ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
အပိုင်း(၆)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-da38398905148
အပိုင်း(၇)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-7247228089579
အပိုင်း(၈)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-e2b3da336cc4e
အပိုင်း(၉)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-30efe721147c1
အပိုင်း(၁၀)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy
အပိုင်း(၁၁)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-66a7c76db4445

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၁၂ )
အခန်း ( ၂၃ )
•ဆောင်းဝင်စအချိန်ဖြစ်၍ ရှစ်ခွင်တိုင်းတွင်
ငွေနှင်းမှုန်များက တဖွဲဖွဲကျဆင်းနေလေသည်။
မိုးမလင်းတစ်လင်း နံနက်ခင်း၏နေခြည်နုနုက
မင်းဇံရွာအပေါ်သို့ ဖုံးအုပ်နေသောနှင်းထုကို
မဖောက်ထွင်းနိုင်ချေ။ရွာထိပ်မှ တအီအီမြည်သံ
ပေး၍ လှည်းယာဉ်ကြော့နှစ်စီး ခပ်ဖြည်းဖြည်း
မောင်းနှင်လာသည်။ရှေ့ကလှည်းပေါ်တွင်
ဦးကြီးလှက မောင်းကာ အလွမ်းနှင့်ညီညီက
လိုက်ပါလာရင်း နောက်လှည်းပေါ်တွင်တော့
ဖိုးထောင်က မောင်းကာ နွေဦးမောင်နှင့်ကြိုင်က
ယှဉ်တွဲ၍ လိုက်ပါလာလေသည်။ဘေးတစ်ဖက်
တစ်ချက်စီမှ စိမ်းစိုသော စပါးခင်းများကို
ဖြတ်ကျော်ပြီးချိန်တွင် လှည်းကလေးက
ကျောင်းတော်ရာဘုရားသို့ သွားရာလမ်းဆီ
ဦးလှည့်သွားလေသည်။

•ကျစ်ဆံမြီးနှစ်ချောင်းကို ကျစ်၍ ဘေးနှစ်ဖက်
တွင်ချကာ ကံ့ကော်ရောင် အထက်အောက်ကို
ဆင်မြန်း၍ တစ်ပွင့်တည်းသော ကံ့ကော်ပန်းကို
ပန်ဆင်ကာ ရိုးရိုးယဉ်ယဉ်လှနေသော ကြိုင့်
မျက်နှာလေးမှာ မနက်ခင်းနှင့်အပြိုင်နုပျိုသစ်လွင်
နေလေသည်။နွေဦးမောင်ကြိုင့်မျက်နှာလေးကို
ချစ်မ၀စွာ ငေးစိုက်ကြည့်နေမိ၏။ယခုဆိုလျှင်
မိမိနှင့် ကြိုင် ချစ်သူဖြစ်ခဲ့သည်မှာ နှစ်နှစ်ကျော်ခဲ့
ပေပြီ။ပညာရေးကောလိပ်တွင် တက်ရောက်ပြီးစီးခဲ့သောကြိုင်သည် ယခုစာသင်နှစ်စတွင်ပင်
မင်းဇံရွာကလေးသို့ တာဝန်ကျကာ မိမိနှင့်အတူ ကလေးများ၏ ပညာရေးမြင့်မားစေရန် အားထုတ်
ဆောင်ရွက်နေသူဖြစ်သည်။အလွမ်းက တတိယ
နှစ်ဖြေပြီးခဲ့ကာ ညီညီကတော့ ကျောင်းတက်ရင်း အားလပ်သော အချိန်များတွင် ဆောက်လုပ်ရေး
လုပ်ငန်းများကို ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ရှားရှားပါးပါး အားလုံးစုံသည့်ရက်တွင်
ကျောင်းတော်ရာသို့  ဘုရားဖူးသွားကြဖို့ တိုင်ပင်
သူမှာ အလွမ်းဖြစ်ပြီး အားလုံးက သဘောတူကြ
လေသည်။ထိုသို့ ဖြင့် ယခုကဲ့သို့  ထွက်လာခဲ့ခြင်း
ဖြစ်သည်။

•ကျောင်းတော်ရာရင်ပြင်တွင် ဘုရားဖူးကြရင်း
ရှေးဟောင်းနှောင်းဖြစ်များပြောဆိုကာ ပျော်ရွှင်
နေကြသော ချစ်တပည့်လေးများကိုကြည့်ကာ
နွေဦးမောင်လည်း ပျော်ပါသည်။ဦးကြီးလှနှင့်
ဖိုးထောင်ကတော့ ပြီးမှလာတော့မည်ဆိုကာ
လှည်းများပေါ်တွင်နေခဲ့ကြ၏။

"ဟဲ့ ညီညီ ငါ့ကို ဟိုဘက်စန္ဒကူးတောထဲလိုက်ပြ
စမ်းပါ တစ်ခါမှမရောက်ဘူးလို့။"

