“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(ပဉ္စ) ”

in #myanmar6 years ago

IMG_20171211_182328.jpg

ယခင်အပိုင်း(၁)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပ) ”

ယခင်အပိုင်း(၂)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ဒု) ”

ယခင်အပိုင်း(၃)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (တ) ”

ယခင်အပိုင်း(၄)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (စ) ”

“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(ပဉ္စ) ”

အခန်း( ၉ )

အရမ်းလွမ်းနေတာရတယ် ချစ်သူရေ။ ကျနော် အလုပ်မသွားနိုင်တာ ရက်သတ္တတစ်ပတ် ကျော်လာခဲ့ပါပြီ။ အကြောင်းကတော့ ကျနော်၏ ကျန်းမာရေးဟာ ခါတိုင်းနှင့်မတူ ဆိုးဆိုးရွားရွား အားနည်းလာပါတယ်။ နေကောင်းလာလိုက် ပြန်ဖျားလာလိုက်နှင့် လူမမာတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာနေပါတယ်။ ယနေ့ ကျနော်၏ ဆေးစစ်ချက် အဖြေအား ဓါတ်ခွဲခန်းတွင် သွားရောက်ယူဆောင်ရင်း ကျနော်၏ ဆွေးနွေးတိုင်ပင်နေကျ ဆရာဝန်နှင့် ပြသတိုင်ပင်ဆွေးနွေးမိသည်။ ယနေ့သည် ချိန်းဆိုထားသည့်နေ့ဖြစ်၍ မပျက်မကွက် သွားရမည်။ ဒါမှ ကျွန်တော့ရောဂါအခြေနေကိုသိရမည်။

ဆရာဝန်ရှိရာ တိုက်ခန်းသို့ တက်လာနေရင်းကပင် ကျွန်တော်၏ ခြေလက်တို့မှာ သယ်ယူ လျောက်လှမ်းရသည်ကို အားမရှိသလို ခံစားရသည်။ တစ်ချက်တစ်ချက် မူးနောက်နောက်လည်း ဖြစ်၍သွားတတ်သည်။ စိတ်မြန်လက်မြန်နှင့် စိတ်သွားတိုင်းကိုယ်ပါ နေတတ်သော ကျွန်တော့်အတွက် အတော်ဆိုးရွားသော ရောဂါတစ်ခု ကပ်ညိနေပြီဟု ကျွန်တော်စိတ်တွင် တွေးထင်နေမိသည်။ ဒီလိုနှင့် နားလိုက် သွားလိုက်နှင့် ဆွေးနွေးတိုင်ပင်မည့် ဆရာဝန်၏ ဆေးခန်းသို့ ရောက်လာခဲ့ပါပြီ။ ကျွန်တော်၏ ဓါတ်ခွဲခန်း ဆေးစစ်ချက်များကို တင်ပြလိုက်ပါတယ်။ ကျွန်တော့လက်တွေ တုန်ရင်နေပါလား-- ရင်ထဲမှာလဲ မောဟိုက်လို့နေသည်။ ပင်ပမ်းလိုက်တာဗျာ။ ကျွန်တော်ဖြတ်သန်းလာတဲ့ ဒီဘ၀တစ်လျောက်မှာ ဒါဟာ တော်တော်ဆိုးရွားသော ရောဂါဖြစ်လိမ့်မယ်ထင်ပါတယ်။

image.jpeg
Credit Image Source

ဆရာဝန်မှာ အချိန်အတော်ကြာ စစ်ဆေးနေသည်။ ထို့နောက် တစ်နေရာသို့ ဖုန်းဆက်ကာ မေးမြန်းမှုများလည်း လုပ်နေသေးသည်။ ကျနော်မသိသော နိုင်ငံခြားဘာသာစကားနှင့် နိုင်ငံတစ်နိုင်ငံက ဆရာဝန်တစ်ယောက်နှင့် တိုင်ပင်ဆွေးနွေးနေသည်ဟု ကျွန်တော် တွေးထင်နေမိသည်။ ခဏအကြာတွင် ကျနော်၏ ဆရာဝန်မှ သူ၏ဖုန်းဆက်ဆွေးနွေး နေခြင်းပြီးဆုံး သွားပြီထင့် ကျနော့်ဘက်သို့ လှည့်လာကာ ကျွန်တော့်ကိုကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။

