ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar7 years ago (edited)

steemit အဖွဲ့ဝင် ညီအစ်ကိုမောင်နှမများအားလုံးမင်္ဂလာပါလို့ ပထမဦးစွာနှုတ်ခွန်းဆက်သလိုက်ပါရစေဗျာအားလုံးပဲကိုယ်စိတ်နှဖြာချမ်းသာကျမ်းမာကြပါစေဗျာ ဒီတစ်ပါတ် pro မှာတော့ ရေးနေကြတစ်ခန်းရပ်ဝတ္တုတိုလေးတွေမဟုတ်တော့ပဲ ဝတ္ထုရှည်လေးကိုစတင်ရေးသားမိတ်ဆက်လိုက်ပါတယ်ဗျာ အားလုံးပဲဝေဖန်အကြံပြုပေးကြပါဦးဗျာ
image

အပိုင်း ( ၁ )

အခန်း ( ၁ )
အကာလ ညဥ့်အခါက တိတ်ဆိတ်ငြိမ်သက်နေ၏။တပို့ တွဲလကွယ်ညဖြစ်၍ အမှောင်ထုက မင်းဇံရွာကလေးကို ဖုန်းအုပ်နေသည်။ရွာနံဘေးက မုန်းချောင်းကြီးကတော့ လမိုက်ညတွင် သူ့ တာဝန်အတိုင်း တအိအိနှင့် ရေများတသွင်သွင်စီးနေလေသည်။တစ်ရွာလုံးမှောင်မဲကာ တိတ်ဆိတ်နေသည့် အချိန်တွင် ရွာထိပ်မှနှစ်ဆောင်ပြိုင်အိမ်ကြီးတွင်တော့ တစ်လောကလုံးနှင့် ဆန့် ကျင်ဘက်ဖြစ်ကာ မီးရောင်များလင်းထိန်နေအောင် ထွန်းညှိထားလေ၏။ထိုအိမ်ကား တစ်ခြားမဟုတ် ရွာထဲမှအချမ်းသာဆုံးကြေးရတက်ဖြစ်သူ ဦးကျော်ခေါင်နှင့် သူ့ ဇနီး ဒေါ်ထားဆင့်တို့ ၏ အိမ်ပင်တည်း။
ထို့ ထက်ထူးခြားသည်မှာ ယနေ့ ဒေါ်ထားဆင့်
ညနေကတည်းက ဗိုက်နာနေပြီး ယနေ့ ညမွေးမည်ဟု ခန့် မှန်းထားကြလေသည်။
"အမလေး နာလိုက်တာ အရီးမြရယ် အား....."
"အားတင်းထားပါအုံးထားဆင့်ရဲ့ ညှစ်ညှစ်
အားကုန်သုံးပြီးညှစ်ချ ......."
ဦးကျော်ခေါင်တစ်ယောက် မီးနေခန်းရှေ့ကွပ်ပျစ်
ရှေ့တွင်လမ်းလျှောက်ရင်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။အိမ်ထောင်သက် ၅နှစ်ရှိမှ ပထမဆုံးရလာသည့် ကလေးဖြစ်၍ ပိုပြီး
အစိုးရိမ်ပိုနေမိသည်။
``ဟေ့ကောင် မင်းကျော်ခေါင် ထိုင်အုံးဟ မင်းဟို
လျှောက်ဒီလျှောက်လျှောက်နေတာ ဘယ်နှစ်
ခေါက်ရှိနေပြီလဲ ငါမျက်စိနောက်လာပြီ ။
အဆင်ပြေသွားပါလိမ့်မယ်ကွ မင်းဟာက
မဟုတ်သေးပါဘူး´´
ယောက်ဖဖြစ်သူ ထွန်းမြင့်၏စကားကြောင့်
ဦးကျော်ခေါင်သတိရကာ အနီးရှိ ခုံတစ်လုံးကို
ဆွဲယူထိုင်လိုက်သည်။ယောက်ဖကို လှမ်းကြည့်
လိုက်တော့ သူ့ ကိုသာပြောနေတာ မီးမရှိတော့
သည့် ဖက်ကြမ်းဆေးလိပ်တိုကို မီးခိုးထွက်မထွက် သတိမထားဘဲဖွာနေလေသည်။
အင်းလေ သူလည်း စိတ်လှုပ်ရှားမှာပေါ့။
သူ့ အိမ်သူ ထားဆင့်နှင့် ထွန်းမြင့်က အရမ်းချစ်
ကြသည့် မောင်နှမနှစ်ယောက်ဖြစ်ပြီး သူနှင့်
ထွန်းမြင့်က ငယ်ကတည်းက ပခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်းများ။တစ်ရွာလုံး၏ ကွမ်းတောင်ကိုင်
သူ့ ညီမထားဆင့်ကို ငုံထားမတတ်ချစ်သော်လည်း သူငယ်ချင်းနှင့် မေတ္တာ မျှနေမှန်းသိတော့ နှမြော
ပေမယ့် သူကိုယ်တိုင် လက်ထပ်ပေးခဲ့သည်။
နှစ်ဖက်မိဘနှစ်ပါးလုံး မရှိတော့သည်မို့  ထွန်းမြင့်တို့ မောင်နှမအိမ်တွင်ပင် သုံးယောက်သား
ဥမကွဲ သိုက်မပျက် ပေါင်းစည်းနေထိုင်ကြပြီး
ဦးကျော်ခေါင် အမွေရသော အိမ်ကို ဖျက်ကာ ဇနီးအလိုကျ ကံ့ကော်ဥယျာဉ်အဖြစ် ပြောင်းလဲခဲ့လေသည်။ အိမ်ချင်းကလည်း တစ်အိမ်သာကျော်သည်မို့ကံ့ကော်ခြံဘက်မှ ကံ့ကော်ပန်းနံ့ က လေအဝှေ့ တွင် ပျံ့ လွင့်လာလေသည်။

