“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(အဌ) ”

in #myanmar6 years ago (edited)

IMG_20171211_182328.jpg

ယခင်အပိုင်း(၁)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပ) ”

ယခင်အပိုင်း(၂)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ဒု) ”

ယခင်အပိုင်း(၃)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (တ) ”

ယခင်အပိုင်း(၄)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (စ) ”

ယခင်အပိုင်း(၅)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပဉ္စ) ”

ယခင်အပိုင်း(၆)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ဆဌ) ”

ယခင်အပိုင်း(၇)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (သတ္တ) ”

“ မိုးသည်းည လွမ်းတေးတစ်ပုဒ် (အဌ) ”

ခန်း( ၁၅ )

ဝုန်း-- ဂျိမ်း-- ဝေါ ဝေါ-- ဟောမိုးက သည်းလိုက်သည့်ဖြစ်ခြင်း။ ကျွန်တော့မှာ မလုံတစ်လုံ ထီးကလေးကို ဆောင်းရင်း နံဘေးမှ မိန်းကလေးကို အသာအယာ ပြုံးပြလိုက်သည်။ မင်းမိုးစိုနေမယ် ဒီဘက်တိုးခဲ့လေ။ ပြောပြောဆိုဆို မိန်းကလေး ပုခုံးကိုသိုင်းဖက်ကာ ကျွန်တော့ အနီးသို့ဆွဲခေါ်လိုက်သည်။ မိန်းကလေးမှာ ရှက်သွေးဖြာလျက် ကျွန်တော့ အနီးကပ်လျက် လမ်းလျောက်နေရင်း ခေါင်းငုံ့နေရှာသည်။ “ဟိုရှေ့နားဆို ရောက်ပီနော် သည်းခံလိုက်ပါအုန်းကွာ၊ ညီမလေးကျေးဇူးကို အကိုတစ်သက် မမေ့ပါဘူးနော်” “ဟုတ်ကဲ့အကို ရပါတယ်” မိန်းကလေးမှာ တိုးညှင်းစွာ အဖြေပြန်ပေးရင် မိုးရွာထဲတွင် ဆက်လက်လျောက်လှမ်းလာကြပါတယ်။ စာအုပ်အငှားဆိုင်လေးကို လှမ်းမြင်နေရပါပြီ။

ကျွန်တော်နှင့်မိန်းကလေးတို့ အတူတွဲလျက် စာအုပ်ဆိုင်ရှေ့သို့ ရောက်ရှိချိန်တွင် ဆိုင်အတွင်းမှ မိန်းကလေးတစ်ဦးနှင့် အဒေါ်ကြီးတစ်ဦး ထွက်လာကြသည်။ ထီးတစ်လက် အား ဖွင့်ဆောင်းနေကြရင်း ကျွန်တော်တို့နှစ်ဦးနှင့် မျက်နှာချင်း ဆိုင်မိကြသည်။ ကျွန်တော်မှာလည်း စိတ်မာန်ကိုတင်းကာ အံကိုတင်းတင်းကြိတ်ထားလျက် ကျွန်တော့နံဘေးမှ မိန်းကလေးကို ပို၍ပင် တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ဆိုင်ရှေ့မှ ရပ်စောင့်နေမိသည်။

img.jpeg
Credit Image Source

“အို” ရင်တွင်းတစ်နေရာမှ ထွက်ကျလာသော အသံဆိုသည်ကို ကျွန်တော်သိလိုက်သည်။ ကျွန်တော့၏နားတွင် တစ်သက်မှာတစ်ခါ ကြားလိုက်ရသော အသံတစ်ခုဖြစ်သည်။ ကျွန်တော့ချစ်သူ၏ ကွက်ကနဲ ပျက်သွားသောမျက်နှာနှင့် နှလုံးသားတစ်နေရာမှ ပွင့်အန်ထွက်ကျလာသော တုန်ရင်လှိုက်လှဲသည့် ထိုအသံလေးသည် ကျွန်တော့ နှလုံးသားတို့အား တစ်စစီကြေမွသွားသည့် အချိန်နှင့် တစ်ပြိုင်တည်းလိုလို ထွက်ပေါ် လာခြင်းဖြစ်ပါတော့သည်။ “ခွင့်လွှတ်ပါ ချစ်သူရယ်” ကျွန်တော့ ရင်တွင်းတစ်နေရာက တိုးတိုးလေး ပြောနေမိသော စကားဖြစ်ပါတယ်။ ကျွန်တော့နဘေးက မိန်းကလေးငယ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ကျွန်တော့လက်အစုံမှာ တုန်ရင်အေးစက် နေပါ တော့သည်။

