“ မိုးသည်းည လွမ်းတေးတစ်ပုဒ် (တ) ”

in #myanmar6 years ago (edited)

IMG_20171211_182328.jpg

ယခင်အပိုင်း(၁)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပ) ”

ယခင်အပိုင်း(၂)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ဒု) ”

“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(တ) ”

အခန်း( ၅ )

ချစ်သူနှင့် သူမ၏ မေမေတို့ အတူပြန်သွားသည်ကို ငေးကြည့်ရင်း ကျနော်တစ်ယောက် စာအုပ်ဆိုင်လေးမှာ ကျန်နေခဲ့ရပါတယ်။ ကိုယ့်ရင်ထဲမှာ စွဲစွဲလန်းလန်းကို ချစ်မိနေပြီ ချစ်သူရေ။ မောင်တို့နှစ်ယောက်အမြန်နီးရဘို့ ကြိုးစားနေမယ် ချစ်သူ။ “ဒီနေ့မိုးမိ လာပီလား”ဟု မေးလာသော စာအုပ်အငှားဆိုင်ရှင်၏ အမေးစကားကိုပင် မကြားနိုင် လောက်အောင် ကျနော်တစ်ယောက် အတွေးနယ်ကျွံနေမိသည်။

သူမေးသည်ကို မကြား၍ထင့် ကျနော်၏ လက်မောင်း တစ်ဖက်အား တို့ကာတို့ကာ မေးလာနေသည်။ ထိုအခါကြမှ “အော် - ဟုတ် - ကျနော် မိုးမိသွားတယ်ဗျာ၊ စာအုပ်ကလေး မိုးမစိုလို့ တော်သေးတယ်ဟု၊ ပြန်ဖြေသံအဆုံးဝယ် နှစ်ဦးသား ပြိုင်တူပြုံးမိကြသည်။ “အေးကွာ မင်းတို့ အချစ်ဇာတ်လမ်းကလည်း ရင်ခုန်ရပါလားကွ၊ သူ့အမေကြီးက အလွယ်ဘူး မြန်မြန်နီးအောင်ကြိုးစားကောင်လေး” “ဟုတ်ကဲ့ ဦးလေး ကျနော် သူ့ကို အရမ်းချစ်မိနေပြီ၊ သူ့မိဘတွေနဲ့ အဆင်ပြေအောင် မြန်မြန်ကြိုးစားရအုန်းမယ်ဗျာ”။

img.jpeg
Credit Imge Source

“အေး ကောင်လေးရေ မင်းကောင်မလေးနဲ့ မနီးခင် နမိုးနီးယားဝင်ပီး ဒုက္ခရောက်နေ အုန်းမယ် အိမ်ပြန်တော့ကောင်လေး ကျန်းမာရေးဂရုစိုက်ကွ စိတ်ကူးယဉ်မနေနဲ့တော့” “ဟုတ်ဟုတ် ကျနော်အိမ်ပြန်ပီ- သူ့စာလေးဖတ်ရအုန်းမယ်ဗျ- အဟီး ” စာအုပ်ကလေး ထောင်ပြကာ ကျနော် အိပ်အပြန်လမ်းသို့ အပြေးတစ်ပိုင်းထွက်ခဲ့လိုက်သည်။ လမ်းမပေါ် တွင်ကား မိုးစက်လေးများ တစ်ပေါက် နှစ်ပေါက် - တဖြောက်ဖြောက်။

အခန်း( ၆ )

ဒီလိုနဲ့ အချိန်ရာသီကာလများ တဖြည်းဖြည်း ကုန်လွန်ခဲ့ပါတယ်။ ကျမနှင့် မောင်တို့ရဲ့ ချစ်သူသက်တမ်းဟာလည်း သုံးနှစ်တိုင် ကျော်လွန်ခဲ့ပါပီ။ မေမေလည်း ဒီနောက်ပိုင်း နှစ်တွေမှာ ကျမနောက်ကို တကောက်ကောက်မလိုက်တော့ပါဘူး။ တက္ကသိုလ် ကျောင်းသူ တစ်ယောက်ဖြစ်လာတဲ့ ကျမကို မေမေတို့ရဲ့ ယုံကြည်မှု ပိုလာပီး၊ စိတ်ချလက်ချ သွားလာခွင့် ပေးထားခဲ့တယ်လေ။

