နောင်​တ

in #myanmar6 years ago (edited)

နံနက်​ခင်း ​သူရိန်​​နေမင်းကြီး၏ အလင်း​ရောင်​ ​လောကလူ့ရွာသို့ ဖြန့်​ကျက်​လာသည်​နှင့်​ပင်​ လူသားတို့မှာ စားဝတ်​​နေ​ရေး ဤသုံးပါးတွက်​ ရုန်းကန်​လှုပ်​ရှားကြရသည်​မှာလည်း အမှန်​ပင်​ဖြစ်​​လေ၏။
ကိုညို လည်းသူ၏ လုပ်​ငန်းခွင်​ဖြစ်​သည့်​ ပွဲရုံတွင်​ ကုန်​ထမ်းရန်​ထွက်​လာခဲ့​ပေသည်​။သူအလုပ်​ပွဲရုံတွင်​ ဆန်​၊ဆီ၊ကြက်​သွန်​၊ငရုပ်​ စသည့်​ကုန်​များစွာ သို​လှောင်​သည့်​ဂို​ထောင်​ တည်​​ဆောက်​ထား၍ ၁၂လကာလပတ်​လုံး အလုပ်​ပြတ်​သည်​ဟူ၍ကား မရှိ​ပေ။ image
ကိုညိုဂိုထောင်​​ပေါက်​​ရောက်​လျှင်​ပင်​ "ဟာကိုညို​ဒီ​နေ့​နောက်​ကျပါလား ဘယ်​လိုဖြစ်​လို့လဲ"စီးကြို နှုတ်​ဆက်​လိုက်​သူကား မြင့်​​အေးပင် ဖြစ်​​လေ၏။ "​အေးကွာ ညက​တော်​​တော်​နဲ့အိပ်​မ​ပျော်​လို့ မနက်​အိပ်​ရာထ ​နောက်​ကြ​နေတာ၊အခု​တောင်​ ထမင်းချိုင့်​ပါမလာဘူး ဆိုင်​ဝယ်​စားရ​တော့မှာဘဲကွာ"​ပြောလည်း​ပြော ပုဆိုးတစ်​ထည်​ ပုခုံးမှာ စလွယ်​သိုင်းချည်​​နှောင်​၍ ဆိုက်​​​ရောက်​လာ​သော ကုန်​ကားစီသို့ ကုန်​ထမ်းရန်​ ကိုညိုတစ်​​ယောက်​ထွက်​သွား​လေ၏။ ကြက်​သွန်​နီကား​ပေါ်မှ ကြ်​သွန်​အိပ်​များကို တခြားလုပ်​​ဖော်​ကိုင်​ဖက်​များနှင့်​အတူ ထမ်း၍ဂို​ထောင်​တွင်းထည့်​ကြ​လေ၏။ ကား​ပေါ်မှကုန်​များ အကုန်​စင်​​အောင်​ချပြီသည်​နှင့်​ အချိန်​မှာလည်း ​နေ့ခင်းထမင်းစားချိန်​သို့ပင်​ ​ရောက်​ရှိ​နေ​ပေပြီ။ ကိုညို ထမင်းစားရန်​အတွက်​ ​​ဒေါ်မြထမင်းဆိုင်​သို့ သွား​လေသည်​။ ထမင်းဆိုင်​သို့​ရောက်​လျှင်​ပင်​ "အန်​တီမြ​ရေ ဝက်​သားနဲ့ထမင်းတစ်​ပွဲလုပ်​​ပေးပါဗျို့ လိုက်​ပွဲတစ်​ပွဲပါတစ်​ခါထည်း ဆွဲလာခဲ့​ပေးပါ"ကိုညိုမှာပြီး ခနအတွင်းပင်​ ထမင်းဆိုင်​မှ ​ဒေါ်မြ၏သမီး​ထွေး​လေးက ထမင်းပွဲ၊ဟင်းပွဲများ လာ​ရောက်​ချ​ပေး​လေ၏။ ထမင်းဆိုင်​ဆို​သော်​လည်း ကြီးကြီးမားမား ဆိုင်​ကြီးမျိုးမဟုတ်​​ပေ။ စားပွဲခုံပု​လေးများနှင့်​ ​ခွေး​ခြေခုံပု​လေးများခင်းကျင်းထား​သော ဆိုင်​ငယ်​​လေးဖြစ်​​ပေ၏။ထမင်း၊ဟင်းများကား လက်​ရာ​ကောင်းလှ​ပေသည်​။
ထွေး​လေးက ထမင်းပွဲများလာချ​ပေးရင်း"ကိုညိုဒီ​နေ့ထမင်းချိင့်​မပါလာပြန်​ဘူး​ပေါ့​လေ"ဟူ၍အပြုံး​လေးဖြင့်​​ပြော​လေရာ ကိုညိုမှ"​ဟုတ်​တယ်​ ​ထွေး​လေး​ရေ အိပ်​ရာထ​နောက်​ကြလို့ ဒီ​နေ့လည်းထမင်းချိုင့်​ပါမလာပြန်​ဘူးဟ" ကိုညိုထမင်းချိုင့်​မပါတိုင်းဤဆိုင်​​လေးသို့အမြဲလာစား​လေသည်​။ မကြာမကြာလာ​ရောက်​စားတတ်​သဖြင့်​ ​ဒေါ်မြ၊​ထွေး​လေးတို့နှင့်​ပင်​ ​တော်​​တော်​​လေး ရင်းနီး၍​နေ​ပေ​တော့၏။
ကိုညိုလည်း သူနှင့်​မတိမ်းမယိမ်းဖြစ်​သည့်​ ​ထွေး​လေးအား စိတ်​ဝင်​စား​နေမိ​လေသည်​။
. image
အပိုင်း ၂အားဆက်​လက်​ဖတ်​ရှု​ပေးပါရန်
photo credit;Google Image.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

