ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image
ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်
အပိုင်း ( ၁၀ )
အခန်း ( ၁၉ )

မနေ့ ညက မိုးနည်းနည်းရွာထားသည်မို့ 
အလွမ်းတို့ ခြံထဲတွင် စံပါယ်များလှိုင်လှိုင်
ပွင့်နေပေပြီ။ပူပြင်းလှသောနွေရာသီ၏ပထမဆုံးမိုးဖြစ်ကာ မြေသင်းနံ့များက သင်း ပျံ့နေ၏။အလွမ်းခြံထဲသို့ ဆင်းလာခဲ့သည်။
"ဟင် ညီညီပါလား။"
ညီစေမင်းကမိမိကိုကျောပေးကာစံပါယ်ရုံဘေးကွပ်ပျစ်ပေါ်တွင်ထိုင်နေလေသည်။အလွမ်း ခပ်သွက်သွက်ပင် ညီညီဆီသို့ လျှောက်လာခဲ့သည်။

"ညီညီ ဘယ်ချိန်ကတည်းက ခြံထဲရောက်နေတာ
လဲ အိမ်ဘက်လာပြီးလဲ မနှုတ်ဆက်ဘူး။"
အလွမ်း ညီညီဘေးတွင် ၀င်ထိုင်လိုက်ကာ
ညီညီ့မျက်နှာကိုအကဲခတ်လိုက်သည်။ပြိုတော့
မည့်မိုးလိုညိုမှိုင်းနေသောမျက်ဝန်းများကိုတွေ့လိုက်ရစဉ်မှာအလွမ်းရင်ထဲကျဉ်ကနဲဖြစ်သွားသည်။

"ညီညီ နင်ဘာဖြစ်လာတာလဲ ငါ့ကို ပြောပါ။
အခုချိန်မှာနင်ငါ့ကိုယုံယုံကြည်ကြည်နဲ့ရင်ဖွင့်လို့ရပါတယ်။"

ညီညီခေါင်းမော့လာကာမိမိကိုမော့ကြည့်လိုက်၏။အခုချက်ချင်းပင် ငိုချတော့မည့် ဟန်ဖြင့် ခံစားချက်များကို ထိန်းချုပ်နေသည်မှာ ရင်နင့်စရာကောင်းလှသည်။မိမိတိတ်တခိုးချစ်မြတ်နိုးနေသည့်သူမို့အခုလိုမခံစားစေချင်ပါ။ဖြစ်နိုင်လျှင် သူခံစားနေရသမျှကို မိမိသာ မျှဝေယူလိုက်ချင်သည်။

အတန်ကြာမှညီညီ့အသံခက်အက်အက်ထွက်ပေါ်လာလေသည်။
"အလွမ်း ငါ ဟိုတစ်နေ့ က ကြိုင့်ကို ရည်းစားစကားပြောလိုက်တယ်။"
အလွမ်းသက်အသက်ကိုအောင့်ထားမိသည်။
"အဲဒါ ကြိုင်က ဘာအဖြေပေးလဲနင်သိလား။"
ညီညီမျက်ဝန်းများကအဝေးကိုငေးနေပြန်သည်။
"သူက ငါ့ကို လုံးဝမချစ်နိုင်ဘူးတဲ့။"
အလွမ်းသက်ပြင်းချလိုက်မိသည်။
အသက်ကို ဖြည်းဖြည်းမှန်မှန်ရှုလိုက်ရင်း
"နင်အရမ်းခံစားနေရမှာပဲညီညီ။ငါနားလည်ပါ
တယ် စိတ်ဓာတ်မကျပါနဲ့ ဟာ နင်ဆက်ကြိုးစား
ပေါ့။"
ညီညီက သူ့ ဆံပင်များကို လက်ငါးချောင်းလုံးဖြင့် ထိုးဖွလိုက်သည်။
"ငါကြိုင့်ကိုအရမ်းချစ်တယ်အလွမ်းရာ။နင်ပြောသလိုပဲ ငါဆက်ကြိုးစားချင်ပါတယ်။ဒါပေမယ့်
ကြိုင့်မှာချစ်နေတဲ့သူရှိတယ်တဲ့အလွမ်းရယ်။အဲဒီအခြေအနေကိုငါဘယ်လိုဆက်ကြိုးစားရမလဲ။ "
အလွမ်းသက် အံ့အားသင့်စွာဖြင့် ညီညီ့ကိုကြည့်လိုက်သည်။
"ဘယ်လိုညီညီ ကြိုင့်မှာချစ်ရမယ့်သူရှိတယ်
ဟုတ်လား။"
"ဟုတ်တယ်အလွမ်း နင်သိလား ကြိုင်ချစ်နေတဲ့
သူက ဘယ်သူလဲ။"
အလွမ်းသက် အပေါ်နှုတ်ခမ်းကို သွားဖြင့်ခပ်ဖိဖိကိုက်ရင်းစဉ်းစားလိုက်၏။ကြိုင်က အလွန်ပင်လျို့ ဝှက်လှသူဖြစ်သည်။မိမိလို သူငယ်ချင်းအရင်းခေါက်ခေါက်ကိုပင် ရင်ဖွင့်တတ်သူမဟုတ်ပါ။တွေးတောနေရင်းမှ အလွမ်းတစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

