ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
အပိုင်း(၆)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-da38398905148
image
credit-facebook image
အပိုင်း ( ၇ )
အခန်း ( ၁၃ )
မကွေးဆေးတက္ကသိုလ် ခွဲစိတ်ဆောင်အခန်းတွင်
ကျောင်းသားများကိုယ့်အုပ်စုနှင့်ကိုယ် အလောင်းများအား ခွဲစိတ်နေကြ၏။အုပ်စုတစ်စုဆီတွင်
၇ ယောက်မှ ၁၀ ယောက်အထိပါကာ အုပ်စုတိုင်းတွင် ဆရာတစ်ဦးစီမှ သင်ကြားပြသနေသည်။
မင်းကျော်ဒီနေ့ ခွဲစိတ်ရတာပျော်ပါသည်။မင်းကျော်ကျွမ်းကျင်သော ဦးနှောက်ပိုင်းခွဲစိတ်သည့် သင်ခန်းစာအလှည့်မလို့ လားဆိုတော့ မဟုတ်ပါ။မင်းကျော်တို့အုပ်စုတွင် ဒီနေ့ဒေစီလွင်ပါလာခြင်းကြောင့်ဖြစ်သည်။ခုံနံပါတ်အလိုက် အုပ်စုခွဲခြင်းဖြစ်သော်လည်း ဒီနေ့ ဆရာတစ်ယောက်မလာ၍ အုပ်စုတွင် ဦးရေများကာ ဒေစီလွင့်ခုံနံပါတ်က မင်းကျော်တို့ အုပ်စုထဲကပ်၍ပါလာခြင်းပင်။နှာခေါင်းစည်းကိုအုပ်ကာ သွက်လက်ကျွမ်းကျင်စွာဖြင့် ခွဲစိတ်နေသော ဒေစီလွင့်ကိုငေးနေမိသည်။

ဆံပင်ကို ဘယ်တော့မှအရှည်မထားဘဲ ပခုံးထ
ိတွင်ပင်ထားတတ်ကာ အသားဖြူဖြူ မျက်ခုံးပါးပါး နှာတံစင်းစင်းနှင့် တိကျသောနှုတ်ခမ်းများကို
အရယ်အပြုံးနည်းစွာဖြင့် တင်းတင်းစေ့ထား
တတ်ကာ စူးရှသော မျက်ဝန်းညိုများပိုင်ဆိုင်သည့်
ဒေစီလွင်သည် ထက်မြက်စွာလှသော မိန်းကလေး
တစ်ဦးပင်။ခြေလှမ်းတိုင်းတွင် ယုံကြည်မှု
အပြည့်ဖြင့် ခေတ်ဆန်သော ဒေစီလွင်သည် မြန်မာဆန်ဆန်တော့ မလှပပေ။ဒေစီလွင့်အလှက
ပူလောင်သည်ဟု သီဟကပြောဖူးသော်လည်း မင်းကျော်ကတော့ ထိုသို့မထင်ပါ။မင်းကျော်မျက်လုံးထဲတွင်တော့ ဒေစီလွင့်အလှက ပြီးပြည့်
စုံသည်ဟုထင်သည်။မိန်းကလေးအရမ်းပီသလွန်း
ပြီး နူးညံ့ယဉ်ကျေးလွန်းတာမျိုးကို မင်းကျော်
မကြိုက်။မိန်းကလေးဖြစ်သော်လည်း ပြော
ရဲဆိုရဲ လုပ်ရဲကိုင်ရဲစွာဖြင့် ထက်ထက်မြက်မြက်ရှိသော မိန်းကလေးမျိုးကိုသာ သဘောကျသည်။
image
credit-facebook image
မိမိဒေစီလွင့်ကို ဘယ်အချိန်ကစသဘောကျမိမှန်း
သေချာမသိသော်လည်း ကိုယ့်ကိုကိုယ်သတိ
ထားမိသည့်အချိန်တွင် မိမိနှလုံးသားတစ်ခုလုံး
ပျော်ဝင်သွားပြီဖြစ်သည်။မိမိ၊နွေဦးမောင်၊သီဟနှင့် လွင်တို့ မှာ ငယ်ငယ်ကတည်းက သူငယ်ချင်းများဖြစ်ကြပြီး သီဟကတော့ ဘာသိဘာသာနေ
တတ်သူ။လွင်ကတော့သူငယ်ချင်းသုံးယောက်ထဲတွင်
နွေဦးမောင်ကိုသာ ပိုခင်တတ်သူဖြစ်ကာ မိမိကို
တော့ သိပ်မခင်ပေ။အခုလို လွင် မိမိကို မခင်တာကို
မင်းကျော်သဘောကျပါသည်။မင်းကျော်က
လွင့်သူငယ်ချင်းနေရာထက် လွင့်ချစ်သူနေရာကို
ပိုလိုချင်သည်။ဆယ်တန်းအောင်ပြီးကတည်းက
ချစ်သည့်အကြောင်းကို ဖွင့်ဟခဲ့သည်။ဆေးတက်သည့် ပြီးခဲ့သော ၆နှစ်တာ ကာလတွင်လည်း အခါအခွင့်သင့်တိုင်း ဖွင့်ပြောခဲ့ပေမယ့် ထွက်လာသော အဖြေမှာ အရင်အတိုင်းပင်ဖြစ်သည်။ငါနင့်ကို လုံးဝရင်မခုန်ဘူးမင်းကျော် ။ထိုစကားကို မင်းကျော်ပင် အလွတ်ရနေပေပြီ။
နောက်နှစ်လနေလျှင် မင်းကျော်တို့ ဟောက်စ်ဆင်းရတော့မည်။တစ်ခါတစ်လေကျလည်း
ဒေစီလွင့် အချစ်ကိုရဖို့ ထက် ဒေစီလွင့်ကို
ပိုင်ဆိုင်လိုစိတ်များ ပိုပေါ်လာခဲ့သည်။မိမိအပေါ်တွင်
လွင်ရင်မခုန်သော်လည်း သူငယ်ချင်းသံယောဇဉ်
တော့ ရှိမှာပါ။ထိုသံယောဇဉ်လောက်နှင့်ပင်
လက်ထပ်ဆိုလည်း မင်းကျော်လက်ထပ်နိုင်ပါ
သည်။ဒေစီလွင့် အနီးတွင် ဘယ်လိုနည်းနဲ့ ပဲနေ
ရနေရ ပျော်သည်။သူ့ အတွက်ဆို ဘယ်လောက်
ပေးဆပ်ရ ပေးဆပ်ရ မင်းကျော်ပေးဆပ်ဖို့ ဝန်
လေးမည်မဟုတ်ပါ။ကောက်ရိုးပုံစောင့်
သည့်ခွေးဟု ပြောခံရလျှင်ပင် ကျေနပ်နေ
သည့်သူ။ခွဲစိတ်ဆောင်တွင် ဖော်မလင်ဆေးနံ့
က နံစော်နေလေသည်။မိမိတို့ အတွက်တော့
ဒီအနံ့ကယဉ်ပါးနေပါပြီ။

