WHEN WE TALK THE BEST AT EACH OTHER (9)
စကားပြောနည်း ၁၀ နည်း
https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56
ရေကူး ညှာတင် ပြောနည်း
https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-2-154761071542e
ရေစစ် ကရား ပြောနည်း
https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-3-cc40556610716
ရေစီး ဖောင်ဆန် ပြောနည်း
https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-4-55b19b06338b2
ဆင်ဝှေ့ ရန်ရှောင် ပြောနည်း
https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-5
ကြက်ဆုတ် ခွပ်ပစ် ပြောနည်း
https://steemit.com/myanmar/@aggamun/when-we-talk-the-best-at-each-other-6
တောင်သူယာခုတ် ပြောနည်း
https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-7
ကောက်ပင် ရိတ်လှီး ပြောနည်း
https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-8
ဆီပွတ် ကျည်ပွေ့ ပြောနည်း
သည်နည်းလမ်းလေးက တော့ ပညာ လည်းကြွယ် ရယ်ရွှင် ဖွယ်ကောင်း လှတဲ့ ပြောနည်း လေး ပါပဲ ခင်ဗျာ။
အခုလို ညွှန်းဆိုရတဲ့ အကြောင်းကို တော့ အောက်ပါ ဇာတ်လမ်း လေးကို ဆက်လက် လေ့လာပါက တွေ့ပါလိမ့်မယ်။
စကားစု လေးရဲ့ ဆိုလိုရင်းကို လည်း နောက်ဆုံး မှသာ ရှင်းပြ ပါတော့မည်။
လေ့လာကြည့်ပါကုန် ……
အမတ်ကြီး ဦးပေါ်ဦး ဟု ဆိုလိုက်လျှင် မြန်မာ့စာပေ ကို တီးမိခေါက်မိ ရှိသူများ သိကြပါလိမ့်မည်။
ဘိုးတော် မင်း ဘုရား၏ ငယ်ကျွန် ………
ဘိုးတော် မင်းဘုရား၏ အားကိုးရတဲ့ အမတ်ကြီး ………
စကားအရာမှာ သူမတူအောင် ကျွမ်းကျင် ပိုင်နိုင် စွာ ပြောဆိုတတ်သော ပညာရှိ ………
စတဲ့ ဂုဏ်ဒြပ် တွေနဲ့ ပြည့်စုံနေသူ မဟုတ်ပါလား။
ကဲ ဇာတ်ကြောင်းလေး စလိုက်ရအောင်ဗျာ ………
တစ်ခါသော် ဘိုးတော်ဘုရားက စေတီ တစ်ဆူ တည်လိုသော ဆန္ဒ ဖြစ်ပေါ်လာတာကြောင့် ညီလာခံ သဘင်မှာ အမတ်ကြီးများနှင့် ဆွေးနွေး တိုင်ပင် ကြပါတယ်။
စေတီ တည်ဆောက် ရာတွင် ဘိုးတော်ဘုရား က ပိန္နဲတိုင်ကို ဘာသစ်သားနဲ့ အသုံးပြုရမလဲ ဝေခွဲ မရ ဖြစ်နေတာပါ။
သည်တော့ အမတ်တွေကို မန်ကျည်းသားနဲ့ လုပ်ရင်ကောင်းမလား လို့ မေးတော်မူပါသတဲ့။
တကယ်တော့ ဘယ် အသားနဲ့ လုပ်ရင် အကောင်းဆုံး ဆိုတာ အမတ်ကြီးတွေ သိပါတယ်။
ဘုရင်ဖြစ်သူက ဘယ်လို ဆန္ဒရှိမလဲ မသိတော့ မတော်လို့ သဘောချင်း ထပ်တူမကျရင် အတိုက်အခံ ဖြစ်ရဦးမယ် မဟုတ်ပါလား။
ထိုခေတ် အခါက ဘုရင်ဖြစ်သူနှင့် အတိုက်အခံ ဖြစ်ခြင်းသည် ကောင်းသော ကိစ္စ မဟုတ်တာ သေချာနေတယ်လေ။
သည်အခက်အခဲကို အမတ်ကြီး ဦးပေါ်ဦးက ဟောသည်လို ကျော်လွှားသွားပါတယ် ခင်ဗျာ။
ဦးပေါ်ဦး က မန်ကျည်းသားလည်း ကောင်းပါသည်။ ကျွန်းသားလည်း ကောင်းပါသည် ဘုရား လို့ လျှောက်ပါသတဲ့။
ဘုရင်က သဘောမပေါက်သေးဘူး ခင်ဗျ။
ရှားသားအနှစ် လေးရော မကောင်းဘူးလား လို့ ထပ်မံ မေးမြန်းတော်မူပါသတဲ့။
ဦးပေါ်ဦး ကလည်း ရှားသား အနှစ်လေးလည်း ကောင်းပါတယ်။ ကျွန်းသားလည်း ကောင်းပါတယ် လို့ ထပ်လျှောက်လိုက်ပါသတဲ့။
ဘုရင်က တော်တော်ထူတာလား၊ မမူးဘဲ ရစ်တာလား မသိ။
ပိတောက်သား ဆိုရင်ရောကွဲ့ ဟု ထပ်မေးတော် မူပြန်သတဲ့။
ဦးပေါ်ဦးကလည်း ပိတောက်သားလည်း တော်တော် ကောင်းပါသည်။ ကျွန်းသားလည်း တော်တော် ကောင်းပါသည် ဘုရား ပေါ့။
သည်တော့မှပဲ သဘောပေါက်သွားတဲ့ ဘိုးတော်ဘုရားက ပြုံးတော်မူပြီး ပိန္နဲတိုင်ကို ကျွန်းသားနဲ့ လုပ်စေ လို့ အမိန့်ချ လိုက်တော့ပါသတဲ့။
အမတ်ကြီး ဦးပေါ်ဦး ပြောဆိုသွားတဲ့ စကားပြောနည်း လေးကတော့ သည်ဆောင်းပါး ရဲ့ ခေါင်းစဉ် ဖြစ်တဲ့ ဆီပွတ်ကျည်ပွေ့ ပြောနည်းလေးပါပဲ ခင်ဗျာ။
နှမ်းများကို ဆီကျိတ်သည့်အခါ ကျည်ပွေ့ ဖြင့် အကြိမ်ကြိမ် အထပ်ထပ် ဖိပွတ် ကျိတ်ရမည် မဟုတ်ပါလား။
ထိုနည်းတူစွာ ကျွန်တော်တို့လည်း မိမိတို့ရည်ရွယ်ရာ ပေါက်မြောက်အောင်၊ မိမိတို့ ဆန္ဒတွေ ပေါ်လွင်ထင်ရှား အောင် လို့ မိမိပြောလိုသော စကားကို အကြိမ်ကြိမ် အဖန်ဖန် ထုတ်ဖော်ပြောဆို ကြရမည်သာ ဖြစ်ပါသည်။
ဤသည်ပင် ဆီပွတ်ကျည်ပွေ့ ပြောနည်း ဖြစ်ပါတော့သည်။
အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ …………
ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ)
Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
#myanmar
#msu
爲什麽我看不到寫的是什麽?
sorry for inconvenience
but you can use google translate?
i am trying to write using in English next
thz for your cmt
ဗဟုသုတရပါတယ် အခုမှပဲစာလေးရဲ့အဓိပ္ပာယ်သိတော့တယ်
ဂယ်ရီးလား ဟ
စကားကြွယ်အောင် မှတ်ထားရမယ် ကျေးဇူးပါဗျ