"ညီညီငါစဉ်းစားလို့ရပြီ။ကြိုင်ဟာကံ့ကော်ပန်းအရမ်းကြိုက်သလိုကံ့ကော်ခြံဘက်ကိုလည်းအမြဲသွားတယ်လေ။ငါထင်တာမမှားဘူးဆိုရင် ကြိုင်ဟာ ဆရာ့ကိုချစ်နေတယ်လို့ ထင်တယ်။"

ညီညီခဏတော့ကြက်သေသေသွား
သည်။ထို့နောက်ခပ်ဖြည်းဖြည်းဖြင့် အလွမ်းဘက်သို့လှည့်ကာထိုင်ရာမှထလိုက်သည်။
"ငါသွားမယ်အလွမ်း။"
"ဘယ်ကိုလဲညီ။"
"ဆရာ့ဆီကို ငါတစ်ခုခုကို အသေအချာသိရမှ
ှဖြစ်မယ်။ကြိုင်ဟာ ဆရာ့ကိုချစ်သလို ဆရာဟာ
လည်းကြိုင့်ကိုချစ်နေသလားဆိုတာကိုပေါ့။တစ်ကယ်လို့သာဆရာလည်းကြိုင့်ကိုချစ်နေတယ်ဆိုရင်ငါစိတ်အေးရပါတယ်အလွမ်း။ကြိုင်ငါ့ကိုပြန်မချစ်နိုင်လို့  ခံစားရတဲ့ ဝေဒနာကသက်သက်ဆရာ့လိုတည်ကြည်တဲ့သူရဲ့အချစ်ကို ကြိုင်ပိုင်ဆိုင်ရလို့ မုဒိသာပွါးပေးနိုင်တာက သက်သက်ပါ။"
"ငါကြိုင့်ကိုပျော်ရွှင်စေချင်တယ်။
အဲ့ဒါငါ့အချစ်ပါပဲ"။

ထွက်ခွါသွားသော ညီညီ့ကျောပြင်ကို ငေးရင်းအလွမ်းခပ်တိုးတိုးပြောလိုက်သည်။
နင်ဘာပဲလိုလိုငါနင့်ဘေးမှာပေးဆပ်ချင်တယ်ညီညီ။နင့်ကိုအဆင်ပြေစေချင်တယ်။အဲ့ဒါကတော့ ငါ့အချစ်ပါပဲ။