image
photo credit-google image

"အူဝဲ အူဝဲ အူဝဲ"
"အမလေးမွေးပြီးတော် မွေးပြီ တနင်္လာသ
မီးလေး တလုံးတခဲဖြူဖြူဖွေးဖွေး ချစ်စရာကြီး
ပါတော်"
အိမ်ခန်းတွင်းမှ အရီးမြ၏ ၀မ်းသာသံစူးစူးကြောင့် ယောကျာ်းကြီးနှစ်ယောက်သား ပြိုင်တူ ဟင်းခနဲ သက်ပျင်းချလိုက်သည်။ မထားဆင့်မှာလည်း သမီး၏ငိုသံကြောင့် ပင်ပန်းမှုများ ပိန်းကြာရွက်ပေါ်မှ ရေလို လျှောကျသွားလေပြီ။ကလေးကို ငုံ့ နမ်းကာ မောပန်းမှုကြောင့် အိပ်ပျော်သွားလေသည်။
အနှီးဖြူဖြူထဲမှာ သမီးကို သူငယ်ချင်းနှစ်ယောက်သား လု၍ ထိန်းနေရသည်။ ထွန်းမြင့် လက်ပေါ်
ရောက်တာမှမကြာသေး ကျော်ခေါင်က ပြန်ယူပြန်သည်။ ကလေးကတော့ ငိုရတာမောသည်ထင်
အိပ်ပျော်သွားလေပြီ။ပါလာသော ပုဆိုးစကို ခေါင်းပေါင်းရင်း အရီးမြ အခန်းထဲမှထွက်လာသည်။
"ဟဲ့နင်တို့ နှစ်ယောက်သား ကလေးကို ဟိုယူ
ဒီယူမယူကြနဲ့ ။လက်ပူမိမယ်။ထားဆင့်နားကို
သွားသိပ်ထားလိုက်။ပြီးတော့ ကျော်ခေါင်
နင့်မိန်းမကိုခု နနွင်းလိမ်းပေးထားတယ် ဆူဆူ
ညံညံမနေနဲ့  မနက်အိပ်ယာကနိုးရင် ကြက်စွပ်
ပြုပ်ကလေးတိုက်လိုက် ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါအရီးမြ"
"ဖိုးထောင်ရေ ဖိုးထောင် လာပါအုံး"
ဖိုးထောင်က အိမ်တွင်စာရင်းငှါးလုပ်သော
ရွာတောင်ပိုင်းမှ ဒေါ်ခင်မြသားဖြစ်ပြီး လုပ်ငန်းခွင်အကုန်လုံးတွင် အားကိုးရသောကြောင့် အိမ်မှာပဲ
အိပ်အိမ်မှာပဲစားစေကာ အိမ်တံခါးဘေးဘက်တွင် အိမ်တစ်လုံးဆောက်ကာ နေခိုင်းထားလေ၏။
ဖိုးထောင်ကသိသည့်အလား လက်နှိပ်ဓာတ်မီးပါယူလာလေသည်။
"ဖိုးထောင်ရေ အရီးမြကိုလိုက်ပို့လိုက်ပါအုံးကွာ"
"ဟုတ်ကဲ့ ကိုကျော်"
အရီးမြတို့ တံခါးပြန်ပိတ်သံကို ကြားရသည်။
ကလေးကို ထားဆင့်အနားတွင် ပြန်သိပ်ရင်း
ကျော်ခေါင်နှင့်ထွန်းမြင့် ကွပ်ပျစ်ပေါ်တွင်
ရေနွေးကြမ်းသောက်ကြ၏။နှစ်ယောက်သား
အာခြောက်နေသည့်ဟန်ဖြင့် ရေနွေးနှစ်ခွက်
လောက် ဆင့်သောက်လိုက်ကြရင်း ထွန်းမြင့်က စကားစလိုက်သည်။
"ယောက်ဖရေ့သမီးလေးကို ဘယ်လိုနာမည်
ပေးရင်ကောင်းမလဲ"
ကျော်ခေါင်က မရှိသည့်မုတ်ဆိတ်ကို တစ်ချက်သပ်လိုက်ရင်း တနင်္လာသမီးကိုမှ အခုသူမွေးတဲ့အချိန်မှာ ကံ့ကော်ပန်းတွေကလည်း ဒီဘက်အိမ်ဝိုင်းထဲထိ ကြိုင်လှိုင်နေအောင် မွှေးနေတာမလို့ 
"ကြိုင် လို့ ပေးရင်မကောင်းဘူးလား"
"အေးကောင်းတာပေါ့ဟကြိုင်ကလေးလို့ လည်း ခေါ်လို့ ရတယ်ဟုတ်တယ်"
"ကြိုင်"
"ကြိုင်"
"ကြိုင်ကလေး. ...."

ယောက်ကျာ်းကြီးနှစ်ယောက်၏၀မ်းသာအယ်လဲအသံက နှစ်ဆောင်ပြိုင် အိမ်ကြီးထဲမှ ပျံ့ လွင့်လာ
လေ၏။ ခပ်လှမ်းလှမ်း အိမ်ထောင့် မန်ကျည်းပင်
ပေါ်မှ ဇီးကွက်တစ်ကောင်က ကြောက်လန့်
တကြားအော်ကာ ထပျံသွားလေသည်။
######################

