WHEN WE TALK THE BEST AT EACH OTHER (8)

in #msu6 years ago

စကားပြောနည်း ၁၀ နည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56

ရေကူး ညှာတင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-2-154761071542e

ရေစစ် ကရား ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-3-cc40556610716

ရေစီး ဖောင်ဆန် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-4-55b19b06338b2

ဆင်ဝှေ့ ရန်ရှောင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-5

ကြက်ဆုတ် ခွပ်ပစ် ပြောနည်း

https://steemit.com/myanmar/@aggamun/when-we-talk-the-best-at-each-other-6

တောင်သူယာခုတ် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-7

ကောက်ပင် ရိတ်လှီး ပြောနည်း

သည်တစ်ခါ တော့ ပညာသားပါလှ တဲ့ စကား ပြောနည်း လေးကို လေ့လာကြည့်ရအောင် ခင်ဗျ။
ကောက်ပင် ရိတ်လှီး ဆိုတဲ့ အတိုင်းပါပဲ ကောက်ရိတ် သိမ်းတဲ့ အခါ ကောက်ပင်၏ အရင်းပိုင်းကို သေသေချာချာ စုကိုင်ပြီးမှ တံစဉ်နဲ့ တိခနဲ ပြတ်အောင် တစ်ချက်တည်း လှီးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ထိုနည်းတူစွာ စကားပြောဆိုရာတွင်လည်း သူတစ်ပါး စကားကို အပိုင် ချည် ပြီးမှ မိမိ ပြောလိုရာကို ပိုင်ပိုင်နိုင်နိုင် ပြောဆိုခြင်းအတတ် ပင် ဖြစ်ပါတယ် ခင်ဗျ။
ကဲ သာဓက ဇာတ်ကြောင်းလေးကို လေ့လာ ကြည့်ပါဦး...
တစ်ခါသော် သူဋ္ဌေးသား တစ်ယောက်သည် ဗျိုင်းသေ တစ်ကောင်ကို လည်ပင်းနားမှ ဆုပ်ကိုင်လျက် လမ်းလျှောက်လာစဉ် လူလည် တစ်ယောက်နှင့် ပက်ပင်းတိုး မိလေ၏။
လူလည်သည် ဗျိုင်းသေ အား အလကားလိုချင် သဖြင့် သူဋ္ဌေးသားအား လှည့်ဖြားရန် ကြံဆောင်ကြိုးစားလေ၏။
''အရှင့်သား ဤဗျိုင်းသည် ကျွန်ုပ်မွေးထားသော ဗျိုင်းဖြစ်၏။ ကျွန်ုပ်၏ ဗျိုင်းကို အဘယ့်ကြောင့် ဤသို့ လုပ်ရက်လေသနည်း။
ဤဗျိုင်းသည် သာမည ဗျိုင်းမဟုတ်။ နေ့စဉ်ရွှေ တစ်ကျပ်သားမျှ ထုတ်ပေးနိုင်သော ဗျိုင်းဖြစ်၏။
အလျော်ပေးရန် အရှင့်သားအား တရားစွဲဆိုအံ့''
ဟူ၍ ရင်ကို ထု၍ ရှိုက်ကြီးတငင် ငိုလျက် ပြောဆိုလေတော့၏။
( တကယ်ကို အကယ်ဒမီ ရှော့ ပါပဲ ခင်ဗျာ။
စွပ်စွဲချက်တွေက လည်း သေလောက်တယ်။ သူဋ္ဌေးသား မလွယ်ဘူး။)
ထို့နောက် တရားရုံးသို့ သွား၍ အဆုံးအဖြတ် ခံယူကြလေသည်။
တရားသူကြီးတွေ ရှေ့ရောက်တော့ လူလည်က အရင် စွဲချက်တင်လေသည်။
ထိုနောက် သူဋ္ဌေးသား၏ ခုခံ ချေပရန် အလှည့် ရောက်လာပါတယ်။
(ဇာတ်လမ်းတော့ စပြီဗျို့။ )
သူဋ္ဌေးသားသည် လူလည်အား တရားသူကြီး တို့ ရှေ့မှောက်၌ မေးခွန်းတစ်ခု မေးလေ၏။
'' မိတ်ဆွေ ဤဗျိုင်းသည် သင့်အား ရွှေစင် တစ်ကျပ်သား ပေးတာ အချိန်ကာလအားဖြင့် မည်မျှ ရှိပြီနည်း။''
( တကယ်တော့ ဒါဟာ သူဋ္ဌေးသားရဲ့ ခြေယောင်ပြ အကွက်လေးပါ။ လူလည်တစ်ယောက် ခမျာ ကိုယ့်လည်ပင်း ကြိုးကွင်းလာစွပ်တာ တောင် သတိ မထား နိုင်တော့ ပါဘူး။ လောဘက တက်နေတာကိုး။)
လူလည်က ပြန်လည်ဖြေကြားလိုက်သည်က ...
'' တစ်နှစ် ရှိပါပြီ။''
( ပွဲသိမ်း သွားပါပြီ ဖြစ်ကြောင်း ရိပ်စားမိနေလောက်ပြီ ထင်ပါတယ်။ )
သည်မှာတင် သူဋ္ဌေးသားလေးက နောက်ဆုံး ပွဲသိမ်း လျှောက်လဲချက်ကို တရားသူကြီးထံ လျှောက်လဲလိုက်ပါတော့တယ်။
'' တရားသူကြီး မင်းခင်ဗျာ အမှန်တကယ်တော့
ဤဗျိုင်းကို အကြောင်းမဲ့ သတ်ဖြတ် ခဲ့ခြင်းမဟုတ်ပါ။
ဤဗျိုင်းသည် ကျွန်တော်မျိုး၏ အိမ်ရှေ့တွင် ပုံထားသော ရွှေစင်များကို ခိုးယူ စားသောက်နေသည်မှာ ကြာချေပြီ။
ခြောက်လှန့် ဖမ်းဆီးသော်လည်း မမိနိုင်။
ယခုတော့ အသေဖမ်းမိရုံမျှမက ပိုင်ရှင်ပါ တွေ့နေပါပြီ။
ဗျိုင်းသည် ကျွန်ုပ်၏ ရွှေများကို ခိုးယူသဖြင့် သူခိုးဖြစ်ပါသည်။
ဗျိုင်း ပိုင်ရှင်သည် သူခိုး လက်ခံ ဖြစ်ပါသည်။
ထို့ကြောင့် ဗျိုင်း ပိုင်ရှင် အား ကျွန်ုပ် ၏ နစ်နာမှု အတွက် လျော်ကြေး အဖြစ် ရွှေစင် သုံးပိဿာ ခြောက်ဆယ်သားကိုလည်း တောင်းဆိုပါသည်။''
သူဋ္ဌေးသား၏ ထုချေချက်ကို ကြားရသည့် နောက်တွင် မည်သို့ မည်ပုံ ဆက်လက် ဖြစ်မည် ဆိုသည်မှာ တွေးစရာ မလိုအောင် ပြည့်စုံနေပါတော့၏။
တကယ်တော့ ပညာဆိုတာ ယူတတ်သလို ရတာပါ။
ဤစာစုကို ဖတ်ရှု၍ တစ်စုံတစ်ခု ရရှိမည်ဆိုပါက စာရိုက်ရကျိုး နပ်ပေပြီ။
အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ ...

ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ)


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

ပညာရပါတယ်ဗျာ

ကျေးဇူးပါပဲ bro

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60268.51
ETH 3201.96
USDT 1.00
SBD 2.43