ကံ့ကော်ခြံအတွင်းရှိကွပ်ပျစ်ပေါ်တွင်ထိုင်နေသော ဆရာ့ဆီသို့ ညီညီ ခပ်မှန်မှန်ပင်
လျှောက်လာခဲ့သည်။မိမိနောက်မှခြေသံကြောင့်နွေဦးမောင်လှည့်ကြည့်လိုက်
၏။အပြာကွက်ပုဆိုးနှင့် အပြာနုရောင်စပို့ ရှပ်ကို ၀တ်ကာ မိမိဆီလာနေသော ညီညီ့ကို အပြုံးဖြင့်ကြိုလိုက်သည်။မိမိတပည့်လေးတွေဟာတစ်ယောက်တစ်မျိုးလှကြတာပါပဲ။
"ညီညီပါလား လာထိုင်။"
ညီစေမင်းဆရာ့ဘေးတွင် ၀င်ထိုင်လိုက်ကာ
ဆရာ့မျက်နှာကိုငေးလိုက်သည်။ဆရာ့မျက်နှာနည်းနည်းချောင်သွားပါလား။ နက်ပြာရောင်ချည်ပုဆိုးကို ၀တ်ထားပြီး အဖြူအကွက်လက်ရှည်ကို လက်ခေါက်တင်ထားကာ ဆံပင်တိုတိုများကနဖူးပေါ်တစ်စနှစ်စ၀ဲကျနေသည့် ဆရာဟာ ယောကျာ်းခြင်းပင် ငေးယူရလောက်အောင်ချောပါသည်။
ညီညီလေးလေးစားစားပင်ဆရာ့ကိုပြုံးပြလိုက်ကာ

"ဆရာ့ပိန်သွားတယ်နော်မျက်နှာတောင်နည်းနည်းချောင်သွားတယ်။မျက်တွင်းလည်းနည်းနည်းကျနေတယ်။"
"ဟေဟုတ်လားဆရာအိပ်ရေးနည်းနည်းပျက်နေလို့ပါ။အခုတစ်လောနေအရမ်းပူတော့ ညဘက်ဆို အိုက်တာနဲ့ အိပ်မပျော်ဘူး။"

ညီညီဆရာ့မျက်နှာကိုအကဲခတ်လိုက်သည်။ဆရာအိပ်မပျော်တာဟာပူလို့အိုက်လို့တစ်ခုတည်းလား။ဟိုတစ်ခါမိမိကြိုင့်ကိုရည်းစားစကားပြောနေတုန်းကဆရာ့မျက်လုံးများကိုမြင်ယောင်လာပြန်သည်။အဲဒီတုန်းက ဆရာ့မျက်ဝန်းများက အခုမိမိမျက်ဝန်းများနှင့် ဆင်တူသည်ဟု ထင်မိ
သည်။

"စာတွေကော လိုက်နိုင်လားညီညီ ။"
"ဟုတ်ကဲ့ လိုက်နိုင်ပါတယ်ဆရာ။"
"အေးအေး ကြိုးစားကွာ။"
"ဆရာ့မှာ ရည်းစားရှိသလားဆရာ။"
ရုတ်တရက်မေးလိုက်သောညီညီ့စကားကြောင့် နွေဦးမောင်ကြောင်သွားသည်။
ညီညီကပင် ဆက်၍

"ကျွန်တော်မေးတာ လွန်သွားပြီထင်တယ်ဆရာ။
တစ်ကယ်ဆိုတပည့်တစ်ယောက်က ဆရာတစ်
ယောက်ကို အခုလိုမမေးသင့်ဘူးနော်။
ကျွန်တော်တောင်းပန်ပါတယ်ဆရာ။"
နွေဦးမောင် သက်ပြင်းချလိုက်ရင်း "မဟုတ်တာပဲညီညီ။ ဆရာတို့ ကြားမှာ ဆရာတပည့်ပုံစံနဲလေးစားမှုရှိသင့်သလိုသူငယ်ချင်းပုံစံနဲ့လည်းရင်းနှီးမှုရှိသင့်ပါတယ်။ဆရာ့ကို ညီညီ့အကိုလို
သဘောထားနိုင်ပါတယ်။ဆရာကိုယ်တိုင်လည်း
ကိုယ့်တပည့်လေးတွေနဲ့ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပဲနေချင်တယ်။"

