမည်မှာ မောင်ပါလို့ မောင်လို့ 
ခေါ်တာလေ အသားပဲ့ပါသွားလို့ လား
နင့်ဘက်ကပဲနာရတယ်ရှိသေး"

"အန်တီခင် အန်တီ့သားကို ကြည့်ပြောအုံး"

အမေကတော့ ဒေစီလွင်နှင့် မိမိရန်သတ်နေသည်ကို ကလေးတွေအလား ချစ်ခင်စွာကြည့်၍ မီးဖိုထဲသို့ ဝင်သွားလေပြီ။ နွေဦးမောင်လဲ ထိုင်ရာမှ
ထလိုက်၏။

"မောင်ဘယ်သွားမလို့ လဲ ငါလဲလိုက်မယ်"
"အိမ်သာတက်မလို့ ဟေ့ အိမ်သာတက်မလို့ 
ဘာတုန်းနင် အီးနံ့ ရှုချင်လို့ လား
အဲလိုဆိုရင်တော့လိုက်ခဲ့"
ဒေစီလွင်က စူပုပ်ပုပ်နှင့် အခန်းထောင့်မှ စာအုပ်ပုံဆီသို့ သွားဖွနေလေသည်။
နွေဦးမောင် ခေါင်းရမ်းရင်း အခန်းထဲသို့ ဝင်လာခဲ့သည်။ဒေစီလွင်နှင့် ပေါင်းရသည်မှာ အလွန်ပင်ခက်ခဲလှသည်။ ဦးလေးဦးလွင်စိုးနှင့် အန်တီဒေစီတို့ မျက်နှာကြောင့်သာ ဒီလောက်သည်းခံနေခြင်းဖြစ်သည်။ အန်တီတို့ ကတော့ နွေဦးမောင်ကို ချစ်ရှာသည်။သားယောက်ျားလေးလိုချင်သော်လည်းမရ သမီးမိန်းကလေးသာ မွေးလာခဲ့သောကြောင့် နွေဦးမောင်ကို သားအရင်းသဖွယ်ချစ်ခဲ့သည်။ဒေစီလွင်က နွေဦးမောင်၏နောက်ဆုံးစာလုံးကို အဖျားဆွတ်၍ မောင်ဟုခေါ်သော်လည်း
နွေဦးမောင် နားကလောလှသည်။ ဆယ်တန်းပြီး တက္ကသိုလ်တွေတက်ကြတော့လဲ နွေဦးမောင်ရှိရာ စစ်ကိုင်းသို့ ခဏခဏ အလည်လာကာ
တမောင်မောင်နှင့် တွယ်ကပ်နေတတ်သောကြောင့် မိန်းကလေးအများစုက နွေဦးမောင်ရည်းစားဟုထင်ကာ နောက်ဆုတ်သွားသည်များရှိသည်။အဆိုးထဲမှ အကောင်းဆိုသလို ထိုတစ်ခုကိုတော့ ဒေစီလွင့်ကို ကျေးဇူးတင်ရမည်။ ရုပ်လည်းချော တည်လဲတည်
ကြည်ကာ King ရထားသော နွေဦးမောင်ကို
တက္ကသိုလ်နယ်မြေတွင် ချစ်သူဖြစ်ချင်ကြသော
မိန်းမလှလေးများ ပေါများလှသည်။ယောက်ျား
လေးဖြစ်နေသည်မို့ တစ်ချို့ကိစ္စတွေကို အားနာကာ လိုက်လျောရမည့် အခြေအနေများရှိခဲ့သည်။
ထိုသို့ အကြပ်အတည်းဖြစ်နေသည့် အချိန်တိုင်း
ဒေစီလွင်က ဆွဲထုတ်ပေးခဲ့လေသည်။ကြာလာ
တော့ သူနှင့် ဒေစီလွင်ကို သမီးရည်းစားအဖြစ်
်မြင်ကာ ဘယ်မိန်းကလေးမှ အနားမကပ်ခဲ့တော့
ပေ။
image
credit-facebook image

"မောင်နင် ကျောင်းပြီးပီဆိုတော့ ဘယ်ဒေသကို သွားမယ်စိတ်ကူးထားလဲ။ခန့် စာကျပြီလား"

