ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
အပိုင်း(၆)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-da38398905148
အပိုင်း(၇)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-7247228089579
အပိုင်း(၈)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-e2b3da336cc4e
အပိုင်း(၉)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-30efe721147c1
အပိုင်း(၁၀)
image
အပိုင်း ( ၁၁ )
အခန်း ( ၂၁ )

ဒေစီလွင် ယနေ့ ဂျူတီနားရက်မို့  တောင်တွင်း
အိမ်တွင်ရောက်နေလေသည်။မောင်ကတော့
ကျောင်းပြန်ဖွင့်ပြီမို့  သူတာဝန်ကျရာ ရွာကလေး
သို့ ပြန်သွားပေပြီ။ပျင်းပျင်းရှိသည်နှင့် ခြံထဲမှ
ဒန်းပေါ်တွင်ထိုင်ကာ ဆေးပညာစာအုပ်တစ်အုပ်
ကို ဖတ်နေမိသည်။
"သမီးလွင်လေးရေ ဘယ်မှာလဲ"
အိမ်ထဲမှ အမေ့အသံကြောင့် ဒေစီလွင်
ခေါင်းထောင်ကြည့်လိုက်သည်။
"အမေ သမီးဒီမှာ ပျင်းလို့ စာဖတ်နေတာ။"
မိမိဆီသို့ လှမ်းလာသော အမေဒေါ်ဒေစီကြောင့်
ဒေစီလွင် စာအုပ်ကိုပိတ်ကာ ထိုင်ရာမှထ၍
အမေ့ကိုလက်ကမ်းကြိုလိုက်သည်။

"အမေ့သမီးလေးစာတွေပြန်လေ့လာနေတာလား" ဒေါ်ဒေစီက ပြောပြောဆိုဆို စာအုပ်ကို ဘေးသို
့ရွှေ့လိုက်ရင်း ဒေစီလွင့် ဘေးသို့ ဝင်ထိုင်လိုက်၏။
"မဟုတ်ပါဘူးအမေရာ ဒီလိုပဲပျင်းလို့ ။"
"သမီးကိုလာခေါ်တာ ဒီနေ့ ခင်က ထမင်းစား
ဖိတ်ထားတယ်လေ။အမေတို့၂ယောက်ကိုကော သမီးလေးရှိရင်လဲ ခေါ်ခဲ့ပါတဲ့။"

"အန်တီခင်က သမီးကိုတော့ အတော်ချစ်တယ် အမေရဲ့။"

ပြုံးနေသည့် သမီးမျက်နှာလေးကို တစိမ့်စိမ့်
ကြည့်ရင်း ဒေါ်ဒေစီ စကားစလိုက်သည်။

"အမေ့သမီးလေးတောင် အရွယ်ရောက်ပြီး
မိန်းမချောလေးဖြစ်နေပြီပဲ။ပြောစမ်းပြောစမ်း
ရည်းစားတွေဘာတွေရှိနေပြီလား။"

ဒေစီလွင် ရယ်လိုက်ရင်း
"ပေါက်ပေါက်ရှာရှာအမေရာ မရှိပါဘူး။"
ဒေါ်ဒေစီ သက်ပျင်းချလိုက်ရင်း
"မရှိဘူးဆိုတော့ တစ်နည်းတော့ စိတ်ချမ်းသာ
ရတာပေါ့။ဒါပေမယ့် သမီးကညာအခါမလင့်
စေနဲ့တဲ့။အမေကတော့လေ သမီးလေးမှာမှ
ရည်းစားမရှိရင် သမီးကို မောင်နွေဦးမောင်လေးနဲ့  သဘောကျတယ်ကွယ်။"
ဒေစီလွင် မျက်နှာအနည်းငယ်နီသွားသည်။
"အာ အမေကလည်း မောင်က သမီးကို မကြိုက်ဘူးထင်တယ်။"

