WHEN WE TALK THE BEST AT EACH OTHER (7)

in #msu6 years ago

စကားပြောနည်း ၁၀ နည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56

ရေကူး ညှာတင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-2-154761071542e

ရေစစ် ကရား ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-3-cc40556610716

ရေစီး ဖောင်ဆန် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-4-55b19b06338b2

ဆင်ဝှေ့ ရန်ရှောင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-5

ကြက်ဆုတ် ခွပ်ပစ် ပြောနည်း

https://steemit.com/myanmar/@aggamun/when-we-talk-the-best-at-each-other-6

တောင်သူယာခုတ် ပြောနည်း

ဟုတ်ကဲ့ သည်တစ်ခါလည်း အရင်ဆုံး ဇာတ်လမ်း လေးကို လေ့လာ ကြ ရအောင်ဗျာ
ဘုရားလောင်း မဟော်သဓာနဲ့ သေနက အမတ်တို့နှစ်ယောက်ရဲ့ စကားအချေအတင် ပြောဆိုကြပုံ ကို လေ့လာကြည့်မှာပါ။
ခုခေတ်ဆို debate ပေါ့ ခင်ဗျ။
မိတ္ထိလာ ပြည့်ရှင် ဝိဒေဟရာဇ် မင်းကြီးဟာ အရင်ဆုံး မေးခွန်းတစ်ခု မေးတော်မူပါတယ်။
ဝိဒေဟရာဇ် မင်းကြီးမှာ သေနက၊ ဒေဝိန္ဒ၊ ပက္ကုသ၊ ကာမိန္ဒ လို့ အမည်ရတဲ့ သက်တော်ရှည် အမတ်တွေရှိတာရယ်၊ မဟော်သဓာလေးကို ဉာဏ်ပညာ ထက်မြက်လွန်းတာကြောင့် မင်းကြီးက မွေးစားသား ပညာရှိအမတ် အဖြစ် ခန့်အပ်တော်မူခဲ့ တာရယ် ကိုတော့ သိပြီးသား လို့ ယူဆပြီး ဇာတ်စုံ မခင်းတော့ဘူးနော်။
မင်းကြီးမေးတော်မူတာက ဥစ္စာရှိသူနဲ့ ပညာရှိသူ မည်သူက ပိုအကျိုးအမြတ် ရှိသလဲ ပေါ့ ခင်ဗျာ။
ကဲ ကျွန်တော့ရဲ့ ဝသီအရ စာဖတ်သူ အရင် စဉ်းစားပြီး ဖြေကြည့်ပါဦး။
အဖြေ ရယုံလောက်နဲ့ တော့ အဆင်မပြေ နိုင်လောက်ဘူး ဆိုတာ ရိပ်မိတယ် ဆိုရင်တော့ အကြောင်းပြချက်တွေပါ ကြိုတင်စဉ်းစားထားကြပါ ခင်ဗျာလို့ ကြိုတင် တိုက်တွန်းပါတယ် ဗျားးးး ။
မကြာခင် ငြင်းခုံ ကြရတော့မယ် မလား ဟဲ ဟဲ။
ကဲ စပြီ ဗျာ
သေနက အမတ်ကြီးကတော့ မင်းလိုလိုက် မင်းကြိုက်ဆောင်တာလား၊ သူ့ အတွေးပဲလား တော့ မခန့် မှန်းတတ်ပါဘူး။ ဥစ္စာရှိသူက ပိုမြတ်ပါတယ် တဲ့ဗျား။
မဟော်သဓာ သတို့သားကတော့ ပညာရှိသူ သာမြတ်ပါတယ် ပေါ့။
စာဖတ်သူ အတွေးကရော ?
ကဲ သေနက အမတ်ကြီးက စတင် တိုက်စစ် ဖွင့်ပါပြီ

အရှင်မင်းကြီး မဟော်သဓာ သည် အမိနို့ရည် ပင် မစင်သေး သောကြောင့် ထို စကားကို ပြောတာပါ။သည်လောကမှာ ဥစ္စာရှိသော သူတို့ကိုသာ ပညာရှိသူတို့က ခစားကြရတာပါ။ ဒါကြောင့် ဥစ္စာရှိသူသာ မြတ်ပါတယ်။


မဟော်သဓာလေးရဲ့ တန်ပြန်တိုက်စစ်ကို ကြည့်ပါဦး ဗျာ။

အရှင်မင်းကြီး အမတ်ကြီးက အမှန်ကို မသိလို့ ပြောတာပါ။ ဥစ္စာရှိ၍ ပညာမရှိသောသူတို့ နာမကျန်းဖြစ်ပါက ရောဂါ ပျောက်ကင်းရန် ဆေးပညာတတ်ကျွမ်းသူ ပညာရှင်များကိုသာ ဆည်းကပ်ခစား ရပါသည်။ ထို့ကြောင့် ပညာရှိသူသာလျှင် မြတ်ပါကြောင်း လျှောက်တင်ပါသည်။