အလွမ်းသက်၏အသံခပ်မြူးမြူးထွက်ပေါ်လာကာ ညီညီကလည်း ချက်ချင်းပင်ထ၍ နှစ်ယောက်သား စန္ဒကူးတောဘက် ထွက်သွားကြလေသည်။
နွေဦးမောင်ရိပ်မိပါသည်။အလွမ်းရော ညီညီကပါ မိမိတို့ နှစ်ဦးကို ရှောင်ပေးခြင်းပင်။ကြိုင်မှတစ်
ဆင့် မိမိတို့ အချစ်ရေးကို သူတို့နှစ်ယောက်လည်း သိသည်ပင်။နွေဦးမောင် အံ့သြလေးစားရသည်မှာညီညီပင်ဖြစ်သည်။သူကြိုင့်ကိုချစ်ခဲ့သည်။
ယခုထိလည်းချစ်နေဆဲဆိုတာ နွေဦးမောင်ရိပ်
မိပါသည်။သို့သော်ညီညီသည်ယောကျာ်းကောင်း
ပီသသော အချစ်သမားသာဖြစ်သည်။ ကြိုင်စိတ်အနှောက်အယှက်ဖြစ်စေမည့် ဘာစကားတစ်ခွန်း
မျှ မဆိုပဲ အဝေးမှနေ၍ တိတ်တိတ်ကလေး
ကျိတ်ချစ်ကာ ကြိုင့်ကို ဂရုတစိုက်ရှိသော
သူငယ်ချင်းကောင်းတစ်ဦးအဖြစ်နေခဲ့သည်။
ညီညီ့ကို နွေဦးမောင် သနားမိသလို လေးလည်း
လေးစားမိသည်။ကြိုင့်အပေါ်တွင်ချစ်သော ညီညီ့အချစ်သည် မိမိထက် မပိုလျှင်တောင် လျော့မည်
တော့မဟုတ်ပေ။