ကျောင်းကန်တင်းတွင် ကျောင်းသားများ ရှုပ်
ပွေနေသည်။ဂျူတီကုတ်ဖိုးရိုးဖားယားနှင့် စာအုပ်
တစ်ထပ်ကြီးမကာ မိမိဘေးမှဖြတ်ကျော်သွား
သော ကျောင်းသားနှစ်ဦးကိုကြည့်ပြီး လွင်
ပြုံးလိုက်မိသည်။ဆေးတက္ကသိုလ်တွင် စာများလှသော
ကြောင့် ကျောင်းသားများ အမြဲလိုပင် ညှဉ်း
သိုးသိုးဖြစ်နေတတ်သည်။အခုလို စာမေးပွဲဖြေ
ခါနီးတွင် ပိုဆိုးသည်။စာကြည့်တိုက်မှာ စာသင်ခန်း
မှာ ကျောင်းကန်တင်းမှာ စာအကြောင်းပြောသံများက ဆူညံနေလေသည်။ဘေးအင်္ကျီကပ်ထဲမှ သား
ရေပင်တစ်ကွင်းကို ယူလိုက်ကာ ဆံပင်ကို ဖြစ်သလို
ပင် စုစည်းရင်း ကန်တင်းထဲဝင်လာခဲ့သည်။
မိမိဗိုက်ဆာလှပြီ။

"လွင် ငါဒီမှာ"
ဘေးဘက်ခပ်ကျကျစားပွဲမှနေ၍ မင်းကျော်ခေါ်သံကြောင့် ဒေစီလွင် သက်ပြင်းခပ်တိုးတိုးချ
ရင်း လျှောက်လာခဲ့၏။မင်းကျော်နေရာမှထ၍
လွင့်ရှေ့တွင်ခုံကို ချပေးလိုက်ရင်း တစ်လက်စ
တည်း ရေသန့် ဗူးထဲမှရေကို ဖန်ခွက်ထဲသို့ ငှဲ့ လိုက်
သည်။
"ရော့ ထမင်းမစားခင် ရေအရင်သောက်လိုက်အုံး
ခဏနေ မှာထားတာလာတော့မှာ ကြက်သည်း
ကြက်မြစ်ပဲမလား နင်ကြိုက်တာပဲ မှာထားတယ်။"

ဒေစီလွင် အပိုလုပ်ရန်ကော ဟူသည့်အကြည့်
ဖြင့် မင်းကျော်ကိုကြည့်လိုက်၏။

"ဟဲ့ နင်ဒီလိုငါ့ကိုလာဖားနေလည်း နင့်ကိုပြန်ကြိုက်မှာမဟုတ်ဘူးနော် နင်မေ့မှာစိုးလို့ ပြန်ပြောတာ ။"