ဒေါ်ဒေစီ မျက်မှောင်ကျုံ့လိုက်ရင်း
"သမီးကိုမကြိုက်ဘူးဆိုတော့ မောင်နွေဦးမောင်
မှာ ရည်းစားတွေဘာတွေရှိနေလို့လား။"
ဒေစီလွင် တစ်ချက်စဉ်းစားလိုက်ရင်း
"အဲလိုရည်းစားတွေဘာတွေရှိတဲ့အကြောင်းတာ့
မကြားဘူးအမေ ဒါပေမယ့် သမီးအပေါ်တော့
သူငယ်ချင်းလိုပဲခင်တယ်ထင်တယ်။"

"အေးပါသမီး အချစ်ကြောင့်ဆိုရင်တော့ သိပ်မပူ
ပါနဲ့ အမေလည်း သမီးအဖေကို လူကြီးတွေ
ပေးစားလို့ယူခဲ့တာ နောက်တော့ချစ်သွားတာပဲ။
ယောကျာ်းနဲ့ မိန်းမဟာ အိမ်ထောင်တစ်ခုကို
ထူထောင်လိုက်မိပြီဆိုရင် ကတိသစ္စာတွေ
သံယောစဉ်တွေနဲ့  ချည်နှောင်မိကြတာပဲ။
အဲဒီလို ရှေ့ဆက်ရင်း အဆင်ပြေသွားကြတာပါပဲသမီးရယ်။အမေသိသလောက်တော့ ခင်က
နွေဦးမောင်လေးကို သမီးနဲ့ သဘောကျတယ်
ထင်တယ်။တစ်ကယ်လို့ များစကားကမ်းလှမ်း
လာရင် အမေခေါင်းငြိမ့်လိုက်မယ်နော်။"

ဒေစီလွင် ရှက်ရွှံ့ စွာဖြင့် မျက်လွှာချလိုက်သည်။
မောင့်ကိုပိုင်ဆိုင်ရမည့် အခွင့်အရေးကို မိမိလက်
လွှတ်ပစ်မှာတော့မဟုတ်ပေ။
"ကဲလာသမီး ခင့်အိမ်ကို ထမင်းစားသွားကြရ
အောင်။"

ဒေါ်ခင်မိမိကိုယ်တိုင် ထမင်းဝိုင်းကိုဦးဆောင်ကာ
စကားပြောရင်း စားသောက်ကြသည်။ဒေစီလွင်
ဟင်းများကို ထည့်စားရင်း
"အန်တီခင့်လက်ရာက အရင်အတိုင်းပဲ။
သမီးတော့ အရမ်းစားကောင်းတယ်။"
" အမလေး စားပါလွင်လေးရယ် ။ အိမ်ကိုပါ
ထည့်ပေးလိုက်မယ်။"
ဒေါ်ခင်မိမိမျက်နှာမှာ ပြုံးပျော်နေလေသည်။
မိမိတွင် ဒေစီလွင်လိုသမီးအလိမ္မာလေးရှိလျှင်
ဘယ်လောက်တောင်ကောင်းလိုက်ပါလိမ့်မလဲ။
အခုတော့ သားတော်မောင်မှာမိခင်ထက်
သူ့အလုပ်ကို ပိုချစ်သူသာဖြစ်၏။သမီးလွင်၏
မျက်နှာလေးကို ချစ်ခင်စွာကြည့်လိုက်ရင်း
ဦးလွင်စိုးဘက်သို့ လှည့်လိုက်သည်။
"ကဲဒေစီကော လွင်စိုးကော ငါဒီနေ့ ပြောစရာရှိ
တယ်။အဲဒီစကားကို ငါရေးကြောင်းနေတာကြာပီ။
နင်တို့ နှစ်ယောက်နဲ့ အေးအေးဆေးဆေး မတွေ့ 
ရတာကြောင့် မပြောဖြစ်တာတွေလဲပါတယ်။"
ဒေါ်ဒေစီ ထမင်းကိုအပြီးသတ်ကာ လက်ထဆေးလိုက်ရင်း
"ဘာများလဲခင်ရဲ့ ဒီလောက် သွယ်ဝိုက်ပြီး စကားစနေပြီဆိုတော့ အရေးကြီးစကားပဲဖြစ်ရမယ်။"
"အရေးကြီးပါပြီကောလားဒေစီရယ် လွင်စိုးလည်း နားနဲ့မနာ ဖ၀ါးနဲ့နာပါ ငါနင်တို့ဆီက သမီးတောင်း မလို့ ။"
ဒေစီလွင် စားလက်စထမင်း နင်သွားသည်မို့ 
ဟင်းချိုရည်ကို ကမန်းကတမ်းသောက်လိုက်သည်။ဘာဖြစ်လို့ များ အခွင့်အရေးက ဒီလောက်လွယ်
လွယ်ကူကူနဲ့  မိမိဆီကို ၀င်လာပါသလဲ။
ဒေါ်ခင်မိမိက လက်သုပ်လိုက်ရင်း
"ငါ့သားကို လွင်လေးနဲ့  လတ်ဆတ်ပေးမယ်လို့ 
ငါစဉ်းစားနေတာကြာပြီ။ကလေးတွေလှုပ်အုံး
မလားလို့ စောင့်ကြည့်နေတာ။မောင်ကလည်း
ခပ်အေးအေး လွင်လေးကလည်း ဘာသိဘာသာဆိုတော့ ငါပဲကြားဝင်ရတော့တာပေါ့။အဲဒါနင့်
သမီးလေးနဲ့  အိမ်ထောင်ချပေးချင်တယ်ဒေစီ
အဲဒါနင်တို့ သဘောထားကိုမေးတာပဲ။"