•"ဆရာ ဘာတွေအတွေးလွန်နေတာလဲ။"
ကြိုင့်အမေးကြောင့် နွေဦးမောင်ကြိုင့်ဘက်သို့ 
လှည့်ကာပြုံးလိုက်သည်။
"အော် ..... အလွမ်းနဲ့ ညီညီရှောင်ပေးတာကို
သဘောကျလို့ပါ။"
ကြိုင်ကပါ ပြုံးလိုက်ရင်း
"သူတို့က အလိုက်သိတယ်ဆရာ။"
"အခုဆရာတို့ ဖူးနေတဲ့ ကျောင်းတော်ရာသမိုင်းကို
ကြိုင်သိလား။"
"သိတာပေါ့ဆရာ ကြိုင်က မင်းဇံသူစစ်စစ်ပဲဟာ
ဆရာ့ကိုပြောပြမယ် လာဆရာ ဟိုးဘက်က
လိပ်ကန်မှာ အစာကျွေးရင်း ပြောမယ်။"
ကြိုင်ဦးဆောင်ရာ လိပ်ကန်ဘက်သို့ပါလာရင်း
လိပ်များကို အစာကျွေးကာ ကြိုင်ပြောပြမည့်
ကျောင်းတော်ရာဘုရားသမိုင်းကို နားစွင့်နေမိသည်။
"ဒီလိုဆရာရဲ့. .....
မြတ်စွာဘုရားလက်ထက်ကသုနာပရန္တတိုင်း
ဝါဏိဇ္ဇဂါမရွာတွင်ကုန်သည်အလုပ်နဲ့ အသက်
မွေးကြတဲ့ မဟာပုဏ္ဏနှင့်စူဠပုဏ္ဏညီကိုတို့
နှစ်ယောက်ဟာလှည်းငါးရာနှင့်တစ်ယောက်
တစ်လဲကုန်ထွက်ရောင်းကြရာ မဟာပုဏ္ဏဟာ
လှည်းငါးရာနဲ့သာဝတ္ထိပြည်သို့ထွက်ခဲ့တယ်တဲ့။
အဲဒီအချိန်မှာ မြတ်စွာဘုရား ဒကာဒကာမများ
ကိုတရားဟောနေချိန်တွင်မဟာပုဏ္ဏမှ သဒ္ဓါထက်သွား၍အလှူ မဏ္ဍပ်ကြီးဆောက်ပြီး ဘုရားရှင်နှင့်
နောက်ပါသံဃာများကိုဆွမ်းလှူ တန်း၍တရားနာ
ပြီးသောအခါသာသနာ့ဘောင်သို့တက်ပြီး
ရဟန်းဝတ်လိုက်တယ်တဲ့ဆရာ။
ရဟန်းဝတ်ပြီးတရားထူးများရတဲ့အချိန်မှာ
ဝါဏိဇ္ဇဂါမရွာကိုပြန်လာပြီး တောရဆောက်တည်
ပြီးတရားကျင့်ခဲ့တယ်တဲ့။အဲဒီအချိန်ကမဟာပုဏ္ဏအရှင်ကရဟန္တာမဖြစ်သေးဘူး။
မဟာပုဏ္ဏအရှင်ကသူ့ဇာတိကိုပြန်မယ်ဆိုတဲ့အခါ
ဘုရားရှင်က "ချစ်သား ထိုဒေသမှလူတွေက
သင့်ကိုဝိုင်းပြီးဆဲရေးကျမယ်ဆိုရင်သင်ဘယ်လို
လုပ်မလဲလို့မေးတဲ့အခါ""တပည့်တော်ကိုဆဲသာ
ဆဲတာ မရိုက်နှက်ဘူးလို့အောက်မေ့ပြီး သည်းခံ
ခွင့်လွှတ်ပါမယ်ဘုရားတဲ့"
ဒီလိုနဲ့ဘုရားရှင်ကတစ်ဆင့်ထက်တစ်ဆင့် ဝိုင်းရိုက်မယ်ဓားနှင့်ထိုးမယ် သတ်မယ်ဆိုရင်တောင်
တပည့်တော်၏စက်ဆုပ်ရွံ့ဖွယ်ရာ ခန္ဓာကိုယ်ကြီး
ကို တပည့်တော်ကိုယ်တိုင်မသတ်ရဘူးလို့
အောက်မေ့ပြီး ရွာသူရွာသားတွေကသဘော
ကောင်းတယ်လို့အောက်မေ့ပြီးသည်းခံပါမယ်
ဘုရားတဲ့" အဲဒီလိုနဲ့ပြန်လာပြီး မဟာပုဏ္ဏ
အရှင်မြတ်က
ဝါဏိဇ္ဇဂါမရွာအနီး အဇ္ဇုဟတ္ထအရပ်မှာတောရ
ဆောက်တည်နေခဲ့တယ်တဲ့။ ထိုအချိန်မှာညီတော်
စူဠပုဏ္ဏကတခြားတစ်နေရာသို့ကုန်ရောင်းမထွက်
ခင် နောင်တော်ထံသွားပြီး ပင်လယ်ပြင်မှာခရီး
ထွက်ရတဲ့အတွက် "တပည့်တော်တို့ကိုစောင့်
ရှောက်ပေးပါလို့လျှောက်ထားခဲ့တယ်" ဒီလိုနှင
့်စူဠပုဏ္ဏတို့ကုန်သည်များဟာ ကျွန်းတစ်ကျွန်းသို့
ရောက်သောအခါ လက်လေးတစ်
မျှလျှင်အဖိုးတစ်သိန်းထိုက်သောစန္ဒကူးအပင်များကိုတွေ့ရှိ၍ပါလာသမျှကုန်များကိုသွန်ပြစ်ပြီး
စန္ဒကူးပင်များကိုသင်္ဘောအပြည့်ဖြင့်သယ်လာကြသတဲ့။ထိုတောမှာနေထိုင်သူဘီလူးများကစိတ်ဆိုး၍ပင်လယ်ပြင်တွင်သင်္ဘောမှောက်သတ်မည်
ဟုကြံကာ လေမုန်တိုင်းကြီးများ မိုးကြီးများရွာသွန်း
ပြီးသင်္ဘောကိုဖျက်စီးချိန်တွင်ကုန်သည်များက
သူတို့ကိုးကွယ်ရာနတ်များကိုတမ်းတနေသော်
လည်းစူဠပုဏ္ဏကမကြောက်ရွံ့ဘဲ "နောင်တော်
ဘုရားညီတော်တို့ကိုကယ်ပါအုံး"လို့
တမ်းတလိုက်သောအခါ မဟာပုဏ္ဏအရှင်မြတ်မှ
ဈာန်နှင့်ကြွလာခဲ့တယ်တဲ့ ။
် ဆရာတော်ကြွလာသည်ကိုမြင်သောဘီလူးများမှာထွက်ပြေးသွားကြပြီးကုန်သည်တို့အသက်ချမ်းသာရခဲ့တယ်။ဆရာတော်က"သင်တို့မစိုးရိမ်ကြနဲ့
သင်တို့ဘယ်ကိုသွားချင်လဲလို့မေးတဲ့အခါ ရွာကို
ဘဲပြန်ပါတော့မယ်လို့လျှောက်တော့"ဆရာတော်
ကသင်္ဘောထိပ်မှနေပြီးတန်ခိုးနှင့်ခေါ်သွားခဲသတဲ့။ကုန်သည်တို့ကကျေးဇူးတင်သဖြင့်စန္ဒကူးသားများ
ဖြင့်ကျောင်းဆောင်ကြီးဆောက်လုပ်လှူ ဒါန်းခဲ့တယ်။ ကျောင်းဆောက်ပြီးချိန်တွင်ဆရာတော်က"သင်တို့ဘုရားကိုမမြင်ဖူးကြသေးဘူး မြင်ဖူးချင်ရင်သွားပင့်ပေးမယ်"ဆိုပြီး ဘုရားရှင်ကို
သုနာပရန္တတိုင်းဝါဏိဇ္ဇဂါမရွာသို့ပင့်ဆောင်လာခဲ့တယ်။
ဘုရားရှင်ကြွလာပြီး ၇ ရက်ပတ်လုံးတရားရေအေးတိုက်ကျွေးသဖြင့်ရွာသူရွာသားများမှာ တရားထူး
တရားမြတ်များရသွားကြတယ်တဲ့ဆရာ။
ဘုရားရှင်တရားဟောချိန်မှာငါးတွေဟာတရားလာနာကြတယ်။ငါးတွေဟာ ဝါတွင်းကာလမှဝါကျွတ်
ချိန်ထိဥပုသ်လာစောင့်ကြတယ်။
ဝါထပ်သောနှစ်များတွင်ဒုတိယဝါဆိုမှလာကြသည်ဟုသိရတယ်ဆရာ။"
ဘုရားရှင်ကပြန်ကြွတော့မည်အချိန်တွင်
နမ္မဒါနဂါးမင်းကကိုယ်စားဖူးမျှော်ရန်တောင်းတဲ့အခါ
မန်းချောင်းနံဘေး၌ခြေတော်ရာတစ်ခုချပေးထားခဲ့သည်။
ထိုခြေတော်ရာကိုအောက်စက်တော်ရာလို့ ခေါ်ပြီး
သစ္စဗန္ဓရသေ့ကိုလည်းသစ္စဗန္ဓတောင်ထိပ်၌ပင်
ခြေတော်ရာတစ်ဆူကိုပေးသနားခဲ့တယ်။
ထိုခြေတော်ရာကို
အထက်စက်တော်ရာလို့ ခေါ်ခဲ့တယ်။ထို့ကြောင့်
ရွှေစက်တော်အစကျောင်းတော်ရာကဆိုတဲ့စကား
အတိုင်းရွှေစက်တော်ဟာ ကျာင်းတော်ရာကို
မှီပြီး ဖြစ်ပေါ်လာခဲ့တယ်။မဟာပုဏ္ဏအရှင်မြတ်
သည်လည်း ထိုရွာ၌ပင်ပရိနိဗ္ဗာန်စံတော်မူခဲ့
တယ်တဲ့ဆရာ။ ပြီးတော့ တစ်ချက်ရှိသေးတယ်ဆရာ။စန္ဒကူးပင် ၂၅၀၀ ရှိတဲ့ အနက် စေတီရဲ့ မြောက်ဘက် မဟာပုဏ္ဏရုပ်တုနှင့်မျက်နှာချင်းဆိုင်မှ အပင်နံပါတ် ၉ တစ်ပင်သာ မွှေးတယ်လို့ သိရှိရတယ်ဆရာ။"

