WHEN WE TALK THE BEST AT EACH OTHER (3)

in #msu6 years ago (edited)

စကားပြောနည်း ၁၀ နည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56

ရေကူး ညှာတင် ပြောနည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-2-154761071542e

image

ရေစစ် ကရား ပြောနည်း

ပရိက္ခရာ ရှစ်ပါး မှာ ပါတဲ့ ရေစစ် ကို မြင်ဖူးကြ မယ်ထင်ပါတယ်။
အောက်ခြေကို ရေစစ် ပိတ်စလေးနဲ့ ပိတ်ထားပါတယ်။ ထိပ်မှာတော့ အပေါက်ကလေး သေးသေး တစ်ခုပါပါတယ်။
မင်္ဂလာ ၃၈ ပါးမှာ တစ်ပါး အပါအဝင် ဖြစ်တဲ့ ရှင်ပြု နားသ မင်္ဂလာနှင့် တစ်နည်း မဟုတ် တစ်နည်း ပတ်သတ်ဖူး သူ တိုင်း သိကြမှာပါ။
သည်ရေစစ် နဲ့ ရေစစ်ယူမယ်ဆို အရင်ဆုံး
ရေစစ်ပါတဲ့ဘက်ကို ရေမှာ နှစ်ရပါတယ်။
ရေတွေ ဝင်လာလို့ ပြည့်ပြီ ထင်ရင် ဒါမှမဟုတ်
အလိုရှိသလောက် ရပြီ ဆိုရင် ရေစစ် ထိပ်က အပေါက်လေးကို လက်နဲ့ ဖိပိတ်ပြီး ဆွဲယူလိုက်ရုံပါပဲဗျာ။
ဒါဆို ရေစစ်ထဲမှာ သန့်စင်တဲ့ ရေတွေပါ လာတာပေါ့ ။
စကားပြော တဲ့ နေရာမှာလည်း ဤ နည်းအတိုင်း တစ်ဖက်လူ ပြောသမျှ ကို
အလိုလိုက် ပါးပါးနပ်နပ် နားထောင်ပြီး ကိုယ့် အလှည့်ကျမှ လိုရာ သို့ အပိုင် ဆွဲယူပြောဆိုသောနည်း လမ်းဖြစ်သည်။
နောက်ဆုံးပိတ် အိတ်နှင့်လွယ် ဆိုသလိုပဲ အကုန်ချည်ပြီး တုတ်ပြီးမှ ကိုယ့်ဘက်ပါအောင် ပြောဆိုရတာပဲ ဖြစ်ပါတယ်။
အောက်ပါ ပုံပြင်လေးနဲ့သာ နှိုင်းယှဉ် လေ့လာပါက ပိုမိုနားလည် သဘောပေါက် နိုင်ကြမယ် လို့ မျှော်လင့်ပါတယ်။
တစ်ခါက ရွာတစ်ရွာမှာ စကား ကို အလွန် ပါးပါးနပ်နပ် ပြောဆိုတတ်တဲ့ သူငယ်ချင်း လေးယောက်ရှိပါတယ်။
သူတို့ လေးယောက်နဲ့ ယှဉ်ပြီး ဘယ်သူမှ နိုင်အောင် စကားမပြောနိုင် ကြပါဘူး။
ပြိုင်ဘက်ကင်း လေးယောက်ပေါ့ ဗျာ။
တစ်နေ့တော့ သူတို့ ရွာထိပ်က ဇရပ်မှာ အဝတ်အစား အကောင်းစားတွေ သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားတဲ့ ခရီးသွား လူကြီးတစ်ယောက် အနားယူနေတာကို သူတို့ တွေ့လိုက်ရပါတယ်။