ဒေါ်ဒေစီပြုံးလိုက်ရင်း
"ပြောနေစရာလားခင်ရယ်။မောင်ဆိုတာ ငါ့မျက်စိ
ရှေ့မှာပဲ ကြီးပြင်းလာတဲ့ကလေး။ ငါကိုယ်တိုင်
မမွေးရပေမယ့် ငါ့သားလေးလို ချစ်ရသူပါ။
ငါ့သဘောကတော့ ဖြစ်စေချင်တယ်။
ကိုလွင်တော့မသိဘူး။"
ဦးလွင်စိုး ထမင်းဝါးနေရင်း သမီးကို အကဲခတ်
လိုက်သည်။သမီးမျက်နှာက ၀မ်းသာရိပ်ကြောင့်
ပြုံးနေလေသည်။သမီးကတော့ ဒီကိစ္စကိုသဘောကျပုံပေါ်သည်။ခက်တာက မောင်နွေဦးမောင်က
ရှိမနေခြင်းပင်။ထိုသူငယ်က မိမိသမီးအပေါ်တွင်
စိတ်ရှိပါမည်လားမသေချာလှ။ဦးလွင်စိုး
ချောင်းဟန့်လိုက်ရင်း
"ငါ့သဘောကတော့ သမီးကော သားကောရဲ့
ဆန္ဒပါပဲ။သားနဲ့ သမီးက ကြည်ဖြူတယ် ဆိုရင်
ငါကငြင်းစရာအကြောင်းမရှိပါဘူး။
အဲဒီတော့ နင့်သားသဘောကဘယ်လိုတဲ့လဲခင်။"
ဒေါ်ခင်မိမိ၏ ၀မ်းသာအယ်လဲ စကားသံက
ချက်ချင်းပင်ထွက်လာသည်။ငါ့သားအတွက်တော့ မပူနဲ့  ငါ့သားက ငါ့တစ်ခွန်းပါပဲ။ထမင်းဝိုင်းလေးမှာစိုစိုပြည်ပြည်ပင် ပြီးစီးခဲ့လေသည်။ ထမင်းဝိုင်းမှ
ဆွေးနွေးလိုက်သော ကတိစကားမှာ မည်မျှခိုင်မာလိမ့်မည်ဟုတော့ မည်သူမှ မတွေးနိုင်ကြပေ။
သို့သော် ဒေစီလွင့် အတွက်တော့ ယနေ့ စားရ
သည့် ထမင်းဝိုင်းမှာ အရသာအရှိဆုံးနှင့်အချိုမြိန်ဆုံး ထမင်းဝိုင်းဖြစ်၏။ မိမိရှေ့တွင် သာယာလှပ
သော အနာဂတ်တစ်ခုကို မြင်နေရပေပြီ။
ကျီးကန်းတစ်ကောင်က အိမ်ခေါင်မိုးပေါ်မှနေ၍
တအားအား အော်မြည်ကာ အဝေးသို့ ပျံသန်းသွာ
အခန်း ( ၂၂ )