•ကြိုင်ပြောသည့် ဘုရားသမိုင်းကြောင်းကို
ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေရင်း နွေဦးမောင်
ကြိုင့်ကို လေးစားစွာကြည့်လိုက်သည်။
"ဒီလိုဆိုတော့လည်း ကြိုင်က ဘယ်ဆိုးလို့လဲ။
ဆရာတော့လေ ဒီကျောင်းတော်ရာကို အခုလို
ကြိုင်နဲ့ အတူပြန်လည်ဖူးမျှော်ခွင့်ရတော့ လွန်ခဲ့တဲ့ ၉နှစ်ကျော်ကာလကို ပြန်လည်မြင်ယောင်လာမိ
တယ်။အဲဒီတုန်းက ကြိုင်က ကလေးလေးပဲရှိ
သေးတယ် ဆရာနဲ့ စတွေ့တာလေ။"
ကြိုင်ကကြည်နူးစွာရယ်လိုက်ရင်း
"ဟုတ်ပါရဲ့ဆရာရယ်။အမေပြောပြလို့ အဲဒီတုန်းက အကိုကြီးက ဆရာဆိုတာသိတာ ကြိုင်ဖြင့် မမှတ်
မိပါဘူး။"
နွေဦးမောင် ကြိုင့်လက်ကလေးကို ဆုပ်ကိုင်ကာ
ကြိုင့်မျက်နှာလှလှလေးကို ငုံ့ မိုးကြည့်လိုက်သည်။ "ရေစက်ဆိုတာကို ယုံလားကြိုင်။"
ကြိုင်က မိမိကို ပြုံး၍ကြည့်နေလေသည်။
ကြိုင့်မျက်ဝန်းများမှအဖြေကို နွေဦးမောင်တွေ့ 
လိုက်သည်။
"ဆရာတော့လေ ဆရာနဲ့ ကြိုင်ဟာ ရေစက်ပါ
လာလို့ ပြန်ဆုံရတာလို့ ထင်တယ်။
အခုလိုတစ်ယောက်ကိုတစ်ယောက် အရမ်းချစ်
တဲ့ ချစ်သူနှစ်ဦး ဖြစ်လာရမှာမလို့  ကံကြမ္မာက
ပြန်လည်ဆုံဆည်းပေးတာပဲ။"
ကြိုင်ကပြုံး၍ ခေါင်းငြိမ့်လိုက်လေသည်။
"ဆရာပြောတာ ဖြစ်နိုင်တယ်ဆရာ။"
"ဘယ်တော့မှလက်တွဲမဖြုတ်ဘူးနော်ကြိုင်" "ထာဝရပဲ။"ကြိုင်က မိမိလက်ကို ပြန်လည်ဆုပ်
ကိုင်ကာ အဖြေပေးလိုက်လေသည်။
ဘုရားဝန်းအတွင်း အသံချဲ့စက်မှ စန္ဒကူးအလွမ်း
သီချင်းသံက သဲ့သဲ့လေး ပျံ့လွင့်နေလေ၏။
ကန်ရေပြင်စပ်မှ ဖြတ်တိုက်လာသော လေနုအေးက ချစ်သူနှစ်ဦးကို တိုးဝှေ့ ကြည်စယ်သွားလေ
သည်။ မပြီးပြတ်သေးတဲ့အတိတ်ဆိုတာ
အမြဲပြန်လည်လာတတ်ပါတယ် အချစ်ဖြစ်ဖြစ်
အမုန်းဖြစ်ဖြစ်ပါလေ။

