ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်
ပထမပိုင်း
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း ( ၂ )
အခန်း ( ၃ )
" အမေရေအမေ ..... အီး"
လွယ်အိတ်ကိုမကာ ငိုယိုရင်း ကျောင်းမှပြန်လာ
သောသမီးကြောင့် မထားဆင့် ရင်ထိတ်သွားသည်။သမီးကြိုင်က အခုဆိုလျှင် အသက် ၉နှစ်ရှိပြီဖြစ်ကာ ပီးခဲ့သည့်နှစ်ကာလတစ်ခုလုံး အရိပ်တကြည့်
ကြည့် စောင့်ရှောက်ခဲ့ရသည်။ သမီးမွေးလာပြီးမှ တစ်ဟုန်ထိုးတက်လာသော စီးပွားရေး၊ တောသဘာဝနှင့် မအပ်စပ်စွာ ချောမောလွန်းနေသည့် သမီးနှင့် ခဏခဏမက်တတ်သော အိပ်မက်များ
ကြောင့် မယုံကြည်သော်ငြား သမီးကို ပိုးမွေးသလိုမွေးခဲ့သည်။အများတကာနှင့် မတူသောဘ၀ကို မလိုချင်ဘဲ ပိုင်ဆိုင်နေရသည့်သမီးကို အသနားပိုကာ အချစ်လဲပိုခဲ့ရသည်။
"ဘာဖြစ်လို့ လဲသမီး အမေ့ကိုပြော"
သမီးမျက်ရည်များကို သုတ်ပေးလိုက်ရင်း သမီးကို မေးလိုက်၏။ကြိုင်က မျက်ရည်များကို သုတ်လိုက်ရင်း အမေ့ရင်ခွင်ထဲတိုးဝင်လိုက်သည်။
"သမီးကို ကျောင်းကအတန်းဖော်တွေက
ဥစ္စာစောင့်တဲ့အမေ။ သမီးမှာ မျက်ရည်ခံမှဲ့ ပါလို့ 
ယောက်ကျာ်းယူရင် ယောက်ကျာ်းသေမယ်တဲ့
အမေ။သမီးက မကောင်းတဲ့သူတဲ့ အမေ အီး. ...."
ကြိုင်တစ်ယောက်ပြောရင်းနဲ့ ငိုလိုက်ပြန်၏
မထားဆင့်ရင်ထဲနင့်ခနဲ ဖြစ်သွား၏။ကြိုင်ကလေး
မွေးသည့်နေ့ က မိမိမြင်မက်သည့် အိပ်မက်ကို
လက်သည် အရီးမြအား ပြောပြမိသည်။
မိမိကတော့ အားကိုးရှာသည့် သဘောနှင့်ပြောခြင်းပင်။သို့ သော် အရီးမြ၏ ပါးစပ်မလုံမှုကြောင့် တစ်ဆင့်တစ်ဆင့်ရွာထဲတွင် ပျံ့နှံ့ သွားခဲ့သည်။အကိုကြီးကိုထွန်းမြင့်က သူ့တူမ မကောင်းကြောင်းပြောလျှင် သေမည်ဟု ဓားကြိမ်းကြိမ်းလိုက်သောကြောင့်သာ ထိုစဉ်က ရွာထဲမှ ပါးစပ်များငြိမ်သွားခြင်းပင်။
မထားဆင့်ပြုံးလိုက်ရင်း
"သမီးကို မနာလိုလို့ ပြောနေကြတာပါကွယ်
အမေ့သမီးလေးက လှလည်းလှ ၊စာလည်းတော် ၊ ချမ်းလည်းချမ်းသာတယ်လေ ဒါ့ကြောင့်
သူငယ်ချင်းတွေက မနာလိုလို့ သမီးကိုပြောလိုက်တာ။စိတ်ထဲထားမနေနဲ့ နော်သမီး လာ ထမင်းစားရအောင် သမီးကြိုက်တဲ့ ငါးပေါက်စလေးကြော်ထားတယ်"
"ဟုတ်ကဲ့ အမေ"
ထမင်းငုံ့ စားနေသော သမီး၏အပြစ်ကင်းသော
မျက်နှာလေးကိုငေးကြည့်ရင်း မထားဆင့် မျက်ဝန်းတွင် မျက်ရည်ကြည်များဝေ့သီနေလေသည်။
photo credit-google image
သမီးကိုအဖြူအစိမ်းလေးလဲပေးကာ ဆံပင် စင်းစင်း တိုတိုလေးကို အုံးဆီရွှဲနေအောင်လိမ်းလိုက်သည်။သနပ်ခါးပါးကွက်လေးနှစ်ဖက်ကို ထူထူညီညီလေးလိမ်း၍ အားလုံးပြင်ဆင်ပြီးသွားသော အချိန်မှာပင် အိမ်ရှေ့မှ ကြိုင့်သူငယ်ချင်းများခေါ်သံကိုကြားလိုက်ရသည်။