ကံ့ကော်ခြံထဲတွင် ညနေ နေ၀င်ချိန်ဆည်းဆာ
ရိပ်က ခပ်ဖျော့ဖျော့လေး ကျရောက်နေလေ
သည်။နွေဦးမောင် ကွပ်ပျစ်ဘေးမှကံ့ကော်ပင်စည်ကို မှီလိုက်ရင်း မျက်လုံးများကို မှိတ်ထားလိုက်
သည်။ကြိုင့်မျက်နှာလေးက တ၀ဲလည်လည်ပင်
စိတ်မျက်စိတွင် မြင်ယောင်လာပြန်သည်။စန္ဒရား
လှထွဋ်၏ အလှသစ္စာတရားသီချင်းကိုသတိရကာ ဟက်ခနဲ ရယ်လိုက်မိသည်။ သီချင်းကလည်းကြည့်ပါအုံး။ မျက်စိမှိတ်ထားသော်ငြား သူ့ အရိပ်ထင်နေတာတဲ့ မိမိအဖြစ်နှင့်လုံးဝကို ကွက်တိကျနေသည့်သီချင်း။

ကြိုင့်ကို ချစ်သည့်အကြောင်းပြောသည့်နေ့ကို သတိရကာ ကြည်နူးရပြန်သည်။မိမိတွင် ဘယ်ကသတ္တိများဝင်လာပါလိမ့်။ကြိုင်ကလည်း မိမိကို
ချစ်ပါသည်တဲ့လေ။နောက်တစ်နေ့တွင် ကြိုင်တို့ 
ကျောင်းသို့ ပြန်သွားကြလေ၏။ကြိုင်ပြန်သွားက
တည်းက မိမိမှာအရူးတစ်ယောက်လိုဖြစ်နေမိ
သည်။ ပြက္ခဒိန်ကို နေ့တိုင်းကြည့်ကာ တစ်နေ့ 
သုံးကြိမ်ရက်တွက်ပြီး ကြိုင်ပြန်လာမည့်နေ့ကို
မျှော်သည်။အချစ်နှင့်အလွမ်းကား ဒွန်တွဲနေသည့် အရာသာဖြစ်ကြောင်း နွေဦးမောင်သိရှိခဲ့လေပြီ။
အချစ်မရှိလျှင် အလွမ်းဟူသည် ရှိလာမည်မဟုတ်။ နည်းနည်းချစ်လျှင် နည်းနည်းလွမ်းရမည်။
များများချစ်လျှင် များများလွမ်းရမည်။
ရင်နှင့်မဆန့်အောင် စူးစူးနင့်နင့်ချစ်လျှင်
သေလုအောင်အလွမ်းဝေဒနာကို ခံစားရမည်သာ
ဖြစ်သည်။မနက်ဖြန်ဆို အသက်တမျှ ချစ်ရသည
့်ကြိုင် ပြန်လာတော့မည်။ မင်းဇံရွာလေးမှာပင်
တန်းပြဆင်းရမည်မို့  ကိုယ့်ချစ်သူနှင့် အနီးကပ်
နေရတော့မည့်အရေးကိုတွေးရင်း နွေဦးမောင်
ပျော်နေမိသည်။နေမြန်မြန်ဝင်ပြီး မိုးမြန်မြန်လင်း
စေချင်မိတာ ကြိုင်နှင့်ချစ်သူဖြစ်ပြီးကတည်းကပင်။