အခန်း ( ၂၄ )

•ရွှန်းလဲ့နေသောလရောင်က ကံ့ကော်ရွက်များ
ကြားမှနေ၍ ခြံအတွင်းသို့ ဝိုးတ၀ါးထိုးကျနေသည်။ညမွှေးပန်းရနံ့များနှင့် ကံ့ကော်ပန်းများ၏ရနံ့ 
ပေါင်းစပ်ကာ ခြံအတွင်းတွင် သင်းပျံ့မွှေးထုံနေ
လေသည်။ရွာလယ်လမ်းမှ တစ်ချက်တစ်ချက် ထိုးဟောင်လိုက်သော ခွေးဟောင်သံကြားရသည်
မှလွဲ၍ အသံတော်တော်များများ တိတ်ဆိတ်နေ၏။တစ်ချက်တစ်ချက် လေအဝေ့တွင်ကြွေကျသွား
သော သစ်ရွက်ကြွေသံမှအပ ကံ့ကော်ခြံအတွင်း
တွင်လည်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ရွာထိပ်ကင်းတဲမှ သံချောင်းခေါက်သံ၁၀ချက်ကို
ကြားလိုက်ရသည်။ ၁၀နာရီထိုးခဲ့ပေပြီ။

•ပြည့်ဝိုင်းနေသော လမင်းကြီးကိုမော့ကြည့်
လိုက်မိသည်။လရောင်က ကြည်လင်အေးမြစွာသာနေလေသည်။သို့သော်လည်းနွေဦးမောင်ရင်
ထဲတွင်တော့ လရောင်နှင့်ဆန့်ကျင်စွာပူလောင်
နေမိသည်။ပူပန်ရသည်မှာ အချက်၂ချက်ရှိသည်။ နွေဦးမောင် မနက်ဖြန်ဆိုပြန်ရတော့မည်။
ကျောင်း၃လပိတ်သောကြောင့် ပြန်ရမည်ဆိုသော်လည်း အခုတစ်ခေါက်ပြန်မည်က ထူးခြားသည်။
နွေဦးမောင်ဤရွာကလေးတွင်တာဝန်ထမ်းဆောင်သည်မှာ ကြာခဲ့ပေပြီ။ အထက်မှနေ၍ ကျောင်း
ပြောင်း၍ တာဝန်ထမ်းဆောင်စေမည့်စာရင်းတွင် နွေဦးမောင်နာမည်ပါနေသည်ဟူသော သီဟ
သတင်းကြောင့်ဖြစ်သည်။သီဟက ပညာရေးမှူး
ရုံးတွင်မိတ်ဆွေပေါသည်မို့တစ်ခုခုဆိုသူကကြိုသိ ရလေသည်။ပုံမှန်အတိုင်း ကျောင်းပြောင်းရမည်ဆိုသောအချက်ကြောင့် ဤမျှစိတ်ညစ်မိသည်
မဟုတ်သေး။နွေဦးမောင် တစ်ခြားတစ်နေရာ
ပြောင်းသွားလျှင်တောင် ကြိုင့်ကိုတော့ လာတွေ့ ၍ရသေးသည်။အခုဟာက ကြိုင့်အမေ
ဒေါ်လေးထားဆင့်ကြောင့်ပင်။မိမိနှင့်ကြိုင်ရည်ငံ
နေသည်ကို ဘယ်လိုကဘယ်လို သိသွားသည်
မသိ။မနေ့က နွေဦးမောင်နေထိုင်ရာ ကံ့ကော်ခြံ
သို့ ရောက်လာခဲ့သည်။တော်ရုံတန်ရုံသဘော
မတူတာလောက်ကို နွေဦးမောင်ကအရေးမထား
ပါ။ကြိုင့်မိဘများနားလည်လက်ခံလာသည့်
အချိန်ထိ ကြိုးစားမည်သာဖြစ်သည်။အခုဟာက ထိုသို့ မဟုတ်။ဒေါ်လေးထားဆင့်မှာ ကြိုင့်ကို
မိမိနှင့်ကြောင့်မဟုတ် တစ်ခြားမည်သူတစ်ဦးတစ်
ယောက်နှင့်မှ သဘောမတူနိုင်ခြင်းဖြစ်သည်။
နွေဦးမောင်က ခေါင်းမာနေတော့ ဆက်ပြောပြန်
သည်။ကြိုင်ဟာ အိမ်ထောင်ပြုလို့ မဖြစ်သည့်
လူတစ်ဦးတဲ့။ကြိုင်အိမ်ထောင်ပြုတာနဲ့ ဒုက္ခ
ရောက်မယ်။ကြိုင်ကတစ်ခြားကမ္ဘာကလာသော
သူတဲ့။နွေဦးမောင်ထိုသို့ သောအယူသည်းမှုများ
ကိုမယုံကြည်ပါ။သို့ သော်ဒေါ်လေးထားဆင့်၏
သောကမျက်ဝန်းများနှင့် မျက်ရည်များကြောင့်
နွေဦးမောင်ပူလောင်မိသည်။ကြိုင်နှင့်တွေ့ချင်
သော်လည်း မနေ့ ကရော ဒီနေ့ ရောကြိုင်
ရောက်မလာခဲ့ပေ။