ယှဉ်ပြိုင်ဘက် မရှိလို့ ပျင်းနေတာက တစ်ကြောင်း၊ သူစိမ်း ဆိုတော့ ပညာစွမ်း ပြလိုက်ချင်တာက တစ်နည်း၊ အဝတ်အစား ကို သဘောကျလို့ လိုချင်မျက်စိ ရှိသည်က တစ်သွယ်၊ အချဉ်ပဲ ဆိုပြီး အပိုင်တွက်လိုက်တာက တစ်ဖုံ စတဲ့ အချက်တွေကြောင့် ဧည့်သည် လူကြီးဆီ သွားပြီး ပြိုင်ပွဲ တစ်ခုလုပ်ကြရအောင် လို့ ဆွယ်တရား ဟောသတဲ့။
ပြိုင်ပွဲကတော့ လွယ်လွယ်လေးပါ။
တစ်ယောက်တစ်လှည့် ပြောသမျှကို ယုံပါတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။
ယောင်ပြီးတော့များ မယုံဘူးလို့ ပြောတဲ့သူ အရှုံးပါ။ ရှုံးတဲ့သူ ကျွန်ခံကြေးတဲ့ဗျား။
ကြေးကတော့ ကြီးပ။ ကြေးကြီးတော့ ပြိုင်ပွဲကို ဖြစ်သလို မလုပ်ပါဘူး။ ရွာထဲ က လူကြီးသူမ တွေကို ခေါ်ပြီး ဒိုင်လူကြီး အဖြစ် ဆောင်ရွက်စေပါတယ်။
သည်တော့ ဧည့်သည် လူကြီးကလည်း ကောင်းပြီ၊ မင်းတို့ စိန်ခေါ်တဲ့ပွဲ မင်းတို့ အရင်ပြောကြ လို့ ပြောလိုက်ပါတယ်။
ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပဲပေါ့ဗျာ ။
ဟိုပြိုင်ဘက်ကင်း လေးယောက် က အရင်ပြော တော့တာပေါ့။
ပထမ တစ်ယောက် ပြောပုံကို ကြည့်ပါဦး။
သူ့ အမေက သူ့ကိုယ်ဝန်ဆောင်စဉ် တုန်းက ဆီးသီး စားချင်တဲ့ အာသီသ ဖြစ်လို့ ခူးပေးကြပါ လို့ ပြောတာ ဘယ်သူမှ ခူးမပေးကြဘူးတဲ့။
ဆီးသီးပင် က အရမ်းမြင့်လွန်းသတဲ့။
အဲဒါကို သူက သိလည်း သိရော ညအချိန်ကျ တိတ်တိတ်လေး သူ့အမေ ဗိုက်ထဲထွက်ပြီး ဆီးသီးခူး လိုက်သတဲ့။
ခူးပြီးတော့ သူ့အမေစားဖို့ စားပွဲပေါ် တင်ပေးပြီးမှ ဗိုက်ထဲကို တိတ်တိတ်လေး ပြန်ဝင်နေလိုက်တာ ဘယ်သူမှ မသိလိုက်ကြဘူးတဲ့ဗျား။
မနက်ကျတော့ စားပွဲပေါ်မှာ ဆီးသီးတွေ တွေ့လိုက်တော့ အားလုံးအံ့သြသင့် ကြပါသတဲ့။ သူ့အမေကတော့ သူခူးပေးထားတဲ့ ဆီးသီးတွေ စားလိုက်တာ ခေါင်းတောင် မဖော်ဘူးတဲ့။
ဒါအပြင် သူခူးထားတဲ့ ဆီးသီးတွေ များလွန်းလို့ အိမ်ရှေ့မှာ ပုံထားလိုက်တာ လမ်းတောင် မမြင်ရအောင် ပိတ်နေတာတဲ့။
သူကတော့ သူ့အမေ ဗိုက်ထဲက ကြည့်ပြီး ပျော်နေပါတယ်တဲ့ ဗျား ။
ကဲ ယုံကြပါသလား။ ဟုတ်ကဲ့ အားလုံးက ယုံကြည်ပါကြောင်း ပြောရတော့တာပေါ့။
ဒုတိယ လူ ကျတော့ရော ။ ဟုတ် သူကတော့ ပိုဆိုးပါတယ်။
တစ်နေ့ သူ မြစ်ထဲကို ငါးဖမ်းထွက်တာ ငါးတစ်ကောင်မှ မရပါဘူးတဲ့။
သူတင်ပဲလား ဆိုပြီး မေးမြန်းကြည့်လိုက်တော့ မဟုတ်ပါဗျာ။ ဘယ်သူမှ ငါးမရတာ ပါ။