ညီညီ ဆရာ့မျက်ဝန်းများထဲသို့စူးစူးစိုက်စိုက
်ကြည့်လိုက်ရင်း

"ဆရာ ကြိုင်ကလေ အရမ်းလှတယ်နော်။"
ရုတ်တရက်မို့နွေဦးမောင်ပြင်ဆင်ချိန်မရလိုက်ပါ။နွေဦးမောင်မျက်လုံးထဲတွင် အရိပ်တစ်ချို
့ဖြတ်ပြေးသွား၏။

"ဆရာ့တပည့်တွေအကုန်လုံးကလှကြတာပါပဲညီ။ကြိုင်မှမဟုတ်ဘူး အလွမ်းကော ညီညီကောက လှကြပါတယ်။ဆရာတော့ ကိုယ့်တပည့်တွေအကုန်လုံးကို လှတယ်လို့ မြင်တယ်။"

ညီညီနှစ်နှစ်ခြိုက်ခြိုက်ပင်ပြုံးလိုက်သည်။
ညီညီဆရာ့ကိုအကဲခတ်လိုက်မိသည်။ယောကျာ်းချင်းမို့ ပိုသိပါသည်။ဆရာလည်း ကြိုင့်အပေါ်တွင်ခံစားချက်ရှိနေသည်ပဲ။ဒီလောက်ဆို ညီညီစိတ်ချပါပြီ။

"ဆရာကျွန်တော်ကြိုင့်ကိုရည်းစားစကားပြောသေးတယ်။"
နွေဦးမောင် မျက်နှာတစ်ချက်ပျက်သွားသည်။
ညီညီက မမြင်ချင်ယောင်ဆောင်လိုက်ရင်း

"အဲဒါလေကြိုင်ကကျွန်တော့်ကိုတစ်ခါတည်းအဖြေပြန်ပေးတယ်။"

နွေဦးမောင်တစ်ဖက်သို့မျက်နှာလွှဲလိုက်သည်။
ညီညီဘာလို့ဒါတွေကိုလာပြောနေပါလိမ့်။

"ကြိုင်ကလေကျွန်တော့်ကိုလုံးဝမချစ်နိုင်ဘူးတဲ့ဆရာပြီးတော့သူ့ရင်ထဲမှာတစ်စုံတစ်ယောက် နေရာယူထားတယ်တဲ့။"

နွေဦးမောင် အံအားသင့်စွာဖြင့် ညီညီ့ကို ငဲ့ကြည့်လိုက်သည်။

"မရယ်ရဘူးလားဆရာရယ်နော်အငြင်းခံလိုက်ရတဲ့ ခံစားချက်ကအတော်တော့ဆိုးတယ်။
ကျွန်တော်ကတော့လေ ကြိုင့်ကို ကျွန်တော်မှ မပိုင်ဆိုင်ရတော့ရင် ဆရာနဲ့ ပဲဖြစ်စေချင်မိတယ်။"
"ဟာ ညီညီဘာတွေပြောနေတာလဲ။"

တစ်ကယ်ပါဆရာ ကြိုင်က ဆရာနဲ့ ပဲ ထိုက်တန်
ပါတယ်။တစ်ခြားလူတွေနဲ့ ဖြစ်သွားမှာကို
ကျွန်တော်မလိုလားဘူး။"

နွေဦးမောင်၏ရင်ထဲတွင်အမျိုးအမည်မသိသောဝေဒနာတစ်ရပ်ဝင်ရောက်လာလေသည်။ညီညီခံစားနေရသည်ကိုစိတ်မချမ်းမြေ့ခြင်းတစ်ဝက် ညီညီနှင့်ကြိုင်ဘာပတ်သက်မှုမှ မရှိသည့်အတွက် စိတ်သက်သာရာရခြင်းက တစ်ဝက်ပင်။ဘယ်လိုကြီးပါလိမ့်။ကံ့ကော်ခြံအတွင်းတွင်တော့ ကံ့ကော်
နံ့ ရောနေသော မြေသင်းနံ့ က ကြိုင်လှိုင်နေသည်။မတူညီသော ခံစားချက်နှစ်မျိုးနှင့် တိတ်ဆိတ်နေ သော ယောကျာ်းနှစ်ဦး၏အလယ်သို့ ကံ့ကော်ပွင့်တစ်ပွင့် ကြွေကျလာလေသည်။

