WHEN WE TALK THE BEST AT EACH OTHER (6)

in #myanmar6 years ago

စကားပြောနည်း ၁၀ နည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56

ရေကူး ညှာတင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-2-154761071542e

ရေစစ် ကရား ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-3-cc40556610716

ရေစီး ဖောင်ဆန် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-4-55b19b06338b2

ဆင်ဝှေ့ ရန်ရှောင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-5

ကြက်ဆုတ် ခွပ်ပစ် ပြောနည်း

သည် စကားစုလေးရဲ့ အဓိပ္ပာယ် ဟာ သိပ်တော့ ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။ ပေါ့ပေါ့ပါးပါး လေးပါ။ကြက်နှစ်ကောင် အချင်းချင်း ခွပ် ကြတဲ့ အခါ ရှေ့တိုး နောက်ဆုတ် လုပ်ပြီး အသာရတဲ့ အချိန်တွေမှာ အပိုင်စီး ခွပ်တဲ့ သဘောတရား ဖြစ်ပါတယ်။
စကားပြောတဲ့ အခါ လည်း သူတစ်လှည့် ကိုယ်တစ်လှည့်ပြောကြရင်း ကိုယ်သာတဲ့ အချိန် စီးပြီးပြော လိုက်နိုင်တဲ့ ဗျူဟာ ပါ။
သူတစ်ချက် ကိုယ်တစ်ချက် ဆိုပေမယ့် ကိုယ့်တစ်ချက်က ပိုပြီး စီးစီးပိုးပိုး နှက်လိုက် နိုင်တာကို ဆိုလိုတာပါ။

