ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
အပိုင်း(၆)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-da38398905148
အပိုင်း(၇)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-7247228089579
အပိုင်း(၈)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-e2b3da336cc4e
အပိုင်း(၉)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-30efe721147c1
အပိုင်း(၁၀)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy
အပိုင်း(၁၁)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-66a7c76db4445
အပိုင်း(၁၂)
https://steemit.com/myanmar/@soethakhin/kan-ekayaimungtnmwlymenpamy-b8b57f65a6246
အပိုင်း(၁၃)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-73a8004546b27
image
credit-facebook image; From Nyi Nyi'acc(my friend)

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၁၄ )
အခန်း ( ၂၇ )

ဘ၀မှာ ဒီတစ်ကြိမ်လောက် စက္ကန့်များရွေ့လျား
နေသည်ကို ထိတ်လန့်တုန်လှုပ်စွာ ငေးစိုက်နေ
မိတာမျိုး မဖြစ်ခဲ့ဘူးပါ။ခွဲခန်းရှေ့ ကော်ရစ်ဒါတွင်
ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း မိမိလက်များကိုလည်း တစ်ဖျောက်ဖျောက်ချိုးနေမိ၏။
မောင် ခွဲခန်းထဲဝင်သွားတာ ကြာနေပြီ။အိပ်မက်
မက်နေသူတစ်ယောက်လို စိတ်နဲ့ကိုယ်နဲ့မကပ်စွာ လမ်းလျှောက်နေမိသည်မို့  ခြေထောက်များ
နာကျင်နေမှုကိုလည်း ဂရုမပြုနိုင်ခဲ့။

"မိလွင် နင်ထိုင်အုံးလေ နင်လမ်းလျှောက်နေတာ
မြင်ရတာ ငါတောင်ခေါင်းမူးတယ်။"
သီဟပြောမှ ဒေစီလွင်ကိုယ့်ကိုကိုယ်သတိထား
မိသည်။ဘေးနားက ခုံတန်းလျားပေါ်ထိုင်လိုက်
တော့ ခြေထောက်များက သိသိသာသာထုံကျဉ်
နေပေပြီ။

ရုတ်တရက်ပွင့်လာသော တံခါးနှင့်အတူ ခွဲခန်းထဲ
မှ ထွက်လာသောမင်းကျော်ကိုမြင်သည်နှင့်
ဒေစီလွင်အလောတကြီးထရပ်လိုက်သည်။
မျှော်လင့်ချက်များဖြင့် ယှက်သန်းနေသောမျက်ဝန်းများကို ငေးစိုက်ကာ မင်းကျော်နှုတ်မှစကားသံခပ်လေးလေး ထွက်ပေါ်လာလေသည်။
"ခွဲစိတ်မှု အောင်မြင်ပါတယ်အန်တီ။ဒါပေမယ့်
အကောင်းပကတိအတိုင်း လမ်းပြန်လျှောက်နိုင်ဖို့  တစ်လနှစ်လလောက်တော့ အချိန်ယူရပါ့မယ်။
ကျွန်တော်တို့ဆေးရုံမှာပဲ အဲ့ဒီ၂လကို တက်ရောက်
ပြီး ကုသမှု ခံယူနိုင်ပါတယ်။တဖြည်းဖြည်းနဲ့ အရိုး
တွေအကုန်ပြန်ဆက်ပြီး အကောင်းအတိုင်းပြန်ဖြစ်လာမှာပါ။အခုတော့မေ့ဆေးအရှိန်နဲ့ အိပ်ပျော်နေပါတယ်။ညဦးပိုင်းလောက်ကျရင်တော့ သတိရ
လာပါလိမ့်မယ်ခင်ဗျာ။"သုံးယောက်လုံး၏ သက်ပျင်းချသံများ ပြိုင်တူလိုလို ထွက်ပေါ်လာလေသည်။
"ကျေးဇူးတင်ပါတယ်သားရယ် ။"
ဒေါ်ခင်မိမိ အခုမှပင် ပူပန်မှုများလျော့နည်းသွား
ရလေသည်။
"ကျေးဇူးပါပဲ မင်းကျော် နင်အကောင်းဆုံးလုပ်ခဲ့
တာပဲ။"
ဒေစီလွင့် နှုတ်မှစကားသံကို မင်းကျော်က
လက်ကာပြလိုက်ရင်း
"မဟုတ်တာလွင် ကျေးဇူးဆိုတဲ့စကားမလိုပါဘူး။
မောင်ဟာ နင်ရောငါရော သီဟရောရဲ့ အချစ်ဆုံး
သူငယ်ချင်းပဲလေ။"