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်
အခန်း ( ၂၀ )

အိမ်ထဲသို့လမ်းလျှောက်လာသောဆရာ့ကိုမြင်
သောကြောင့် ဒေါ်ထားဆင့် ပျာနေသောဆန်ဗန်းကိုချလိုက်ကာ ထလိုက်သည်။

"ဆရာလေးပါလား ထိုင်ပါအုံးဆရာလေး။
ဒီဘက်ကို မလာစဖူးအလာထူးလို့ ပါလား။"
"ကြိုင့်ကို အခုရက်ပိုင်း မတွေ့ မိလို့ အန်တီ ။မနက်ဖြန်ကြိုင်တို့ကျောင်းပြန်သွားရမှာမလား။
အဲဒါကျွန်တော်လာနှုတ်ဆက်တာပါ။"

"ဒီကလေးမလေးကတော့ ခက်ပါတယ်
ကိုယ့်ဆရာကို နှုတ်ဆက်လို့ ဘာလို့ မရှိဘူး။အခုလေးတင်မုန်းချောင်းဘက်လမ်းလျှောက်ဆိုပြီးထွက်သွားတယ်ဆရာလေး။ဆရာလေးခဏထိုင်အုံးလေ ဖိုးထောင်ကို အခေါ်ခိုင်းလိုက်မယ်။"
"ဟာ ရတယ်အန်တီ ကျွန်တော်လိုက်သွားလိုက်ပါ့
မယ်။"
"အားနာစရာတွေတော့ ဖြစ်ကုန်ပြီ ဆရာလေးရေ။"

ဒေါ်ထားဆင့်ကိုနှုတ်ဆက်၍နွေဦးမောင်ရွာအပြင်မုန်းချောင်းဘက်သို့ထွက်လာခဲ့သည်။

နေကျသွားပြီဖြစ်ပေမယ့်ညနေခင်းဟာ အိုက်စပ်စပ်သာ ရှိနေသေး၏။ တနေကုန်၏ နေအပူကိုစုပ်ယူထားသောကတ္တရာလမ်းကတရှိန်းရှိန်းနှင့်အပူငွေ့ပျံနေသည်မှာတံလျပ်များပင်မြင်နေရသည်။လယ်ကွင်းတချို့၌ မရိတ်သိမ်းရသေးသော စပါးပင်များ ဝင်းဝါနေသည်မှာ ရွှေဝါရောင်
ကောဇောကြီးဖြန့်ခင်းထားသလိုပင်။ တချို့လယ်ကွက်များကရိတ်သိမ်းပြီးပြီဖြစ်၍ ရိုးပြတ်များ ထိုးထိုးထောင်ထောင် ဖြစ်နေ၏။ လမ်းဘေးဝဲယာ
ရှိ တလင်းတွေပေါ်မှာ ကောက်စိုင်ပုံများ ဟိုတပုံ ဒီတပုံနှင့် မြင်ရသည်မှာ တောင်ပို့ဝါဝါလေးများသဖွယ်။ ခြွေလှေ့ပြီး နေလှန်းထားသော စပါးများကိုတော့နေစောင်းနေပြီဖြစ်၍ပီနံအိတ်များထဲသို့ထည့်သွပ်သိမ်းဆည်းနေကြသည်။ဤဒေသသည်
ဆည်ရေကောင်းစွာရသဖြင့်နွေကောမိုးပါစပါးစိုက်ပျိုးနိုင်၍စီးပွားရေးလည်းအတော်အသင့်အဆင်ပြေကြသည်။
မြောင်းဘောင်များအတိုင်း လမ်းလျှောက်လာသော နွေဦးမောင်သည် လယ်ကွက်ထဲတွင် အလုပ်လုပ်နေကြသော မင်းဇံသူမင်းဇံသားများကိုတရင်းတနှီးနှုတ်ဆက်လာခဲ့သည်။