ရုတ်တရက်မိမိမျက်လုံးကို အနောက်မှနေ၍
နူးညံ့သော လက်ဖ၀ါးတစ်စုံက လာပိတ်သည်ကို ခံစားလိုက်ရသည်။ပြီးတော့ နှာခေါင်းထိပ်တွင်
ရင်းနှီးနေကျကိုယ်သင်းနံ့ တစ်ခု။
"ဟာ ကြိုင်. ....."
နွေဦးမောင် ထခုန်မိမတတ် ပျော်သွားသည်။
နောက်လှည့်ကြည့်လိုက်တော့ အမှန်တစ်ကယ်ပင်
ကြိုင်ရယ်ပါ။ဆံပင်ရှည်ရှည်များကို နောက်တွင်
ဖြန့် ချထားပြီး အပြာနုရောင် အထက်အောက်
ဆင်တူဝတ်ထားသောမိမိချစ်သူလေးဟာ
အမြဲပင်လှပနေတတ်သူပင်။ နွေဦးမောင် ၀မ်းသာလွန်းသဖြင့် မေးလိုက်၏။
"ကြိုင်ဘယ်လိုလုပ် ဒီနေ့ပြန်ရောက်လာတာလဲ။"
"ကြိုင်ကပြုံးလိုက်ရင်း မုန်းချောင်းဘက် လမ်းသွား
လျှောက်ရအောင်ဆရာ။လမ်းလျှောက်ရင်းပြော
မယ်လေ။"

