နောင်​တ (အပိုင်း ၅ ဇာတ်​သိမ်း )

in #myanmar6 years ago

အပိုင်း ၁ အား၍​နေရာတွင်​ဖတ်​ရှုနိုင်​ပါသည်
.https://steemit.com/myanmar/@aunggyi100/enang-t
အပိုင်း ၂ အား၍​နေရာတွင်​ဖတ်​ရှုနိုင်​ပါသည်
.https://steemit.com/myanmar/@aunggyi100/enang-t-apong-2
အပိုင်း ၃ အား၍​နေရာတွင်​ဖတ်​ရှုနိုင်​ပါသည်
https://steemit.com/myanmar/@aunggyi100/enang-t-apong-3
အပိုင်း ၄ အား၍​နေရာတွင်​ဖတ်​ရှုနိုင်​ပါသည်
https://steemit.com/myanmar/@aunggyi100/enang-t-apong-4
ကုန်​ကား​မောင်းသူနှင့်​ကိုညိုတို့ ဂို​ထောင်​မှပို့ခိုင်းသည့်​ပစ္စည်းများတင်​​ဆောင်​ကာ ထွက်​ခွာလာကြ​လေသည်​။
" ကိုညို အခုလုပ်​တဲ့ကိစ္စပြီးရင်​ ဘယ်​နယ်​ဘက်​တိမ်း​ရှောင်​ ​နေထိုင်​မယ်​ စိတ်​ကူးထားလည်းဗျ" ကားဆရာ၏အ​မေးအား ကိုညိုချက်​ချင်းတုန့်​ပြန်​ခြင်းမပြုနိုင်​​ပေ။မိမိမှာ ဘယ်​အရပ်​၌သွား​ရောက်​​နေထိုင်​မည်​ဟူ၍ ကြိုတင်​စီစဉ်​ထားခြင်းလည်း မရှိ​သေး​ပေ။
"ဟူး" ခနဲသက်​ပြင်းရှည်​ကြီးချ၍ "ကြိုတင်​စီစဉ်​ထားတာ​တော့ မရှိ​သေးပါဘူးကားဆရာရယ်​"ဟူ၍သာပြန်​​ဖြေ​လေသည်​။
ဂို​ထောင်​ပိုင်​ရှင်​​ရောင်းချခိုင်းလိုက်​သည့်​ ပွဲရုံသို့ သွား​ရောက်​​ရောင်းချခြင်းမပြုကြ​ပေ။မိမိတို့ လက်​ဝါးချင်းရိုက်​၍ အဆင်​​ပြေသည့်​ တခြားပွဲရုံသို့သာ သွား​ရောက်​​ရောင်းချခြင်းပြု​ကြ​လေသည်​။
ထိုသို့​ဖြင့်​​ရောင်းချ၍ရသည့်​​ငွေများကိုမိမိတို့သုံးဦးကြိုတင်​ကာချိန်းထားသည့်​​နေရာ၌ ကိုရသင့်​သည့်​​ဝေစုတို့အား ခွဲ​ဝေယူပြီးတခြား မြို့များသို့အသီးသီးထွက်​ခွာသွားကြ​လေ၏။ ထွက်​ခွာမသွားနိုင်​၍ ကျန်​​နေ​သေးသူတစ်​​ယောက်​ကား ကိုညိုပင်​။ ယခု​ရောက်​ရှိ​နေသည့်​မြို့​လေးရှိ တည်းခိုခန်း တစ်​ခု၌​ခေတ္တနား​၍​နေ​ပေ​တော့သည်​။ မိမိကြံစည်​ထားသည့်​အတိုင်း ​နောက်​​နေ့တွင်​ ​ထွေး​လေးအားသွား​ရောက်​၍​ခေါ်​ရ​ပေမည်​။
မနက်​ခင်း​စော​စောနိုးသည်​နှင့်​ ကိုညိုတစ်​​ယောက်​ ဤအနီးနား၌ ဆိုင်​ကယ်​​အရောင်းဆိုင်​အား ​မေးမြန်းစုံစမ်းခြင်း ပြုရန်​ တည်းခိုခန်း အပြင်​သို့ထွက်​လာခဲ့​လေသည်​။ အခန့်​သင့်​စွာပင်​ တည်းခိုခန်း၌သန့်​ရှင်း​ရေးလုပ်​သည့်​​ကောင်​​လေးနှင့်​ ဆုံ​တွေ့မိ​ပေသည်​။
"ညီလေး ဒီအနီးနားတစ်​ဝိုက်​ ဆိုင်​ကယ်​အ​ရောင်းဆိုင်​မရှိဘူးလား ကွာ"
"ဟာရှိတာ​ပေါ့ အကိုရာ ဘယ်​လိုဆိုင်​ကယ်​လိုချင်​လည်း အကုန်ရှိတယ်​ဗျ"