ဤရွာကလေးမှလူများသည်နွေဦးမောင်အပေါ်ချစ်ခင်လေးစားကြသည်လေ။တွေ့လိုက်ပါပြီ ကြိုင့်ကို။ကြိုင်က လိမ္မော်ရောင် လက်စက နှင့်
လိမ်မ္မော်ရောင်လုံချည်ကိုတွဲဝတ်ထားတာ
ခါးကျော်နေပြီဖြစ်သော ဆံပင်များကို ခပ်မြင့်မြင့်စုစည်းထားသည်။မိမိကို မြင်ဟန်မတူပဲ တသွင်သွင် စီးဆင်းနေသော မုန်းချောင်းရေပြင်ကိုသာငေးကြည့်နေလေသည်။နွေဦးမောင်ကြိုင့်ဘေးတွင် ရပ်လိုက်သည်။ကြိုင်က မိမိဘက်သို့ တစ်ချက်သာ စောင်းငဲ့ကြည့်ပြီး ပြန်လှည့်သွားလေသည်။
ဒီနေ့မှ ဆရာကပိုချောနေသည်ဟု ကြိုင်ထင်မိ
သည်။တစ်ချက်ငဲ့ကြည့်လိုက်သည်မို့ ဆရာ့မျက်နှာ ချောချောကို မြင်ပြီးပြီ။ တစ်ကယ်တော့ ကြိုင်
ဆရာ့ကို အားမရပါ။ဆရာဟာ ကြိုင့်ကိုသဘောကျနေသည်ဟု ကြိုင်ထင်သည်။သို့သော်လည်း
ဖွင့်ဟပြောကြားခြင်းမရှိခဲ့ပေ။ဆရာကသာကြိုင့်ကိုချစ်သည့်အကြောင်းဖွင့်ပြောကြည့် ကြိုင် ချက်ချင်းပင် အဖြေပြန်ပေးမိမည်ပင်။ကြိုင်ဆရာ့ကို ချစ်နေရတာ ကြာနေခဲ့ပီပဲ။

"ကြိုင် .... "
"ပြောပါဆရာ။"
နွေဦးမောင်ကြိုင့်ကိုငေးလိုက်ရင်း
"ဆရာ ကြိုင့်အိမ်ကို ရောက်ခဲ့တယ်။
ကြိုင် မုန်းချောင်းဘက်သွားတယ်ဆိုလို့ 
ဆရာလိုက်လာတာ။"
"ဟုတ်ကဲ့ ဆရာ။"

မိမိကို ခပ်တောင့်တောင့် ပြောနေသော ကြိုင့်ကို နွေဦးမောင်လှည့်ကြည့်လိုက်သည်။ဘေးတိုက်မြင်နေရသော ကြိုင့်အလှကို တိမ်တောက်သွားသော အရောင်က ကူဖြည့်ပေးနေသည်မို့ 
တင်စား၍ မရလောက်အောင်လှပနေလေသည်။
ကြိုင့်ထံမှ သနပ်ခါးနံ့ သင်းသင်းက နွေဦးမောင် ၏နှာခေါင်းဝသို့ လာကျီ်စယ်နေသည်။နေလုံးက အနောက်ဘက်သို့တဖြည်းဖြည်းငုံ့လျိုးနေကာ ကောက်ရိတ်သမားများ လုပ်ငန်းခွင်သိမ်း၍
အိမ်ပြန်ကုန်ကြပြီ။

"ကြိုင် ဆရာ့ကို စိတ်ဆိုးနေသလား။
ပြောပုံဆိုပုံက တစ်မျိုးပဲ ခပ်ဆောင့်ဆောင့်ဖြစ်
နေတယ်။"

ကြိုင် ဆရာ့ဘက်သို့ လှည့်လိုက်သည်။
"ကြိုင်က ဘာလို့ စိတ်ဆိုးရမှာလဲဆရာ။
စိတ်ဆိုးတယ်ဆိုတာ သမီးရည်းစားတွေ
အိမ်ထောင်သည်တွေ လုပ်တဲ့အလုပ်ပါ။
ဆရာနဲ့ ကြိုင်က ဆရာတပည့်တွေပဲ ကြိုင် ဆရာ့ကို စိတ်မဆိုးရဲပါဘူး။"