"မကျသေးဘူးမိလွင် ငါ မြစ်အနောက်ဘက်
ဒေသတွေကိုတော့ လျှောက်ထားတယ်"

"နင်ကလဲဟာ တောင်တွင်းနယ်ဘက်ကို ဘာလို့ 
မလျှောက်တာလဲ ကိုယ့်ဒေသဘက်မှာ ဒီလောက်အဆင်ပြေတာကို"
နွေဦးမောင် ထမင်းလုပ်ကို ပြီးအောင်ဝါးကာ မြိုချလိုက်ရင်း ရေထည့်ထားသော ဖန်ခွက်ကိုယူ
သောက်လိုက်၏။

"ငါက မြစ်အနောက်ဘက်ကိုပဲသဘောကျလို့ပေါ့" ဒေါ်ခင်မိမိက ဘာစကားမှမဆိုဘဲ ထမင်းကို ဆက်စားနေလေသည်။

"အော် မိလွင် ငါမေ့လို့  မင်းကျော်က ညနေအိမ်လာခဲ့မယ်တဲ့ နင်နဲ့တွေ့ချင်လို့တဲ့ ငါချိန်းထားလိုက်တယ် နင်ညနေအိမ်ဘက်လာခဲ့အုံး"

"မောင်ကလဲ ငါအဲ့ကောင်မင်းကျော်ကို ကြည့်မရပါဘူး။ငါ့ကိုကြိုက်နေတာ ကျောင်းမှာဆိုလဲ
တကောက်ကောက်"
နွေဦးမောင်က ပခုံးတွန့် လိုက်ရင်း

"ဒါတော့ ငါမသိဘူးလေ ညနေကြရင်တော့
လာစကားပြောလိုက်အုံး ချိန်းပြီးသားကြီးမလို့"
တစ်ချိန်လုံး ငြိမ်နေသော ဒေါ်ခင်မိမိ အသံထွက်လာသည်။

"သားကလဲကွယ် လွင်လေးမကြိုက်တာကို
မလုပ်နဲ့လေ။သူက မင်းကျော်ကို မတွေ့ ချင်ပါဘူးဆိုနေတဲ့ဟာကို"
နွေဦးမောင် ဘာမှမပြောပဲ ထမင်းဆက်စားနေ
လိုက်၏။ ထမင်းဝိုင်းကတော့ စိုစိုပြည်ပြည်ပင်
ပြီးစီးခဲ့လေသည်။အပြင်ဘက်တွင်လဲ နေသာနေကာ ရာသီဥတုသာယာသော နေ့တစ်နေ့ပင်။
image
credit-facebook image

အခန်း ( ၈ )

"ကျွန်တော့်အိမ်မှာပဲ ဆရာလေးကို ထားလိုက်
ပါ့မယ် ကျွန်တော့်မှာ အိမ်နှစ်လုံးရှိပြီး ကံ့ကော်ခြံထဲက သစ်လုံးအိမ်က မသုံးပဲထားတော့ ပိုနေသလိုလဲဖြစ်နေတယ်။တစ်ခြားလူတွေအတွက်လဲ အဆင်မပြေဖြစ်စရာမလိုတော့ဘူးပေါ့"

ဦးကျော်ခေါင်က ၀င်ပြောလိုက်ခြင်းဖြစ်သည်။
ဦးကျော်ခေါင်တို့ မင်းဇံရွာကလေးကို ယခုစာသင်
နှစ်အတွက် အထက်တန်းပြ ဆရာအသစ်တစ်
ယောက်လာမည်ဖြစ်ပြီး ဆရာ၏ စားရေးသောက်
ရေးနှင့် နေရေးထိုင်ရေးကို ဆွေးနွေးနေခြင်းဖြစ်သည်။ အစည်းအဝေးတွင် ဥက္ကဌ ဦးမြင့်ဆွေ၊ ဦးကျော်ခေါင်နှင့်အတူ ရွာ၏ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၊ ရပ်မိရပ်ဖများပါဝင်ကာ ဦးကျော်ခေါင်၏
အဆိုပြုချက်ကို ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေကြသည်။ ဦးမြင့်ဆွေ၏ ဇနီးဖြစ်သူ ဒေါ်ပုလေးကတော့ လက်ဖက်သုပ်ရေနွေးကြမ်းချရင်း ခပ်လှမ်းလှမ်းမှ နားထောင်နေလေသည်။ဦးမြင့်ဆွေ၏ အသံထွက်ပေါ်လာသည်။