ဟုတ် အဖွင့်လေးက တော့ ခပ်သွက်သွက်လေးပါပဲ ခင်ဗျာ။
သေနက အမတ်ကြီးက နောက်ထပ် ထောက်လက်သီး တစ်လုံးကို ထပ်မံ ပစ်သွင်း လိုက်ပါတယ်။

အရှင် မင်းကြီး မဟော်သဓာစည် အတွေ့အကြုံနည်းပါး၊ အလိမ္မာရှားပါး လွန်း၍သာ ဤသို့ ပြောခြင်း ဖြစ်ပါသည်။
လောကတွင် အသီးအပွင့်နှင့် ပြည့်စုံသော စားသုံးပင်ကို ငှက်အပေါင်းတို့ မှီခိုရသကဲ့သို့ ဥစ္စာ ရှိသောသူကိုသာ မှီခိုစားသောက် ရပါသည်။ထို့ကြောင့် ဥစ္စာရှိသူသာ လျှင် ပိုမြတ်ကြောင်းပါ ဘုရား။


သေနက အမတ်ကြီးက သက်တော်ရှည် အမတ်ပီပီ ဥပမာပေးချက်က ထိမိလှပါတယ်။
မဟော်သဓာ နေရာမှာ ကျွန်တော်ဆို ရင်တော့ ပွဲသိမ်းနိုင်လောက်တဲ့ လက်သီးချက်ပါ။
ဟုတ် ကျွန်တော်က ထောက်လက်သီးတောင် မခံစားနိုင်ပါဘူး မနည်း နှာနှပ်ယူရမှာ။
မဟော်သဓာ သတို့သားက တော့ အပြုံးမပျက်ဘဲ ဖြောင့်လက်သီး တစ်လုံးတောင် ပစ်သွင်းလိုက်ပါသေး ဗျာ။

မင်းကြီး ဘုရား၊ ဥစ္စာရှိသူသာ မြတ်သည် ဟု ကြိမ်ဖန်များစွာ ပြောဆိုနေသော အမတ်ကြီး ဟာ ခွေးငတ်ကြီးနဲ့ တူပါတယ် ဘုရား။
ငတ်နေသော ခွေးကြီးများဟာ အစာရှိရာ၊ ထမင်းဆုပ်ရှိရာ နေရာကို ဝိုင်းအုံလာသကဲ့သို့ တစ်ခဏမျှသော ချမ်းသာမှုကိုသာ မြတ်နိုးကြ၊ သိကြပါတယ်။
ဥစ္စာရှိ၍ ပညာမရှိသော သူမိုက်တို့သည် ကုသိုလ်၊ အကုသိုလ် ကိုလည်း မသိ၊ အကုသိုလ် တရားကြောင့် အပါယ်သို့ ကျရောက်တတ်သည်ကိုလည်း မမြင်။
ပညာရှိသူတို့ကမူ အကုသိုလ် တရားကို သိ၍ ကုသိုလ် တရားကိုသာ ကျင့်ကြံ၏။ကုသိုလ် တရားကိုသာ ကျင့်ကြံကြသဖြင့် ကောင်းရာသုဂတိသို့သာ ရောက်ရသူများမှာ ပညာရှိသူများသာ ဖြစ်၍ ပညာရှိသူသာ မြတ်ပါတယ် ဘုရား


မဟော်သဓာရဲ့ ဖြောင့်လက်သီးချက်က ခွပ် ခနဲ နေတာပါပဲဗျာ။
သေနက အမတ်ကြီးခဗျာ တော်တော် ထိသွားမယ့် ပုံပါပဲ။
ဒါပေမယ့် ပညာရှိဆိုတော့လည်း ဘယ်လျှော့ပါ့ မလဲဗျာ စာပေ ကျမ်းဂန်တွေ အများကြီး ဖတ်ထားတာပဲ ။
နောက်ထပ် ဝိုက်လက်သီး တစ်ချက် ပစ်သွင်းလိုက်ပါတယ်။