အခန်း ( ၂ )
အပူရှိန်ကြောင့် ထားဆင့် မောပန်းနွမ်းနယ်
နေသည်။မိမိရောက်နေသည့်နေရာကို
ကြည့်လိုက်တော့ ဘယ်ဘက်ကိုကြည့်ကြည့်
မျက်စိတစ်ဆုံးမြင်နေရသော သဲသောင်ပြင်ကြီး။
နေမင်းကလည်း ခြစ်ခြစ်တောက် ပူလောင်နေကာ နေ၏အပူကြောင့် ခြေဖ၀ါးအောက်မှသဲပြင်က ပို၍ပူနေသည်။ရေဆာလွန်း၍ အာများလည်း
ခြောက်သွေ့ ကာ ပူစပ်နေပေပြီ။ရှေ့ သို့ အားတင်းကာလှမ်းနေရင်း တစ်နေရာအရောက်တွင် မိမိရှေ့ ကိုက်၃၀၀ခန့် ၌ သစ်ပင်တန်းစိမ်းညို့ ညို့ ကို မြင်လိုက်ရသည်မို့ ဝမ်းသာသွား၏။ ခြေလှမ်းများကို တရွတ်ဆွဲကာ သစ်ပင်တန်းဆီသို့ လျှောက်လာခဲ့သည်။ သစ်ပင်တန်းအနားသို့ ခြေချလိုက်သည်
နှင့်တစ်ပြိုင်နက် အတွင်းဘက်ဆီမှ အသံတစ်သံ
ထွက်ပေါ်လာသည်။
"သမီးထားဆင့် ဒီဘက်ကိုလာပါ ရေဆာနေရော
ပေါ့ ရေလာသောက်လှည့်ပါသမီး"
သစ်ပင်အုပ်ကိုကျော်ကာ ခြေလှမ်းလိုက်တော့
အတွင်းတွင် ဇရပ်တစ်ဆောင်။ ဇရပ်ပေါ်တွင်
ဝတ်ဖြူစင်ကြယ်ဝတ်ထားပြီး မုတ်ဆိတ်ဖြူများ
ပခုံးထိတွဲလျားကျနေသော အသက်၈၀ခန့် ရှိမည့် အဖိုးအိုတစ်ဦး။ အဖိုးအိုဘေးတွင်တော့ အေးမြမည့် ပုံစံရှိသည့် သဲရေအိုးတစ်အိုး။အဖိုးအိုက ရေအိုးထဲမှ ရေတစ်ခွက်ကိုခပ်ကာ ထားဆင့်ဆီသို့ ကမ်းပေးလိုက်သည်။ ထားဆင့်အငမ်းမရပင် ရေကိုယူကာ မော့သောက်လိုက်၏။လည်ချောင်းမှတစ်ဆင့်
အေးမြသော ရေကဆင်းသက်သွားပြီး ထားဆင့်
စိတ်ကောလူကော အေးမြလန်းဆန်းသွားသည်။ "ထိုင်အုံးသမီး သမီးကိုအဖိုးမှာစရာရှိတယ်"
ထားဆင့် အဖိုးအို၏ဘေးတွင် ၀င်ထိုင်လိုက်သည်။
"သမီးဒီနေ့ သမီးလေးတစ်ယောက်ကို ဖွားမြင်ခဲ့
တယ်မဟုတ်လား"
ထားဆင့် တအံ့တသြဖြစ်သွားကာ အဖိုးအိုကို ပါးစပ်အဟောင်းသားဖြင့်မော့ကြည့်လိုက်သည်။
"အဖိုးဘယ်လိုသိတာပါလိမ့်"
"နားထောင်သမီး ။အဖိုးမှာလိုက်တဲ့စကားတွေကို
သေချာနားထောင်မှတ်သားပြီး လိုက်နာကျင့်သုံး
ပါသမီး။သမီးအခုမွေးထုတ်လိုက်တဲ့ တနင်္လာ