•ဘာဖြစ်လို့ လဲကြိုင်ရယ်။နွေဦးမောင်သက်ပျင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း စိတ်အိုက်လာမိသည်။အင်္ကျီလက်ရှည်ကို တစ်တောင်ဆစ်ထိ
ခေါက်တင်လိုက်ကာ အပေါ်ကြယ်စေ့နှစ်လုံး
လောက်ကို ဖြုတ်လိုက်မှ နေသာထိုင်သာ ရှိသွား
လေသည်။ထိုအခိုက် ခြံဝပုဏ္ဏရိပ်တန်းကြားမှ
လူရိပ်ကိုမြင်လိုက်ရသည်။မိမိခြံတံခါးမပိတ်ရ
သေးဘူးပဲ။အမှောင်ထဲမှ မိမိရှိရာဘက်သို့ တရွေ့ 
ရွေ့ လာနေသောလူရိပ်ကိုကြည့်ကာ နွေဦးမောင် သတိအနေအထားနေလိုက်သည်။ဒီအချိန်ကြီး
မိမိအိမ်သို့ လာတာက ဘယ်သူပါလဲ။
လူရိပ်က ကံ့ကော်ပင်တန်းကြားသို့ တိုးဝင်လာ
လေကာ အသံခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ "ဆရာ ဆရာ ...."
" ဟာကြိုင်. .....။"
နွေဦးမောင်တစ်ကိုယ်လုံးတောင့်တင်းသွားသည်။
ကြိုင့်ကို ပြေးဖက်လိုက်ရင်း
"ကြိုင်ဘာဖြစ်လို့ ဒီအချိန်ကြီးမှလာတာလဲကွာ
ညနက်နေပြီ။"
ကြိုင်က မိမိကို မော့ကြည့်လိုက်ရင်း
"ကြိုင်ဆရာနဲ့ တွေ့ချင်လို့ အိမ်ကလူတွေအိပ်ချိန်
ကိုခိုးထွက်လာတာဆရာရဲ့။အမေက မနေ့က
တည်းကဖျားနေတာ ဒါကြောင့် ကြိုင်ဒီဘက်ကို
မလာခဲ့တာ။"
နွေဦးမောင်အခုမှပင် ရင်ထဲမှအလုံးကြီးကျသွားမိသည်။
"တော်သေးတာပေါ့ကြိုင်ရယ် ဆရာတော့ ကြိုင်ဘာများဖြစ်သလဲဆိုပြီး စိတ်ပူနေရတာ။"
နွေဦးမောင်ကြိုင့်ကိုဖက်ထားရာမှလွှတ်ပေးလိုက်
သည်။ ကွတ်ပျစ်ပေါ်တွင်နှစ်ယောက်သား
အတူယှဉ်၍ ထိုင်လိုက်ကြရင်း လရောင်ဝိုးတ၀ါး
အောက်ဝယ် တစ်ယောက်ကိုတစ်ယောက်
ပျောက်သွားမည့်အလား စိုက်ကြည့်နေမိကြသည်။