"ဆရာကြိုင့်ကို အသိပေးစရာရှိလို့ ။"
"ပြောပါဆရာ။"
"ဆရာ ချစ်သူထားတော့မယ် ဆရာ့မှာချစ်ရတဲ့

ကြိုင် ရင်တွင်းမှ ဟင်ခနဲ အာမေဋိတ်သံတစ်ခုက ကျယ်လောင်စွာမြည်ဟီးသွားသည်။ကြိုင်ချစ်ရတဲ့ဆရာ့မှာချစ်ရတဲ့သူရှိနေပြီဆိုပါလား။ရင်တွင်းတွင် စို့လာကာ ကြိုင်ငိုချင်လာသည်။

"သူကချောလားဆရာ။"
နွေဦးမောင်က လေတစ်ချက်ချွန်လိုက်ရင်း

"အင်းအတော်လေးချောတယ်ကြိုင်ရဲ့။"
"ဆရာအတော်ပျော်နေမှာပဲနော် ဆရာ့အချစ်ကို ရတဲ့ အဲဒီအမျိုးသမီးကလဲ အရမ်းကိုပျော်နေမှာပဲ။"

အသံကိုမတုန်အောင်ထိန်း၍ပြောလိုက်သော်လည်း ကြိုင့်အသံက အဖျားတွင် တုန်ယင်ကာ သိမ်ဝင်သွားသည်။

"ကြိုင်သွားတော့မယ်ဆရာ မှောင်တော့မယ် "
ကြိုင်နောက်သို့ လှည့်လိုက်ကာ ချာကနဲ
လှည့်ထွက်လိုက်သည်။

"ဆရာ့ကို စိတ်မကောက်ချင်ဘူးလား။
ခုနက ကြိုင်ပြောတဲ့ပတ်သက်မှုမျိုးနဲ့လေ။"

ကြိုင် အယောင်ယောင်အမှားမှားဖြင့် ခြေလှမ်းတုန့် ခနဲ ရပ်သွားသည်။ဆရာ မိမိကိုဘာပြောလိုက်တာလဲ။ရည်းစားစကားပြောလိုက်တာလား။နွေဦးမောင် ခြေလှမ်းကြဲကြဲဖြင့် ကြိုင့်နောက်သို့ လွှားခနဲ ရောက်သွားကာ ကြိုင့်ကိုနောက်မှနေ၍
သိမ်းဖက်လိုက်သည်။

"ကြိုင့်ကို ဆရာချစ်တယ်။တစ်ခါမှ ဘယ်သူ့ကိုမှ
ဘယ်တုန်းကမှ မချစ်ဖူးတဲ့အချစ်မျိုးနဲ့ ဆရာကြိုင့်ကိုချစ်ပါတယ်။"

ကြိုင် ရင်ခုန်လှိုက်မောစွာဖြင့် ဆရာ့လက်များကိုဆုပ်ကိုင်လိုက်သည်။ကြိုင့်ရဲ့ဆရာဟာမပြောတော့လည်း မပြောလို့ ပြောတော့လည်း အခုလို
တရစပ်ပင် ပြောနေတော့လေသည်။

ပွေ့ ဖက်မှုလေးတစ်ခုဟာ ခံစားချက်တွေနဲ့ပြည့်နှက်သွားအောင်အထိ အစွမ်းထက်ပါတယ်။တစ်ယောက်ယောက်က ကိုယ့်အနောက်မှာရပ်နေပြီး တစ်ဘ၀လုံးစာအားပေးနေတဲ့ ခံစားမှု
မျိုးပါ။ဒါကပဲ ချစ်သူတစ်ဦးပေးနိုင်တဲ့ အကြီးမားဆုံးပျော်ရွှင်မှုပါပဲ။ အနောက်မိုးကုပ်စက်ဝိုင်းတွင် တဖြည်းဖြည်းနှင့် နေလုံးက ၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်။
image
အခန်း ၂၁ ကိုစောင့်မျှော်ဖတ်ရှုတော်မူပါဦးဗျာ
အားလုံးကိုကျေးဇူးတင်ပါတယ်
Author-Soe Tha Khin
MSC-172

