WHEN WE TALK THE BEST AT EACH OTHER (1)

in #msu6 years ago

နိဒါန်း - ၁

ရုပ်ချော သူထက် စကားပြောကောင်းသူကို လူအများက ပို၍ နှစ်သက်ကြသည်။ အရေးပေးနေကြသည်။
ဤစကား မှန်သည်၊ မမှန်သည်ကို မိမိ ပတ်ဝန်းကျင်သို့ တစ်ခဏမျှ လေ့လာလိုက်လျှင် အလွယ်တကူ သတိထားမိပါလိမ့်မည်။
အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။
ဘာကြောင့်များ အချို့ အချို့သော သူများသည် လူတကာထက် စကားပြောပိုကောင်း နေရသနည်း။
ထိုသူများ၏ ပါးစပ်များသည် အခြားသူများထက် ပိုကျယ်နေသလား။
မဟုတ်ပါ။ ထိုသူများ စကားပြောကောင်းသည်၊ ပြောစကားတွေက သူတစ်ပါးထက် ပိုမို ပေါက်ရောက်သည်၊ ဆိုသည်မှာ အကြောင်းရင်းများစွာ ရှိပေသည်။
ထို အကြောင်း ရင်းများစွာထဲမှ ကျွန်တော် လေ့လာ သိရှိထားသမျှကို ပြန်လည် ဖောက်သည် ချပါမည်။

နိဒါန်း - ၂

စကားပြောကောင်းသူ အများစု ကို လေ့လာကြည့်ပါက သာမန်ထက် စကားနည်း ကြသူများ ဖြစ်နေကြသည်ကို အံ့သြဖွယ် သိရှိရသည်။
ထိုထက် ပိုသေချာသည့် အချက်မှာ သူတို့သည် စကားတစ်ခွန်း မပြောမီ မိမိတို့၏ စကားများကို ကောင်းသထက် ကောင်းအောင် စိတ်ထဲတွင် အကြိမ်ကြိမ် ပြောဆိုပြီးမှ ထုတ်ပြော လေ့ရှိကြသည်။
မိမိတို့ စကား၏ ကောင်းကျိုးပမာဏ၊ ဆိုးပြစ် အတိုင်းအတာကို သေသေချာချာ သုံးသပ်လေ့ရှိကြသည်။
ကျွန်တော်တို့ ကတော့ ဗျာ နောင်ခါလာ နောင်ခါဈေး ဟု သဘောထား၍ စိတ်ထဲ ရှိသမျှ အကုန် ပြောပစ်လေ့ရှိကြသည်။
ဒေါသ ငယ်ထိပ် ရောက်ချိန်တွင်မူ ဆိုဖွယ်ရာမရှိပေ။ ပြုပြင်သင့်ပါသည်။
စကားပြောကောင်းသူတို့သည် စကားကို ချင့်ချင့်ချိန်ချိန် ပြောဆိုသကဲ့သို့ သူတစ်ပါး၏ စကားပြောဆိုမှုကိုလည်း အာရုံစိုက် ပြီး တလေးတစား နားထောင်သူများ ဖြစ်နေကြပြန်သည်။

နိဒါန်း - ၃
ကျွန်တော်တို့ အများစု မျှော်လင့်နေသကဲ့သို့ စကားပြောကောင်းသူများ က မွေးရာပါ ပါရမီရှင် မဟုတ်ကြကြောင်း အောက်တွင် ဆက်လက်လေ့လာ လျှင် တွေ့ရပေမည်။
စကားပြောကောင်းသူများသည် လူထဲက လူများသာဖြစ်ကြသည်။ကျွန်တော်တို့နှင့် ကွာခြားချက်က တစ်ခုသာရှိသည်။
မိမိသိရှိ လိုသောအရာ၊ ရယူလိုသော အရာကို
အဆုံးတိုင် ရှာဖွေဖော်ထုတ်လိုသော စိတ်အားထက်သန်မှု အမြဲရှင်သန်ကြီးထွား နေကြသူများဖြစ်သည်။
ရွှေစကားနှင့် ပြောပါမူ ငရဲမီး အစားခံနိုင်ကြသူများ၊တစ်နည်း မှတ်ကျောက်တင်ခံနိုင်ကြသူများ ဖြစ်သည်။
အချိန်ကြာလာသည်နှင့် အမျှ ဇွဲပိုသန် လာကြသည်။
ထို့ပြင် နည်းစနစ်တကျ လေ့လာ ဆည်းပူးကြသူများလည်း ဖြစ်ကြသည်။ နည်းလမ်းတကျ ဇွဲရှိရှိ လေ့လာ ဆည်းပူးမှု ပြုလုပ်နေမှာတော့ သူတို့မှ ထူးချွှန် မလာရင် မည်သူက ထူးချွှန်လာမည်နည်း။ တစ်နေ့ မဟုတ်တစ်နေ့ အောင်မြင်မှု ဆုဖလားကို သိမ်းပိုက်နိုင်မည်မှာ မြေကြီး လက်ခတ်မလွဲပင်။
ကျွန်တော်တို့လည်း စိတ်နည်းနည်းသာ ရှည်ဖို့လိုပေမည်။

PRATICE MAKES PERFECT.

မဟုတ်ပါလား။

နိဒါန်း- ၎
စကားပြောကောင်းဖို့ရာ နည်းလမ်းပေါင်းမြောက် များစွာ ရှိပါသည်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ် ဆန်း ဆိုသလို ပင်။
ကျွန်တော်တို့နိုင်ငံ တွင်လည်း ရှေးပညာရှိ အကျော်အမော်များ ပြုစု ထားရှိခဲ့သော စကားပြောနည်း ၁၀ နည်း ရှိပါသည်။
၎င်းတို့မှာ -
(၁)ရေကူးညာတင် ပြောနည်း
(၂)ရေစစ် ကရား ပြောနည်း
(၃)ရေစီး ဖောင်ဆန် ပြောနည်း
(၄)ဆင်ဝှေ့ရန်ရှောင် ပြောနည်း
(၅)ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
(၆)တောင်သူယာခုတ်ပြောနည်း
(၇)ကောက်ပင်ရိတ်လှီး ပြောနည်း
(၈)ဆီပွတ်ကျည်ပွေ့ ပြောနည်း
(၉)အိုးတန်ဆန်ခတ် ပြောနည်
(၁၀)ခတ်တင်မောင်းနင်း ပြောနည်း
တို့ဖြစ်ကြသည်။

၎င်း နည်းများ၏ အသေးစိတ် ရှင်းလင်းချက် များကို ဥပမာ ဥပမေယျ များဖြင့် ဝေဝေဆာဆာ ဖော်ပြပေးသွားမည်။စာရှုသူများ လေ့လာသိရှိ၍ အကျိုးများစေရန် ဖြစ်ပါသည်။ဆက်ရန်…………
xxxxxxx


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022


image
#myanmar
#msu

Sort:  

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu
🇲🇲🇲🇲🇲

ဖတ်​ရတာ ဗဟုသုတရပါတယ်

နိုင်​ငံ​ရေးသမားအများစုက စကား​ပြော​ကောင်းကြ​လေ့ရှိပါတယ်
ရှေ့​နေ​တွေက​တော့ စကား​ပြောပညာတတ်​ကြသူ​တွေပါ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 60238.27
ETH 3215.90
USDT 1.00
SBD 2.46