WHEN WE TALK THE BEST AT EACH OTHER (11)

in #myanmar6 years ago

စကားပြောနည်း ၁၀ နည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56

ရေကူး ညှာတင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-2-154761071542e

ရေစစ် ကရား ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-3-cc40556610716

ရေစီး ဖောင်ဆန် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-4-55b19b06338b2

ဆင်ဝှေ့ ရန်ရှောင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-5

ကြက်ဆုတ် ခွပ်ပစ် ပြောနည်း

https://steemit.com/myanmar/@aggamun/when-we-talk-the-best-at-each-other-6

တောင်သူယာခုတ် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-7

ကောက်ပင် ရိတ်လှီး ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-8

ဆီပွတ် ကျည်ပွေ့ ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-9

အိုးတန် ဆန်ခတ် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-10

ခက်တင်မောင်းနင်း ပြောနည်း

တစ်ခါသော် ရှင်ဘုရင် ကိုးကွယ်သော ဆရာတော် တစ်ပါးထံသို့ ရဲမက်များ ရောက်ရှိလာလေ၏။
ရဲမက်များနှင့် အတူ ရာဇဝတ်သား တစ်ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်လာခဲ့၏။
ရဲမက်အပေါင်းတို့သည် ဆရာတော် အား တရိုတသေဖြင့် ရှိခိုးကန်တော့ ပြီးသည့် နောက်တွင် ရဲမက်တို့၏ ခေါင်းဆောင်မှ အောက်ပါအတိုင်း လျှောက်ထားလေ၏။

ဆရာတော် ဘုရား၊ ဤခိုးသားကို တပည့်တော်တို့ စစ်ဆေးမေးမြန်းသောအခါ ဆရာတော်၏ တူအရင်း ဖြစ်ကြောင်း အစစ်ခံ နေပါတယ်။
သူ၏ ပြောစကား မှန် မမှန်ကို ဆရာတော်ထံ လာရောက် စုံစမ်းခြင်း ဖြစ်ပါတယ် ဘုရား။

ထို အခါ ဆရာတော်သည် ခိုးသူအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက်

''ငါ၏ တူ အရင်း မဟုတ်ဘူးလို့ ဘယ်သူပြောသလဲ ''

ဟု ပြန်လည် မိန့်ကြားလိုက်လေရာ ရဲမက်တော်တို့ လည်း ဆက်လက် မမေးဝံ့ တော့ဘဲ ဆရာတော်ကို ကန်တော့၍ လှည့်ပြန်လာခဲ့ တော့၏။
ထို့နောက်တွင် သူခိုးကို အနည်းငယ်မျှ ငေါက်ငန်း ပြီး လွှတ်ပေးလိုက်လေ၏။

ဤနေရာတွင် ဇာတ်လမ်းပြီးဆုံးသွားသော်လည်း ကျွန်တော်တို့ အတွေး များ အဆုံး မသတ်နိုင်သေး။
ဆရာတော်၏ မိန့်ကြားချက်ကို သေသေချာချာ သတိထား ဖတ်ရှုပါက အဓိပ္ပာယ် အမျိုးမျိုး ထွက်နေ ကြောင်း လေ့လာတွေ့ရှိရပေမည်။
ဆရာတော်၏ စကားသည် တူ အရင်းဖြစ်ကြောင်း ဝန်ခံချက် မဟုတ်သလို တူအရင်း မဟုတ်ပါဘူး ဟုလည်း ငြင်းဆိုချက် မဟုတ်ကြောင်း တွေ့နိုင်ပေသည်။
ဤသည်ပင် ကျွန်တော်ဆိုချင်သော ခက်တင်မောင်းနင်း စကားပြောနည်း၏ ပရိယာယ် ဖြစ်သည်။
အမှန်မှာ ဆရာတော်သည် သူ့၏ သိက္ခာပုဒ်လည်း မထိခိုက်၊ တစ်ပါးသူလည်း မထိခိုက် စေလိုသော ဆန္ဒဖြင့်သာ ထိုနည်း ကို သုံးလိုက်ခြင်း ဖြစ်သည်။
အမှန်အတိုင်း ခိုးသူသည် မိမိ၏ တူ မဟုတ်ပါဟု မိန့်လိုက်လျှင် ခိုးသားက အပြစ်ပေးခံရ တော့မည်။
မိမိ၏ တူ ဟုတ်ပါသည် ဟု မုသားသုံး၍ မိန့်လိုက်ပါက မိမိ၏ သိက္ခာပုဒ်အား ချိုးဖျက်ရာ ကျပေလိမ့်မည်။
ထို့ကြောင့်ဆရာတော်သည် ခက်တင် မောင်းနင်း ဟူသော ဗျူဟာကို သုံး၍ မိန့်ကြား လိုက်ခြင်း ဖြစ်ပေ၏။
ခက်တင် မောင်းနင်း ပြောနည်း ဆိုသည်မှာ စကားကို မတင်မကျ မယုတ်မလွန် ပြောဆိုသောနည်းသာ ဖြစ်ပါသည်။

ကျွန်တော် အမှီပြုရေးသားခဲ့ သော စကားပြောနည်းများကို စိတ်ရှည် သည်းခံ ဖတ်ပေးကြသူ အပေါင်းအား ကျေးဇူးတင်ပါသည်။

အားလုံး ပဲ ကျန်းမာ ချမ်းသာ ကြပါစေ …………

ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ )


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

ရှဲရှဲ bro

အခုမှသိတော့တယ် ကျေးဇူးbro

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62499.32
ETH 2450.41
USDT 1.00
SBD 2.66