"ကြိုင်ရေ့ ကြိုင် ကျောင်းသွားရအောင်ဟေ့"
"အမေ သမီးကျောင်းသွားတော့မယ်နော်
ဟိုမှာညီညီနဲ့  အလွမ်းလာပြီ"
"အေးအေးသမီးသွားသွား"
သုံးယောက်သားယှဉ်တွဲထွက်သွားသော ကလေးသုံးယောက်ကို မြင်ကွင်းမှပျောက်သွားသည်ထိ
မထားဆင့် ငေးကြည့်နေမိသည်။ကြိုင်ချစ်ရသောသူငယ်ချင်းနှစ်ဦးသာရှိပြီး တစ်ဦးက မထားဆင့်
သူငယ်ချင်း ဦးညီမင်း၏ သား ညီစေမင်းဖြစ်ပြီး
နောက်တစ်ဦးကတော့ ရွာတောင်ဝိုင်းမှ မခင်တင့်၏ သမီးဖြစ်သူ အလွမ်းသက်ဖြစ်သည်။သူငယ်ချင်း ၃
ယောက်စလုံးက အရမ်းချစ်ကြပြီး သူငယ်တန်း
ကတည်းကယခုအထိ မခွဲမခွါ တတွဲတွဲနေလာခဲ့ကြသည်။ကြိုင့်ကို ယောက်ကျားလေးသူငယ်ချင်းများနှင့် မပေါင်းစေလိုသော်လည်း ညီစေမင်း၏ အဖေ ဦးညီမင်းက မထားဆင့်သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်ကာ မထားဆင့်ပြီးလျှင် ဘာမှအထွန့် မတက်ရဲသူ ငယ်နိုင်၊ ပြီးတော့ ဦးညီမင်း ဇနီးဖြူ လေးမှာလည်း ရိုးရိုးအအသမားဖြစ်၍ မတော်လို့ နောင်တစ်ချိန် သမီးကြိုင်နှင့်ညီစေမင်း မရိုးမသားဖြစ်လာခဲ့လျှင်တောင် တားဆီးနိုင်သော အင်အား
မထားဆင့်တွင်ရှိလေသည်။
ကြိုင်ကပြုံးရွှင်စွာဖြင့် လွယ်အိတ်ကို ဘုတ်ခနဲ ပစ်ချကာ အဖေနှင့် အမေကြား ၀င်ထိုင်လိုက်သည်။
ဦးကျော်ခေါင်က သမီးခေါင်းလေးကို မြတ်နိုးစွာပုတ်လိုက်ရင်း အမယ် ငါ့သမီး မျက်နှာလေးကြည်လို့ ပါလား ပြောစမ်းပြောစမ်း ဘာဖြစ်လာသလဲ။
"သိလား အဖေ နဲ့ အမေ သမီးကျောင်းမှာဒီနေ့  စာစီစာကုံးပြိုင်တာ ပထမဆုရခဲ့တယ်"
"ဟေ တယ်ဟုတ်တဲ့ ငါ့သမီးပါလား လိမ္မာလိုက်တာကြည့်စမ်း ဟားဟား. .."
မထားဆင့်က ပြုံးလိုက်ရင်း
"ကဲအမေတို့ သမီးလေး ဆုရလာတာဆိုတော့ ပြော ဘာလိုချင်သလဲ အမေ၀ယ်ပေးမယ်"
ကြိုင်က မေးစေ့လေးကို ထောက်ကာ တစ်ချက်စဉ်းစားလိုက်သည်။
"အဖေနဲ့ အမေ သမီးကိုလေ ဒီနှစ်ဝါဆိုကြရင်
ဦးလေးကိုပါခေါ်ပြီး ကျောင်းတော်ရာဘုရားပွဲကိုလိုက်ပို့ "
"အမေ့သမီးလေးက ငယ်သေးလို့ အမေကမခေါ်
သေးတာ"
"ဟင့် အမေကလည်း ကျောင်းတော်ရာက သမီးတို့ မင်းဇံနဲ့ နီးနီးလေးပဲဟာကို နော်နော်"
မထားဆင့်က ခေါင်းငြိမ့်ကာပြုံးလိုက်ရင်း
"ကောင်းပါပြီ သမီးရယ် ဒါဆို ဒီနှစ်ပွဲတော်ချိန်ကြ သမီးကိုလိုက်ပို့ ပြီး အရုပ်တွေအများကြီး ၀ယ်ပေး
မယ်"
" ဟေး ဒါမှဒို့ အဖေနဲ့ အမေ ကွ"
" ဟားဟား "
နှစ်ဆောင်ပြိုင်အိမ်ကြီးထဲက ရယ်သံများက အပြင်ဘက်ထိ ထိုးထွက်လာသည်။ကြိုင်၏သာယာသော ဘ၀စာမျက်နှာများပင်။
photo credit-facebook image
photo credit-facebook image
#######################
အခန်း ( ၄ )
"ဒါကဘယ်လဲ သား. ...."