အခန်း( ၁၆ )

ရက်စက်လိုက်တာမောင်ရယ်၊ ရက်စက်လိုက်တာ။ ကျွန်မနှင့်မေမေ မိုးရွာထည်းမှ အိမ်သို့ ပြန်ရောက်သည်နှင့် “မေမေရေ သမီး အခန်းအောင်းပီး ၀တ္ထုဖတ်တော့မယ်၊ သမီးကို လာမနှောင့်ယှက်နဲ့နော်”ပြောရင်းဆိုရင်း ကျွန်မအခန်းရှိရာသို့ အပြေးတစ်ပိုင်းဝင်သွားကာ အခန်းတံခါးကို လော့ချထားလိုက်ပြီး အိပ်ယာထက်သို့ မှောက်ချကာ အားရပါးရ ငိုချလိုက်ပါတော့တယ်ရှင်။ မောင်သိပ်ရက်စက်တယ်၊ ကျွန်မနဲ့ချိန်းထားတာကိုမေ့နေပြီး သူက နောက်ထပ်ချစ်သူ တစ်ယောက်နဲ့တွဲနေတယ်။ အရင်ရက်တွေကလည်း သူနေမကောင်းဘူးလို့ အကြောင်းပြပီး ကောင်မလေး အသစ်နဲ့တွဲနေတာဖြစ်မယ်။ အို ကျွန်မ အသည်းတွေ ဗြောင်းဆန်ကုန်ပါပီမောင်ရယ်။ သိပ်ရက်စက်တာပဲ။ ကျွန်မ တစ်ယောက်တည်း အခန်းတွင်းမှာ မျက်ရည်လည်ရွှဲနှင့် ဖြည်မနိုင်ဖြစ်နေရပါပီရှင်။

ပထမဆုံးချစ်ခဲ့သူ၊ ပထမဆုံးမြတ်နိုးရသူ၊ ကျွန်မနှလုံးသားကို စိုးမိုးထားသူက အခုလို ရက်ရက်စက်စက် လုပ်ပြလေတော့ ကျွန်မအသည်းတွေ ကွဲကြေရပါပီရှင်။ ယောင်္ကျားတို့ မာယာကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ခံစားရပါပီ။ ဒါပေမယ့်လေ ကျွန်မ မောင့်ကို ဘယ်လိုမေ့ဖျောက်ရမှာလဲ။ ကျွန်မဘ၀ကို ပုံအပ်ပီး တစ်ဘ၀ ထူထောင်မယ်လို့ ရည်ရွယ်ထားသူက ဒီလောက်ရက်စက်လိမ့်မယ်လို့ ကျွန်မထင်မထားမိတာ ကျွန်မအမှား ပါရှင်။ ရက်စက်သူကြီးရေ ကျွန်မရဲ့ရှေ့ဆက်ရမယ့်ဘ၀ကို ဘယ်လိုကျော်ဖြတ်ရမယ် ဆိုတာ မသိနိုင်တော့ပါဘူး။ ကျွန်မတို့ စိတ်ကူးကမ္ဘာလေး ပြိုပျက်သွားပီလားရှင်။

Img.jpeg
Credit Image Source

ကျွန်မတစ်ယောက်ထဲ အခန်းအောင်းကာ နေမိသည်မှာ ရက်သတ္တ တစ်ပတ်ကျော်ခဲ့ပါပီ။ မောင့်ကို သတင်းလည်းမကြား၊ လူလဲမမြင်ရတော့ပါ။ ကျွန်မလည်း စာအုပ်ဆိုင်ကို နောက်တစ်ခေါက်ရောက်သွားပြီး ဦးလေးကြီးထံ သိမ်းထားသော ကျွန်မစာလေးကို ပြန်တောင်းမိပါတယ်။ ဒီအခါမှာ ဦးလေးကြီးက “ဟော ကလေးမ ဦးကမျှော်နေတာကွယ့်၊ ညည်းပေးထားတဲ့စာကို အဲဒီနေ့မှာပဲ ကောင်လေးလာယူသွားတယ်၊ သမီးတို့ သားအမိထွက်သွားပီး ရှေ့ဆင့်နောက်ဆင့်ပဲ သူရောက်လာတာကွယ့်၊ နောက်ပီးတော့ သမီးဖတ်ဖို့ဆိုပီး စာလေးလဲ ပေးထားခဲ့တယ်၊ ရော့ရော့” ရက်သတ္တ တစ်ပါတ်ကျော်ကြာမှ ရောက်သွားသော်လည်း ဆိုင်ရှင်ဦးလေးကြီးမှသိမ်းထားသော စာလေးကို ထုတ်ပေးပါတယ်။