သမီးလေးဟာ ပုံမှန်လူတစ်ယောက်မဟုတ်ဘူး
သမီး။အဖိုးတို့ ဥစ္စာစောင့်တိုင်းပြည်ကနေ
လူ့ ပြည်ကို ကုသိုလ်လုပ်ဖို့ ခဏလွှတ်လိုက်တဲ့
အဖိုးမြေးမလေးဖြစ်တယ်။သူ ့ရဲ့ ညာဘက္ပါးေ
ပၚမွာ မွဲ ့နက္တစ္လံုးပါလာလိမ့္မယ္ကဲြ ့"
ထားဆင့် တစ်ခွန်းမှပြန်မပြောနိုင်ဘဲ ဆွံ့ အငေးကြောင်လျှက် အဖိုးအိုကိုကြည့်နေမိသည်။
"အခုလိုပြောလို့ စိတ်မပူပါနဲ့ သမီး။အဲဒီကလေး
ဟာ အသက်ရှည်ရှည်နေရမှာပါ။ ဒါပေမယ့်
တစ်ခုတော့ရှိတယ်သမီး။ အဲဒီကလေးဟာ
လူ့ ပြည်မှာ အိမ်ထောင်ပြုလို့ မရဘူး။သူ့ ဘ၀မှာ
ယောက်ကျာ်းတစ်ယောက်ကို ချစ်မိသွားရင်ဖြစ်
ဖြစ် ၊ ယောက်ကျားတစ်ယောက်နဲ့ အိမ်ထောင်ပြု
မိရင်ဖြစ်ဖြစ် သူ့ ဘ၀ဟာ ကံဆိုးမိုးမှောင်ကျလာ
လိမ့်မယ်။သူ့ ကိုချစ်မိတဲ့ယောက်ကျာ်းဖြစ်စေ၊
သူဖြစ်စေ၊ နှစ်ယောက်ထဲက တစ်ယောက်က
အချိန်မတိုင်ခင် ကြွေလွင့်ရလိမ့်မယ်ကွဲ့ ။
တစ်ကယ်လို့ ယောက်ကျာ်းတစ်ယောက်ကို
မချစ်မိခဲ့ရင် အဲဒီကလေးဟာ လူ့ ပြည်မှာ
အနှစ်၈၀ကြာအောင် ပျော်ပျော်ရွှင်ရွှင်နဲ့ 
ဘ၀ကို ဖြတ်သန်းကုန်ဆုံးပြီး သူ့ အသက် ၈၀ပြ
ည့်တဲ့နေ့အခုလို နွေဦးရာသီမှာပဲ သူဟာ လော
ကကြီးထဲကနေ ငြိမ်းချမ်းစွာ ထွက်ခွါသွားလိမ့်
မယ်။အဲဒီတော့ အဖိုးသမီးကို မှာချင်တာက သမီးလေး
ကို သေချာစောင့်ရှောက်ပါ။ သမီးလေးဟာ
လာခြင်းကောင်းသောမိန်းကလေးမို့ သူေ
မွးပြီးတာနဲ့ ပစ္စည်းဥစ္စာတွေ ဒီရေအလားတိုး
ပွားလာလိမ့်မယ်။တစ်ခုပဲ ယောက်ကျာ်းတစ်ယော
က်ကို လုံးဝမချစ်မိပါစေနဲ့ ကွယ်"
ထားဆင့် ငေးကြည့်နေတုန်းမှာ အဖိုးအိုက သစ်ပင်တန်းကြားမှ တိုးဝှေ့ ပျောက်ကွယ်သွားလေသည်။ထားဆင့်သတိဝင်လာကာ အဖိုးအို နောက်သို့ ပြေးလိုက်သည်။
"အဖိုး နေပါအုံးအဖိုး"
သို့ သော် သစ်ပင်တန်း၏ဟိုဘက်တွင် မျက်စိတစ်ဆုံး သဲသောင်ပြင်ကြီးသာ ရှိလျှက် အဖိုးအို၏
အရိပ်အခြည်ကို လုံးဝပင်မတွေ့ ရတော့ ။