"ငါသိပြီးသားပါလွင်ရာ နင်ငါ့ကို အခုထိမချစ်နိုင်
သေးဘူးဆိုတာ စိတ်သန့်သန့်နဲ့ နေပါဟာ။
ငါအခုလို နင်စားဖို့ ထမင်းမှာပေးတာ နင်မလိုက်
နိုင်တဲ့စာတွေကူးပေးတာ အသွားအပြန်လိုက်ပို့ တာတွေ ဂရုစိုက်တာတွေက နင့်ဆီက တုန့်ပြန်မှု
ကို မျှော်ကိုးပြီး လုပ်တာမဟုတ်ရပါဘူး။ငါက
ကိုယ်ဘယ်လိုပြောရမလဲ ဒီလိုပဲ နင့်ဘေးမှာနေ
နေရရင် ပျော်နေတဲ့ကောင်ပါ။
အဲ့အတွက်တော့ ငါ့ကိုနင် အားမနာပါနဲ့ ။"

မှာထားသော ထမင်းများရောက်လာပြီမို့ ဒေစီလွင် ဇွန်းကိုကောက်ကိုင်လိုက်ရင်း ခပ်အေးအေးပင်
ထမင်းစစားလိုက်သည်။

"အဲ့အတွက်ပူမနေနဲ့ မင်းကျော် ငါကအားမနာ
တတ်ဘူး။"

ဒေစီလွင့်စကားက အမှန်တစ်ကယ်သူခံစားရတာကို ပြောခြင်းဖြစ်သော်လည်း မင်းကျော်
နည်းနည်းတော့ ရင်အောင့်သွားတာအမှန်ပါ။
ဒေစီလွင်ဆိုသည်မှာ တစ်ဖက်သားဘယ်လိုခံစားနေရပါစေ အားနာကာ ပြန်ချစ်မည့် မိန်းကလေးမျိုး
မဟုတ်မှန်း မင်းကျော်သိပါသည်။သို့သော်
မေတ္တာဆိုတာ အသွားအပြန်ရှိသည်ဟု ဘုရားရှင်
ဟောကြားခဲ့သည်မဟုတ်ပါလား။တစ်နေ့တွင်မိမိဆီ
ပြန်လာမည့် မေတ္တာတရားကို မျှော်လင့်ကာ
မင်းကျော်ပျော်ပါသည်။

မင်းကျော်မျက်နှာပျက်သွားတာ သိသော်
လည်း ဒေစီလွင်မသိချင်ယောင်ဆောင်နေ
လိုက်သည်။ဒေစီလွင်က ပြတ်သားသည်။မင်းကျော်မိမိကိုကြိုက်နေမှန်းလည်းသိသည် သူ့အချစ်ကို
လည်း ဖွင့်ဟ၀န်ခံပြီးပြီ။သို့သော်လည်း လုံး
ဝပြန်မချစ်နိုင်သည်ကတော့ မိမိနှလုံးသားပင်။အစကရှောင်ခဲ့သော်လည်း နောက်ပိုင်းတွင်ဘယ်လိုမှ ရှောင်လို့ အခွင့်မသာသောကြောင့်သာ မင်းကျော်နှင့် ထမင်းအတူစားဖြစ် အတန်းအတူ
တက်ဖြစ်သည်။
မင်းကျော်က မိမိကို ချစ်သည့်အကြောင်းခဏ
ခဏပြောပြီး မိမိမချစ်နိုင်ကြောင်းပြော
လျှင်လည်း ဘာမှဆက်မမေးတော့ပါ။ငါ့ကိုပြန်မချစ်နိုင်တာ ဘာကြောင့်လဲလွင်ဟု တစ်ချက်တည်းတာ
မေးလိုက်။အဖြေကရှိနေပြီးသားပင်။"မောင်. ....။"
ဒေစီလွင် မောင်ဟုခေါ်သည့် နွေဦးမောင်သည်သာ မိမိနှလုံးသား၏အရှင်သခင်။ဒေစီလွင်က အစွဲ
အလန်းကြီးသည်။ပြီးတော့ မိမိလိုချင်သည့်အရာဘာဆိုတာကို သေချာသိပြီး လိုချင်သည့်အရာကို ရအောင်ယူတတ်သည့်အရည်အချင်းလည်းရှိ
သည်။တစ်သက်တွင် တစ်ခါသာချစ်ဖူးသော
အသည်းမို့ မောင့်ကိုသာလိုချင်ပါသည်။
မောင်လည်း မိမိကို ပြန်ချစ်လာလိမ့်မည်ဟု
ယုံကြည်သည်။မောင်နှင့် မိမိအကြားတွင်
ခလုတ်ကန်တင်းမရှိ။မင်းကျော်အတွက်တော့
စိတ်မကောင်းပါ။တစ်ကယ်တော့ အချစ်ဆိုသည်မှာ ကိုယ်ကချစ်နေတိုင်းလည်း ကိုယ့်ကိုပြန်ချစ်လာ
မည့် တန်ပြန်အရာမျိုးမဟုတ်ပေ။ဒေစီလွင်သိသောအချစ်မှာ အမျိုးအစားသုံးမျိုးရှိသည်။သူချစ်ကိုယ်
ချစ်၊သူချစ် ကိုယ်မချစ်နှင့် ကိုယ်ချစ် သူမချစ်ပင်။
မင်းကျော်မှာ ကိုယ်ချစ် သူမချစ် အမျိုးအစားတွင်ပါနေ၍ စိတ်မကောင်းမိရုံကလွဲလျှင် နည်းနည်းမှ
တော့ ချစ်ကြည့်လို့မရပါ။မိမိနှင့် မောင့်အချစ်က
ကော။သေချာပေါက် သူချစ်ကိုယ်ချစ် အချစ်မျိုးပင်
ဖြစ်လာလိမ့်မည်။ဖြစ်မလာခဲ့ရင်တောင် ဖြစ်လာ
အောင်လုပ်နိုင်သည့်အရည်အချင်း မိမိတွင်ရှိ
သည်လေ။ဒေစီလွင်ဆိုသည်မှာ နေထွက်ချိန်သာ
ရှိတတ်ပြီး နေ၀င်ချိန်မရှိသည့် ဘာလုပ်လုပ်
အောင်မြင်အောင်လုပ်နိုင်သော အရည်အချင်းများ
နှင့်ပြည့်စုံသည့် မိန်းမတစ်ဦးသာဖြစ်သည်။
ကန်တင်းထဲတွင် ဆူညံသံများနှင့်အတူ
ဖြိုးပြည့်စုံ၏ "မျှော်နိုင်သမျှ"သီချင်းသံက ခပ်တိုးတိုးလွင့်ပျံ့ လာလေသည်။
image
credit-facebook image
အခန်း ( ၁၄ )