ကိုအောင်ကြီးရေ စာအရှည်ကြီးရေးပီး သရုပ်ဖော်ပုံတွေများတော့ ဖတ်ရတာ ပင်ပန်းတယ်ဗျာ။ ကောင်းအောင်လေးတော့ ကြည့်လုပ်ပါဗျ။

ဟုတ်​ ကွီး​ရွှေ edit လုပ်​ပြန်​ဖြည့်​ပါ့မယ်

စာတေအများကြီးမရေးပါနက် ဖတ်ရတာ မောလို့

နားနားပီး ဖတ်ပါလေ။

နားဖတ်​ပါ ကို​ကျော်​😂

ဦးနောင်တရေ မန့် လိုလို့ဖြည့်ခဲ့တယ်နော်

ဟုတ်​​ကျေးဇူးပါ ညီမ

အပိုင်ကြံနေတာ...ထမင်းဆိုင်ရှင်သမီးကို။
ထမင်းဖိုးသက်သာအောင်... :P

တနပ်​သက်​သာနည်းလား​အေ

Aww...ညည်းက တနပ်စား အကြံနဲ့ပေါ့လေ။
ကလေးမက အသက်ရောပြည့်ရဲ့လား။
ကြည့်လုပ်အုံးနော် သက်ငယ်မုဒိမ်းဖြစ်နေအူးမယ်။ :P

အမ​လေး အမှုကြီး​အောင်​လုပ်​​နေတယ်​ဗျာ😂

ဟယ်ထမင်းဖိုးမပေးရတော့ဘူးပေါ့တစ်ချက်ခုတ်နှစ်ချက်ပြတ်။

ဟီးဟီး ဟုတ်​ပ​နော်

သြော ထမင်းစားရင်း ဖူးစာရှာ ဒါ

ထမင်းဖိုးသက်​သာ​အောင်​ကြံတာ​နေမှာ အမ😂

သူ အပိုင်​ကြံ​နေပြီ ဟင်း ဟင်း .. တကယ်​​တော့ အကြံပိုင်​တာပါ ဟီး .. 😂😂😂

ဘယ်​သူမှမသိ​စေ​နဲ့အကို​ရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးတင်​ပါတယ်​ မိ​နှောင်း​ရေ

ထွေး​လေး ကျုပ်​ညီမများဖြစ်​​နေမလား :-)

ဦး​ထွေး နဲ့​ထွေး​လေးဆို​တော့ ဖြစ်​နိုင်​တယ်​ ဦး​ထွေး​ရေ စတာ​နော်

အရးအသားလေးတွေgood

ကျေးဇူးပါပဲ ကို​ကျော်​သူရိန်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57237.65
ETH 2358.35
USDT 1.00
SBD 2.34