နောင်တ (အပိုင်း ၃)
အပိုင်း ၁ အား၍နေရာတွင်ဖတ်ရှုနိုင်ပါသည်
.https://steemit.com/myanmar/@aunggyi100/enang-t
အပိုင်း ၂ အား၍နေရာတွင်ဖတ်ရှုနိုင်ပါသည်
.https://steemit.com/myanmar/@aunggyi100/enang-t-apong-2
နောက်တစ်နေ့ညနေခင်း၌ပင် ကိုညိုတစ်ယောက် အောင်သွယ်တော်မဇာ အိမ်သို့သွားလေ၏။ အခန့်သင့်စွာပင် ဇာဇာလှိုင်တစ်ယောက် ဆန်ရွေးနေသည်နှင့် ကြုံလေ၏။ သူ့အာရုံနှင့်သူ ဆန်ရွေးနေ၍ ကိုညိုသူ့အနားရောက်လာသည်ပင် မသိပေ။ကိုညိုမှ "မဇာဇာလှိုင်"ဟု အမည်ခေါ်လေသောအခါမှသာလျှင် မော့ကြည်ရင်း "ဟာကိုညိုပါလား ဘာအကြောင်းထူး ကိစ္စများရှိလို့လည်း၊မျက်စိလည်လာတာတော့ မဟုတ်ပါဘူးနော်"ဟု အရွှန်းဖောက် လေသည်။
ကိုညိုခများ လားရင်းကိစ္စအား မည်သို့မည်ပုံပြောဆိုရမည်နည်း စဉ်းစားကာ အကြံအိုက်နေရှာ၏။
"ဒီလို မဇာဇာလှိုင်ရေ ကျွန်တော်လေ ထွေးလေးကိုချစ်နေမိတယ်၊ အဲ့တာ ကျွန်တော်ဖွင့်မပြောရဲလို့ မဇာဇာလှိုင် စီလာပြီးအကူညီတောင်းရတာပါ၊ ကျွန်တော်ကိုထွေးလေးနဲ့အောင်သွယ်လုပ်ပေးပါလားဗျာ" ကိုညိုလည်း မပြောခင်၌ကသာ စိုးရိမ်စိတ်ရှိသော်လည်း ပြောမည့်ပြောသောအခါ အစအဆုံးမမောတန်း တခါထဲပြောချလိုက်လေ၏။
ကိုညိုသာဖွင့်ပြောပါလျှင် ထွေးလေး အချစ်အားရမည်မှာ အမှန်ပင်။ ထွေးလေးအနေနှင့်လည်း ကိုညိုကဲ့သို့ ရိုးသားခြင်း၊အလုပ်ကြိုးစားခြင်းနှင့် မကြာခန ကိုညိုနှင့် မျက်လုံးချင်းဆုံလေတိုင်း ရင်ခုန်၍မျက်လွှာလေးချကာ
ကိုညိုဖွင့်ပြောလာမည့်နေ့အား စောင့်မျှော်နေရှာရသူပင်။
.
ဤသို့အခြေနေမျိုး၌ မဇာဇာလှိုင် ကြားဝင်အောင်သွယ်ပေးလိုက်သောအခါ ကိုညိုနှင့် ထွေးလေးတို့ ချစ်သူများဖြစ်၍သွားလေသည်။ချစ်သူတို့ သဘာဝအတိုင်း မိုးမမြင် လေမမြင်ပျော်ရွင်နေကြပေသည်။
တစ်နေ့၌ ကိုညိုအားဒေါ်မြမှ ခေါ်တွေ့လေ၏။"ကိုညိုရေ မင်းနဲ့အဒေါ်သမီးမေတ္တာမျှနေကြတယ်ဆို "ဒေါ်မြမေးလေ၏။ "ဟုတ် အဒေါ် ကျွန်တော်နှင့်ထွေးလေး လူငယ်သဘာဝ မေတ္တာမျှနေကြပါတယ်" ကိုညိုအဖြေဆုံးလျှင်ပင်"အေးကွယ် အဒေါ်မှာလည်း ဒီသမီးလေးတစ်ယောက်ရှိတာ မင်္ဂဆောင်ပွဲလေးတော့ တင့်တောင်းတင့်တယ်ဖြစ်စေချင်တယ်"ဟူ၍ဒေါ်မြပြောလေ၏။ ကိုညိုနားလည်ပါသည်။အမေတစ်ခု၊သမီးတစ်ခုဖြစ်၍်