မိုးစက်မှုန်များ တဖြည်းဖြည်း လွင့်ပါးပျော
က်ကွယ်ကာ ဆောင်းရာသီအစပျိုးသည့်အချိန်မှာပင် ကြိုင်တို့သူငယ်ချင်းသုံးယောက် ကျောင်းသွား
တက်ရမည့် အချိန်ကျရောက်လာလေသည်။ကံ့ကော်
ခြံထဲတွင်တော့ နွေဦးကံ့ကော်များအစား
ခြံထောင့်မှချယ်ရီပင်နှင့် ခွာညိုပန်းတို့သာ
အပြိုင်အဆိုင် ဖူးပွင့်နေကြသည်။မနက်ဖြန်ဆို
ကြိုင်တို့ သွားရတော့မည်။ကျောင်းတက်ရမည်မှာ အတွေ့အကြုံအသစ်၊ နေရာဒေသအသစ် ၊
သင်ခန်းစာအသစ်များဖြင့် စိတ်လှုပ်ရှားရလောက်အောင် ပျော်ရွှင်နေရမည်ကို ကြိုင်ဘာကြောင့် ၀မ်းနည်းနေပါလိမ့်။
image
credit-facebook image
သိုးမွေးလက်ရှည် အဖြူရောင်လေးကို ထပ်ဝတ်
လိုက်ကာ ကြိုင်အိမ်ပေါ်မှအောက်သို့ ဆင်းလာခဲ့၏။ဒီနေ့ အမေက ပေါက်စုရွာဘက်သို့ အကြွေး
တောင်းသွားသည်။အမေ့ကို ကိုဖိုးထောင်က
လှည်းဖြင့်လိုက်ပို့ ပြီး နေမြင့်မှ ပြန်ရောက်
ပေလိမ့်မည်။အဖေနှင့် ဦးလေးထွန်းမြင့်က
ယာထဲသွားကာ စပါးသိမ်းနေသည်။အိမ်တွင် ကြိုင်နှင့်ကိုဖိုးထောင်အမေ အရီးခင်မြ သာကျန်နေခဲ့၏။ အိမ်ဝိုင်းထဲသို့ လှည့်ပတ်ကြည့်လိုက်တော့
အိမ်ထောင့်တွင် ဆန်ပြာနေသော အရီးခင်မြ
ကိုတွေ့သည်နှင့် လျှောက်လာခဲ့သည်။

"အရီးခင်မြ ကြိုင်ကံ့ကော်ခြံဘက်သွားလိုက်အုံး
မယ်နော် မနက်ဖြန်သွားမှာကို ဆရာ့သွားနှုတ်ဆက်မလို့ ။"

အရီးခင်မြသည် ပါးစပ်တွင်ငုံထားသော မီးသေနေသည့် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ချွတ်ကာ
ကြိုင့်ကိုမော့ကြည့်ရင်း ခပ်ကျယ်ကျယ်မေးလိုက်
သည်။

"ကြိုင် ဘာရယ် အရီးလေးကို ဘာပြောတာလဲ
ကျယ်ကျယ်ပြော မကြားရလို့ ။"

ကြိုင်နည်းနည်းတော့ ပြုံးချင်သွားသည်။အရီးခင်မြမှာ အသက် ၆၀ ၀န်းကျင်ရှိပြီဖြစ်ကာ နားထိုင်းလေသည်။ကြိုင်အသံကိုမြှင့်၍ ကံ့ကော်ခြံ
ဘက်သွားမည့်အကြောင်း ထပ်ပြောလိုက်သည်။

