WHEN WE TALK THE BEST AT EACH OTHER (4)

in #msu6 years ago

image
photo; kanbawzatimes.com
စကားပြောနည်း ၁၀ နည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56

ရေကူး ညှာတင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-2-154761071542e

ရေစစ် ကရား ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-3-cc40556610716

ရေစီး ဖောင်ဆန် ပြောနည်း

သည်တစ်ခါတော့ အနက် အဓိပ္ပာယ် ကို အရင် မဖွင့်ပြသေးဘဲ စိတ်ဝင်စား ဖို့ ကောင်းတဲ့ ဥပမာလေးတစ်ခုကို အရင် ဖော်ပြလိုပါတယ်။
တစ်ခါက…… ဟံသာဝတီ ပြည်မှာ ဘုရင် ရာဇာဓိရာဇ် အုပ်ချုပ် နေချိန်ပေါ့ဗျာ။
ရှေးတုန်းက တော့ ဒွါရဝတီ လို့ ခေါ်တဲ့ ထိုင်းနိုင်ငံမှ မင်းတစ်ပါးက တနင်္သာရီဒေသကို စစ်ချီလာပါသတဲ့။ စစ်သည်ရဲမက် များစွာနဲ့ပေါ့။
သည်သတင်းကို ကြားတော့ ရာဇာဓိရာဇ် ဘုရင်က သံအမတ်ရေးရာ မှာ ကျွမ်းကျင် လိမ္မာတဲ့ အမတ်တစ်ယောက်ကို ချိပ်တံဆိပ်နှိပ် ထားသော ရွှေပေလွှာနဲ့ အတူ ထိုင်းဘုရင်မင်းမြတ်ထံ စေလွှတ် လိုက်ပါတယ်။
ထိုင်းဘုရင်ကြီးထံ ရောက်သွားတော့ ရွှေပေလွှာကို ဆက်သလိုက်တာပေါ့။
ရွှေပေလွှာကို စတင် ဖတ်ကြားလိုက်တာနဲ့ ပြဿနာ စ ပါလေရော။
အစချီတဲ့ နိဒါန်းမှာတင် ထိုင်းဘုရင်ကြီး အတွက် ရာဇမာန်ရှ ဒေါသပုန်ထ စရာ ဖြစ်သွားလို့ပါ။
ဖြစ်ပုံက ရွှေပေလွှာထဲမှာ ရာဇဓိရာဇ်ဘုရင်က ထိုင်းဘုရင်ကို အဆွေတော်လို့ ခေါ်ဝေါ် သုံးနှုန်းထားလို့ပါ။
အဆွေတော် ဆိုတာ မိတ်ဆွေ သူငယ်ချင်း လို့ အဓိပ္ပာယ်ရမယ် ထင်ပါတယ်။ ကျွန်တော်မှားရင် လည်း ထောက်ပြပေးနိုင်ပါတယ် ခင်ဗျာ။
ထိုင်းဘုရင်မင်းမြတ်က သူဟာ ထီးရိုးနန်းရိုး အစစ် ဖြစ်ကြောင်း၊ ရာဇဓိရာဇ် ဆိုသည်က မုတ္တမ ကနေ ဟံသာဝတီ မှာ မင်းပြုရသောကြောင့် ပဝတ္တိမင်းဖြစ်ကြောင်း၊ သူ့ကို အဆွေတော်လို့ ခေါ်တာ သင့်လျော်သလား၊ မသင့်လျော်သလား ပြောပါ မပြောနိုင်ရင် ဆီအိုးကင်းကြော်မည် ဖြစ်ကြောင်း ပြောဆိုလိုက်ပါတော့တယ်။
ပါဠိ အနက်တွေ တော့ ကျွန်တော် မသိပါဘူး။
ကျွန်တော် နားလည် သလောက် တော့ ထိုင်းဘုရင်က သူဟာ တော်ဝင်သွေး အစစ်၊ သူက စီနီယာ ကျတာကြောင့် အစ်ကိုတော်လို့ ခေါ်စေချင်တာ နေမယ်ဗျ။ ခုတော့ ဘုရင် ရာဇဓိရာဇ် က သူငယ်ချင်းလို့ ခေါ်လိုက်တော့ နည်းနည်း အောင့်သက်သက် နိုင်သွားပုံရတယ်။
ဒါမှ မဟုတ် ထိုင်းဘုရင်က သံအမတ်ကို စာမေးပွဲ စစ်လိုက်တာနေမယ်။
( ကျွန်တော် ထင်တာ မှားရင် ပြင်ပေးကြပါဦး။
အဲ့ ခေတ်က သံ အမတ် လုပ်ရတာ လည်း မစားသာပါဘူးဗျာ။ )
သည်မှာတင် သံအမတ် ပြန်လည် လျှောက်တင် သော စကား အပြည့် အစုံကို ဖော်ပြလိုက်ပါတယ်။
စိတ်ဝင်စားသူများ အောက်ဆုံး ပိုဒ်တွင် ဖော်ပြအံ့သော ရေစီးဖောင်ဆန် စကား အဓိပ္ပာယ်နှင့် ယှဉ်၍ လေ့လာကြပါကုန် ။