ရွာအပြင်ရိုးပြတ်များကို ကျော်လာမှကြိုင့်ဆီက
အသံထွက်ပေါ်လာသည်။
"ပုံမှန်အတိုင်းဆိုရင်တော့ အကုန်လုံးနီးပါး
မနက်ဖြန်မှပြန်လာကြမှာဆရာ။နေ့လည်၂နာရီ
ကတည်းက ပြီးတာ ။ကားတွေကရှားတော့
အများစုကတော့ ပြန်မလာချင်ကြဘူးလေ။
ဒါပေမယ့် ကြိုင်က ပြန်မှဖြစ်မှာမလို့  ကားကြပ်
ပေမယ့် စီးလာခဲ့တာ။ အိမ်ကတောင်အံ့သြနေတာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လာလို့ ။"
နွေဦးမောင် နားမလည်နိုင်စွာဖြင့်
"ကြိုင်က ဘာလို့ဒီနေ့ ပြန်လာမှဖြစ်မှာလဲကြိုင်။
အရေးကြီးတာတစ်ခုခုရှိလို့လား။"
ကြိုင်ကပြုံးလိုက်ရင်း
"ရှိတယ်လေ။ အရေးကြီးတာတစ်ခုခုဆို
ဆရာပဲပေါ့။"
နွေဦးမောင် မျက်နှာပြုံးယောင်သန်းသွားလေ
သည်။ကြိုင်က တစ်ဖက်သို့ လှည့်၍ ခပ်လွင်လွင်ကလေးရယ်မောလိုက်ရင်း
"ကြိုင်က ဆရာ့ကိုလွမ်းလို့ပြန်လာတာပါဆရာ။" နွေဦးမောင်နှလုံးခုန်သံများမြန်လာသည်။
ကြိုင်ဟာ လှသလောက် ရင်ခုန်အောင်လည်း
ပြောတတ်သူပင်။ ကြိုင်က မိမိဘက်သို့ပြန်လှည့်လာရင်း
"ဆရာနည်းနည်းပိန်သွားတယ်နော်။
မျက်တွင်းနည်းနည်းတောင် ချောင်နေသလိုပဲ။"
" နည်းနည်းပိန်တာမဟုတ်ဘူးကြိုင် များများကို
ပိန်နေတာပါ။ ဆရာအအိပ်အစားပျက်နေတာ
ကြာပြီ။"
" ဟင်ဘာဖြစ်လို့ လဲဆရာ။"
မိမိကို မျက်လုံးဝိုင်းများဖြင့် ပြူးကြည့်နေသော
ကြိုင့်ပုံစံကို အသဲယားစွာဖြင့် ကြိုင့်ခေါင်းကို
ပုတ်လိုက်သည်။
"ဆရာလည်း ကြိုင့်ကိုလွမ်းလို့ ပေါ့။"
"ဟွန်း ပိုပြီ"
ကြိုင်က မျက်စောင်းတစ်ချက်ထိုးရင်း ရယ်လိုက်
ပြန်လေသည်။မျက်စောင်းတစ်ချက်ထိုးလိုက်
တိုင်း အပြုံးတစ်ချက်ချွေလိုက်တိုင်း နွေဦးမောင်
ရင်ထဲမှ တစ်စုံတစ်ခု ပြုတ်ကျသွားသလိုခံစား
လိုက်ရသည်။ မျက်နှာကိုတည်လိုက်ရင်း
"ကြိုင် ဆရာပြောစရာရှိတယ်။"
ကြိုင်က မိမိဘက်သို့ လှည့်ကာ မိမိကို မော့ကြည့်လိုက်သည်။နွေဦးမောင်မှာ အရပ်ရှည်လှသည်မို့ 
ကြိုင်ကမော့ကြည့်ရလေသည်။
"ခုနကလို မျက်စောင်းထိုးတာမျိုး ရယ်တာမျိုး
တစ်ခြားလူတွေရှေ့ မှာမလုပ်ပါနဲ့ နော်ကြိုင်။
အရမ်းချစ်စရာကောင်းတာမလို့  သူတို့ 
ကြွေသွားမှာစိုးလို့ ပါ။"
"လုပ်ပြန်ပြီ ဆရာကတော့"
ကြိုင်ကခပ်ဟဟရယ်ရင်း မိမိလက်ကို သူမ၏
လက်ဖ၀ါးသေးသေးလေးများဖြင့် ဆုပ်ကိုင်ကာ
ဘေးချင်းယှဉ်၍ လျှောက်လိုက်လေသည်။
ကျွန်တော်ပထမဆုံးအကြိမ် သူမလက်ကို
ကိုင်ဆွဲပြီး လမ်းမလျှောက်ခင်မှာ သူမကအရင်
ကျွန်တော့်လက်ကို ကိုင်ဆွဲပြီး လမ်းလျှောက်သွားပါတော့တယ်။အတူယှဉ်တွဲလျှောက်နေရင်း
ခြေလှမ်းတိုင်းခြေလှမ်းတိုင်းမှာ ကျွန်တော့နှလုံးသားတစ်ခုလုံး သူမလက်မှာပဲ တစ်စစီ ကျရောက်သွားတော့တယ်။တဖြည်းဖြည်းနဲ့ သေချာသိလာတာတစ်ခုက ကျွန်တော်သူမကို အရမ်းချစ်မိနေပြီဆိုတာပါပဲ။ သူမကို ဘယ်အချိန်ကတည်းက
ချစ်နေမိလဲဆိုတာကိုတော့ ကိုယ့်ကိုကိုယ် သတိ
မထားမိလိုက်ပါဘူး။
တစ်ကယ်ချစ်မိတဲ့ လူတစ်ယောက်ကို ဆုံတွေ့လာတဲ့အခါ သူ့ ကို ဘယ်လိုစချစ်မိခဲ့လဲဆိုတာကို
မေ့သွားကြတယ်မဟုတ်ပါလား။ကိုင်းပင်များမှာ
လေယူရာသို့ ယိမ်းနွဲ့ နေကြ၏။ငွေဗျိုင်းဖြူတစ်အုပ်က သာယာစွာတေးသီရင်း မုန်းချောင်းတစ်လျှောက် ပျံသန်းသွားလေတော့သည်။

အားလုံးကိုကျေးဇူးတင်ပါသည်။
ဆက်လက်ရေးသားတင်ဆက်သွားပါဦးမည်
image
Author-Soe Tha Khin

Sort:  

ဇာတ်ကွက်တွေက အပိုင်းတိုင်း ချိတ်ဆက်နေတာပါပဲဗျာ ... အားပေးနေပါတယ်

အင်း
သုံးပွင့်ဆိုင်ကြတော့မယ်ထင်တယ်နော်
ဘာတွေဖြစ်အုံးမလည်းမသိဘူး
နောက်တစ်ပတ် စောင့်မျှော်အားပေး ဖတ်ရှုပါအုံးမယ်ဗျာ