"အော် အေးအေး သွားသွား ဆရာလေးဖို့ မီးဖိုထဲက ကရေကရာတွေယူသွားအုံး ။မထားဆင့်ကသွားပို့ ပေးဖို့ မှာထားတာအရီးလေးမေ့သွားလို့ ။
ဒီလိုပဲမိန်းကလေးရဲ့ အသက်တွေကြီးလာတော့
မှတ်ဉာဏ်သိပ်မကောင်းချင်တော့ဘူး။"

ဒီနေ့ တနင်္ဂနွေနေ့ မို့ ဆရာအားလေသည်။
စာဖတ်ဝါသနာပါသည့် ကြိုင့်ဆရာဟာ ဒီအချိန်
လောက်ဆို ကံ့ကော်ခြံထဲတွင် စာဖတ်နေလောက်
ပြီ။ကြိုင်သည်ပင် ဆရာဆုံးမလမ်းညွှန်မှုကြောင့် စာဖတ်ဝါသနာပါနေခဲ့ပြီ မဟုတ်ပါလား။
ကြိုင်ထင်သည့်အတိုင်းပင် ဆရာသည် ခြံအလယ်ရှိ ကွတ်ပျစ်ပေါ်တွင် စာဖတ်နေလေသည်။ဆရာက
ပုဆိုးအနက်ကွက်ကိုဝတ်ထားပြီး အနက်ရောင် သိုးမွေးခေါင်းစွတ်ကို ၀တ်ထား၏။ကြိုင် ခြေလှမ်းတို့ကိုရှေ့ဆက်မလှမ်းဘဲ ဆရာ့ကိုကြည့်ကောင်း
ကောင်းနှင့် ကြည့်နေမိသည်။ဆရာက ဘယ်လို
နေနေ ချောသည်ပင်။ဘာမှ မပြင်မဆင်လည်း
ယောကျာ်းပီသကာ ချောမောလှသည်။ဆရာ၏
တည်ကြည်လေးနက်သော မျက်နှာနှင့် ယောကျာ်းပီသသည့်စိတ်ကြောင့် ဆရာက ပို၍
ချောသွားသည်ဟုမြင်သည်။ဆရာဖတ်နေသည်က ဆရာချစ်ဦးညို၏ လင်္ကာဒီပချစ်သူ စာအုပ်ပင်။ထိုစာအုပ်ကို ဆရာဝယ်လာကတည်းက ဆရာမဖတ်မှီ ကြိုင်က ဦးအောင်ငှါးဖတ်ထားသည်မို့ ဆရာခုမှဖတ်ရခြင်း
ဖြစ်သည်။

"ဟော ကြိုင်ပါလား လာလေ ပန်းလာခူးတာလား။"
မိမိဘယ်လောက် ကြာအောင်ငေးမောနေမိ
သည် မသိ။ဆရာ့အသံကြားမှ သတိဝင်လာသည်။

"မဟုတ်ဘူးဆရာ ဆရာ့ဆီ မုန့်လာပို့တာ။"

ကြိုင်ခပ်သွက်သွက်ပင် ဆရာ့ဘေးသို့ ဝင်ထိုင်ကာ ကရေကရာထည့်ထားသည့် ပန်းကန်ကိုချလိုက်
သည်။ဆရာကြိုက်တဲ့မုန့် ပါလား ကျေးဇူးပဲကြိုင်
ရေ။

"ဒါနဲ့ဆရာ လင်္ကာဒီပချစ်သူစာအုပ္ဖတ္တာ
ပြီးတော့မယ်လားဟင်။"

နွေဦးမောင်စာအုပ်ကို ဘေးသို့ ချလိုက်ရင်း ကရေကရာကို စားလိုက်သည်။

"အင်း ပြီးတော့မယ်ပဲပြောပါတော့ကြိုင်
၁၀ရွက်လောက်ဆို ပြီးပီ။"

ကြိုင်ဘေးတိုက်မြင်နေရသော ဆရာ့မျက်နှာ
ချောချောကိုငေးကာ စကားဆက်လိုက်၏။

"ဒါဆိုဆရာ ဒီဝတ္ထုထဲမှာ ဘယ်ဇာတ်ကောင်ရဲ့စရိုက်ကိုကြိုက်သလဲဆရာ။"

နွေဦးမောင် ကြိုင့်ဘက်သို့ တည့်တည့်လှည့်
လိုက်ရင်း

"သေချာပေါက် သီတာကိုပဲပေါ့ကြိုင်။ဘာဖြစ်လို့
လဲဆိုတော့ သီတာဟာ မိန်းမပီသတယ် ခင်ပွန်း
သည်အပေါ် သစ္စာစောင့်သိတယ်။ကိုယ်ကျင့်
သိက္ခာကိုစောင့်ထိန်းတယ်၊ သနားကြင်နာတတ်
တယ်။ဘာသာတရားကိုင်းရှိုင်းတယ်။ပြီးတော့
စိတ်ဓာတ်ခိုင်မာတယ်လေ။"