ကျမနဲ့မောင်လည်း စာအုပ်ဆိုင်လေးမှာ အတူဆုံကြပီး အချိန်ရသလောက် လေးမှာ အတူယှဉ်တွဲလမ်းလျောက်ခဲ့ကြပါတယ်။ မနီးမဝေးက ပန်းခြံလေးမှာလည်း ကျမတို့ နှစ်ဦးသား အတူယဉ်တွဲထိုင်ကာ ဘ၀အကြောင်း အချစ်အကြောင်းတွေ၊ တစ်ဦးလက်ကို တစ်ဦး ဆုပ်ကိုင်ကာ တိုင်ပင်ဆွေးနွေးခဲ့ကြသေးတယ်လေ။

img.jpeg
Credit Imge Source

ကျမလေ မောင့်ကိုချစ်ခဲ့တာ ဘယ်လိုအရာနဲ့မှ တိုင်းတာ နှိုင်းဆလို့မရနိုင်သလို ဒီကမ္ဘာမှာ မောင်တစ်ယောက်သာလျင် ကျမ၏အချစ်ဦး။ ကျမတို့နှစ်ဦး၏ အချစ်တို့သည် အရူးအမူး ပေါ့။ ဒါပေမယ့်လေ ကျမမောင့်ကို ချစ်လွန်းလို့လားမသိ မောင်တစ်ယောက်အနီးမှာ တခြား ဘယ်မိန်းကလေးကိုမျှ မမြင်တွေ့လိုဘူးလေ။ ကျမလေ မုန့်ကိုသာ သူများနဲ့ဝေစားချင် စားမယ် အချစ်ကိုတော့ ဝေမျှမစားလိုဘူးရှင်။ ကျမလေ သ၀န်ကြောင်တာမဟုတ်ပါဘူး ချစ်တာပါရှင် တကယ်ပါ။ မောင့်ကို အရမ်းချစ်လွန်းလို့ပါ။

အခန်း( ၇ )

ဆက်ပါအုန်းမည် ---

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 07:10 PM (8.5.2018)

#Myanmar #Literature #Writing #Love #Story

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

အချစ်ကြီးသူကြီးရဲ့ လွမ်းချက်ကတော့ 9ကျော်တယ်ဗျာ

အချစ်လဲကြီးတယ် အတွယ်အတာလဲကြီးတယ် ဆိုတော့ အလွမ်းကလဲ 9ကျော်ပီပေါ့ကွာ။

ဖတ်ရင်းနဲ့ကို ကိုယ်ကိုယ်တိုင်လိုပဲ ခံစားရတယ်ဗျာ အရေးအသားကောင်းလိုက်တာ။ အားလဲကျတယ်။ လွမ်းခဲ့တယ်ဗျာ။

အားပေးတာ ကျေးဇူးညီရေ ။

ချစ်ရတာ ရင်မောရပါတယ်ဗျာ ဟိဟိ

ရင်မောရအောင် ချစ်မိနေရင်တော့ သေချာပါတယ် ညီ့အချစ်က နက်ရှိုင်းတဲ့ အချစ်ဖြစ်နေလို့ပေါ့။

အဒျစ်ဦး က မေ့ ရခက်တယ် အချစ်ဆုံးက မုန်းရခက်တယ်ခင်ဗျ

ဟုတ်ပါ့ ကိုဝငါးကို ဒဿနက ပိုတောင်ကောင်းသေးတယ် မှတ်ထားလိုက်ပီဗျို့။

မချစ်တာ့ဘူး တော်ဘီ မောတယ်

အော်ကိုစိုးက ချစ်လို့ဝသွားဘီကိုး ကလေးတွေအတွက် ချစ်နည်းသင်ပေးနေတာ အဘိုးကြီး အသာနေ ဟိဟိ

လက်ရှိဘေးနားမှာ ပါရမီဖြည့်ပေးတဲ့ ချစ်သူသည်သာလျင် အကောင်းဆုံးချစ်ရသူပါဘဲလေ

ဟုတ်တာပေါ့ မsandipoe ရေ ပါရမီဖြည့်ဘက် ချစ်သူလေးရထားတာ ကံကောင်းပါတယ်ဗျာ။

Resteem bot Service! Promote Your New Post.Find New Followers - Upvotes. Send 0.400 SBD to @stoneboy and your post url in memo and we will resteem your post to 9500+ followers from two different account.@stoneboy and @vimal-gautam.

ဖြစ်နိုင်ရင် မချစ်တတ်အောင်နေပါကွာ အချစ်ဆိုတာ စတင်ခံစားသူဖို့ အရှုံးပါပဲ တဲ့ ... စာရေးဆရာတစ်ယောက် ရေးထားတာ ဖတ်ဖူးတယ်

မချစ်ရ မဖြစ်နိုင်လို့ ချစ်ဇာတ်လမ်းတွေ အခါခါ ရေးမိပါတယ်ဗျာ။ ချစ်မိမှတော့ လွမ်းရပီပေါ့လေ။

တွေ့ခွင့်ရတဲ့အချိန်လေးတွေကလည်း သာမန်အချိန်တွေထက် ပိုမြန်နေသလိုပါဘဲ

ဟုတ်တာပေါ့ဗျာ နှစ်ကိုယ်တူ ချစ်စကားလေးတွေပြောနေရချိန်ဆိုရင် တွေ့ဆုံချိန်တွေဟာ အကုန်မြန်တယ်။ အခ်ျန်အကုန်မြန်တယ်လို့ ထင်ကြတာ ချစ်သူတွေဘဝပေါ့ဗျာ။

အားပေးခဲ့ ပြီဗျို့

ဟုတ်ဗျ ကိုကြီးစိုးရေ ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 61179.86
ETH 2631.51
USDT 1.00
SBD 2.46