WHEN WE TALK THE BEST AT EACH OTHER (5)

in #msu6 years ago

စကားပြောနည်း ၁၀ နည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56

ရေကူး ညှာတင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-2-154761071542e

ရေစစ် ကရား ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-3-cc40556610716

ရေစီး ဖောင်ဆန် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-4-55b19b06338b2

ဆင်ဝှေ့ ရန်ရှောင် ပြောနည်း

တောကြီးထဲတွင် ဆင်တစ်ကောင်နှင့် ထိပ်တိုက် ရင်ဆိုင် တွေ့ပါက ကျွန်တော်တို့ အနေဖြင့် ထိုဆင်ကြီးအား တိုက်ခိုက် အနိုင်ယူ ရန် လွယ်ကူသည့် ကိစ္စ တစ်ခု မဟုတ်ပါ။
ရင်ဆိုင်တိုက်ခိုက် ခြင်းထက် ရှောင်ပြေးသည်က ပို၍ ကောင်းမွန်သော နည်းလမ်း ဖြစ်သည်မှာ အသေအချာ ပင်။
ထိပ်တိုက် ရင်ဆိုင်လိုက်ပါက တစ်ချက်မှားသည် နှင့် ဆင်ခြေထောက်အောက် ပြားပြားမှောက်ဖို့ရာ သာရှိပါတော့မည်။
စကားပြောဆိုရာတွင် လည်း ထိပ်တိုက်တွေ့ လိုက်၍ အကျိုးမရှိသော အနေအထားမျိုး ဆိုပါက လိမ္မာပါးနပ်စွာ ရှောင်ထွက် သွားခြင်းသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
ထို့ကြောင့် ဆင်ဝှေ့ရန်ရှောင် ဆိုသည်မှာ ဆင်ဝှေ့ခံရနိုင်သည့် အခြေအနေမျိုးတွင် အန္တရာယ်မှ ရှောင်ထွက်ခြင်း ဟု ဆိုလိုကြောင်း သိရှိနားလည် လောက်ပေမည်။
အောက်တွင် ဖော်ပြထားသော မြို့ဝန် မင်း၏ ဆင်ဝှေ့ ရန်ရှောင် စကား အတတ် ပညာအား လေ့လာကြည့်ပါကုန် ……………
တစ်ခါသော် ညီတော်အိမ်ရှေ့စံ မင်းသားတစ်ပါးသည် နောင်တော် ဘုရင်ကြီးထံမှ ခွင့်ပြုချက်ယူပြီး ကျောင်းတော်ကြီး တစ်ဆောင် ဆောက်လုပ် လှူဒါန်းတော်မူပါသတဲ့။
ဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းတော်မှ တိုင်လုံးကြီးတွေကို လည်း ယက်မအောက်ကနေပြီး တစ်တိုင်လုံးကို မြေကြီး အထိ ရွှေချ လိုက်ပါတော့တယ်။
ရွှေတိုင်လုံးကြီး တွေပေါ့ ခင်ဗျာ။
တကယ်တော့ အဲ့သည်ခေတ်က ဘုရင်မင်းမြတ်တွေသာ လုပ်လေ့လုပ်ထ ရှိတဲ့ အလှူမျိုးပေါ့။
ဘယ်လောက် စွမ်းစွမ်း ဘုရင်ထက် စွမ်းလို့ မရတဲ့ ကာလဆိုတော့ အိမ်ရှေ့ စံရဲ့ အပြုအမူကခုခေတ် စကားပြောရရင်