အရှင်မင်းကြီး မဟော်သဓာ သတို့သားသည် ဟုတ်မှန်ရာကို မသိသော အကန်း ကဲ့သို့ မမြင်မစမ်း ရမ်းပြောနေခြင်းသာ ဖြစ်ပါတယ်။
လောက၌ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ တို့သည် ရေအပြည့်ရှိပြီးသော မဟာသမုဒ္ဒရာ ထဲသို့သာ လာရောက် စုပေါင်းကြပါသတဲ့။
လူအပေါင်းတို့လည်း ဥစ္စာရှိသူတို့ထံသာ လာရောက် ခစားကြရပါသည်။
ရှေးအခါက ဂေါဝိန္ဒဆိုသော သူဋ္ဌေးသည် သူ၏ခံတွင်းမှ မကောင်းသော အရည်များကျသည်ကို နတ်သမီး အဆင်းနှင့်တူသည့် မိန်းမငယ်တို့က ဝတ်ကောင်းစားလှများ ဝတ်ဆင်လျက် ကြာညိုပန်းတို့ အလှည့်ကျ သုတ်ပေးကြရပါသည်။
ဤသည်ကိုထောက်လျှင် ဥစ္စာရှိသူသာ မြတ်ပါသည် ဘုရား။


ဝိုက်လက်သီးမှ ဘယ်ဝိုက်လက်သီးပါ ခင်ဗျ။
မရှောင်နိုင်၍ မေးရိုးများ မတော် ထိမိပါက ကားခနဲ မှောက်သွားနိုင်ပါတယ်။
အရာရာမှာ အနည်းချက် အားသာချက် ကိုယ်စီရှိတာ သိနေတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်လေး မဟော်သဓာက သေနက အမတ်ကြီး၏ ဟာကွက်ကို တွေ့ရှိသွားပြီး လှလှပပ ရှောင်ထွက်သွားပုံလေးက တော့ သည်လိုပါတဲ့ ခင်ဗျား။

အရှင်မင်းကြီး သေနက အမတ်ကြီးသည် လူကြီးဖြစ်သော်လည်း လူကြီးမိုက် သာ ဖြစ်ပါတယ်။
မဟာသမုဒ္ဒရာ ရေသည် ကမ်းစပ်သို့ ရောက်လျှင် ပျောက်၏။ ကမ်းကို မလွန်နိုင်။
ထို့အတူ ဥစ္စာသာရှိ၍ ပညာမရှိသောသူသည် သဘင်ပွဲများ၌ သူတစ်ပါးနောက်မှာသာ နေရပါသည်။
လျှာမရှိ သူကဲ့သို့ တိတ်တိတ်လေးသာ နေရပါသည်။
ပညာရှိသူသည် ပွဲလယ်မှာတင့်၊ အနှစ်ရှိသော စကားများကိုလည်း ဆိုနိုင် ပြောနိုင်၊ လူတကာတို့၏ ချီးမွမ်းခြင်းပါ ပြုကြပါသည်။
ဂေါဝိန္ဒသည် အရည်အရွဲ ယိုတတ်သောကြောင့် ပွဲလယ်တွင် နေခြင်းငှာ မထိုက်၊ ပမာဆိုရသော် ဥမင်တွင်း၌ ရွှေငွေများစွာ ရှိသော်လည်း ဆီမီးနှင့်တူသော အလင်း မရှိပါက မည်သို့မျှ ရွေးချယ်ယူဆောင်နိုင်မည် မဟုတ်ပါ။
ဥစ္စာရှိ၍ ပညာမရှိသူသည် ဆီမီးနှင့်တူသော ပညာမရှိသဖြင့် ချမ်းသာမှုကို မရနိုင်ပါ။
ထို့ကြောင့် ပညာရှိသူ သာလျှင် မြတ်ပါတယ် ဘုရား။


လှလှပပ ရှောင်ထွက်သွားပုံလေးက ပညာသား ပါလွန်းလှပါတယ်။
သေနက အမတ်ကြီးက တော့အသက်ရှု ကျပ်လောက်အောင် အခက်တွေ့နေပါပြီ။
သူတင်သမျှ အဆိုတွေ ကို အလွယ်တကူ ချေဖျက်ပစ်ရုံမျှမက သူ့ကိုပင် ပြန်လည်၍ ဆော်ပလော် တီးနေသည် မဟုတ်ပါလား။
ဒါကြောင့် ရှိသမျှ အားကုန်သုံး နောက်ဆုံး တိုက်ကွက်ဖော် ဖို့ ကြိုးစားလိုက်ပါတယ်။

အရှင်မင်းကြီး မဟော်သဓာသည် ဘာကိုမျှမသိ မမြင် မလေ့လာ၍ မှားယွင်းစွာ ပြောဆိုနေခြင်း ဖြစ်ပါတယ်။
အရှင်မင်းကြီးသည် မိတ္ထိလာပြည်ကြီး၏ ရွှေထီး ရွှေနန်းကို ပိုင်စိုးသည့် ဥစ္စာရှင်၊ စည်းစိမ်ရှင် ဖြစ်သောကြောင့် ကျွန်တော်မျိုးတို့ သုခမိန် ပညာရှိတို့သည် ဥစ္စာရှိသော အရှင်မင်းကြီးထံ နေ့စဉ်လာရောက် ခစားကြရပါသည်။
မဟော်သဓာသည် ဤသည်ကို မသိ၍ ပညာရှိသူသာ မြတ်သည်ဟု ထပ်ခါထပ်ခါ ပြောဆိုနေခြင်း ဖြစ်ပါသည် ဘုရား။