အခုဆိုလျှင် မောင်ဆေးရုံသို့ ရောက်နေသည်မှာ
တစ်ပတ်ခန့်ရှိပေပြီ။ မောင့်အနီးတွင် ဒေစီလွင်
သီဟနှင့် အန်တီခင်တို့ အလှည့်ကျစောင့်ရင်း
မောင့်ကိုပြုစုကြသည်။အန်တီခင်နှင့် ရယ်ရယ်
မောမောစကားပြောနေသော မောင့်ကိုငေးကာ
ဒေစီလွင် တစ်စုံတစ်ခုကို တွေးမိလာသည်။
သီဟကို အပြင်ဘက်သို့ လက်ကုပ်၍ ခေါ်လာခဲ့
သည်။ဆေးရုံအပြင်ဘက် လက်ဖက်ရည်ဆိုင်တွင် နှစ်ယောက်သား လက်ဖက်ရည်တစ်ခွက်စီမှာကာ အတူထိုင်လိုက်ကြ၏။
"သီဟ ငါနင့်ကိုမေးစရာရှိလို့ ။"
သီဟက လက်ဖက်ရည်တစ်ကြိုက်ကို မော့လိုက်
ရင်း
"ဘာမေးမလို့ လဲမိလွင် မေးလေ။"
"မောင့်မှာချစ်သူရှိတယ်လို့ပြောတယ် နင်သိလား။" "ဟေ ဟုတ်လား ဘယ်သူလဲ ငါ့ကိုမပြောဘူး
အဲ့ကောင်ကြီးလျှိုတယ်။"
"အေး သူတာဝန်ကျတဲ့ ရွာကလို့ပြောတယ်။
သူနေတဲ့ အိမ်ကကောင်မလေးတဲ့ နာမည်က
ကြိုင်တဲ့။ကျောင်းဆရာမလို့ ပြောတယ်။"
"ဟေ ဟုတ်လား ငါသိတယ်အဲ့မိန်းကလေးဆိုရင်
တော့။အတော်ချောတာ မိလွင်ရ အခုကျောင်း
ဆရာမဖြစ်သွားပြီလား ငါသူ့ကိုမြင်ဖူးတုန်းကတော့ ဆယ်တန်းအောင်ပြီးစတုန်းကပဲ။မောင်နဲ့ တစ်ကယ်လိုက်ဖက်တယ်ဟ။ ၀မ်းသာစရာပဲဟေ့။"
သီဟပြောသောစကားကို နားထောင်နေရင်း
ဒေစီလွင် နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထားမိ
သည်။
"သီဟ မောင်တာဝန်ကျတဲ့ မင်းဇံက ဘယ်နားမှာလဲ။ဘယ်လိုသွားရလဲ။"
"အင်း တောင်တွင်းကနေဆိုရင် တောင်တွင်း-
မကွေး ဆင်ဖြူကျွန်းကားကို စီးရတယ်။
ကျောင်းတော်ရာဂိတ်ကိုရောက်ပြီဆိုရင် မင်းဇံကိုသွားလို့ရပြီ။မြင်းလှည်းတွေ အကုန်ရှိတယ်။
ဒါနဲ့ နင်ကဘာလို့ မေးတာလဲလွင်။"
ဒေစီလွင် မျက်နှာကိုတည်လိုက်ရင်း
"ဘာရယ်လို့လည်းမဟုတ်ပါဘူး သီဟ မောင်နဲ့
စကားပြောတိုင်းလည်းမမေးဖြစ်လို့ သိချင်လာ
လို့ပါ။"
သီဟကတော့ သူမ မေးတာဖြေပြီးပြီမို့ အေးအေးလူလူပင် လက်ဖက်ရည်သောက်နေလေသည်။
ဒေစီလွင့်ရင်ထဲတွင်တော့ အနိုင်ယူလိုမှု ပိုင်ဆိုင်
လိုမှု မလိုမုန်းထားမှုများသာ ပြည့်နှက်လျှက်။