နွေဦးမောင် မောသွားဟန်ဖြင့် ရေနွေးတစ်ခွက်ကို ငှဲ့သောက်လိုက်သည်။

"ဆရာ့ကိုပဲမေးနေတယ် ကြိုင်ကကော
ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ။"

ကြိုင် ပြုံးလိုက်ရင်း ဆရာ့မျက်နှာကို ကြည့်
လိုက်သည်။

"ဒသ၁ ကိုပဲသဘောကျတာပါဆရာ။"

နွေဦးမောင် အံ့အားသင့်စွာပြုံးရင်း မျက်ခုံးနှစ်ဖက်ကို တွန့်လိုက်သည်။

"ဟ အဆန်းပါလားကြိုင်ရ ပြောပါအုံး ကြိုင်
ဒဿကို ကြိုက်ရတဲ့အကြောင်းရင်းလေး။"

"ဒီလိုပါဆရာ ဒသ၁ ကိုသဘောကျတယ်ဆိုတာ
သူများဇနီးကို ခိုးယူတဲ့စိတ်ကို ကြိုက်တာမဟုတ်
ပါဘူး။ကိုယ့်အချစ်ကို ကိုယ် ပြတ်ပြတ်သားသား
သိပြီး ကိုယ်ချစ်တဲ့သူကိုရဖို့အတွက် နည်းမျိုးစုံသုံး
ပြီး ယူတဲ့ ဒဿနှလုံးသားကို ချစ်တာပါ။
တစ်ကယ်ဆို ဒဿဟာ ရာမထက် သီတာကို
ချစ်တယ်ဆရာ။ရာမသာ သီတာကိုတစ်ကယ်ချစ်
ပြီး မြတ်နိုးတယ်ဆိုရင် ကိုယ့်ချစ်သူကို သူတစ်ပါး
နောက်မပါအောင် ကာကွယ်မှာပဲဆရာ။ပြီးတော့
ဒဿဟာ သီတာ့အပေါ် မယုတ်မာခဲ့ဘူး။
သူ့လက်ထဲရောက်နေတာတောင် လက်ဖျားနဲ
့မတို့ ခဲ့ဘဲ သီတာ သူ့ ကိုပြန်ချစ်လာအောင်ပဲ
ကြိုးစားခဲ့တယ်။ဒါကကိုယ်ချစ်တဲ့သူကို စိတ်မထ
ိခိုက်စေလိုတဲ့ အချစ်ပါဆရာ။ဒဿဟာ အရမ်း
အချစ်ကြီးပြီး အစွဲအလန်းကြီးမားတဲ့ သနားစရာ
အချစ်ရှုံးသမားကြီးပါ။မိုက်မဲတဲ့ သီတာကတော့ ဒဿကို
ပြန်မချစ်ခဲ့ဘူး။ကြိုင်သာ သီတာဆိုရင် ဒဿကိုပဲရွေးမှာပါ။ ကြိုင်က အချစ်ဆိုတာပိုင်ဆိုင်
ခြင်းလို့ ခံယူထားတယ်လေ။ကိုယ့်ကို ချစ်နေ
ရင် ချစ်တဲ့အကြောင်းပြောပြီး ပိုင်ဆိုင်ဖို့ ကြိုးစားတာမျိုးကိုပဲ ကြိုင်က သဘောကျတာပါ။"

နွေဦးမောင် ကြိုင့်ကို ငေးနေမိသည်။ပီးမှ
ခွာညိုပင်တန်းဘက်သို့ လှည့်ကာ စကားလွှဲလိုက်
လေသည်။

"ဟုတ်ပါပြီဗျာ ငါ့တပည့် အချစ်အကြောင်းတွေဘာတွေ သိလို့ပါလား။ဒါနဲ့ ကြိုင်တို့ ကျောင်းတက်သွားရတော့မလား။"

ကြိုင် ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်၏။

"ကြိုင်ဒီကိုလာတာ အဲ့အကြောင်းပြောရင်း
ဆရာ့ကိုလည်း နှုတ်ဆက်မလို့ ပါဆရာ။
ညီညီတို့ က ညနေမှသွားရအောင်ပြောပေမယ့်
ကြိုင် အခုကိုဆရာနဲ့ တွေ့ချင်လို့ လာခဲ့တာပါ။
မနက်ဖြန်သွားရတော့မယ်ဆရာ။
ဆရာကြိုင့်ကို ဘာမှာချင်သေးလဲ။"

နွေဦးမောင် ခေါင်းငြိမ့်လိုက်ရင်း
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူးကြိုင်။
ကျန်းမာရေးဂရုစိုက်၊ အစားကို သေချာစား ၊
စာလည်းကြိုးစားပေါ့ကြိုင်။ဆရာမှာချင်တာက
တော့ ဒီလောက်ပါပဲ။"

ကြိုင် ဆရာ့ကို အားမလိုအားမရ ပြန်ကြည့်လိုက်
သည်။

"ဆရာမှာချင်တာ ဒါအကုန်ဘဲလားဆရာ။"