y8dx8rujeq.jpg
credit : google image

အခု အင်းဝ ပညာရှိအမတ် နဲ့ ရခိုင်ပညာရှိ အမတ် တို့နှစ်ဦး တို့ရဲ့ စကားဝိုင်းလေးကို လေ့လာ ကြည့်ရအောင်ဗျာ။
အချိန်ကတော့ အင်းဝ နေပြည်တော်သို့ ရခိုင်ပညာရှိ အမတ် တွေ တိုင်းရေးပြည်ရေး ဆွေးနွေးဖို့ ရောက်နေချိန်ပေါ့ဗျာ။
ဆွေးနွေးပွဲတွေ ပြီးသွားတော့ အင်းဝ အမတ်မင်း တို့နဲ့ ရခိုင် အမတ်မင်း တို့ စားရင်း သောက်ရင်း အလာပ သလာပ ပြောကြတယ်နဲ့ တူပါရဲ့ဗျာ။
ရခိုင်အမတ်က စ ပြောပါတယ်။
ဓညဝတီ ပြည် ကြီးက အလွန် စည်ပင် သာယာ ဝပြော ကြောင်း၊ ဓညဝတီ သားတို့ဟာ ဒါန၊ သီလ စတဲ့ ကုသိုလ် ကောင်းမှုကို ပြုလုပ်လေ့ရှိတာကြောင့် တိုင်းပြည်က အေးချမ်းနေကြောင်း၊ ရွှေနန်းရှင်ကလည်း မင်းကျင့်တရား နဲ့ အညီ အုပ်ချုပ် တော်မူသောကြောင့်လည်း တိုင်းသူ ပြည်သား များမှာ ရောဂါ ဘယ မရှိ၊ နတ်ပြည်ကြီးကဲ့သို့ အလွန် ငြိမ်းချမ်း ပျော်ရွှင်စရာ ကောင်းလှ ကြောင်း ပြောဆိုကြပါတယ်။
အင်းဝ အမတ်များက လည်း ထိခိုက်စရာ မရှိတော့ လည်း ဟုတ်ပေတာပဲ၊ မှန်ပေတာပေါ့ လို့ ထောက်ခံပြောဆို ကြပါတယ်။
အင်းဝ အမတ်တွေ အလှည့်ရောက်တော့ သာသာထိုးထိုး လေး ပြောရတာပေါ့။
အကြံတူ နောက်လူသာစမြဲ မဟုတ်လား။
အင်းဝ နေပြည်တော်ကြီးက အလွန် သာယာ စည်ပင် ဝပြော လှတာကြောင့် ဆယ့်နှစ်ရာသီ ပွဲများစွာ ကျင်းပနေရကြောင်း၊ ပွဲများလွန်းလို့ မည်သူမျှ တကူးတက ပွဲလမ်းသဘင် မကြည့်ဖြစ် တော့ ကြောင်း ဂုဏ်ယူ ပြောဆိုတာပေါ့။
သည်နေရာမှာ ဟာကွက်ရှာနေတဲ့ ရခိုင် ပညာရှိများက ဟာကွက်ကို ဟောသလို ထောက်လိုက်ပါတော့တယ်။
အမတ်မင်း ပြောလို့သာ ကြားရပါတယ်။ ကျွန်ုပ်တို့ မြို့တွင်း ဝင်လာစဉ် အခါက လာရောက်ကြည့်ရှု ကြတဲ့ လူပရိသတ် က မနည်းလှပါလား။ ဘယ်လိုကြောင့်များပါလိမ့် လို့ တစ်ချက် စကားစ ပစ်လိုက်ပါတယ်။
ကဲ အင်းဝ အမတ်များ ပြန်ချေရမယ့် အလှည့်ပေါ့ ခင်ဗျာ။
သည်နေရာမှာ တော့ ကျွန်တော်ရဲ့ ဝသီ အရ စာဖတ်သူကို စဉ်းစားကြည့်စေချင်ပါတယ်။
အောက်ကို ဆက် မဖတ်သေးဘဲ ငါသာ အင်းဝအမတ် နေရာ မှာဆို ဘယ်လို ပြန် ချေပ ရမလဲ လို့ ပေါ့ ခင်ဗျ။
စဉ်းစားတာ မှန်သည် ဖြစ်စေ၊ မမှန်သည် ဖြစ်စေ စဉ်းစား တတ်တဲ့ အကျင့်လေး ရသွားရင်ပဲ အမြတ်ပေါ့နော်။
ဟုတ်ကဲ့ စဉ်းစားလို့ရရင် ဆက်သွား ကြတာပေါ့။ အဖြေ တိုက်မယ်ပေါ့ဗျာ။
အင်းဝ အမတ်ပြောလိုက်တာက သည်လိုပါ။
အမတ်မင်းသုခမိန် တို့ ကို အများအပြား လာရောက် ကြည့်ရှု တာက ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ အင်းဝသူ အင်းဝသားတို့ ရဲ့ စိတ်ရင်းအမှန်က သည်လိုပါ အမတ်မင်း။ ရွှေနန်းရှင်ရဲ့ မင်္ဂလာ ဆင်တော်ကို နေ့စဉ် နေ့တိုင်း သုံးကြိမ်တိတိ အတီးအမှုတ် တို့ဖြင့် ရေချတော်မူပေမယ့် ကြည့်ရှုသူ မရှိပါဘူး။ မြင်ဖူးနေကျ မဟုတ်သည့် တောဆင်ရိုင်းများ ယူဆောင်လာသည့် အခါမျိုး မှာတော့ ကြိတ်ကြိတ်တိုး လာရောက် ကြည့်ရှု တတ်ကြပါတယ်။ယခုလည်း အမတ်မင်းတို့ကို တောဆင်ရိုင်းများ ကဲ့သို့ ထင်မှတ်လျက် လာရောက်ကြည့်ရှုခြင်း ဖြစ်ပါလိမ့်မယ် လို့ သာသာနဲ့ နာနာ နှက်လိုက်ပါတယ်။
သည်တော့မှပဲ ရခိုင် ပညာရှိ အမတ်တို့ လည်း အိမ်း ငါတို့ တော့ တစ်ချက်စီးမိသွား ပြန်ပဟေ့ ဆိုပြီး ဝန်ခံရင်း အင်းဝ အမတ်ပညာရှိများကို လည်း ချီးကျူး ပြောဆိုကြပါတော့တယ်။
ဒါကတော့ ကြက်ဆုတ် ခွပ်ပစ် ဗျူဟာလေး အကြောင်းပါပဲ ခင်ဗျာ။
အားလုံးပဲ ငြင်းနိုင် ခုံနိုင် ကြ အဲလေ ကျန်းမာ ချမ်းသာ ကြပါစေ ……

ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ)


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

ရှေ့​နေ​တွေ ပိုင်​နိုင်​လွန်းတဲ့ စကား​ပြောနည်း​တွေလို့ ဆိုကြ​လေ့ရှိတယ်​..

ဟုတ်ကဲ့ [: )]

အားပေးနေတယ်

ရှဲ ရှဲ bro :-)

ဗဟုသုတရပါတယ်​ ဖတ်​လိုက်​ရတာ

ဝမ်းသာပါတယ်ဗျာ ခုလိုကြားရတာ

မှတ်​သားစရာပါပဲ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 60209.45
ETH 3212.30
USDT 1.00
SBD 2.43