“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(သတ္တ) ”

in #myanmar6 years ago

IMG_20171211_182328.jpg

ယခင်အပိုင်း(၁)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပ) ”

ယခင်အပိုင်း(၂)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ဒု) ”

ယခင်အပိုင်း(၃)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (တ) ”

ယခင်အပိုင်း(၄)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (စ) ”

ယခင်အပိုင်း(၅)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပဉ္စ) ”

ယခင်အပိုင်း(၆)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ဆဌ) ”

“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(သတ္တ) ”

အခန်း( ၁၃ )

မနက်ဖန် ချစ်သူလေးနှင့်ချိန်းထားသည့်နေ့ဖြစ်သည်။ ကျွန်တော်၏ စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာဆုံးဖြတ်ချက် ချထားပြီးမှ တွေဝေနေမိသည်။ ကျွန်တော်၏ လုပ်ရပ်သည် သက်ဆိုင်သူတို့အား တစ်စုံတစ်ခုသော အတိုင်းအတာထိ နက်နက်နဲနဲ ထိခိုက်မည်ကို ကြိုတင်သိထားနေသောကြောင့်ဖြစ်ပါတယ်။ သို့သော် ထိုဆုံးဖြတ်ချက်ကို ကျွန်တော်သည် မဖြစ်မနေ ဆောင်ရွက်ရမည်။ ဤသို့လုပ်ခြင်းသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အားလုံးအတွက် သင့်တော်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း သိရှိသွား ကြလျှင် ကျွန်တော့အပေါ် ခွင့်လွှတ်နိုင်ကြမည်ဟု မျှော်လင့်ထားမိသည်။

“သူငယ်ချင်း မင်းတစ်ကယ်ကော ဆုံးဖြတ်ပြီးပီလား၊ မင်းဆုံးဖြတ်ချက်ကို မပြင်တော့ဘူး လားကွာ၊ ငါကတော့ မင်းအပေါ်နားလည်ပါတယ်၊ မင်းအကြောင်းတွေအကုန်သိထားတာ ငါတစ်ယောက်ပဲရှိတယ်၊ မင်းစိတ်ဓါတ်ကိုလဲ ငါတစ်ယောက်ပဲသိတယ်၊ စဉ်းစားပါဦးကွာ” ကျွန်တော်၏ ကျောင်းနေဘက်သူငယ်ချင်း၊ ကျွန်တော်တို့ ချစ်သူနှစ်ယောက်လုံး၏ အချစ်ဆုံး သူငယ်ချင်းက ကျွန်တော်၏ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရန် တိုက်တွန်း နေခြင်းဖြစ်သည်။

“သူငယ်ချင်းရေ မင်းပြောတာ မှန်သော်လည်း ငါက ဒီလိုလမ်း ကိုရွေးတာ အားလုံးကောင်းဘို့ဆိုတာကို မင်းလည်းအသိပါပဲကွာ၊ ငါ့အပေါ်နားလည်ပေးပါ သူငယ်ချင်းရာ ငါ့ဆုံးဖြတ်ချက်ကို မပြင်နိုင်တော့ဘူး ဖြစ်အောင်လုပ်မယ်ကွာ၊ ဒါပေမယ့် ဒီကိစ္စကိုမင်းကူညီမှရမယ်၊ ကူညီပါကွာသူငယ်ချင်းရာ၊ ငါ့တစ်သက်မှာ မင်းဆီက နောက်ဆုံး အကူအညီတောင်းနေတာပါ၊ နော်သူငယ်ချင်းရာနော်”။ ထို့နောက်တော့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ဦး တစ်ဦးလက်ကိုတစ်ဦး တင်းတင်းဆုပ်ကိုင်ထားကြလျက် မမြင်ရသော ဟိုးအဝေးတစ်နေရာကို မြင်နေရသည့်အလား ငေးမြှော်ကြည့်နေမိကြသည်။ ကဲသူငယ်ချင်း အိမ်ပြန်ကြစို့ဟု ပြောရင်း ယိုင်နဲ့နဲ့ဖြစ်နေသော လူမမာကျွန်တော့အား သူငယ်ချင်းဖြစ်သူမှ ဖေးမတွဲခေါ်လိုက်လေသည်။ ညနေစောင်း ဆည်းဆာနေသည် ကျွန်တော်တို့ သူငယ်ချင်းနှစ်ဦးအား ငိုမဲ့မဲ့ နှုတ်ဆက်ရင်း ကန်ရေပြင်အောက်သို့ ငုတ်လျိုးသွားချေပြီ။

img.jpeg
Credit Image Source

အခန်း( ၁၄ )