ဆိုင်ကယ်ကိုခွကာ စက်နှိုးမည်ရှိသေး မေမေ့အသံကြောင့် နွေဦးမောင် ပြောင်ချော်ချော်ပြန်ငဲ့ကြည့်လိုက်သည်။
"သီဟတို့ အိမ်သွားမလို့ အမေ
ဆယ်တန်းအောင်တဲ့အထိမ်းအမှတ်အဖြစ်
ဒံပေါက်ချက်စားမလို့ ။
ဒံပေါက်ဆို ဒံပေါက်ပဲနော်သား တစ်ခြားအရာတေ
ွပါလာမှာ မေမေမကြိုက်ဘူး"
"မေမေကလဲဗျာ သားဘယ်တုန်းကညာဖူးလို့ လဲ သွားပြီနော် မေမေ"
မျက်မှောင်ကိုကုပ်ကာ ဆိုင်ကယ်ကို မောင်းထွက်လာခဲ့သည်။
မျက်နှာကိုစူပုပ်ရင်း ထွက်သွားသော သား၏
ကျောပြင်ကိုကြည့်ကာ ဒေါ်ခင်မိမိ သက်ပြင်းကို
ဟင်းခနဲချလိုက်သည်။သားလေးတစ်ယောက်
တည်းမွေးထားပြီး ဖတဆိုးလေးလည်းဖြစ်သည်မို့ အချစ်ပိုကာ အလိုလိုက်ထားမိသည်။သားက သူ့ ကိုချစ်မှန်းသိတော့ နည်းနည်း ဆိုးချင်ချင်။အရာရာကို ခေါင်းမာသည်။တစ်ယူတန်သည်။ အစွဲအလန်း
ကြီးသည်။သူမှန်သည်ထင်လျှင် ဘယ်သူ့ ကိုမှဂရုမစိုက်တတ်သည့် စရိုက်ရှိသူ။ခုလည်း ဆယ်တန်းကို ဂုဏ်ထူးခြောက်ဘာသာဖြင့် အောင်သော်လည်း ဆေးတက္ကသိုလ်မတက်ဟု ခေါင်းမာနေခဲ့သည်။
ဘိုးဘွားစဉ်ဆက်ချမ်းသာလာခဲ့သည်က
တစ်ကြောင်း လက်ရှိထောင်ထားသော ဆန်ပွဲရုံကလည်း ဒေါ်ခင်မိမိတို့တောင်တွင်းတစ်မြို့လုံးတွင် အကြီးဆုံးဆန်ဆိုင်ဖြစ်သည်မို့ ဒေါ်ခင်မိမိခင်ဗျာ
အောင်မြင်နေသောစီးပွားရေးကြောင့် သားကိုသေချာဂရုမစိုက်နိုင်ခဲ့။မေတ္တာငတ်ခဲ့သောသားက
အမေကိုလည်း သိပ်အကောင်းမမြင် ပင်ကိုယ်
အရည်အချင်း ရှိသော်လည်း တဇွတ်ထိုးစိတ်က
လေးကြောင့် မိမိမှာ ရင်မောရသည်။ခေါင်းကိုခါရမ်းရင်း ဒေါ်ခင်မိမိ လက်ကိုင်အိတ်ကို ကောက်လွယ်ကာ ဆန်ပွဲရုံဘက်သို့ ထွက်လာခဲ့၏။
သီဟ၏အိမ်တွင်ဖြစ်သည်။
"ဟေ့ကောင် ငါ့ကိုတစ်ပွဲထပ်ပေးအုံးဟ"
မင်းကျော် ၏ အပြောကြောင့် သီဟနှင့် နွေဦးမောင် ပြိုင်တူမျက်စပစ်ပြလိုက်ကြသည်။
"တော်တော့ကွာ ပြိုင်တူပြောလိုက်ရင်း မင်းက
အစားကြီးလို့ ဝက်ဖြစ်နေတာ ခန္ဒာကိုယ်ကတစ်နေ့ တခြား ၀က်နဲ့ တူတူလာပြီ "