နွေဦးမောင် တစ်ချက်စဉ်းစားလိုက်ရင်း ကြိုင်မျက်လုံးများထဲသို့ စိုက်ကြည့်ကာ ပြောလိုက်၏။

"ရည်းစားလည်း မထားနဲ့ ကြိုင်။"

ကြိုင်ဖျတ်ခနဲ ပြုံးလိုက်သဖြင့် နွေဦးမောင် အနေ
ခက်စွာ မျက်နှာလွှဲလိုက်သည်။

"ဆရာ့ဆုံးမစကားတွေထဲမှာ အခုနောက်ဆုံးစကားကို အကြိုက်ဆုံးပါပဲဆရာ။ကြိုင်လုံးဝရည်းစားမထားပါဘူး။စာလည်းကြိုးစားပြီး ဆရာ့ကိုလည်း သတိရနေပါ့မယ်။ ကြိုင်သွားတော့မယ်ဆရာ။"

ကြိုင်နေရာမှ ထရပ်လိုက်ရင်း ခြေလှမ်း သုံးလှမ်းလောက်လှမ်းပြီးကာမှ ဆရာ့ဘက်ပြန်လှည့်
လိုက်သည်။

"ကြိုင်လည်း မှာစရာရှိပါတယ်ဆရာ။ဆရာလည်း လုံးဝ ရည်းစားမထားပါနဲ့ နော်။ဆရာရည်းစားထားလိုက်ရင် ပထမဆုံး အသည်းကွဲရမယ့်သူက
ကြိုင်ဖြစ်နေလို့ ပါပဲ။"

စကားကို ခပ်သွက်သွက်ပြောပြီး ချာကနဲ
လှည့်ထွက်သွားသော ကြိုင့်ကျောပြင်ကိုကြည့်ကာ နွေဦးမောင် ပင့်သက်ရှိုက်လိုက်သည်။ဆရာ့ကို
ရင်မောရအောင်မလုပ်ပါနဲ့ ကြိုင်ရယ် ။ဆရာ
လူကြီးပီသပါရစေ။ဆရာကောင်းလည်း ပီသပါ
ရစေ။ပျောက်ကွယ်သွားသော ကြိုင့်ပုံရိပ်ကို ငေးနေရာမှ နွေဦးမောင်ရင်တစ်ခုလုံး ဟာသွားသလို ခံစားလိုက်ရသည်။တစ်ခါတစ်ရံတွင် အချစ်က ခက်ခဲလှသည်။ထိန်းချုပ်ထားသည့်ကြားမှ ပေါက်ကွဲထွက်
ချင်ထွက်လာသလို တစ်ခါတစ်လေကျလည်း မချစ်ဘူးဟု ကြွေးကြော်နေရင်းမှ မိမိနှလုံးသားတစ်ခုလုံး ကြွေဆင်းသွားသည်လဲ ရှိလေသည်။ခြံထဲမှ ခွာညိုပန်းများက နွေဦးမောင်ကို လှောင်နေသည့်အလား လေနှင်ရာသို့ ယိမ်းကနေကြလေတော့
သည်။
image
credit-facebook image
ဆက်လက်ဖော်ပြပါဦးမည်။
ဖတ်ရှုပေးခဲ့ပါသောညီအစ်ကိုများအားလုံးကျေးဇူး
အထူးတင်ရှိပါသည်။
ဆက်လက်ပြီးလည်းစောင့်မျှော်ဖတ်ရှုပေးပါလို့တောင်းဆိုပါရစေခင်ဗျာ။
image

MSC-172

Sort:  

Wow အရမ်း​ရေးတတ်​တာပဲ​ဗျာ ဘယ်​လို​တွေစဉ်းစားပြီး​ရေးလိုက်​တာလည်းအစ်​ကို​ရေ ဇာတ်​ရုပ်​ကို​​ပေါ်လွင်​​စေတယ်​​ဗျာအရမ်း​ကောင်း

ဘလိုပြောရမလဲ
စာဖတ်နာလို့ လို့ပဲပြောရမယ်ဗျ

အခန်းဆက်တွေတိုင်းမှာဆက်စပ်မှုရှိတယ် အရေးသားပြေပြစ်တယ်အကိုရေ

ဟုတ်ကဲ့ကါဗျ ကျေးဇူးပါ

ကောင်မလေးတော့အသည်းကွဲတော့မယ်ထင်တယ်

အသည်းကွဲမလားမကွဲဘူးလား
ကြိုမပြောဘူးဗျာ သတ်ချင်သတ်ပစ်😂😂😂

အခန်းဆက်အရှည်ကြီးကို လက်မကျသွားပဲ ရေးနိုင်တာ တော်တယ်ဗျာ လေးစားပါတယ်။

အာ့လိုအားပေးလို့ပိုအားရှိသွားပီဗျာ
ကျေးဇူးကိုထွေး

ဇာတ်လမ်းကို သဘောကျပါတယ် အားပေးနေပါတယ်ဗျာ

ဟုတ်ကဲ့ပါအစ်ကို
ကျေးဇူးပါဗျာ

ဘဒို အခန်းဆက်ရေးတာတော်တယ်ဗျာ
ပြီးတော့ အရေးအသားလည်းအရမ်းကောင်းတယ်။ မချစ်နိုင်တာတွေ တဘက်သတ်ချစ်တာတွေတစ်ခါတည်းပေါ်တယ်။ ဖိုက်တင်းဘဒိုရေ