ကျွန်တော် အမြင်ပြောရရင်တော့ သေနက အမတ်ကြီး ဟာ တော်တော်လူလည် ကျတယ် ခင်ဗျ။ သူလည်း နိုင်အောင် မပြောနိုင်တော့ရော ဘုရင်နဲ့ ကိုင်ပေါက်လိုက်တယ်။
မဟော်သဓာနဲ့ ဘုရင်ကို တည်ပေး လိုက်ပါတယ်။ပညာပြည့်ဝ လှတဲ့ မဟော်သဓာကတော့ အေးဆေးပါပဲ။
သေနက အမတ်ကြီးရဲ့ နောက်ဆုံး တိုက်ကွက် ကို အခု ဆွေးနွေးနေတဲ့ တောင်သူယာခုတ် စကားပြောနည်း ကို အသုံးပြု ပြီးတော့ လှလှပပ အနိုင်ယူ ပွဲသိမ်း လိုက်ပါတယ်။
မဟော်သဓာရဲ့ စကားလည်း ကြားရော သေနက အမတ်ကြီး ခမျာ ဘာမှ ပြန်မပြောနိုင်တော့ဘဲ ခပ်မဆိတ် တိတ်တိတ်သာ နေပါတော့တယ်။
ဘုရင်ကြီးလည်း ဘာမှမတတ် နိုင်တော့ပါဘူး။
မဟော်သဓာလေး ရဲ့ စကားကို ကြားတော့ ဘုရင်ကြီးက ဟုတ်ပါပေတယ်၊ ငါ့သား မဟော်သဓာ ၏စကားသည် မှန်၏။ ပညာရှိသူသာ ပို၍မြတ်ပေသည် လို့ကို ချီးမွမ်းပြောဆို ရတော့တာပါပဲ ခင်ဗျာ။
ဆုတော် လာဘ်တော်များလည်း ပေး သနားတော် မူတာပေါ့။
တောင်သူဦးကြီးများ တောင်ယာတွေ ခုတ်ထွင် ရှင်းလင်းတဲ့အခါ အပင်သေးများကို အရင် ခုတ်ထွင် ရှင်းပြီးမှ အပင်ကြီးများကို ရှင်းသလို စကားပြောဆိုရာတွင်လည်း စကားငယ်များကို အရင်ပြောဆိုပြီးမှ စကားကြီးကို ပြောဆိုရပါတယ်။
မဟော်သဓာ ပြောဆိုခဲ့တဲ့ စကားကြီးကိုတော့ reply မှာ ဖော်ပြပေးထားပါ့မယ်။
စာရှုသူ အနေဖြင့် သေနက အမတ်ကြီး စကားကို ပြန်လည် ချေပ လိုပါက စဉ်းစားချိန်ပေးသည့် သဘောဖြစ်ပါတယ်။
အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ ………

ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ)


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

ဟုတ် bro thx :)

အရှင်မင်းကြီး အမတ်ကြီးက ဘာကိုမျှ မသိသူဖြစ်၍ ပြောခြင်းဖြစ်ပါတယ်။
လောက၌ ပွင့်တော်မူသော သဗ္ဗညုတ ဘုရားရှင်တို့သည် တစ်ရွေးမျှသော ပစ္စည်းဥစ္စာကိုမှ ပိုင်ဆိုင်ခြင်းမရှိပါ။
သို့သော် ပြည်ထောင်ထီးဆောင်း နန်းနေ အပေါင်းတို့က ညွှတ်တွားပူဇော် ကြပါတယ်။
လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် မှစ၍ နဂါး ဂဠုန် ယက္ခ တို့သည်လည်း ဘုရားရှင်နှင့်တကွ ပစ္စေကဗုဒ္ဓ၊ ရဟန္တာ စသော ပညာရှိ သူတော်မြတ်တို့အား ခစားပူဇော်ကြပါသည်။
သို့ပါ၍ ပညာရှိသူသာ မြတ်ပါသည်။

ချိတက်ကကြီးကခန့်​ခန့်​ကြီး​နေရာယူလို့..😂

အေးဗျာ တကယ်ပါပဲ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 59961.00
ETH 3199.92
USDT 1.00
SBD 2.46