"အင်းပေါ့ ဦးကျော်ခေါင်ပြောတာ သဘာဝကျပါ
တယ် ကံ့ကော်ခြံဘက်က အိမ်တစ်လုံးလည်းပိုနေတာဆိုတော့ နေရေးထိုင်ရေးကို ဦးကျော်ခေါင်က တာဝန်ယူပြီး စားရေးသောက်ရေးကိုတော့ ၀ိုင်းဝန်းတာဝန်ယူကြတာပေါ့"

ဦးကျော်ခေါင်ကပင် ထပ်၍ အစားအသောက်
အတွက်လဲ သိပ်ပူစရာတော့ မလိုပါဘူး။
ကျွန်တော့်အိမ်မှာ မိသားစုဝင် များတော့ လူတစ်
ယောက်ပိုလာတာ ဘာမှတော့ မထူးခြားပါဘူး"

"ဒီလိုလဲဘယ်ဟုတ်မလဲကိုကျော်ခေါင်"
"ကဲဒါဆို လစဉ်ရပ်ရွာကနေ ဆန်ဆီဆား ပုံမှန်

ဦးကျော်ခေါင်အိမ်ကို ပို့ ကြမယ်။ဘယ်လိုလဲ"
ဥက္ကဌ၏ စကားကို အားလုံးကလက်ခံကာ အစည်းအဝေးကို ရပ်ဆိုင်းခဲ့လေသည်။
image
credit-facebook image

🎶လှည်းယာဉ်ကြော့ရယ်နဲ့  လိုက်ခဲ့ပါလားမြို့ ကြီး
သူရယ်🎶🎶
"ဖိုးထောင်ရာ အသံသေးအသံကြောင်နဲ့ အော်ဆိုမနေစမ်းပါနဲ့ ဆရာလေးနားငြီးနေပါ့မယ်"

ဦးထွန်းမြင့်ဟောက်လိုက်မှ ဖိုးထောင်က ဇာတ်က
လေးပုကာ နွားကိုတို့ လိုက်လေသည်။

"ဟာ ရပါတယ် ဦးလေး ကျွန်တော် အနှောက်
အယှက်မဖြစ်ပါဘူး"
နွေဦးမောင်က ပြုံးရင်းဆိုလိုက်သည်။မိမိတာဝန်ကျသော ရွာကလေးမှာ မင်းဇံဟုခေါ်ပြီး
ကျောင်းတော်ရာအနီးတွင် တည်ရှိလေသည်။ကားပေါ်ကဆင်းဆို နွေဦးမောင်ကို လှည်းနှစ်စီးကကြိုနေသည်။ ပစ္စည်းများကို နောက်မှလှည်းပေါ်တွင်တင်ကာ လူကိုတော့ ရှေ့လှည်းပေါ်တွင် ထိုင်လိုက်ခဲ့သည်။လှည်းပေါ်တွင်ထိုင်လိုက်လာရင်း
မောင်းသူမှာ အသက်ငယ်ငယ် ပိန်ရှည်ရှည်ရှိပြီး ဖိုးထောင်ဟု သိရကာ နောက်မှ ဥပဓိရုပ်သန့်သန့် 
နှင့် အသားလတ်လတ် အသက်၃၀ကျော်ခန့် ရှိမည့် သူက ဦးထွန်းမြင့်ဟုသိရသည်။မိမိမှာ ထိုဦးလေး
အိမ်တွင်နေရမည်ဟုလဲ သိရလေသည်။ ဘယ်လိုပဲ
ဖြစ်ဖြစ် နွေဦးမောင် ဤဒေသလေးကိုချစ်ပါသည်။
ဘေးတစာဖက်တစ်ချက်မှ စိမ်းညို့ ညို့ စပါးခင်းများကို နှစ်သက်စွာကြည့်ရင်း လိုက်ပါလာခဲ့
သည်။ရှေ့တွင် နွေဦးမောင်၏ဘ၀ မည်သို့ ဖြစ်မည်မသိသော်လည်း ယခုအခိုက်အတန့်လေးကိုတော့ ကြည်နူးမိလေသည်။
အိမ်ထဲသို့ ဝင်လာရင်း လှည်းပေါ်မှဆင်းလာသော လူငယ်လေးကိုကြည့်ကာ ဒေါ်ထားဆင့် ဇဝေဇ၀ါ
ဖြစ်သွား၏။ဤသူငယ်ကိုတွေ့ ဖူးပါတယ် ဘယ်မှာပါလိမ့်။