နွေဦးမောင်အပြောကြောင့် မင်းကျော်မျက်နှာတစ်ခုလုံးညိုမဲသွားကာ သီဟကတော့ တဟားဟားအော်ရယ်လေသည်။နွေဦးမောင်၊သီဟနှင့် မင်းကျော်မှာ ငယ်ငယ်ကတည်းက ပခုံးဖက်ပေါင်းလာသော သူငယ်ချင်းများဖြစ်ကြသည်။ နွေဦးမောင်က ၆ဘာသာ သီဟနှင့်မင်းကျော်က ၄ဘာသာ ပါပြီး တက္ကသိုလ်တူတူတက်ကြမည်ဟုလည်း ကတိပြုပြီးပြီ။မင်းကျော်က ၀က်ဟုခေါ်ရလောက်အောင် အရပ်ပုပု ၀၀ပိုင့်ပိုင့်ကြီးဖြစ်ကာ သီဟကတော့ ပိန်ရှည်ရှည် ကလန်ကလားနှင့်ဖြစ်သည်။ သုံးယောက်စလုံး အသားညိုညိုစိုစိုရှိကြပြီး နှစ်ယောက်နှင့် ခြားနားစွာ နွေဦးမောင်ကတော့ ရုပ်ရည်ချောမောလှ
သည်။ အရပ်က ဆယ်တန်းအောင်ကာစကျောင်းသားဖြစ်သော်လည်း ၆ပေနီးပါးရှိပြီး မျက်ခုံးထူထူ နှာတံစင်းစင်း တိကျပိရိသော နှုတ်ခမ်းများပိုင်ဆိုင်ကာ လှပမည်းနက်သော မျက်လုံးများက အမြဲလို
ပင် စူးရှနေတတ်သည်။
စားသောက်ပြီးစီး၍ သူငယ်ချင်းတစ်စု ခြံထဲတွင်
ထိုင်ဖြစ်ကြသည်။ သီဟက ချောင်းတစ်ချက်ရှင်း
လိုက်ရင်း(အဟမ်း……)
"ဟေ့ကောင်တွေ ငါတို့ အခုဆယ်တန်းကို
အမှတ်မြင့်မြင့်နဲ့ အောင်သွားပြီကွ ဒီတော့ ငါတို့ ဘယ်တက္ကသိုလ်ကို တက်ကြမလဲ"
"ဆေးကို သွားကြမလား"
မင်းကျော်က ၀င်ထောက်လိုက်သည်။
"မသွားချင်ဘူး ငါတော့ ပညာရေးတက္ကသိုလ်
တက်မယ်ကွာ" နွေဦးမောင်က ဂစ်တာကြိုးညှိရင်း ၀င်ပြောလိုက်ခြင်းဖြစ်သည်။
"အိုခေ ငါလည်း ကျောင်းဆရာဖြစ်ချင်တယ် သီဟက ထပ်လောင်းပြောပြန်သည်"
မင်းကျော်မှာ တစ်ချက် မျက်နှာခပ်ပျက်ပျက်ဖြစ်သွားသည်။
"မင်းတို့ ကလည်းကွာ ငါတို့ ဒီလောက်အမှတ်တွေ
ကောင်းတာ အိမ်တွေက ဘယ်ခွင့်ပြုမလဲကွ။ဆေးလိုင်းပဲသွားရအောင်ပါကွာနော်"
"သွားချင်ရင်မင်းဘာသာမင်းသွားကွာ
ငါတို့ နှစ်ယောက်ကတော့ ကျောင်းဆရာလုပ်မယ်"
မင်းကျော်က မျက်နှာပျက်ရင်း
"ငါတော့အိမ်မေးအုံးမယ်ကွာ ဒါနဲ့ သူငယ်ချင်းတို့ 
ငါတို့ သုံးယောက် ခရီးသွားရင်ကောင်းမလား"
"သဘောတူတယ်ကွာ ဒီအကြံတော့"
"ဒါဆိုဘယ်သွားကြမလဲ"သီဟအမေးကို
နွေဦးမောင် က ခပ်သွက်သွက်ဝင်ပြောလိုက်
သည်။
"ကျောင်းတော်ရာသွားရအောင်"
"ငါတို့ ရဲ့ခေါင်းဆောင်ကြီး မောင်နွေဦးမောင်
သဘောအတိုင်းပါပဲဗျာ"
သီဟက ခပ်ပြုံးပြုံးဖြင့် ၀င်နှောက်လိုက်သည်။
"ဒါနဲ့ နွေဦးမောင် မင်းဟာက မြန်မာတစ်ပြည်လုံးသွားစရာ ဒီလောက်ပေါနေတာ ဘာလို့ 
ကျောင်းတော်ရာလဲကွာ နီးနီးလေးရယ် ပျင်းစရာ
ကောင်းအောင်"
မင်းကျော်က ၀င်ကန့် ကွက်ပြန်သည်။နွေးဦးမောင်က ခပ်တွေးတွေးဟန်ဖြင့်