"ဆရာ မနက်ဖြန်ဆိုပြန်ရတော့မှာနော်
ကြိုင်တော့လွမ်းနေတော့မှာပဲ။"
နွေဦးမောင်ကြိုင့်ပခုံးလေးကိုဖက်ကာ ကြိုင့်ကိုမိမိ
ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
"ဆရာ မကြာပါဘူးကြိုင် နွေပိတ်ရက်၃လပါပဲ။
ကျောင်းဖွင့်တာနဲ့ တန်းပြန်လာခဲ့မယ်။"
"ဒါပေမယ့်ဆရာရယ် ကြိုင်ဆရာ့ကို မခွဲနိုင်ဘူး။
ဒီတစ်ခါဆရာပြန်မှာကြီးကို စိတ်ထဲမှာတစ်မျိုးကြီး
ဖြစ်နေမိတယ်။"
ပြောရင်းနှင့် ကြိုင့်အသံများတုန်လာကာ ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာလေသည်။
"ဟာ ကြိုင်ငိုနေတာလား။"
နွေဦးမောင် ကြိုင့်မျက်နှာကို ဆွဲမော့လိုက်သည်။လရောင်အောက်မှ ကြိုင့်မျက်နှာလေးမှာ
သောကကြားမှပင် လှပနေကာ မျက်ဝန်းတွင်
တော့ မျက်ရည်များခိုတွဲနေလေသည်။
နွေဦးမောင် ကြိုင့်မျက်ရည်များကို ညင်ညင်သာသာပင် သုတ်ပေးလိုက်သည်။သုတ်ပေးပါမှ မျက်ရည်များက တားမနိုင်စီးမရ ကျလာပြန်သည်။
"မငိုပါနဲ့တော့ကြိုင်ရယ်နော်။ကြိုင်က အခုလိုမျိုး
ငိုနေတော့ ပြန်ရတော့မယ့်ဆရာက ဘယ်စိတ်
ကောင်းပါ့မလဲ။" မိမိကို ချစ်ခင်မြတ်နိုးစွာ
သံယောဇဉ်ကြီးလှသော မိန်းကလေးကို
နွေဦးမောင် နစ်နေအောင်ချစ်ပါသည်။

ကြိုင့်နဖူးလေးကို ဖွဖွလေး ငုံ့နမ်းလိုက်သည်။
ကြိုင့်ကို ခပ်တင်းတင်းဖက်လိုက်ရင်း
"ဆရာတို့ လက်ထပ်ကြရအောင်ကြိုင်။"
"ဟင် တစ်ကယ်ပြောတာလားဆရာ။"
မိမိရင်ခွင်ထဲမှနေ၍ မျက်လုံးဝိုင်းလေးများဖြင့်
မော့ကာမေးလာတော့ ကြိုင့်ကို ချစ်မ၀စွာ
နမ်းရှိုက်လိုက်ရင်း
"တစ်ကယ်ပြောတာပေါ့ကြိုင်။ဆရာအခုနွေပိတ်
ရက်အိမ်ရောက်တာနဲ့  မေမေ့ကိုဖွင့်ပြောမယ်။
ပြီးတော့ ကျောင်းဖွင့်တာနဲ့ ကြိုင့်ကိုလာတောင်း
မယ်။"
"ဆရာ့မေမေက သဘောမတူရင်ကောဟင်။"
သူကဆရာ့ကိုချစ်ပါတယ်ကြိုင် သဘောတူမှာပါ။တစ်ကယ်လို့ သူသဘောမတူရင်တောင် ဆရာက
ကြိုင့်ကိုဘယ်လိုဖြစ်ဖြစ် လက်ထပ်မှာပဲ။"
"ကြိုင်ပျော်လိုက်တာဆရာရယ်။"
မျက်ရည်များတိတ်၍ ပြုံးသွားသော မိမိ၏
လပြည့်ဝန်းကို နွေဦးမောင် တင်းတင်းလေးဖက်
ကာ နဖူးလေးကို နမ်းလိုက်သည်။
အခုလိုကြလည်း ကြိုင်က ကလေးလေး
တစ်ယောက်လိုပင်။ နွေဦးမောင်၏အနမ်းများက တဖြည်းဖြည်းစိပ်လာကာ နှုတ်ခမ်းဖူးဖူးလေးပေါ်
တွင် အချိန်ကြာမြင့်စွာကျရောက်သွားလေသည်။
ကြိုင်သည်လည်း အိပ်မက်ကမ္ဘာတွင် ရောက်နေ
သူတစ်ဦးလို ငြင်းဆန်နိုင်ခြင်း မရှိတော့ချေ။
ညင်သာသော အနမ်းများမှာကြမ်းတမ်းလာပြီး
နွေဦးမောင်နှုတ်မှ စကားသံခပ်တိုးတိုးထွက်ပေါ်လာသည်။
"ကြိုင် ဆရာ့ဆီကို ဘာလို့ လာတာလဲကွယ်။
ကြိုင်ဒီနေ့ မလာခဲ့သင့်ဘူး။"
ထိန်ထိန်သာနေသော လမင်းကြီးကို တိမ်မည်း
တစ်အုပ်မှဖြတ်သန်းသွားချိန်တွင် ကံ့ကော်ပင်
ပေါ်မှ ကံ့ကော်ပန်းတစ်ပွင့် ကြွေကျသွားသည်
ကို မည်သူမျှမရိပ်မိလိုက်ကြပေ။ညမွှေးပန်းများ
က မွှေးဆဲပင်ဖြစ်ကာ သစ်ရွက်များလည်း
ကြွေဆဲပင်ဖြစ်လေသည်။တစ်ချို့သောအရာများ
သည် ဖန်တီးယူ၍မရသလိုတားဆီးယူ၍လည်း
မရအောင် ဖြစ်ပျက်သွားလေ့ရှိသည်မဟုတ်ပါလား။