"ယောက်ဖရေ ညီမလေး ဒီမှာဆရာလေးပါလာပြီ
ပစ္စည်းတွေကူချကြအုံး"

မှတ်မိပါပြီ အနီးကပ်မြင်တော့မှသတိရသည်။

"သား သားကလွန်ခဲ့တဲ့လေးနှစ်က ကျောင်းတော်ရာဘုရားပွဲမှာ အန်တီ့သမီးလေးကို ကယ်ခဲ့တဲ့
သူငယ်လေးမလားဟင်"
နွေဦးမောင် ကြောင်သွားကာ မိမိရှေ့မှ ဥပဓိရုပ်
ကောင်းကောင်းနှင့် အန်တီကြီးကို မော့ကြည့်လိုက်မိသည်။

"ကျွန်တော် လွန်ခဲ့တဲ့လေးနှစ်က ကျောင်းတော်ရာဘုရားပွဲမှာ ကလေးမလေးတစ်ယောက်ကို
လူအုပ်ထဲက ခေါ်ပြီး မိဘလက်ထဲပြန်ထည့်ပေးခဲ့ဘူးပါတယ်။မဟုတ်မှလွဲရော အဲ့ဒီတုန်း ကအန်တီက…"

"ဟုတ်ပါတယ်သားရယ် ကြည့်အုံး အရင်ကထက် ပိုချောပြီး ပိုလူကြီးဆန်လာတာပဲ အဲ့ဒီနေ့က
သားတို့ကို အရမ်းကျေးဇူးတင်ပေမယ့် မွှန်ထူပြီး
ကျေးဇူးမဆပ်လိုက်ရဘူး။ဟန်ကျလိုက်တာ
ဆရာလေးရယ် အခုလိုအခြေအနေမျိုးနဲ့ ပြန်ဆုံရ
မယ်လို့ မတွေးခဲ့မိဘူး။ ဆရာခဏနားပြီးရေမိုးချိုးပါ။ ဒီနေ့တော့ ဒီဘက်အိမ်မှာပဲအိပ်ပါအုံး။
နောက်တစ်နေ့မှ ကံ့ကော်ခြံဘက်ကအိမ်ကို
ပစ္စည်းတွေပြောင်းထားပေးပါ့မယ်။ဆရာလဲလွတ်လွတ်လပ်လပ်နေရအောင်ပေါ့ ။ဘာမှအားမနာနဲ့ 
နော် ဆရာလေး ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်မိသားစုလိုသဘောထား"

"ဟုတ်ကဲ့ပါခင်ဗျ"

နွေဦးမောင်ဝမ်းသာရပါသည်။ရွာကလေးမှလူများက သိုက်သိုက်ဝန်းဝန်းရှိကာ မိမိနေမည့်အိမ်ကလဲ မိမိအပေါ်ဖော်ရွေလှသည်လေ။ တောရွာကလေးများကို နွေဦးမောင်ချစ်သည်။
image
credit-facebook image

"ဟေ့ ကြိုင် အသစ်ရောက်လာတဲ့ဆရာလေးက
ချောသားဟ နေတိုးအတိုင်းပဲ"
"ဟုတ်တယ်နော်ညီညီ"
"ဟုတ်ပအလွမ်းရာ ငါဖြင့် ဒီလိုဆရာချောချောလေးနဲ့သာ စာသင်ရမယ်ဆိုရင် ဆယ်တန်းကို ဂုဏ်ထူး ၆ဘာသာထွက်အောင်တောင် ကြိုးစားပစ်အုံးမယ်" "ဟိဟိ ငါရောပဲ"

ကြိုင်က၀င်ပြောလိုက်ရင်း

"ခက်တာက ငါတို့ ကခု၉တန်းပဲရှိသေးတယ်လေ။အဲ့ဆရာလေးနဲ့ သင်ရပါ့မလား"
"ဘယ်ပြောလို့ ရမလဲ သင်ရမှာပါဟ ၉တန်းနဲ့ ၁၀တန်းက သိပ်မှမကွာတာ"