ကျနော်၏ မျက်နှာကိုကြည့်လိုက် သူ့၏ရှေ့က ကျနော်၏ဆေးစစ်ချက် ဓါတ်ခွဲခန်း အဖြေများကိုကြည့်လိုက်နှင့် တစ်စုံတစ်ခုကို ပြောရန်ချီတုံချတုံဖြစ်နေပေသည်။ ထို့နောက် တွင်တော့ ဆုံးဖြတ်ချက်ကို ချလိုက်သည့်အသွင်ဖြင့် စကားစပြောလာသည်။ “ပြောရမှာတော့ စိတ်မကောင်းဘူးမောင်ရင်၊ ဒါပေမယ့် မောင်ရင့်ဆေးစစ်ချက် အဖြေ ကလည်း နိုင်ငံခြားက ကျွမ်းကျင်ပညာရှင်နဲ့ပါ တိုင်ပင်ဆုံးဖြတ်ခဲ့ပြီးလေတော့ တိကျတဲ့ အဖြေတစ်ခုဖြစ်ပါတယ်၊ ဒီအဖြေကတော့-မောင်ရင့်မှာ လူခေးမီးယားလို့ခေါ်တဲ့ သွေးကင်ဆာ ဖြစ်နေပြီကွဲ့” ဆရာဝန်၏ အဖြေစကားသံအဆုံး “ဗျာ” ကျွန်တော်၏ အာမေဋိတ်သံနှင့်တကွ ကျနော့ဦးခေါင်းတို့သည် ချာချာလည်သွားလေတော့သည်။

အခန်း( ၁၀ )

မှောင်မိုက်သောညများကို တစ်ကိုယ်တည်း ဖြတ်သန်းနေရသည်ဟု အိမ်မက်ဆိုးများ အကြိမ်ကြိမ်မက်ကာ အိပ်ယာမှ ခဏခဏ လန့်နိုးလာတတ်သည်။ ကျွန်တော်၏ အိမ်မက်ဆိုးများကို မည်သို့ပျောက်အောင်လုပ်ရမည်ကိုလဲ ကျနော်တစ်ယောက် အဖြေရှာ မရသေးပါ။ ဆရာဝန်ထံမှ ပြန်လာခဲ့သည်မှာ တပတ်ကျော်ခဲ့ပြီ။ ချစ်သူနှင့် မတွေ့ရသည် မှာလည်း လတစ်လ၏ တစ်ဝက်ကျိုးသည်တိုင် မဆုံဖြစ်ကြသေးပါ။ ကျွန်တော့ချစ်သူလေး ခမြာလွမ်းနေရှာရော့မည်။ မိုးနတ်မင်းကြီး ကယ်တော်မူပါလို့ပင် အော်လိုက်ချင်ပါတော့ တယ်ဗျာ။

image.jpeg
Credit Image Source

ဆရာဝန်၏ လမ်းညွှန်ချက်ဖြင့် ကျွန်တော် ရှေ့ရေးကို စီစဉ်သင့်တာ စီစဉ်ရတော့မည်။ ကျွန်တော်သည် နောက်ထပ် လေးငါးလနေလျင် အသက်ဆုံးနိုင်သော အခြေအနေဖြစ်နေ ကြောင်းလည်း ပြောပြလာသည်။ ဆရာဝန်တို့လိုက်နာရမည့် စည်းအချို့ကိုကျော်ပီး ကျွန်တော့အား လမ်းညွှန်ပေးခဲ့သည်။ ကျေးဇူးတင်ပါတယ် ဆရာရယ် ကျွန်တော့ဘ၀ကို ကျွန်တော် ကောင်းကောင်းမွန်မွန် ဖြတ်သန်းပြီးဆုံး ချင်တာပါ။ ကျွန်တော်မသေခင် လောက ကောင်းကျိုးကို ရေရေရာရာ မလုပ်ခဲ့နိုင်တာတော့ နှမြောမိသည်။ သို့သော် ကျွန်တော်လုပ်နိုင်တာ တစ်ခုတော့ ရှိသည်၊ ထိုအလုပ်ကိုတော့ မဖြစ်ဖြစ်အောင်လုပ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကျွန်တော့ရဲ့ အသည်းတွေအူတွေ ဗြောင်းဆန်ကုန်ပီဟုပင် ထင်နေရပါတယ်။ ကျွန်တော့ဆုံးဖြတ်ချက်ကို ကျွန်တော့ချစ်သူ မသိပါစေနဲ့ဗျာ။ ချစ်သူရေ။ မောင့်ကိုခွင့်လွှတ်ပါ။