“အို ဦးလေးကြီး သမီးသူ့စာကို မဖတ်ချင်တော့ဘူး၊ သမီးစာကို ပြန်လာယူတာ မရှိတော့ရင်လဲ သမီးပြန်တော့မယ်။ နောက်ပီးတော့ သမီးလေ ဦးလေးကြီးဆိုင်ကို နောက်ရက်တွေမလာတော့ဘူးနော်၊ သမီးတောင်းပန်ပါတယ်ရှင့်၊ သူနဲ့ကျမဇာတ်လမ်းက ပြီးဆုံးသွားပါပီ ဦးလေးကြီးရယ် အဟင့် ဟင့်” ပြောပြောဆိုဆို ကျွန်မဆိုင်းအတွင်းက ငိုရင်းပြေးထွက်သွား မိပါတော့တယ်။ ရင်နာရတယ် မောင်ရယ်။ မောင့်စာကို မဖတ်ချင်တော့ပါဘူး၊ လိမ်လည်လှည့်ဖျားထားတဲ့ ယောင်္ကျားတွေရဲ့စာကို ကျွန်မ မဖတ်လိုတော့ပါဘူးရှင်။

ရုတ်တရက်ပြေးထွက်သွားသော မိန်းကလေး၏ ကျောပြင်ကိုကြည့်ရင်း ဆိုင်ရှင်ဦးလေးကြီး မှာ သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်ထုတ်လိုက်ကာ ပေးဟန်ပြင်နေသော စာလေးကို ပြန်လည်သိမ်းဆည်းထားလိုက်ပါတော့တယ်။ ဆိုင်ပြင်မှာတော့ မိုးဖွဲလေးများက တဖွဲဖွဲရွာနေလျက်---။

Img.jpeg
Credit Image Source

အခန်း( ၁ရ)

ဆက်ပါအုန်းမည် ---

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 06:30 PM (16.5.2018)

#Myanmar #Literature #Writing #Love #Story

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 6.37% upvote!
I was summoned by @nyinyiwin. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

အကုန် ပြန်ဖတ်ရမာ သမီးက😍

ဖတ်နိုင်သလောက် ဖတ်စေဗျား။

You got a 21.19% upvote from @steembloggers courtesy of @nyinyiwin!

You got a 32.68% upvote from @nado.bot courtesy of @nyinyiwin!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

နေမကောင်းဖြစ်နေလို့ တင်တာနောက်ကျသွားတယ်ဗျာ။

နေတိုးနဲ့ဒီဇတ်လမ်းကိုရိုက်မယ်နော် စာချုပ်လိုက်ပြီး

အဟေး အားပေးတာကျေးဇူးပါဗျာ။

ဝတ္ထုရေးတယ်ဆိုတာ စိတ်အချိန်များစွာပေးရတာဗျာ၊ တကယ်တော့ နေ့စဉ်တင်နိုင်ဖို့မလွယ်ပါဘူး။

ခုရေးခုတင်တော့ ဘယ်ရမလဲဗျာ ။ ကြိုတင်ရေးသာထားမှ နေ့စဉ်တင်နိုင်တာပါ။

အော် ဇာတ်လမ်းကကောင်းလွန်းလို့ ဘယ်လိုပြောပေးရမလဲ စကားလုံးရှာနေရပါပြီ။ဇာတ်ကို ရှေ့ဆက်ဖို့ အတွက်ချပြထားသော်လည်း စာဖတ်သူသိနေတဲ့ဇာတ်အနေအထားကို ဇာတ်ရှိန်တက်အောင် ပညာသားပါပါဆွဲယူထားတာ ဆိုတော့ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် စာရေးဆရာကြီးခင်ဗျာ

ဟုတ်ကဲ့ ကိုသန့်ဇင်ရေ ဇာတ်လမ်းသဘောအရ အပိုင်းများလာရင် အားပေးသူတွေ ပျင်းသွားပီး လာမဖတ်တော့ဘူးဗျား ။ အခုအားပေးသူ ကိုသန့်ဇင်တယောက်ပဲကျန်တော့တယ်။ နောက်တပိုင်းကျရင် မျော်ရသူကကျနော်ဖြစ်တော့မယ်ထင်တယ်။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 61123.08
ETH 2628.55
USDT 1.00
SBD 2.46