ခုတလော ငါးရှားပါး နေကြောင်း စုံစမ်းသိရှိသွားပါသတဲ့။
ဘာကြောင့်များလဲ စုံစမ်းမှ ဆိုပြီး မြစ်ထဲ ခုန်ဆင်း ရေအောက်ထဲ ဆင်းကြည့် လိုက်တော့မှ။ အားပါးပါး ။
ဧရာမ ငါးဟဲဗီး ကြီး တစ်ကောင်က ရေအောက်လဲက ငါးတွေကို စားသောက်နေတာ တွေ့လိုက်ရပါသတဲ့ ။
သူတော်တော် ဒေါသ ထွက်သွားပြီး ဧရာမ ငါးကြီးကို ရေအောက်မှာတင် တစ်ချက်ထဲ ထိုးသတ်လိုက်ပါတယ်။ လက်သီးနဲ့ပါ။
ပြီးတော့ ဗိုက်ဆာနေတာနဲ့ပဲ ရေအောက်မှာတင် ငါးကြီးကို မီးကင်ပြီး ဗိုက်ကားအောင် စားလိုက်ပါသတဲ့။
ဗိုက်ဝ မှပဲ ရေပေါ်ပြန်တက်လာ ပါသတဲ့။
ကဲ ယုံပါပြီလား ခင်ဗျာ ။ ဟုတ်ကဲ့ မယုံရင် သိတယ်မလား ဟဲ ဟဲ။
တတိယ လူ အလှည့်ပါ ခင်ဗျ ဟုတ်။
တစ်နေ့ သူ…… ရွာပြင် ရောက်တုန်း အလွန် အင်မတန် မဟားဒရား မြင့်မားလှတဲ့ မန်ကျည်းပင် တစ်ပင်ကို တွေ့ လိုက်ပါသတဲ့။
စားချင် စိတ်ကလေး ပေါ်လာတာနဲ့ အပင်ပေါ် တက် ခူးစားနေလိုက်သတဲ့။
အဝ အပြဲ စားသောက်ပြီး ဆင်းခါနီး ပြဿနာ စ တက်ပါပြီ။ အရမ်းမြင့် လို့ မဆင်းဝံ့ တော့ပါ။
အကူအညီ လည်း တောင်းမရလို့ ရွာပြန်၊ လှေကားယူ ပြီး မှ ဆင်းလိုက်နိုင်ပါသတဲ့။
ဟဲ ဟဲ တော်တော်မြင့်တဲ့ အပင်ဖြစ်လောက်တယ် နော်။
ကဲ ကဲ ယုံကြတယ်မလား ပေါ့။
စတုတ္ထလူ အလှည့် ။သူက စွန့်စွန့် စားစားပါပဲ။
တစ်နှစ်သား အရွယ်တုန်းက တောထဲမှာ ယုန် လို့ ထင်ရတဲ့ အကောင်ကို ခြုံထဲ မောင်းသွင်း ရင်း သူပါ ဝင်တိုးလိုက်ပါသတဲ့။
ခြုံထဲရောက်မှ သူထင်ထားတဲ့ အကောင်က ယုန် မဟုတ်ဘဲ ကျားတစ်ကောင် ဖြစ်နေပါသတဲ့။
ကျားကြီးက သူ့ ကို စားမလို့ ပါးစပ် တပြင်ပြင်နဲ့ ပေါ့။
သူကတော့ သူ့ကို မစားပါနဲ့။ယုန် လို့ ထင်ပြီး မှားမိကြောင်း တောင်းပန် ပေမယ့် ကျားကြီးကတော့ သူ့ကိုစားဖို့သာ ပါးစပ်ကြီး ဟ ထားပါသတဲ့။
အဲဒါသူက စိတ်မရှည်တာနဲ့ ကျားကြီးကို ပါးစပ် ကို လက်နဲ့ ဆွဲယူပြီး နှစ်ခြမ်းကွဲအောင် ဆွဲဖြဲ ပစ်လိုက်ပါ တော့သတဲ့။ တစ်နှစ်သား အရွယ် ကလေး နဲ့လေ ဟဲ ဟဲ။
မယုံဘူးလား ။ အဲလေ ယုံတယ်မလား ။
အားလုံးက ယုံပါတယ် ပဲ ပြောကြပါသတဲ့။
နောက်ဆုံး ဧည့်သည် လူကြီး အလှည့် ရောက်လာပါလေရော။