မောင်ရေ မျှော်လိုက်ရတာ အခုထိပေါ်မလာသေးဘူး၊ ကျွန်မလည်ပင်းလေး ညောင်ရေအိုး ဖြစ်နေပီမောင်။ ကျမနှင့် မေမေ စာအုပ်အငှားဆိုင်လေးသို့ ရောက်နေနှင့်သည်မှာ အချိန်အားဖြင့် အတော်ကြာနေပြီဖြစ်သည်။ မောင်ကပေါ်မလာသေး၊ မေမေကတော့ ကာတွန်း စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီးဖတ်နေလျက်ရှိသည်။ ဆိုင်ရှင်ဦးလေးကြီးမှ ကျွန်မအား အဓိပ္ပါယ်ပါသော အကြည့်နှင့် လှမ်းကြည့်နေသည်။ “ကလေးမလေး မင်းကောင်လေး အတွက် စိတ်မကောင်းပါဘူးကွယ် မင်းတို့ချစ်ခြင်းကို ဦးလေးကြီး ရင်ထဲမချိအောင် ခံစားရပါတယ်ကွယ်”။ ဆိုင်ရှင်ဦးလေးကြီး၏ စိတ်ထဲမှအတွေးကို ကျွန်မသာ သိခဲ့ရလျင် အဖြေတစ်ခုကို စောစောသိရှိခဲ့မှာပါ။ ယခုတော့ မသိနိုင်မမြင်နိုင်သော ကျွန်မအဖြစ်ကို ဦးလေးကြီး၏ ကရုဏာအကြည့်သည် ကျွန်မအတွက် မနေတတ် မထိုင်တတ်ပင်ဖြစ်မိသည်။ မြန်မြန်လာပါတော့ မောင်ရယ်။

ဟော မိုးဖွဲလေးတွေကျလာပီမောင်၊ ဘာလို့မလာသေးတာလဲမောင်ရယ်။ နေမကောင်း ဖြစ်ပီးကာစ နာလန်ထစမှာ မိုးမိနေရင် ပြန်ဖျားနေတော့မှာပဲ။ ကျမ၏ စိုးရိမ်စိတ်တို့အား ရင်ထဲတွင်ကိန်းအောင်းနေရာမှ ကိုယ်အမူအရာထိပင် ပွင့်အန်ထွက်ကျလာကြချေပြီ။ ဆိုင်ရှေ့လမ်းကို တလည်လည်ကြည့်ရင်း ၀တ္ထုစာအုပ်အချို့အား ကောက်ကိုင်လိုက် ပြန်ချလိုက်နှင့် စာအုပ်ရွေးချင်ယောင်ဆောင် နေရသည်မှာလည်း မောလှပါပီမောင်ရယ်။ “သမီးရေ စာအုပ်ရွေးလို့ မပီးသေးဘူးလားကွယ် မေမေတို့ပြန်ကြရအောင်၊ တော်ကြာ နေရင် မိုးကသည်းလာတော့မယ် မေမေတို့ ပြန်ကြစို့သမီးရေ”။ မေမေကလည်း အိမ်ပြန်ရန် လှမ်းပြောလာနေပြီ မောင်ကပေါ်မလာသေး။

img.jpeg
Credit Image Source

မောင်တစ်ယောက် ဘာဖြစ်နေသည်မသိတော့၊ မောင့်ကိုတွေ့လျင် စိတ်ကောက်ပြမည့် အတွေးလေးမှာ ဘယ်ဆီသို့ ရောက်သွားသည်မသိ၊ မောင့်ကို စိုးရိမ်မိသည့် စိတ်တို့ သည်သာ တစ်ဖွားဖွား ဖြစ်ပေါ်နေပါတော့တယ်။ “ဟုတ်ကဲ့မေမေ စာအုပ်ရွေးပီးပါပီ၊ ဦးလေးကြီး ဒီစာအုပ်လေးယူမယ်နော် စာရင်းမှတ်ပေးပါ”ဟု ပြောရင်း ကျွန်မရေးထားသည့် မောင်ဖတ်ရန်စာလေးအား မသိမသာ ဆိုင်ရှင်ဦးလေးကြီးအား ပြလိုက်သည်။ ဆိုင်ရှင် ဦးလေးကြီးမှလည်း အထာညက်နေသဖြင့် ကျွန်မ၏ စာခေါက်လေးအား အများမမြင်အောင် ယူကာ အံဆွဲလေးအတွင်းသို့ အသာအယာသိမ်းထားလိုက် လေတော့သည်။