တစ်ဦးတည်းသော သမီးလေး မင်္ဂဆောင်အား တင့်တောင့်တင့်တယ်ဖြစ်စေချင်သည့် ဒေါ်မြ၏ ဆန္ဒ အားနားလည်မိပေ၏။ အဘယ်သမီးရှင်၏ မိဘများပင်မဆိုသူတို့သားသမီး၏ မင်္ဂလာပွဲအား တင့်တောင့်တင့်တယ် လေးတော့ဖြစ်စေချင်ကြပေမည်။ ခက်နေသည်ကား မိမိ၌စုဆောင်းထားသည့် ငွေပိုငွေလျှံများကလည်းမရှိသေးပေ။သို့သော်လည်း "ဟုတ် ကျွန်တော်ကြိုးစားပြီးလုပ်ပေးပါ့မယ်"ဟုသာ ပြောလိုက်ရလေတော့သည်။ ထွေးလေးမှာမူ ကိုညိုနှင့်သူ၏အမေ ဒေါ်မြတို့ပြောနေသည့်စကားဝိုင်းတွင်းသို့ ဝင်ရောက်ပြောဆိုခြင်းမပြုပေ။ သူမကားနားထောင်သူသက်သက်သာပင်ဖြစ်လေ၏။
"ဒါဘာဘဲကွယ် အဒေါ်နေနဲ့လည်းကျန်တာဘာမှပြောစရာ မရှိပါဘူး "ဒေါ်မြစကား အဆုံးသတ်လေသောအခါ ကိုညိုမှ "အဲ့လိုဆို ကျွန်တော်ပြန်ခွင့်ပြုပါအုန်း အဒေါ်"နှုတ်ဆက်စကားဆို၍ အပြင်သို့ထွက်လာခဲ့ပေတော့၏။
.
ထွေးလေးလည်းကိုညိုနောက်မှ လိုက်လာပြီး"သိပ်စိတ်ပူမနေပါနဲ့ ကိုညိုရယ် အဆင်ပြေသွားမှာပါ"ဟုအပြုံးလေးနှင့်ပင် အားပေးစကားဆိုရှာလေသည်။ ထွေးလေး၏ ဤကဲ့သို့အပြုံးလေးကပင် ကိုညိုအတွက်ဖို့ကား အားအင်များဖြစ်စေသည်မှာလည်းအမှန်ပင်ဖြစ်ရပေ၏။ ဤသို့တစ်ဦးကိုတစ်ဦး အားပေးနှစ်သိမ့်ပေးကာ နှုတ်ဆက်၍ပြန်ခဲ့လေသည်။
.
*အပိုင်း ၄ ဆက်လက်၍ဖတ်ရှုပေးပါရန် *
photo credit;Google Image.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
မြှားနတ်မယ် အောင်သွယ်တော် မဇာကတော့ ပစ်ကွင်းပစ်ကွက် ကောင်းကောင်းကိုရွေးပစ်လိုက်တယ်နဲ့ တူပါရဲ့ ..
ဟုတ်ပဗျာ ပစ်ချက်ကောင်းထိသွားတယ်😂
ကိုညိုရယ် အဆင်ပြေသွားမှာပါ .......
အပိုင်း(၄) ရောက်ရင် ....ခ်ခ်
ဟုတ်အမရေ အဆင်ပြေပါစေ ဆုတောင်းရမှာဘဲ😂
အပိုင်း(၄)မျှော်ရဦးမှာပေါ့ ဇာတ်လမ်းဆို စိတ်ဝင်စားတယ် တစ်ခါတည်း အပီးထိ ဖတ်လိုက်ရမှ😂😂
ဟုတ် လာဖတ်ပေးတာကိုကျေးဇူးပါ ကိုကျော်သူရိန်
Release the Kraken! You got a 3.46% upvote from @seakraken courtesy of @aunggyi100!
Thank you
အောင်သွယ်တွေကို သတိထားရတယ် သူတို့နဲ့ ညားတက်လို့
အမ် ဟုတ်အမ😂
ဒီရွာထဲလူတွေရင်းနှီးနေသလိုပဲ
ဟုတ် သိနေတယ်လား
This post has received a 7.63% upvote from @msp-bidbot thanks to: @aunggyi100. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.
Thank you
အေင်သွယ်တော်ကောင်းတော့
အောင်သ်ွယ် နဲ့ညားဆိုလာဗျာ
ဟုတ် အဲ့လိုလည်းကြားဖူးတယ် ဦးထွေး
Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thank you
hi...my account was hacked last night and the bot created a phishing site link here in the comments from my account ... the link is now removed.. I got my account back.. sorry about that :( :( :( thanks.