မောင့်အခန်းထဲမှ ထွက်လာသော အန်တီခင့်ကို
အလွယ်တစ်ကူပင်တွေ့လိုက်ရသည်မို့  ဒေစီလွင် ၀မ်းသာသွားသည်။
"အန်တီခင် ဘယ်သွားမလို့လဲ။"
"အထဲမှာ ညည်းစီစီကြီး ဖြစ်လာလို့ အပြင်ထွက်ပြီး ခဏတစ်ဖြုတ် လမ်းလျှောက်မလို့ သမီးရေ။
သားလည်း ပြန်အိပ်ပျော်သွားပြီ။"
"အတော်ပဲအန်တီခင် ။သမီးပြောစရာရှိလို့။
သမီးခေါင်းတွေနောက်ပြီး သိပ်နေမကောင်းချင်ဘူးဖြစ်နေတယ်။အဲဒါအိမ်ကို ၂ရက်လောက် ပြန်နား
ချင်လို့။"
ဒေါ်ခင်မိမိ ဒေစီလွင့်ခေါင်းလေးကို သပ်လိုက်ရင်း
"ပြန်နားပါသမီးရယ်။သမီးလေးလည်း ပင်ပန်းလှ
ရောပေါ့။ဒီလောက်ထိ လူနာစောင့်ပေးရတာကိုပဲ အန်တီက ကျေနပ်လှပါပြီ။"
"ဟုတ်အန်တီ ဒါဆို သမီးသွားတော့မယ်နော်။"
"အေးအေးသမီး။"
ထွက်ခွါသွားသော ဒေစီလွင့် ကျောပြင်ကို ကြည့်ကာ ဒေါ်ခင်မိမိချစ်မ၀နိုင်ပင်ဖြစ်ရသည်။
နွေဦးမောင်အတွက် လွင်လေးလောက် သင့်တော်သော မိန်းကလေးမရှိပေ။ဒါတွေကို သားကိုနား
လည်စေချင်သည်။သို့သော် ခေါင်းမာလှသော
နွေဦးမောင်ကြောင့် ခက်ရလေသည်။

ဆေးရုံမှအိမ်ပြန်ရောက်သည်နှင့် လိုအပ်သည်များကိုထည့်ကာ ဒေစီလွင်၏ခြေလှမ်းများက ကားဂိတ်ဆီသို့။အချစ်နဲ့စစ်မှာ မတရားတာ မရှိဟူသောစကားကို မိမိလက် ခံပါသည်။မိမိရှေ့တွင် တာဆီး
နေသမျှအရာမှန်သမျှကို ရအောင်တိုက်ထုတ်ပစ်
မည်သာဖြစ်သည်။ဒါဟာ အတ္တဆန်သော တစ်ယူသန်သော အမှားတစ်ခုဖြစ်မည်ဆိုလျှင်တောင်
မောင့်ကိုချစ်၍ မှားသောအမှားသာဖြစ်သည်။
မိမိဘ၀တွင် အမှားဆုံးအရာတစ်ခုကို ညွှန်ပြပါဆိုလျှင် ထိုအရာကား မောင့်ကိုချစ်မိခြင်းပေတည်း။
တစ်ဖြုတ်ဖြုတ်ကြွေနေသော သစ်ရွက်များသည်
ကတ္တရာလမ်းနံဘေးတွင် ၀ဲကာဝိုက်ကာ မြေသို့
သက်ဆင်းနေကြလေသည်။

အခန်း ( ၂၈ )