"အဖိုး အဖိုး"ထားဆင့် အသံခပ်ကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။
"မဆင့် မဆင့်"နားနားတွင် ခပ်တိုးတိုးကပ်၍
ခေါ်သံကြောင့် ထားဆင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။စိုးရိမ်နေသော မျက်နှာများဖြင့် မိမိကို ငုံ့ မိုးကြည့်နေသော ကိုကျော်နှင့် အကိုကြီးထွန်းမြင့်ကို တွေ့ လိုက်ရသည်။
"မဆင့် ဘာတွေယောင်နေတာလဲ အခုနေရထိုင်ရ
တာ အဆင်ပြေရဲ့လား"
ခင်ပွန်းဖြစ်သူ ကိုကျော်ခေါင်၏ အမေးကို ခပ်လေး လေး ခေါင်းငြိမ့်ပြလိုက်သည်။ရင်ထဲတွင် တစ်ခုခုကို သိချင်စိတ်က ထိန်းမရ။ အကိုကြီးထွန်းမြင့် ကလေးကော ကလေးကို ခဏကြည့်ပါရစေ မနေ့ ကညမှောင်မှောင်မို့ သေချာမကြည့်လိုက်ရဘူး။
"အေးအေးငါ့နှမကလေးက အပြင်မှာ အရီးမြ
လက်ထဲမှာ ရွာတောင်ပိုင်းက ကိုလှဝေတို့ 
လင်မယား ကလေးလာကြည့်နေကြလို့ "
"အရီးမြရေ......အရီးမြ ကလေးကိုယူခဲ့ပါအုံးဗျို့"
အရီးမြက အနှီးဖြူဖြူဖြင့် ထွေးထားသော ကလေးကို အတွင်းသို့ ပိုက်လာသည်။ကိုကျော်က ကလေးကို လွှဲယူလိုက်ရင်း
"ကလေးက မဆင့်ကို တူတာဟေ့ ဖြူဖြူဖွေးဖွေး
ကြီးလေ ဒို့ နှစ်ယောက်သား ကြိုင်လို့ နာမ
ည်ပေးထားတယ်"
မထားဆင့်ထထိုင်လိုက်ရင်း ကလေးကို ကောက်
ပွေ့ လိုက်သည်။ ကလေးက လက်ညိုးကို တပြွတ်
ပြွတ် စုပ်နေရင်း မထားဆင့်ကို မော့ကြည့်နေလေသည်။
မထားဆင့်၏မျက်လုံးများက ကလေး၏ ညာဘက်ပါးပြင်ပေါ်အရောက်တွင် ရပ်တန့် သွားကာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားသည်။ညာဘက်ပါးပြင
်တွင် သိပ်မသိသာသေးသော်လည်း အနက်ရောင် မှဲ့ နက်တစ်လုံး။မထားဆင့်၏ရင်တွင်းမှ နက်နက်နဲနဲ ဆုတောင်းလိုက်မိသည်။ အရာအားလုံး အမှန်မ
ဖြစ်ပါစေနဲ့ ဘုရား။ကလေးကို သူတစ်လှည့် ငါတစ်လှည့် ဖြင့် ၀ိုင်းဝန်းချီနေကြကာ ရွာထဲမှ ကလေး
ကြည့်လာကြသော သူများကလည်း တဖွဲဖွဲ ရောက်လာနေသည်။ ခြံထဲတွင်တော့ ကံ့ကော်ပန်းနံ့ များက ကြိုင်လှိုင်နေဆဲ ။