အခန်း( ၁၅)

ဆက်ပါအုန်းမည် ---

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 06:30 PM (16.5.2018)

#Myanmar #Literature #Writing #Love #Story

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

သြော် ရက်စက်ပါပေ့ ကံတရားရယ်

ဟုတ်တဟ် ကံတရားက မျက်နှသာမပေးဘူးနော်

စောင့်​​မျှော်​​နေသူ​လေးရယ်​ .. ကိုယ်​ချင်းစာကာ ကူညီ​ပေး​သော ဆိုင်​ရှင်​ ဦး​လေးကြီးရယ်​ .. ​အော်​ ကံကြမ္မာရယ်​ ရက်​စက်​တယ်​ကွယ်​ ..

ကျနော်ဇတ်လမ်းက အရမ်းရက်စက်ရာရောက်နေပီလားဗျာ။

မိုးလေးတဖွဲဖွဲရွာတော့ မောင်မောင်ကိုသတိရတယ် အော်နိုင်ဘူး ပူလွန်းလို့အော်နေရတယ် ရွာမဲ့ရွာလည်းသဲသဲမဲမဲရွာပီးရော

နေ ပူလိုက် မိုးအုန့်လိုက်ဆို နေရထိုင်ရခက်တယ်လေ။

ဟိုသီချင်းလိုပေါ့ ဦးညီ
အော်... မျှော်လင့်စောင့်စားနေသူမှာ...
ရွှေရင်ဖိုမိ ဘယ်သူမှ မသိနိုင်ပါပြီ...

ဟုတ်ပါ့ ဗျာ အကိုက သီချငါးအဆိုကောင်းပဲ။ ဟီး

အပိုင်း ၇ တောင်ရောက်ပြီ

ဟုတ်တယ် အပိုင်း ၁၀ကျော်မယ်။ ရေးပီးသားရယ်ဒီပဲ တနေ့ ၂ခန်း တင်ပေးနေတာ။

အောင်သွယ်တော်ဦးလေးကြီး။

ဟုတ်ကိုဇာမဏီရေ အောင်သွယ်တော်ကြီး မျက်ရည်ကျကိန်း နောက်အပိုင်းလာမယ် ။

မောင့် ကို တွေ့ ရင် စိတ်ကောက်ဖို့ ဆုံးဖြတ်ထားပြီးမှ စိုးရိမ်မိတာကို သဘောကျမိပါတယ်

မိန်းကလေးတို့သဘာဝလေး ပေါ်လွင်အောင် ရေးလိုက်တာပါ။

စာအုပ်ဆိုင် ပိုင်ရှင်ရဲ့ကရုဏာကြည့် တွေ ကိုသာစောစော နားလည်ထား ခဲ့ရင်........နောက်အပိုင်းေ မျှာ်နေပါတယ်ဗျာ

ဟုတ်ကဲ့ နောက်ပိုင်းရောက်လေ င်ုရလေ ကောင်မလေးရေ

မျှော်လင့်စောင့်ဆိုင်းရတဲ့ဒုက္ခ ကိုယ်ခြင်းစာမိပါတယ်

ဟုတ်ပါ့ကွယ် မိန်းကလေးတို့ချစ်မိရင် မျော်နေရတော့တာပဲ ဒါဆလးပေါ်လွင်အောင်ရေးထားတာပါ။

အော် မိုးသည်းည ချစ်သူလေးရယ် မောင်မလာတာ ဘာကြောင့်ဆိုတာ သွားပြောပြချင်လိုက်တာဗျာ။ဒါပေမယ့် စာရေးဆရာ ဦးညီက မပြောရဘူးလို့မှာထားလို့ပါ။စောင့်နေရတာအားနာပါတယ်ချစ်သူ။စာရေးဆရာ၏ကျွမ်းကျင်လှတဲ့ ဇာတ်လမ်းဆင်ပုံကို တို့တော့ မနေနိုင်ပဲဖြစ်နေမိပြီနဲ့တူတယ်ဗျာ

ဟုန်ကဲ့ က်ုသန့်ဇင်ရေ အချိန်မတန်သေးလို့ ကောင်မလေးနဲ့ ကောင်လေး မတွေ့ကြသေးတာပါ နောက်အပိုင်းမှာ တွေ့ကြပီလေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63626.66
ETH 2640.26
USDT 1.00
SBD 2.75