ဘ၀မှာအသေးအဖွဲအရာလေးတွေကအစ အရေးပါလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့
မိပါ။ဆရာနဲ့  ရက်အနည်းငယ်လေးခွဲနေရမှ ဆရာ့ကို မိမိလိုအပ်နေကြောင်း ကိုယ့်ကိုကိုယ်သတိထားမိလာသည်။ဆရာထိုင်နေကျ ကွပ်ပျစ်ကလေးကို
ကြည့်ကာ ဆရာ့ကိုလွမ်းရသည်။မြေပေါ်တွင်
ကြွေကျနေသော ကံ့ကော်ပန်းများကို ကြည့်ကာ မိမိကို ကံ့ကော်ပန်း ပန်ပေးနေကျ ဆရာ့ကိုတမ်းတသည်။ခြံစည်းရိုးမှ ပုဏ္ဏရိပ်ကိုင်းတွေရှည်လာတိုင်း ကတ်ကြေးဖြင့်ညှပ်နေကျဆရာ့ပုံရိပ်ကို မြင်ယောင်သည်။မိမိလက်သည်းတွေရှည်လာတိုင်း တိတိရိရိဖြတ်ပေးတတ်သော ဆရာ့ကိုလိုအပ်သည်။အစစအရာရာ မိမိဘေးတွေဆရာရှိစဉ်က လုပ်ပေးခဲ့သော အသေးအဖွဲအရာတိုင်းသည် အချစ်များ
အပြည့်အနှက် ပျော်ဝင်နေသည်ကို ခံစားမိလာ
သည်နှင့်အမျှ ဆရာ့ကို ပို၍ လွမ်းရပါသည်။

ဆရာ့ကိုသတိရတိုင်း ကံ့ကော်ခြံဘက်သို့ လာကာ ဆရာ့အရိပ်အယောင်များကို ပြန်လည်ဖမ်းဆုပ်ရင်း အလွမ်းဖြေရလေသည်။ဒီနွေက အရင်နှစ်တွေကထက် ပို၍အထီးကျန်ဆန်သည်ဟု ကြိုင်ခံစားမိ
သည်။နေ့လည် ၁၁နာရီ ၀န်းကျင်ခန့်သာရှိသေး
သော်လည်း အပြင်ဘက်တွင် အပူရှိန်က လွန်ကဲလှလေသည်။ကံ့ကော်ခြံထဲတွင်တော့ အပြင်နှင့်
ဆန့်ကျင်စွာ အေးမြနေသည်။တစ်ချက်တစ်ချက် တိုးဝှေ့လာသော တောင်လေအေးများကို အရသာခံရင်း ကြိုင် မျက်လုံးများကို စုံမှိတ်ထားလိုက်
သည်။မိမိအထက်တွင်မိုးနေသော ကံ့ကော်ပင်
တန်းမှ ဥသြငှက်တစ်ကောင်၏ လွမ်းလွမ်းဆွေး
ဆွေး တေးသီသံကို နားစိုက်ထောင်ရင်း ငိုချင်လာ
မိသည်။ဥသြလေးမှာ အဖော်ကွဲနေဟန်တူသည်။ဦးကြင်ဥရေးဖွဲ့သော တပေါင်းညှာကြင် အဲချင်း
တစ်ပုဒ်ကမရည်ရွယ်ပဲ ကြိုင့်ခေါင်းထဲသို့ဝင်ရောက် လာလေသည်။နွေဦးရာသီ၏ လှပပုံလွမ်းစရာ
ကောင်းပုံတို့မှာ ဘယ်ဆီလွမ်းမိ တပ်မသိဆိုသလို
ပင်။အလွမ်းဓာတ်ခံမရှိသော လူများအဖို့ပင်
မျက်ရည်မဆည်အောင်လွမ်းရသည်ဆိုလျှင်
ကြိုင့်လို ချစ်ဦးသူကို တမ်းတနေသူအဖို့တော့
ဆိုဖွယ်ရာမရှိတော့ပေ။