image
credit-google image

ဆက်လက်ဖော်ပြပါဦးမယ် အားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။
image

Author-Soe Tha Khin
MSC-172

Sort:  

ဖတ်လို့ကောင်းပါတယ်ခွယ်

ဟုတ်ကဲ့ပါခွယ်

my post and vote my last 3 post and I will upvote you 100% in one hour.... No reply

အရမ်းကောင်းပါတယ် bro

ဟုတ်ကဲ့ ကျေးဇူးပါဗျာ

Waiting next episode.

thank you ပါ

ရေးသမျှစာ အကုန်ကောင်းတယ် စောင့်မျှော်နေပါ့မယ်

ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ်

မထားဆင့် ဆုတောင်းလေးပြည့်ပါစေ ဆုတောင်းပေးရဆော့မမှာပေါ့ 😊
အပိုင်ဆက်လေးအားပေးနေမယ်Bro

ဟုတ်ကဲ့ပါ အစ်ကို ကျေးဇူးပါဗျာ

ဖတ်ရတာကောင်းတယ်ဗျာ..
အပိုင်းဆက်လေး မှော်နေမယ်

ဟုတ်ကဲ့ပါဗျာ

အားပေးနေပါတယ်
ဥစ္စာစောင့်မလေးကို😁😁

ဟုတ်ကဲ့ပါကိုမိုးရေ ကျေးဇူးပါဗျ

သိုက်ကလာတဲ့ကလေးမျက်နာလေးကြည့်ချင်လို့ဘဒို 😁😁

မျက်နှာမြင်လိုက်ရရဖြင့် အဟာရသိဒ္ဓိပီးသွားမှာဆိုးလို့ပါဗျာ😁😁

အ​ရေးအသား good

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 63907.47
ETH 2753.31
USDT 1.00
SBD 2.66