နောင်​တ (အပိုင်း ၄)

in #myanmar6 years ago

အပိုင်း ၁ အား၍​နေရာတွင်​ဖတ်​ရှုနိုင်​ပါသည်
.https://steemit.com/myanmar/@aunggyi100/enang-t
အပိုင်း ၂ အား၍​နေရာတွင်​ဖတ်​ရှုနိုင်​ပါသည်
.https://steemit.com/myanmar/@aunggyi100/enang-t-apong-2
အပိုင်း ၃ အား၍​နေရာတွင်​ဖတ်​ရှုနိုင်​ပါသည်
https://steemit.com/myanmar/@aunggyi100/enang-t-apong-3
ထွေး​လေးတို့အိမ်​မှ ပြန်​လာသည့်​လမ်းတ​လျှောက်​လုံး၌ ​ဒေါ်မြ​ပြောသည့်​ မင်္ဂလာ​ဆောင်​ရန်​ကိစ္စအတွက်​သာစဉ်းစားလာခဲ့မိ​ပေ၏။
နောက်​တ​စ်​​နေ့ လုပ်​ငန်းခွင်​သို့ ကိုညို​ရောက်​ရှိလာ​သောအခါ ကိုမြင့်​​အေးတစ်​​ယောက်​ ​စော​စောစီးစီးပင်​ ​ရောက်​ရှိ​နေ​လေ၏။
"လာ ကိုညို​ပြောစရာရှိလို့​ကြို​စောင့်​​နေတာဗျာ"ဟု ကိုမြင့်​​အေးမှာဆို​လေ၏။ "ဟုတ်​ ဘာများ​ပြောစရာရှိလို့လည်း ကိုမြင့်​​အေးရ"ကိုညိုစကားဆုံးလျှင်​ပင်​ ကိုမြင့်​​အေးမှ" လာဗျာ ဒီနားမှာ​ပြောလို့အဆင်​မ​ပြေဘူး ကျုပ်​​နောက်​လိုက်​ခဲ့ဗျာ" နှစ်​​ယောက်​သား အလုပ်​ရုံနှင့်​ မလှမ်းမကမ်း ရှိအ​အေးဆိုင်​​လေးသို့သွား​ကြ​ပေ၏။ ဆိုင်​တွင်းသို့​ရောက်​လျှင်​ ​ချောင်​ကျကျ​နေရာ၌ ထိုင်​ကြ​လေသည်​။
မိမိ၌မင်္ဂ​ဆောင်​ရန်​ ​ငွေ​ကြေးအခက်​ခဲရှိ​နေသည်​ကို ကိုမြင့်​​အေးမှသိရှိ​ကြောင်း၊မနက်​ခင်း၌ ဂို​ထောင်​မှကား မြင်းခြံသို့ ကြက်​သွန်​နီအိပ်​များသွား​ရောက်​တင်​​ဆောင်​မည်​ဖြစ်​ရာ၊ မိမိအားကားနှင့်​အတူလိုက်​ပါသွား​ရန်​၊ အပြန်​လမ်းခရီးတစ်​ဝက်​၌ ကြက်​သွန်​အိပ်​ ၅၀ခန့်​အား လက်​စ​ဖျောက်​ရန်​၊ထိုမှရရှိသည့်​​ငွေကို မိမိ၊ကိုမြင့်​​အေး၊ကားသမားတို့ သုံးဦးခွဲ​ဝေယူကြမည့်​အ​ကြောင်းအား ရှည်​လျှားစွာရှင်း​ပြ​လေသည်​။
ကိုညိုတစ်​​ယောက်​ သို့​လောသို့​လောအ​​တွေးတို့များစွာ ​တွေ​ဝေလျှက်​ရှိ​ပေ​တော့၏။တသက်​လုံးရိုးသားစွာလုပ်​ကိုင်​လာသည့်​ မိမိ၊တဖက်​တွင်​လည်း အပူတပြင်း လိုအပ်​​နေသည့်​ မင်္ဂလာ​ဆောင်​စရိတ်​ ဖြစ်​​နေ၏။ "တစ်​ခါတ​လေလုပ်​တာဘဲ​လေ ဘာမှမဖြစ်​နိုင်​ပါဘူး" ဆို
သည့်​ မိမိစိတ်​ကိုမိမိ​ဖြေသည့်​အ​တွေးဖြင့်​လက်​ခံလိုက်​​ပေ​တော့သည်​။ မ​ကောင်းမှုသည်​ အစပြုလုပ်​မိသည်​နှင့်​ အဆုံးသတ်​ရန်​ခက်​ခဲ​ကြောင်းကို ကိုညိုတစ်​​ယောက်​ထိုချိန်​က သတိမပြုမိခဲ့​ပေ။
ဤသို့ဖြင့်​​နောက်​​နေ့မနက်​​စော​စောတွင်​ ​ကိုမြင့်​​အေး​ပြောထားသည့်​အတိုင်း မြင်းခြံသို့သွားမည့်​ကားနှင့်​လိုက်​ပါသွား​လေ​တော့၏။မြင်းခြံရှိ ပွဲရုံမှာကြက်​သွန်​ကုန်​များတင်​​ဆောင်​၍ လမ်းခရီးတ​ဝက်​တွင်​ ကြက်​သွန်​အိပ်​များကို ခိုးယူ​ရောင်းချကြ​လေသည်​။ ရရှိလာသည့်​ ပိုက်​ဆံများအား သုံးဦးသား ခွဲ​ဝေ၍ယူ​ကြ​လေသည်​။
"အစရှိ​အ​နှောင်​​နှောင်​ " ဆိုသည့်​ကားအတိုင်း ကိုညို တစ်​​ယောက်​​ ​ငွေရလွယ်​၍လမ်းမှားသို့ ​ရောက်​မှန်းမသိ ​ရောက်​ရှိ​နေ​ပေ​တော့သည်​။ ကိုမြင့်​​အေးနှင့်​​ပေါင်း၍ ဂို​ထောင်​ရှိကုန်​ပစ္စည်းများကိုပင်​ မ​ရှောင်​ကြ​တော့​ပေ။ အစပြုစဉ်​က​ မင်္ဂလာ​ဆောင်​စရိတ်​ရဖို့မျှသာ၊ ပြုလုပ်​ဖန်​များလာ​သောအခါ ​ငွေရလွယ်​ခြင်း၊မိမိ​လောဘအား မိမိမသတ်​နိုင်​ခြင်းများ​ကြောင့်​ အကုသိုလ်​ အမိုက်​​မှောင်​တွင်း ပိုမိုတိုးဝင်​လာမိ​တော့၏။
တစ်​​နေ့၌ ကိုမြင့်​​အေးအား ဂို​ထောင်​ပိုင်​ရှင်​မှကုန်​ ပစ္စည်းစရင်းဇယားများ ကွာဟ၍​နေ​ကြောင်း၊​သေ​သေချာချာ​လေး ဖိစီး၍လုပ်​​ပေးရန်​မှာကြား​လေသည်​။ ကိုမြင့်​​အေးအနီး၌ကိုညိုပါရှိ​နေ​ပေရာ နှစ်​ဦးသား မဟုတ်​တာလုပ်​ထားကြသူများဖြစ်​၍ စိတ်​မလုံကြ​ပေ။
ကိုညိုလည်း မိမိလုပ်​စရာရှိသည့်​ ကုန်​ထမ်းခြင်းအမှုကိုသာ လုပ်​မြဲတိုင်းလုပ်​​နေလိုက်​​ပေသည်​။ ကိုညိုကုန်​ထမ်းရာအနီးသို့ ကိုမြင့်​​အေးကပ်​လာပြီးလျှင်​ မိမိတို့ဒီတစ်​ခါပို့မည့်​ပစ္စည်းအားလုံး၏ ​ငွေ​ကြေးများအား လက်​စ​ဖျောက်​ရန်​၊ ပြီးလျှင်​ရရှိသည့်​​ငွေများအား ခွဲ​ဝေယူ၍ တစ်​ခြားနယ်​ဘက်​များသို့​ပြောင်း​ရွှေ့အ​ခြေချရန်​ ဆိုလာ​ပေသည်​။
ကိုညိုလည်း​ပေါက်​သည့်​ နဖူးမထူးပြီဟုသ​ဘောထားကာ "လုပ်​ဗျာ" ဟု၍သာဆိုလိုက်​​တော့၏။ ကိုညိုအ​တွေးကား ရရှိလာသည့်​ပိုက်​ဆံများနှင့်​ ​ထွေး​လေးအား​ခေါ်​ဆောင်​ကာ တခြားမြို့တစ်​မြို့တွင်​ သွား​ရောက်​​နေထိုင်းခြင်းပြုမည်​ပင်​။သူ့အ​တွေးနှင့်​သူ​တော့ဟုတ်​၍ ​နေ​ပေ​တော့၏။
16-39-01-depressed_silhouette.jpg
Credited image from
https://www.zdnet.com/article/depression-not-a-disorder-but-an-advantageous-mental-adaptation/
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