မိမိဘယ်လောက်ကြာအောင် နွေအလွမ်း
ရေယာဉ်ကြောဝယ်လွင့်မျောနေမိသည်မသိ ခြံဝမှ ခေါ်သံတစ်ခုကြောင့် ခေါင်းထောင်ကာ ထလိုက်သည်။
"ညီမ ညီမ ဒါ ဆရာနွေဦးမောင် နေတဲ့အိမ်လား။"
"ဟုတ်ပါတယ်အမ"
ကြိုင်ကပျာကယာပင် တံခါးကို သွားဖွင့်ပေးလိုက်သည်။
"အထဲကို ၀င်ထိုင်ပါအစ်မ အပြင်မှာအရမ်းနေပူနေ
တယ်။"
"ကောင်းပါပြီညီမ အစ်မအိမ်ထဲမလိုက်တော့ဘူး။" ဟိုသစ်ပင်အောက်က ကွပ်ပျစ်ပေါ်မှာပဲ ခဏစကား ပြောရအောင်။"
အရိပ်ထဲကိုရောက်မှ ထိုအမျိုးသမီးကို ကြိုင်သေချာကြည့်မိသည်။ဆရာတို့နဲ့ အသက်တူလောက်ရှိ
မည်ထင်ရသော်လည်း အတော်ပင်နုကာ လှပ
လှလေသည်။ဆံပင်ခပ်တိုတိုကို ဖားရားချထားပြီး အနီရောင်ဝမ်းဆက်ဖြင့် စူးစူးရဲရဲ တောက်တောက်
ပပပင် လှပသူတစ်ဦးဖြစ်သည်။အထူးသဖြင့်
မျက်ဝန်းညိုများတွင် ညို့ယူနိုင်စွမ်း အပြည့်အ၀ရှိ
နေပြီး တစ်ဖက်သားအပေါ် လွှမ်းမိုးအနိုင်ယူနိုင်စွမ်း ရှိမည့်ဟန်ထင်ဟပ်နေလေသည်။ကြိုင်ကပင် ဦးစွာ စကားစလိုက်သည်။
"ခဏထိုင်ပါအုံးအစ်မ ကြိုင် ရေနွေးနဲ့ လက်ဖက်
သုပ်သွားယူလိုက်ပါအုံးမယ်။"
"နေပါစေညီမ ။အစ်မ ခဏနေရင်ပြန်တော့မှာ။"
ဒေစီလွင် မိမိရှေ့ရှိ မိန်းမငယ်လေးကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။သူမကိုယ်သူမ ကြိုင်ဟုထည့်
ပြောလိုက်သဖြင့် မိမိတွေ့လိုသော မိန်းကလေး
မှန်းသေချာလေသည်။အလွယ်တကူပင် ကြုံကြိုက်ကာ ဆုံသည်မို့  ဒေစီလွင့်အတွက် အခက်အခဲမရှိပေ။မောင်ကြွေမယ်ဆိုလည်း ကြွေလောက်စရာပင်။ကြိုင်ဆိုသော ထိုမိန်းကလေးမှာ လှပချောမောသည်သာမဟုတ် ကျက်သရေရှိ၍ အေးမြခြင်းဟူ
သော ရုပ်ရည်ကိုပိုင်ဆိုင်ကာ အပြစ်ကင်းမည့်ဟန်လည်းပေါ်သည်။သူမမျက်နှာကို ကြည့်ရသည်မှာ ဆွတ်ဆွတ်ဖြူသော ဗလာစာရွက်တစ်ရွက်ကို
ကြည့်နေရသည်နှင့်တူသည်။ရိုးသား၍ အပြစ်ကင်းဟန်က ဖုံးဖိမရစွာ ပေါ်လွင်နေလေသည်။
အ၀ါရောင် ၀တ်စုံကို ၀တ်ထားပြီး ရှည်လျားသောဆံပင်နက်နက်စင်းစင်းများကိုကျစ်ဆုံမြီးတစ်ချောင်း တည်းကျစ်ကာ ညာဘက်ရင်အုံပေါ်ချထားသည်မို့  ယဉ်စစဟန်လည်း စွက်နေသည်။အလှပဆုံးက
တော့ မျက်ခုံးနက်နက်တန်းတန်းအောက်မှ
မျက်လုံးတောက်တောက်များပင်။အလိုလိုနေရင်း
ပင် ပြုံးရိပ်ထင်နေသော မျက်ဝန်းများကယောက်ျား တိုင်း၏ ရင်ကို လှုပ်ခါစေနိုင်သော ညှို့ဓာတ်
အပြည့်။ဒေစီလွင် တံတွေးကိုမြိုချလိုက်မိသည်။
ဒီလောက်လှသည့်မိန်းကလေးတစ်ဦး မောင့်ဘေးမှာရှိနေခဲ့တာကို မိမိဘာကြောင့် မသိခဲ့ပါလိမ့်။
မိမိဒီလောက်အထိ ညံ့ဖျင်းခဲ့သည်လား။မောင့်နှလုံးသားတစ်ခုလုံး ထိုမိန်းကလေးဆီပါသွားခဲ့ပြီးမှ
သိသည့် မိမိအဖြစ်က ရယ်စရာပင်ကောင်းသေး
သည်။

တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသော မိန်းမပျိုနှစ်ယောက်ကို မြင်ရသည်မှာ နေနှစ်စင်း အပြိုင်ထွက်နေသည်နှင့်ပင် တူနေလေသည်။
သစ်ပင်ထက်မှ တေးဆိုနေသော ဥသြငှက်မှာ
လည်း ဘယ်အချိန်ကတည်းက အသံတိတ်နေ
သည်မသိ။ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံမျှ
မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေလေတော့သည်။မုန်တိုင်း မတိုက်ခင် လေငြိမ်နေသည့်ဟန်လား လေပြေလေညင်းများတိုက်ခတ်ဖို့  ခဏငြိမ်
နေသော လေများလားဆိုသည်ကိုတော့ လေနတ်သားတစ်ယောက်သာ သိပေလိမ့်မည်။လေငြိမ်နေသည့်ကြားမှပင် ကံ့ကော်ရွက်အချို့ကတော့ အပင်
ပေါ်မှ တဖြုတ်ဖြုတ်ကြွေကျနေကြလေတော့သည်။

ဆက်လက်ဖော်ပြပါဦးမည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
image
Author-Soe Tha Khin
MSC-172

Sort:  

ဇာတ်လမ်းဇာတ်ကွက်ကို ပတ်ဝန်းကျင်ရဲ့ထင်ဟပ်မှုနဲ့ ပိုပြီး အသက်ဝင်အောင် ပုဖော်ထားပုံကတော့ ပညာရည်ပြည့်ဝလွန်းပါတယ် ... အားပေးနေပါတယ်ဗျာ

ဟုတ်ကဲ့ပါကိုစော ကျေးဇူးပါဗျ

အခန်းပိုင်းရှည်​ကြီးကို ချိတ်​ဆက်​​ရေးနိုင်​တာ အားကျတယ်​ဗျာ

ဟုတ်ကဲ့ပါ ကျေးဇူးပါbro

ကောင်းခန်းတွေရောက်လာပြီ
ရေးသားချက်ကတော့ Goodပဲဗျ
ဆက်လက်စောင့်မျှော်နေပါတယ်ဗျာ

ဟုတ်ကဲ့ပါ ကျေးဇူးပါကိုမိုး

ဘာပြောကြမှာလဲကွယ်

နောက်အပိုင်းဆက်မှာ ဆက်ပါမယ်ဗျာ

အခန်ုးဆက် အရှည်ကြီးကို အခုချိန်ထိ အချိတ်အဆက်မိမိ
ရေးသားနိုင်လို့ လေးစားတယ်ဗျာ
ဆက်လက်အား ပေးနေမယ်

ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါ

ဒေစီလွင်က ကြိုင့်ကို ဘာများပြောမှာပါလိမ့်

မကြာမီလာပါမည်ဗျာ

ဒေစီက ဘာများပြောမလဲခွယ်

မကြာမီလာပါမည်ဗျာ

ပွဲကြမ်း​တော့မှာလားပဲ

ကြမ်းပေးရမလားbro

ရေးချက်​က 9+ အရင်​က​​ဝေဖန်​မိခဲ့တာ ကိုယ့်​ကိုကိုယ်​ မှားမှန်း ခုမှ​နောင်​တရတယ်​ အရမ်း​တော်​ပါတယ်​ညီ

ရပါတယ်အစ်ကိုရာခုချိန်ထိမပြည့်စုံသေးပါဘူးလိုအပ်နေဆဲမို့ကြိုးစားနေဆဲပါ

မိုက်တယ် bro

ဟုတ်ကဲ့ပါ ကျေးဇူးbro

ကြိုင့် အနီးတစ်ဝိုက် မုန်းတိုင်းတိုက်ခက်ဖွယ်ရှိသည်...

ဘလောက်ထိအောင်ကြမ်းပြစ်လိုက်ရမလဲ

ရှယ်ပြောထည့်ပြီမှတ်တာ ပြောသေးဖူးပဲ

ပြောဖို့အတွက်အားယူနေတာပါလို့

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 17068.01
ETH 1265.29
USDT 1.00
SBD 2.17