ဟုတ်ကဲ့ပါခင်ဗျာ ကျေးဇူးပါကိုမိုး

အ​ရေးအသားက​တော့ စံပါပဲ

လေပေါ်ပြန်လိုက်ရတော့မလား

ကြိုင် တစ်ယောက် ကျန်ရစ်ဖြစ်လို့ လွမ်းရတော့လေမလား

မကြာမီလာမည်မျှော်

ဇာတ်ရှိန်တော့ ကောင်းနေပြီဗျို့
ဘာတွေဆက်ဖြစ်မလဲ မျော်နေမယ်ဗျာ

ဟုတ်ကဲ့ပါဗျာအမြန်ဆုံးအဆုံးသတ်ပေးပါ့မယ် ကျေးဇူးပါဗျ

အခန်းဆက်တွေအားလုံးကို မဖတ်လိုက်ရပေ့မယ့် အခုတစ်ပါတ်တော့
ကျွန်တော်အားပေးခဲ့ပါတယ်ဗျာ

ဟုတ်ကဲ့ပါဗျ ကျေးဇူးတင်ပါတယ်

အပိုင်း( 11 ) တောင်ပြီးသွားပြီနော် လွမ်းလို့ကောင်းနေတုန်းပေါ့။

စာရေးသူကိုယ်တိုင်းကအလွမ်းဓါတ်ခံရှိနေလို့ပါဗျာ

ပန်းနာမည်လေးသုံးထားတာကောင်းတယ်။ ဖတ်ရတာ ရင်အေးတယ်။ ဒီလောက် အရှည်ကြီးရေးနိုင်တာ အံ့သြပ။ တော်လိုက်ကြတာ။

ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ်

အပိုင်းတိုင်းကို ဖက်ဖြစ်ပါတယ် စာရေးဆရာတစ်ယောက်နီးနီးကို ကောင်းပါတယ် အရေးအသားလေးတွေကို ဒီထက်ပိုမိုကောင်းမွန်အောက် ပြင်ဆင်ရေးသားနိုင်ရင် လုံးဝ စာရေးဆရာတစ်ယောက်ဖြစ်ပြီ အားပေးပါတယ် အောင်မြင်ပါစေဗျာ

ဟ်ုကဲ့ပါကိုလင်းရေ ကြိုးစားပါ့မယ်ဗျ
ကျေးဇူးလည်းတင်ပါတယ်ဗျ

ဇာတ်အရှိန်ကမြင့်လာပြီ ☺☺

ဟုတ်ပါတယ်ဗျာ

အလွမ်းနဲ့တော့ ဇာတ်သိမ်းရဦးမယ် ☹

မသိမ်းချင်ပေမယ့်လည်းပေါ့……

အခန်းဆက်သာရေးနေပေမဲ့အစ်ကို့လိုအများကြီးလည်းမရေးနိုင်ဘူး ဇာတ်အိမ်လည်းမခိုင်သေးဘူး
အတုယူပါစေဗျာ

အစ်ကိုလည်းအခန်းဆက်ဝတ္ထုရှည်တွေဖတ်တာများခဲ့လို့ပါ အခုထိလဲဖတ်နေတုန်းပါပဲ

အခန်းဆက်ရေးတာတော့မိုက်တယ်ဗျာ

ကျေးဇူးပါကိုသန့်

ဘဒိုကတော့ လေးစားတယ် တကယ်ကို ဇာတ်လမ်းအရှည်ကြီးရေးနိုင်တယ်။

ဟုတ်ကဲ့ပါအစ်ကိုရေကျေးဇူးပါဗျာ

အားပေးလျက်ပါဗျာ ဇတ်လမ်းရိုက်လိုက်ရရင်

အစ်ကိုယူပြီးရိုက်လိုက်လေ

Loading...

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.023
BTC 17363.62
ETH 1301.86
USDT 1.00
SBD 2.17