ကြောတာ

ပေါ့ဗျာ။
လည်ပင်း တောင် ယားကျိကျိ ဖြစ်လာပီ။
ဒါကို အိမ်ရှေ့စံ အပါးမှာ ခစားတဲ့ မြို့ဝန်မင်းက သိတာနဲ့ ချက်ချင်းကို မဖြစ်ချေဘူးဆိုပြီး သူ့သခင် အိမ်ရှေ့စံ တောင် အသိမပေးနိုင်ဘဲ မြန်မြန် ဖျက်လိုက်ရတာပေါ့။
တိုင်လုံးတွေ ပေါ်ကနေ မြေကြီးအထိ ရောက်နေတဲ့ ရွှေတွေကိုလေ။
နှမြောစရာ ကောင်းပေမယ့် တတ်နိုင်ဘူးလေ။
ကိုယ့်အမှား ကိုယ်မသိသေးတဲ့ အိမ်ရှေ့စံက သိသွားတဲ့ အခါမှာတော့ မြို့ဝန်မင်း ကို ခေါ်ပြီး ဒေါသတကြီး ဆူပူ ကြိမ်းမောင်း ပြောဆို ပြစ်တင် တော့တာပေါ့ဗျာ။
သည်နေရာမှာ နည်းနည်းတော့ စကားကြောရှည်ပါရစေ။ စေတနာနဲ့ပါ။
မြို့ဝန်မင်း ဟာ ဆင်ဝှေ့ ရန်ရှောင် ပြောနည်းနဲ့ လွတ်သွားမယ်ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။
အခု စာရှုသူ အနေနဲ့ မြို့ဝန်မင်းနေရာမှာသာ ဆို ဘယ်လို အမျက်ပြေအောင် လျှောက်တင်မလဲ စဉ်းစားကြည့်ပါလား ခင်ဗျာ။
စဉ်းစားလို့ရရင် တော့ ဆက်ဖတ်နိုင်ပါတယ်။
ဒါဆိုရင် မြို့ဝန်မင်းရဲ့ စကားအတတ်ပညာကို ပိုမို နားလည် သဘောပေါက်မယ့်အပြင် စကားပြောနည်းကိုလည်း ပိုမို နားလည်နိုင်ပါလိမ့်မည်။
ကဲ စဉ်းစား ပြီးရင်တော့ မြို့ဝန်မင်း စကား အသွားအလာ လေးကို လေ့လာကြည့်ရအောင် ခင်ဗျ

ဒီလို ပါ ကိုယ်တော်လေး၊ ကိုယ်တော်လေးဟာ ရွှေနန်းရှင် မင်းတရားကြီး လူ့ပြည်မှာ ငြီးငွေ့လို့ နတ်ရွာ လားခဲ့ရင် ထီးနန်း အရိုက်အရာကို ဆက်ခံရမယ့်သူပါ ဘုရား။ ထီးနန်း ကို စိုးစံ၍ အရှင်မင်းကြီး ဖြစ်ခဲ့ရင်လည်း အခုလို ကျောင်းတော်ကြီးကို ထပ်မံလှူဒါန်း ခွင့် ကြုံလာမှာပါပဲ ဘုရား။ အခုကတည်းက သာ တိုင်လုံးတွေကို ရွှေချထားပြီး လှူဒါန်းလိုက်ပါက နောင်တစ်ချိန် ထပ်တူထပ်မျှ လှူဒါန်းပါသော်လည်း ပြည်သူများက အိမ်ရှေ့စံ ဘဝ က အလှူ နှင့် မင်းဧကရာဇ်ဖြစ်မှ လှူသော အလှူ ဘာမှမကွာပါလား၊ အတူတူပါပဲကွာ လို့ ပြောဆိုဝေဖန် စရာ ဖြစ်ပါလိမ့်မယ် ဘုရား။သည်အတွက် နောင်တစ်ချိန် ပြောစရာ မဖြစ်အောင် တိုင်လုံးများထံမှ ရွှေများကို ဖျက်ချလိုက်ခြင်း ဖြစ်ပါတယ် ဘုရား။


ကျွန်တော် ခံစားမိသလောက် ပြောရရင် မြို့ဝန် မင်း စကားက နည်းနည်းတော့ ပေါကြောင်ကြောင် နိုင်ပေမယ့် အမှန်အတိုင်း လည်း ပြောလို့မရဘူးလေ။
အမှန်အတိုင်းပြောရင် အမျက်ထွက်တာ ခံရနိုင်တယ်မလား။ ဒါကြောင့် ပရိယာယ် သုံးပြီး အမှန်ကို သိအောင် လျှောက်လိုက်တာပါ။
ကဲ စဉ်းစားထားတာနဲ့ တူရဲ့လားဗျာ။
တူခြင်း မတူခြင်းထက် မြို့ဝန်မင်း ရဲ့ စကားအတတ်ကို နားလည်သဘောပေါက်ရင် ဤစာ ကို ရေးရကျိုး အဲလေ keyboard နှိပ်ရကျိုး နပ်လှပါပြီဗျားးး ။
သူ့အမှားကို သူ သိရှိသွားတဲ့ အိမ်ရှေ့စံက ကျေနပ်ပျော်ရွှင်သွားပြီး မြို့ဝန်မင်းကို ဆုတော် လာဘ်တော် များ ချီးမြှင့်လိုက်တယ်ဆိုတာတော့ မပြောတော့ဘူးနော် :) :)
အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ

ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ)


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

စကား​ပြောခြင်းက အတတ်​ပညာတစ်​ခု​ပါ မတ်​သားသင့်​ပါတယ်

မှတ်ထားပါတယ်

ဗဟုသုတရပါတယ်​ဗျ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 59961.00
ETH 3199.92
USDT 1.00
SBD 2.46