ကြိုင် အလွမ်းနှင့် ညီညီတို့ မှာ ကံ့ကော်ပင်များကိုကွယ်၍ အသစ်ရောက်လာသော ဆရာလေးဆိုသူကို ချောင်းကြည့်နေကြခြင်းဖြစ်သည်။
်အရပ်ရှည်ရှည် အသားဖြူဖြူနှင့် ရုပ်ချောလွန်းလှပြီး ကြင်နာရိပ်များသမ်းနေသော မျက်ဝန်းနက်နက်များကို ကြိုင်ရင်းနှီးနေသလို ခံစားရသည်။ဘယ်မှာမြင်ဖူးပါလိမ့်။ကိုးရီးယားကားထဲမှာများလား။

"သမီးရေ လာ ထမင်းစားရအောင်"
"ထမင်းဝိုင်းမှာ တစ်ယောက်ယောက်ကို တွေ့ရင်
သမီးအံ့သြသွားမှာ"

မီးဖိုခန်းဘက်ဆီသို့ ဦးတည်သွားသော အမေ
ဒေါ်ထားဆင့်လက်ကို ဆွဲရင်း ကြိုင်ပြုံးလိုက်မိ
သည်။ကြိုင်သိတာပေါ့ အမေက ဆရာအသစ်လေးကို ထမင်းဝိုင်းမှာ ပြတော့မယ်ဆိုတာ ။ခက်တာက ကြိုင်က နေ့လည်ကတည်းကချောင်းကြည့်ပြီးပြီဆိုတာ အမေမသိခြင်းပင်။

"သား ဒီမှာလေ သားကယ်ခဲ့တဲ့ အန်တီသမီးလေ"
နွေဦးမောင် လက်ဆေးနေရင်းက မော့ကြည့်မိရင်း မှင်သက်သွားမိ၏။အထက်အောက် အ၀ါနုရောင် ၀မ်းဆက်ကလေးဖြင့် ဆံပင် ဂုတ်ထောက်ကို
နှစ်ဖက်စည်းထားသည့် ကြွေရုပ်ကလေးနှယ်
ချစ်စရာကောင်းလွန်းသော ကလေးမလေး။

"အန်တီ အဲ့ဒီတုန်းကတွေ့ ခဲ့တဲ့ ကလေးမလေးက အတော်ထွားလာပါလား။ဘယ်နှစ်တန်းရောက်နေ
ပြီလဲ"
"ဟုတ်ပါ့ဆရာလေးရယ် သမီးလေးက

အရပ်ရှည်ပြီး ထွားလာလို့ ဆရာမမှတ်မိတာ။
အခုနှစ် ၉တန်းလေ"

"သမီး ဒီကဆရာလေးကို မမှတ်မိဘူးလား
လွန်ခဲ့တဲ့ လေးနှစ် ကျောင်းတော်ရာ ဘုရားဝိုင်းမှာ သမီးမေမေတို့ နဲ့ ကွဲသွားတုန်းက
ကယ်ခဲ့တဲ့ အကိုကြီးလေ"

ကြိုင် မျက်လုံးကို ပြူးသွားကာ ရှေ့ မှဆရာလေးကို သေချာကြည့်လိုက်သည်။

"ဟင် အဲ့ဒီတုန်းက ကိုးရီးယားမင်းသားအကိုကြီးက ဒီအကိုကြီးလား"
"ဟားဟားဟား"

ဦးကျော်ခေါင်က ရယ်လိုက်ရင်း
"အကိုကြီးလို့ မခေါ်ရဘူးလေသမီးရဲ့
အခု သမီးရဲ့ဆရာဖြစ်တော့မယ်"
နွေဦးမောင်က ပြုံးရင်း ထမင်းစစားလိုက်လေ
သည်။ကြိုင်ကတော့ ထမင်းစားဖို့ မေ့ကာ မိမိရှေ့ မှကြင်နာတတ်သော မျက်ဝန်းများပိုင်ရှင် အကိုကြီးကို ငေးကြည့်နေမိသည်။ခြံထဲမှစံပယ်ရနံ့ က
တစ်ချက်တစ်ချက် သင်းပျံ့လာနေကာ ငှက်ကလေးများကလဲ တကျီကျီအသံပေးရင်း အစာကောက်နေ
ကြလေသည်။
image
credit-facebook image
ဖတ်ရှုအားပေးခဲ့ပါသောညီအစ်ကိုမောင်နှမများအားကျေးဇူးအထူးတင်ရှိပါသည်။
အပိုင်းကိုလည်း ဆက်လက်စောင့်မျှော်အားပေးပါဦးခင်ဗျာ။
image
Author-Soe Tha Khin
MSC-172