ဆက်လက်ရေးသားဖော်ပါဦးမည်။
အားလုံးကိုကျေးဇူးပါသည်။
image
Author-Soe Tha Khin
MSC-172

Sort:  

စာအရေးအသားကောင်းပြီး စကားပြေသုံးပုံကလည်း နိုင်နင်းတော့ အားကျနေမိပါတယ်ဗျာ

ဟုတ်ကဲ့ပါအစ်ကိုရေ
ကျေးဇူးတင်ပါတယ်ဗျ

အင်း
ချစ်ခန်းတွေ တစ်ခန်းရပ်ပြီး လွမ်းခန်းတွေရောက်လာတော့မယ်ထင်တယ်။ဦးကျော်သီချင်းလေးလို.. လွမ်းခန်းတွေရောက်ရင်.....လူသားတေ မျက်ရည်ဝဲမယ်😁

ပဝါလေးစောင်ထားပေတော့ကိုမိုးရေ

ကျောင်းတတ်တုန်းက ကျောင်းတော်ရာကို တစ်ခေါက်လား ရောက်၊ ဖူးဖြစ်ခဲ့တယ်။ ငါးတွေရော အရင်လို လာကြသေးလား...

မလာကြတော့ပါဘူးဗျာ

မယ်လေး ရှည်တာဗျာ .... စာကြောင်းရေတိုတိုလေးတွေအများကြီးမို့လို့နေမှာ..

မောသွားလားဗျာ
ကြုံရင်အမောပြေတိုက်ပါ့မယ်ဗျာ

MSC က စာအုပ်တွေ ထုတ်ဖြစ်တဲ့အချိန် အခန်းဆက်ဝတ္ထွုရှည် အဖြစ်ပါပါစေဗျာ။

တကယ်ထုတ်တဲ့အခါ တကယ်ပဲပါချင်ပါတယ်ဗျာ

ဆက်အားပေးနေမယ် broရေ အပိုင်းရှည်ကြ်းရေးနိုင်တာ

ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်

တကယ်ကြမ်းတဲ့ အပိုင်း ရောက်လာပီ ........
ဆက်ရေးတော့လေဗျာ................

ဆက်ပါ့မယ်ဗျာ စောင့်မျှောပီးသာဖတ်ရှုတော်မူပါ

တော်တော်ရေးနိုင်တာဘဲဗျား ဖတ်လို့လဲကောင်းပါတယ်

ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ်စစ

ဖတ်လို့ကောင်းလွန်းလို့ နောင်အပိုင်းမျှော်နေမယ်ဗျာ

ဟုတ်ကဲ့ပါအစ်ကိုရေကျေးဇူးပါဗျာ

ဒိလောက်အရှည်ကြီးကို အချိတ်အဆက်မိမိရေးနိုင်တယ်ဗျာ

ဝါသနာပါတော့လည်းလေ့လာလိုက်စားရင်းနဲ့ရေးနိုင်သွားတာပါဗျာ

Good One Bro

Thank you bro

ဒရမ်မာ ဇာတ်ကားကြည့်နေရသလို
ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင်ရေးနိုင်တယ်
အမြဲအားပေးလျှက်ပါဗျာ

ဟုတ်ကဲ့ပါ ကျေးဇူးပါဗျာ

ဇာတ်​လမ်းတွဲရိုက်​လို့ရ​နေပြီ

မင်းသားလိုနေပါတယ်လို့

အားကျလာပြီ
ဘဒို ဇာတ်ပိုင်းရှည်ရေးတာ အကုန်ဆက်စပ်မိတယ်။
ဘုရားသမိုင်းလေးတောင်အဆစ်ပါသေးတယ်။

ဘုရားသမိုင်းပါတာကလည်း မစိမ်းတဲ့နေရာဒေသမလို့အနည်းကျဉ်းသိနေတာပါဗျ

မျက်​စိထဲ မြင်​သာနိုင်​​အောင်​ ​ရေးသားနိုင်​လွန်းတယ်

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 16962.48
ETH 1259.45
USDT 1.00
SBD 2.16