ဘုန်းတော် ကြီးမြတ်လှသော အရှင် မင်းမြတ်…… ရှေးရှေးသော ပွင့်တော်မူကုန်ကြသည့် ဘုရားရှင်တို့သည် သဗ္ဗညုတဉာဏ်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူလျှင် ဆွေတော်မျိုးတော်များကို ညီတော်နောင်တော် ဟု ခေါ်ဆိုရိုး ထုံးစံ မရှိပါ။
ဘုရားအဖြစ်သို့ ရောက်တော်မူသော ဘုရားရှင် အချင်းချင်းသာလျှင် ခေါ်ဆိုသော ထုံးရှိပါသည်။
ဘုရားရှင်၏ သားတပည့်များ ဖြစ်သော သံဃာတော်တို့ မှာလည်း လူအဖြစ်က တော်စပ်ခဲ့သည့် ဆွေမျိုးသားချင်းများအား ညီတော်နောင်တော်ဟု ခေါ်ဆို ထုံးမရှိပါ။ ကျောင်းနေသံဃာ အချင်းချင်းသာ ညီတော်နောင်တော်ဟု ခေါ်ဆို ထုံးရှိပါသည်။
ထိုနည်းအတူ တိုင်းပြည် အုပ်စိုးသော ဘုရင်မင်းမြတ် တို့သည်လည်း ရွှေထီးရွှေနန်း မရသေးသည့် ဆွေတော်မျိုးတော်များကို အဆွေတော် အကြည်တော် ဟုခေါ်ဆိုပြီး ချိပ်တံဆိပ်နှင့် ရွှေအိမ်မှာ ပေစာသွင်း ၍ ပေးရိုး ထုံးစံ မရှိပါ။ နိုင်ငံ အချင်းချင်း၊ ရွှေထီးရွှေနန်း ကို စိုးစံရသူ အချင်းချင်းဖြစ်၍သာ ဟံသာဝတီမင်းသည် အကြည်တော် အဆွေတော်ဟု ရွှေစာအိတ်ပေစာကို ဆက်သရခြင်း ဖြစ်ပါသည်။


ကဲ မှတ်ကရော ဘုရားရှင်နဲ့ ကို ဥပမာ ထား ယှဉ်ပြလိုက်တာ လေ ။
ဒွါရဝတီမင်းဆီက မှူးမတ်အပေါင်းကလည်း
အခြေအနေကို သဘောပေါက်သွားပြီး သံအမတ် ၏ ချေပပြောဆိုသောစကား မှာ သင့်မြတ် မှန်ကန်မှု ရှိကြောင်း၊ အတုမရှိသော ဘုရားရှင်တို့ကို ဥပမာပြု၍ ချေပ လျှောက်ထားသည်မှာ ထုံးစံ ဥပဒေ ပြုထိုက်ကြောင်း လျှောက်တင်ကြတော့တာပေါ့။
ချီးကျူးစကားလည်း ဆိုကြတာပေါ့။
သည်တော့မှ ပဲ ထိုင်းဘုရင်မင်းမြတ်က ကျေနပ်သွားပြီး သံအမတ်ကို ဆုလာဘ်များစွာ ပေးသနားတော်မူခဲ့ ပါတယ်။
ရာဇဓိရာဇ် ဘုရင်ရဲ့ သံအမတ်ဟာ မိမိ ပြောလိုတဲ့ အဓိပ္ပာယ်၊ အကြောင်းအရာ ရောက်အောင် အံဝင်ခွင်ကျ တဖြည်းဖြည်းချင်း ပြောဆိုသွားတာ ဖြစ်ပါတယ် ။ ရေစီးဖောင်ဆန် ပြောနည်း အတိုင်းပေါ့။
လူတစ်ယောက် ဟာ မြစ်တစ်ခု အတွင်း ကုန်စည် အပြည့်တင်ထားတဲ့ ဖောင် နှင့် အတူ ဆန်တက်မည် ဆိုပါက ဖြည်းညင်းစွာ ဆန်တက် ရပါမည်။
သို့မှသာ အလေအလွင့် မရှိ လိုရာခရီး ရောက်နိုင်မည် မဟုတ်ပါလား။
စကားပြောရာမှာလည်း အထူးသဖြင့် အမှားမခံသော အခြေအနေ ဖြစ်ပါက သတိကြီးကြီး ထား၍ မိမိ ဆိုလိုသော အကြောင်းအရာ သို့ ရောက်အောင် တဖြည်းဖြည်း ဆွဲယူ ပြောဆို ရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ ………

ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ)


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
image


#myanmar
#msu

Sort:  

ဒီတစ်ခါတော့ ချီတာ မေ့တော့ဘူး

ဟုတ်ပ ဗျာ report ထုလိုက်လို့ဖြစ်မယ် thx all fri

ခု​ခေတ်​မှာ.... စကားအရာ​တွေက...
၁၀ နည်းမက​တော့ဘူး....။အတာ​ကြောင့်
ကိုယ်​​တွေးမိတဲ့စကား​ပြေားနည်းအသစ်​​တွေပါ ထွင်​​ရေးဗျာ😝

ဟုတ် bro လောလောဆယ်တော့ ဒါလေးပြီးအောင် လုပ်စားပါရစေဦး :-P :-P

မှတ်​ထားစရာ စကား​ပြောနည်းများ

ကျေးဇူးပါဗျ မှတ်​သားထားပါမယ်

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 60238.27
ETH 3215.90
USDT 1.00
SBD 2.46