ဧည့်သည်လူကြီး က ပြီးခဲ့တဲ့ နှစ် အနည်းငယ်လောက်က တဲ့ သူ့ယာခင်း မှာ အလွန် ထူးဆန်း တဲ့ ဝါပင် က ဝါသီးကြီး လေးလုံး သီးခဲ့ဖူးပါသတဲ့ ။
ပို ထူးဆန်းတာက ဝါသီးကြီး တွေ မှည့်လာတော့ ဝါဂွမ်းတွေ ထွက်မလာဘဲ လူလေးယောက် ထွက်ကျလာတာပါပဲ။
အဲ့ ခေတ် ဥပဒေအရ တော့ သည်လူလေးယောက်ကို ဝါခင်းပိုင်ရှင် လူကြီး ပိုင်ဆိုင် ပါတယ်။ ဧည့်သည် လူကြီး ရဲ့ အခိုင်းအစေ တွေပေါ့။
သည်လူလေးယောက်ဟာ တော်တော် အပျင်းထူလွန်းတာကြောင့် အလုပ်ကောင်းကောင်း မလုပ်ဘဲ ထွက်ပြေးသွားတာ ကြာလှပြီလို့ ဧည့်သည်လူကြီး က ပြောပါသတဲ့။
အခုတော့ ပြန်တွေ့ပြီ အဲဒါမင်းတို့ လေးယောက်ပါပဲလို့ ပြိုင်ဘက်ကင်း လေးယောက်ဖက် လှည့်ပြီး လက်ညှိုးထိုး ပြောလိုက်ပါသတဲ့။ ကဲ မင်းတို့ လေးယောက်ယုံလား လို့လည်း မေးလိုက်ပါသေးတယ်။
ပြိုင်ဘက်ကင်း လေးယောက်ခမျာ မျောက်ထိုင် ထိုင်ပြီး လင်းတမှိုင် မှိုင် ရတဲ့ ဘဝ ရောက်သွား ရတော့တာပေါ့ဗျာ။
နောက်ဆုံးတော့ ဘာမှ မပြောနိုင်တော့ဘဲ အရှုံးပေး လိုက်ရပါသတဲ့။
ဧည့်သည် လူကြီးက အနိုင်ရသွားပေမယ့် ပြိုင်ဘက်ကင်း လေးယောက်ကို ကျွန်အဖြစ်မှ လွှတ်ပေးပြီး အဝတ်အစား တွေသာ ချွတ်ယူသွားပါတယ်။
ဧည့်သည်လူကြီး ပြောသွားတဲ့ စကား ပြောနည်းကတော့ ရေစစ်ကရား ပြောနည်း ပါပဲဗျာ။ ပြိုင်ဘက်ကင်း လေးယောက်ပြောသမျှ ကို စေ့စေ့စပ်စပ် နားထောင်ပြီးမှ စကားကို မိမိဘက်ပါအောင် ပိတ်ပြောလိုက် နိုင်တာကို တွေ့နိုင်ပါတယ်။ ဗဟုသုတ တိုးပွားနိုင်ကြပါစေ။
အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ……

ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ)


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
image


#myanmar
#msu

Sort:  

စိတ်​ဝင်​စားစရာ..ပုံပြင်

ဗဟုသုတရပါတယ်​ဗျ ​ကျေးဇူးပါ

ဗဟုသုတရပါတယ် bro

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu
🇲

Group 1 မှ msu no.043 @aunghtet.mdy မှ vote ပေးခဲ့ပါတယ်။

Gp 1မှMSU 020မှVoteခဲ့သည်@myatminkhant

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58442.49
ETH 2554.65
USDT 1.00
SBD 2.42