" ​အေး လုပ်​စမ်းပါကွာ အကိုဆိုင်​ကယ်​တစ်​စီး​လောက်​ဝယ်​ချင်​လို့ပါ". . . ကိုညိုစကားဆုံးသည်​နှင့်​ ​ကောင်​​လေးလည်း မိမိလှည်း​နေသည့်​ တံမြက်​စည်းအား နံရံ၌​ထောင်​ထားခဲ့ပြီးလျှင်​၊သူကိုတိုင်​ ဆိုင်​ကယ်​အ​ရောင်းဆိုင်​သို့ လိုက်​ပို​ပေးရှာ၏။ အ​ရောင်းဆိုင်​သို့​ရောက်​လျှင်​ မိမိနှင့်​ သင့်​​တော်​မည့်​ဆိုင်​ကယ်​တစ်​စီးအား ကိုညိုဝယ်​ယူ​လေ၏။ ​ကောင်​​လေးအား မုန့်​​ဖိုး​ပေးရာ ​ကောင်​​လေးမှ ​ကျေးဇူးတင်​​ကြောင်း အခါခါ ဆို​နေရှာ၏။
မိမိဝယ်​ယူထားသည့်​ ဆိုင်​ကယ်​​လေးနှင့်​ ​ထွေး​လေးရှိရာအရပ်​သို့ ကိုညိုထွက်​ခါ၍လာခဲ့​တော့သည်​။
မြို့တွင်းလမ်းများ၌ လူရှုပ်​မည်​ဟု​တွေးမိကာ မြို့အပြင်​ ​အ​ဝေး​ပြေး​အ​ဝေး​ပြေးလမ်းမကြီးမှ​မောင်းနှင်​​၍လာလေ၏။ ကိုညိုလည်း မိမိချစ်​ရသူ​ ​ထွေး​လေးစီသို့​ရောက်​ရှိရန်​သာ စိတ်​ဆန္ဒ​လော​နေသည်​က​တစ်​​ကြောင်း၊ ယခုအချိန်​လောက်​ဆိုလျှင်​ ဂို​ထောင်​ပိုင်​ရှင်​လည်း မိမိတို့​ငွေများ ခိုးယူသုံးစွဲခြင်းကို သိရှိသွား​​လောက်​​ပေပြီ။စိုးရိမ်​ထိတ်​လန့်​စိတ်​ဖြင့်​​မောင်း​နေမိ၍၊ မိမိဆိုင်​ကယ်​ အရှိန်​များလို့များမှန်းပင်​ သတိမထားမိ​တော့​ပေ။
. . . လမ်းဆုံတစ်​ခုသို့ အ​ရောက်​ တစ်​ဖက်​​ယာဉ်​​ကြောမှ ​ကျော်​တက်​လာသည့်​ ခရီးသည်​တင်​ ကားနှင့်​ မျက်​နှာချင်း​ဆိုင်​တိုက်​မိ​လေ​တော့၏။
" ဝုန်း" ဆိုသည့်​ အသံနှင့်​အတူ ကိုညို၏ ခန္ဒာကိုယ်​သည်​လည်း ကတ္တရာ​လမ်းမကြီး​ပေါ်၌ လွင့်​စင်​သွား​ပေ​တော့သည်​။
" ဟာ တိုက်​ပြန်​ပြီဟ" ဟုဆိုကာ ​အ​ဝေး​ပြေးလမ်းကြီး၌ ​ဈေး​ရောင်း​နေကြသူများ ဝိုင်းအုံ၍လာကြ​လေသည်​။
"ကြည့်​ကြပါအုန်းဟ"
"အသက်​​ကော ရှိ​သေးလား"
"ဟာ အသက်​အငယ်​​လေးရှိ​သေးတာကွာ ဆိုင်​ကယ်​ ဘယ်​​လောက်​အရှိန်​ပြင်းပြင်း​မောင်းလာလည်းမသိဘူး"
တစ်​​ယောက်​တစ်​ခွန်း ​ပြောဆို​နေသည့်​ စကားတို့အား ကိုညို​တစ်​​ယောက်​မကြားနိုင်​ရှာ​ပေ။ ခန္ဒာကိုယ်​တစ်​ခုလုံး လှုပ်​ရှား၍ မရ​တော့​သော်​လည်း မျက်​ဝန်းထဲမှ မျက်​ရည်​တို့ကား စီးကျ၍​နေရှာ​လေ၏။
နာကျင်​၍ စီးဆင်းလာသည့်​မျက်​ရည်​တို့​ မဟုတ်​​ပေ။ မိမိသာ မဟုတ်​တာ မလုပ်​ခဲ့လျှင်​၊ လမ်းခရီးအား အ​လောတကြီးသွားရန်​မလို​ပေ၊ အ​လောတကြီး သွားလာခြင်းအမှု မပြုလျှင်​ ယခုကဲ့သို့ အသက်​အန္တရယ်​ဖြစ်​ရန်​ အ​ကြောင်းလည်း ရှိလာနိုင်​စရာအ​ကြောင်းလည်း မရှိ​ပေ။
နောက်​ဆုံး၌ မိမိပြုလုပ်​ခဲ့သည့်​​မ​ကောင်းမှု အကုသိုလ်​ အကျိုး​ပေးခဲ့ပြီဟု ကိုညိုတစ်​​ယောက်​ အသက်​နှင့်​ရင်းကာ ​နောင်​တ တရားတို့ရရှိလိုက်​​လေ​တော့သည်​။
16-39-01-depressed_silhouette.jpg
Credited image from
https://www.zdnet.com/article/depression-not-a-disorder-but-an-advantageous-mental-adaptation
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