"ငါညက အိပ်မက်မက်တယ်၊ အိပ်မက်ထဲမှာ
ကျောင်းတော်ရာဘုရားပွဲကြီးထဲငါရောက်နေတယ် ပျော်စရာကောင်းလိုက်တာကွာ အဲ့အချိန်မှာပဲ
ဘယ်ကလာမှန်းမသိတဲ့ ကံ့ကော်ပွင့်တွေက
ဟိုမှဒီ ဒီမှဟို ကျလာတယ်တဲ့။ငါက ကံ့ကော်ပန်း
တစ်ပွင့်ကို ငုံ့ ကောက်လိုက်တယ် ဒါပေမယ့်
အဲ့ကံ့ကော်ပန်းကို ဘယ်လိုမှကောက်လို့ မရဘူး
ဖြစ်နေတယ် အဲဒီအချိန်မှာ အိပ်မက်ကလန့် နိုးလာ
ပြီး ထူးထူးဆန်းဆန်း အဲဒီကို သွားချင်နေမိတယ်
ခုမင်းကခရီးအကြောင်း ပြောလိုက်တော့ ငါ သတိရသွားတာကွာ"
နွေဦးမောင်က မောသွားဟန်ဖြင့် ရေတစ်ခွက်ကို
မော့သောက်လိုက်သည်။အမှန်တစ်ကယ်လည်း သူမောဟိုက်နေလေသည်။
"အေးပါကွာ ဒါဆိုလည်းသွားကြတာပေါ့ မင်းကျော်က ခေါင်းငြိမ့်လိုက်သည်။လေအဝှေ့ တွင် နှင်းဆီရနံ့ များက ပျံ့ လွင့်နေလေသည်။
photi credit-google image
ဖတ်ရှုပေးပါသော steemit ညီအစ်ကိုမောင်နှမများအားလုံးကို ကှေးဇူးအထူးတင်ရှိပါသည်။
ဆက်လက်ပြီးစောင့်စားအားပေးပါဦးဗျာ
Author-Soe Tha Khin
MSC-172
နောက်အပိုင်းကိုဖတ်ဖို့ ပိုပြီးစိတ်ဝင်စားလာပါပြီ
ဟုတ်ကဲ့ပါအစ်ကို လာပါတော့မည်
စာပေချိတ်ဆက်ပုံ ကောင်းတယ်ဗျာ
ဖတ်ရတာGoodတယ်
အားပေးနေပါတယ်ဗျာ
ဟုတ်ကဲ့ပါအစ် ဆက်လက်ကြိုးစားနေပါတယ်
စာရေးဆရာနီးနီးကို တစ်ကယ်ကိုဖက်လို့ ကောင်းတယ် ဝတ္ထုတစ်အုပ်တိုင်းပဲ ကြိုးစားပါbro တစ်ချိန်မှာ စာအုပ်ထုတ်နိုင်ပါစေဗျာ
ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်ဗျာ
ဇာတ်လမ်းထဲမျောနေပြီ ဘာတွေဆက်ဖြစ်မလဲသိချင်နေပြီ
မကြာမှီလာမည် မျှော်😀😀
တကယ်ကောင်းပါတယ်အကို ဆက်လက်အားပေးလျှက်ပါbro
ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးပါဗျ
သူငယ်ချင်းတွေ စုပြိး ခရီးသွားရတာ ပျော်စရာကောင်းတယ် လွတ်လပ်တယ်
ဟုတ်ပါတယ်အစ်ကိုရေ
အမှန်ပါပဲဗျာ
နှစ်ယောက်သား ဆုံကာနီးပီလားဗျ
လိုဦးမယ်အစ်ကိုရေ
ဆက်အားပေးနေမယ်broရေ
ကျေးဇူးညီရေ အစ်ကိုလည်းအားပေးနေကါတယ်
နှစ်ယောက်ဆုံတော့မယ်ထင်တယ်
ဆုံပေးရမှာပေါ့ဗျာ
ဇာတ်လမ်းအသွင် နှစ်ခုချိတ်ဆက်ထားမှုက တော်တော်မိုက်တယ်ဗျာ
အာ့လောက်တောင်လားဗျာ hee hee