ကျွန်တော့ နှလုံးသားများ တဆက်ဆက်တုန်အောင် ခံစားနေရရင်း ကျွန်တော့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဘို့ အစီအစဉ်ချနေမိသည်။ ချစ်သူကို သတိရစိတ် လွမ်းစိတ်တို့မှာကား တားမရဆီးမရ။ သို့သော် ကျွန်တော့ နှလုံးသားတို့ တစ်စစီကြွေကျ သွားပါစေ ကျွန်တော့ချစ်သူကို ကျွန်တော်ခံစားနေရသောရောဂါကို ဖွင့်ပြောရန်ကိုတော့ မဖြစ်နိုင်။ ဒါကြောင့် ကျွန်တော့ရဲ့ အရင်းနှီးဆုံး၊ စိတ်အချရဆုံး လည်ပင်းဖက် သူငယ်ချင်းတစ်ယောက်ကို အကူညီတောင်းမိပါတယ်။ မနက်ဖန်တော့ ကျွန်တော့ အစီစဉ် စနိုင်မယ်ထင်ပါတယ်--။

image.jpeg
Credit Image Source

အခန်း( ၁၁)

ဆက်ပါအုန်းမည် ---

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 02:30 AM (12.5.2018)

#Myanmar #Literature #Writing #Love #Story

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

အိုးစွဲဆောင်မှုကတော့အပြည့်ပဲနော်ကျမသွားဘူးရေးချက်တွေက။အားပေးနေမယ်နော်ကွီးရွှေ။ကွီးရွှေဖန်ပါသားက။

ဟုတ်ကဲ့ ကိုဇာမဏီရေ အားပေးနေတဲ့အတွက် ၀မ်းသာရပါတယ်ဗျာ။ ဒီဇတ်လမ်းလေးရေးရတာခက်တယ်ဗျာ ။ မိန်းကလေးနေရာကနေ ၀င်ပီး ခံစားရတာ တော်တော်လေး အုန်းစားတယ်။

အလွမ်း​တွေ တနင့်​တပိုးခံစားရင်း ​ကြွေကွဲ​နေသူကိုမှ ​သွေးကင်​ဆာတဲ့ဗျာ .. ​ဘာ​တွေ ဆက်​ဖြစ်​မလဲ အရမ်းသိချင်​မိပြီ ကိုကြီး​ရေ ..

ဟုတ်ကဲ့ ကိုမြန်မာပြည်သားရေ ဇာတ်လမ်းကတော့ ကောင်းခန်းရောက်လာပါပီဗျာ။ အားပေးနေလို့ ၀မ်းသာပါတယ်။

အကိုရေ အလွမ်းဝတ္ထု ကောင်းလေးတစ်ပုဒ်ပါပဲဗျာ အားပေးနေပါတယ်ဗျာ့။

ဟုတ်ကဲ့ဗျာ အမြဲလာအားပေးနေလို့ ၀မ်းသာမိပါတယ်။ ရသများများပေးနိုင်ဘို့ ကြိုးစားအားထုတ်လျက်ပါဗျာ။

You got a 30.77% upvote from @dailyupvotes courtesy of @nyinyiwin!

Please upvote this comment to support the service.

ချစ်သူ က မောင့်ကိုခွင့်လွှတ်မှာပါ

ချစ်ကြသူတိုင်း ကိုဟ့်ချစ်သူကို အပြစ်မမြင်ကြပါဘူးလေ။

မိုးစရွာတဲ့အချိန်ခါနဲ့ အစ်ကိုတင်တဲ့postနဲ့ကွက်တိပါပဲ

ဟုတ်တယ် မိုးဇာတ်လမ်းလေး။ ရာသီဥတုကလဲ အားပေးနေတော့ ရေးဖြစ်သွားတာ။

Next post က ကြေကွဲရတော့မှာပေါ့နော်

ဟုတ်ကဲ့ဗျ ဒီပိုစ်လေးက အစကတဲက ကြေကွဲခြင်းဇာတ်လမ်းလေးပါဗျာ။

သွေးကင်ဆာတဲ့ဗျာ အလွမ်းဇာတ်လေးကတော့ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်ကောင်းပြီး စွဲဆောင်ထားပါပြီ။လောကကြီးအတွက် ဘာတွေဆက်လုက်မလဲ...ချစ်သူအတွက်ဘယ်လိုရင်ဆိုင်မလဲ ဆက်လက်စောင့်မျှော်အားပေးပါမည်။ပြီးရင် စာအုပ်ထုတ်တော့ဦးညီ။

ဟုတ်ကဲ့ အားပေးတာ ကျေးဇူးလဲတင်တယ် အားလဲရှိတယ် ကိုသန့်ဇင်ရေ။ ကျနော့် အကြိုက်ဇာတ်လမ်းလေးပါ ကျွန်တော် စိတ်ကူးထဲပဲရေးထားပီး အခုမှ စာလုံးလေးတွေဖြစ်လာတာပါဗျာ။ ကြိုးစားလျက်ပါ။

This post has received a 4.41 % upvote from @boomerang.

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 6.25% upvote!
I was summoned by @nyinyiwin. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 59110.01
ETH 2990.61
USDT 1.00
SBD 3.72