Sort:  

ကြည်နူးစရာလေးပါပဲဗျာ ... Happy ending ဖြစ်ဖို့ ဆုတောင်းပေးနေပါတယ်

ဟုတိကဲ့ပါဗျာ ကျေးဇူးတင်ပါတယ်

ဂွတ်တယ် ဝတ္ထုထုတ်လို့ရပြီbro

ဟုတ်ကဲ့ပါကိုလင်းရေ
ဝတ္ထုထုတိဖြစ်ရင်ကိုလင်းဆီအရင်ပို့လိုက်မယ်

စောင့်မျှော်ဖတ်ရှုပါတယ်ဗျာ
အခုကတည်းက တစ်ခါတည်းပြောထားမယ်နော်
နောက်ဆုံးကျမှ ဝမ်းနည်းအောင်မလုပ်နဲ့။

ဟုတ်ကဲ့ပါဗျာ
happy endingဖြစ်စေရပါမယ် ဒီကြားနည်းတော့
ဝမ်းနည်းပေးဦးပေါ့နော်😅😅

😍😍😍

အတွဲလိုက်ကြီးကို ချစ်နိုင်လွန်းတယ်ဗျား အော် ဟုတ်ပါဘူး ရေးနိုင်လိုက်တာဗျား ဟီးဟီး

ဟုတ်ကဲ့ပါဗျာ
ကျေးဇူးပါ

ဆက်အားပေးနေမယ်အကိုရေ ထပ်တင်ပေးပါဦးဗျ

ဟုတ်ကဲ့ပါ မပြီးမချင်းတင်နေပါ့မယ်ဗျ

ယောက်ျားလေးများလည်း အသဲနုပါတယ်။

သြော်…ပြောတတ်လိုက်တာ
တို့များလည်းအသွေးနဲ့အသားနဲ့ပဲဟာ😊😊

အစဉ်​မြဲ အား​ပေးလျက်​ပါဗျာ

ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်

ချစ်တော့ချစ်ကုန်ကြပြီ ပြန်တော့မခွဲနဲ့တော့နော် hee hee

မခွဲချင်ပါဘူးဗျာ

ချစ်လည်းချစ်တတ်ကြပါပေ့ကွယ်။

ချစ်တာပြဿနာဘာမှမရှိအမုန်းတာဒုက္ခရောက်နိုင်တဲ့လေဗျာ😂😂

စာအုပ်ငှါးဖတ်ရင် ပိန်းတယ်ပဲပြောပြော ဇတ်သိမ်းပိုင်းမှာငြားမှ ကြိုက်တာ မငြားရင် စိတ်မကောင်းလို့ ဟီး မခွဲပါနဲ့ဗျာ

မခွဲပါဘူးဗျာ အချစ်စစ်ရင်တော့မဖြောင့်ဖြူးတဲ့လမ်းကိုတော့လျှောက်ရဦးမှာပေါ့

ချစ်နေလိုက်ပုံ အခန်းဆက်ကြီးနဲ့ချစ်တယ်။ ပြီးသေးဘူးလား ခိုခိုရယ်။

ချစ်ရတာအားမရသေးဘူးရယ် hee hee

ဖတ်ရတာကြည်နူးစရာလေးပဲ ဇာတ်သိမ်းလှလှလေးသိမ်းပေးပါနော်

ဟုတ်ပါပီဗျ ဇာတ်သိမ်းလှစေရပါမယ်

ဘဒိုရေးသွားတာ လုံးဝ ဟက်ထိတယ်
ဆရာနဲ့ တပည့် ချစ်သွားတဲ့ အကွက်လေး ကြိုက်တယ်ဗျာ 😁

အင်္ဂလိပ်စာသင်နေရင်းအာ့လိုလုပ်ရဘူးနော်
အနော်ရေးတာကဇာတ်လမ်းသက်သက်ပဲရေးတာ
လက်တွေ့အကောင်အထည်ဖော်မပြစ်နဲ့ဦး😂😂

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 16947.36
ETH 1265.50
USDT 1.00
SBD 2.15