Sort:  

ဇာတ်လမ်းဆင်ထားပုံက သပ်ယပ်ပါတယ်ဗျာ စာအပြင်အဆင်ကို အားနည်းနည်း ပိုစိုက်ရင် အရမ်းလှသွားမယ့် ဇာတ်လမ်းပါဗျာ

ဟုတ်ကဲ့ပါဗျ
ကြိုးစားပါ့မယ်

ဝတ္ထုရှည်ရေးတဲ့နေရာမှာ တော်တော် ပိုင်နိုင်စွာရေးသားနိုင်တယ်ဗျာ
အားကျပါဘိဗျာ

လေးစာတယ်​ဗျာ တစ်​ကယ်​ပဲ ဖက်​လို့​ကောင်းပါတယ်​ အ​ရေးသား​တွေက ဝတ္ထု​တောင်​ ထုတ်​လို့ရတယ်​​စောင့်​​မျော်​အား​ပေး​နေပါ့မယ်

ဟုတ်ကဲ့ပါအစ်ကို
ကျေးဇူးတင်ပါတယ်ဗျ

ဇာတ်​လမ်း​လေး​ရေးသွားတာအရမ်း​ကောင်းတယ်​အစ်​ကိုမျက်​စိထဲထင်းကနဲမြင်​​စေတယ်​​ဗျအား​ပေး​နေပါ့မယ်​အဆက်​က​လေးကိုလဲ​စောင့်​​နေမယ်​​ဗျာ

ဟုတ်ကဲ့ပါအစ်ကို အားပေးမှုကိုကျေးဇူးတင်ပါတယ်ဗျ

သတော်ဦးတင် ဆိုသောနေရာတွင် သံတော်ဦးတင်ဟု ပြင်စေချင်ပါသည် bro။ ဖတ်လို့အင်မတန်ကောင်းပါတယ်ဗျာ။

ဟုတ်ကဲ့ပါဗျ
ပြင်လိုက်ပါ့မယ်
ကျေးဇူးတင်ပါတယ်

ဇာတ်လမ်းလေးကရေးထားတာ ကောင်းပါတယ် ဇာတ်လမ်းရဲ့အရှိန်တက်တော့မယ်ထင်တယ် ခုမှစတော့မယ်ထင်တယ် စောင့်နေပါ့မယ်ဗျာ

ဟုတ်ပါတယ်ဗျာ
အခုမှစတော့မှာပါ

"မောင်ကြည့်အုံး ပြန်လာတာကို အိမ်ရှေ့ကနေ
ပြန်လာပြီလို့ အော်သွားပါရောလား ခုတော့ငါ့မှာ
နင်ပြန်လာလား လာကြည့်နေရတယ်"
စကားလုံးလေးတွေကို သပ်သပ်ရပ်ရပ် ခွဲရေးရင် ပိုကောင်းပါမယ်။
ဇာတ်လမ်း အသွားအလာကတော့ ရင်ထဲထိလောက်အောင်
တော်တော်လေးကို ကောင်းလို့ ခံစားရပါတယ်။

ဟုတ်ကဲ့ပါအစ်ကိုရေကျေးဇူးတင်ပါတယ်ဗျ

ဇာတ်လမ်းလေး ကောင်းတယ်ဗျာ
ကျောင်းဆရာ ချောချောလေနဲ့တပည့်မလေးရဲ့
ဇာတ်လမ်းအဆက်လေးကို မျော်နေမယ်ဗျို့

ဟုတ်ကဲ့ပါဗျ
ကျေးဇူးတင်ပါတယ်

အလွမ်းသမားလေးပေါ့

ဆိုပါတော့ဗျာ

ကျောင်းဆရာလေးနဲ့ ကောင်းမလေးက ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေပါတယ် bro

ဟုတ်ကဲ့ပါbro ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60514.11
ETH 3335.86
USDT 1.00
SBD 2.48