ဟုတ်ကဲ့ပါအစ်ကိုရေ
ကျေးဇူးပါဗျာ

ဒေစီလွင် ဆိုတဲ့
ကောင်မလေးကို အပြင်မှာ
တွေ့ ချင်လိုက်တာဗျာ သူအလှကို
ဖွဲ့နွဲ့ထားတဲ့ စာသားလေးကို
အရမ်းသဘော
ကြတယ်ဗျို့

တွေ့ပေးမယ်လေဗျာ

အရေးသားကောင်းပုံကတော့
ပြောမဆုံးပေါင် တောသုံးတောင်

နည်းနည်းလေးများ များနေလားလို့

ဇာတ်​ရှိန်​က တက်​ပြီးရင်းတက်​​နေပြီ ဘာ​တွေဆက်​ဖြစ်​မလဲ သိချင်​ပြီ
နောက်​ခန်းဆို အချစ်​ခြင်းအားပြိုင်​ကြ​တော့​လေမလား

ဒါကတော့ စောင့်မျှော်ဖတ်ရှုပေးပါခင်ဗျာ

ဆေးတက္ကသိုလ် အကြောင်းတွေရော ၊ အခြေခံပပညာ အကြောင်းတွေ
ရော ဆိုတော့ တက္ကသိုလ် ကျောင်းတွေကို လေ့လာထားတာပေါ့။
ပုံလေးတွေကို ကိုယ်ပိုင်ရိုက်ပုံလေးတွေ ထည့်နိုင်ရင် ပိုအသက်ဝင်ပြီး
ကောင်းမှာပဲနော်။ တက္ကသိုလ်ကျောင်းတွေက အပြင်မှာ တကယ်ရှိနေပဲလေနော။

ဟုတ်ကဲ့ပါအစ်ကို
မကွေးမှာနေတာဆိုတော့
တက္ကသိုလ်အားလုံးနဲ့ရင်းနီးနေတာပါ
ကိုယ်တိုင်ရိုက်ပုံလေးတွေသုံးနိုင်အောင်ကြိုးစားပါ့မယ်ဗျ

အခန်းတွေအားလုံးပြီးရင် ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်မှာသေချာနေပြီ bro...

ဟုတ်ကဲ့ပါဗျာ

အမြဲ ​စောင့်​မျှော်​အား​ပေး​နေပါတယ်

ဟုတ်ကဲ့ပါအစ်ကို
ကျေးဇူးပါဗျာ

အားပေးလျှက်ပါ

ဟုတိကဲ့ပါ

"ဟဲ့ နင်ဒီလိုငါ့ကိုလာဖားနေလည်း နင့်ကိုပြန်ကြိုက်မှာမဟုတ်ဘူးနော် နင်မေ့မှာစိုးလို့ ပြန်ပြောတာ ။" အဲဒီစကားလေး ပြန်ကြားမိတယ် ထိတယ်ဗျာ

ဒီတစ်ခါတကယ်ထိသွားတာပေါ့

စာဖတ်ရင်းနဲ့မြောသွားတယ်ဗျာ
ရေးသားချက်ကတော့ တစ်ကယ့်စာရေးဆရာအတိုင်းပဲ
နောက်ထပ်အပိုင်းဆက်ကိုလည်းမျှော်နေပါတယ်ဗျာ။
ဘယ်သူတွေအသည်းတွေကွဲကုန်မယ်တော့မသိဘူး😁

ဟုတ်ကဲ့ပါဗျာ
ခုထိတော့ဘယ်သူ့အသည်းခွဲပေးရမလဲမသိသေးပါဘူးဗျာ😂😂

ဝတ္ထုထုပ်လို့ရပီဗျာ ဘဒိုရေ

တကယ်လားဗျာ😂😂

ဖတ်လို့ကောင်းလိုက်တာ အရှည်ကြီးလည်းရေးနိုင်တယ်

ဟုတ်ကဲ့ပါဗျာ
ကျေးဇူးပါ

ဖတ်လို့ အရမ်းကောင်းတယ်

ဟုတ်ကဲ့ပါဗျ
နောက်ထပ်အခန်းဆက်တွေလည်းဖတ်ပေးပါဦး

ဇာတ်​လမ်းဇာတ်​ကွက်ေ​တွ​ပုံ​ဖော်​နိုင်​တယ်​​ဗျာ

ငယ်ငယ်ကစာဖတ်အားကောင်းခဲ့လို့ပါဗျာ

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 16947.36
ETH 1265.50
USDT 1.00
SBD 2.15