အင်း .. အရလွယ်​​တော့ အလွယ်​ရတာကိုသ​ဘောကျသွားပြီး ပိုပိုပြီး မိုက်​တွင်းနက်​​တော့မှာ​ပေါ့ .. ​အော်​ ကိုညို ကိုညို ..

ဟုတ်​တယ်​အကို​ရေ

မကောင်းမှု ဆိုတာ လုပ်တာများတော့ ယဉ်ပါးလာကြတာပေါ့
နောက်ဆုံး ဘာဆက်ဖြစ်မလဲ မျော်နေမယ်ဗျာ ကိုအောင်ကြီး

ဟုတ်​ကိုကိုမိုးဟန်

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 25% upvote from @aungzawhtwe courtesy of
@aunggyi100 ! its cool fee free .

ကျေးဇူးတင်​ပါတယ်​ ကို​ထွေး😊

You got a 9.63% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

ငွေနောက်မှာ လောဘကအတောမသတ်တော့
ဒုက္ခများပြီးပ

ဟုတ်​တယ်​ ဦး​ထွေး ​ရေ

လောဘခေါ်ဆောင်ရာလိုက်မိတော့ ရုန်းမထွက်နိုင်ဖြစ်ရပြီ

ဟုတ်​ မှန်​တာ​ပေါ့ကိုမြင့်​ရယ်

Release the Kraken! You got a 1.51% upvote from @seakraken courtesy of @aunggyi100!

အကြံကြီးကြံနေကျပါပကောကွယ်

ဟုတ်​ပ အမ​ရေ

This post has received a 50.00 % upvote from @astrobot thanks to: @aunggyi100.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99