တစ်ချို့နောင်တတွေက အသက်တောင်ပေးလိုက်ရတယ်နော်။

စော​စောစီးစီးသာ​နောင်​တရ ရင်​အသက်​​တော့မဆုံး​​လောက်​ဘူးထင်​တာဘဲ အမ

မ​ကောင်းမှူသည်​ဆိတ်​ကွယ်​ရာမရှိဆိုသလိုပဲသူ့မ​ကောင်းမှူကိုသူ့စိတ်​က​ဖျောက်​မရ​တော့အသက်​အန္တရာယ်​ထိဖြစ်​သွားတာ​ပေါ့။အ​ရေးအသား​ကောင်းလာပြီ​မောင်​​လေး။

ဟုတ်​ ​ကျေးဇူးအမ​ရေ

Loading...

This post has received a 4.92% upvote from @msp-bidbot thanks to: @aunggyi100. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.

You got a 9.28% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

ကျွန်တော်တို့ာဇာတ်လမ်းတွဲတွေ mrtv ကိုလှူရအောင်ကိုအောင်ကြီးရေ

အကြံ​ကောင်းတယ်​ဗျာ

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 1.91% upvote!
I was summoned by @aunggyi100. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Release the Kraken! You got a 1.75% upvote from @seakraken courtesy of @aunggyi100!

This post has received a 25.00 % upvote from @astrobot thanks to: @aunggyi100.

You got a 25% upvote from @aungzawhtwe courtesy of @aunggyi100 ! its cool fee free .

ကျေးဇူးတင်​ပါတယ်​ ကို​ထွေး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.50
ETH 2617.28
USDT 1.00
SBD 2.77