ကျွန်​​တော်​ စိတ်​ဝင်​စား​သောစိတ်​အပိုင်း(၁၀)

in #myanmar6 years ago

ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်

အပိုင်း(၁)
https://steemit.com/myanmar/@yuzana/etyn-et-sit-wng-sa-ethasit-ptampong
အပိုင်း(၂)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-2
အပိုင်း(၃)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-3
အပိုင်း(၄)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-4
အပိုင်း(၅)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-5
အပိုင်း(၆)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-6
အပိုင်း(၇)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-7
အပိုင်း(၈)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit
အပိုင်​(၉)
https://steemit.com/myanmar/@yuzana/55j78r-etyn-eta-sit-wng-sa-ethasit
အပိုင်း(၁၀)

အရင်​အပတ်​က စိတ်​ဆိုတာလှိုင်းအသွင်​ရှိတယ်​ဆိုတာနဲနဲပါးပါးရှင်းပြခဲ့ပါတယ်​ ဒီလှိုင်းသည်​သက်​ရှိတို့မှာဘယ်​ပုံစံနဲရှိ​နေသလဲ ။သက်​ရှိတိုင်းမှာပကတိမူရင်းစိတ်​လှူိင်းဆိုတာရှိတယ်​၊ပကတိစိတ်​လှိုင်းကဘာကိုအ​ခြေခံသလဲဆို ခန္တာကိုယ်​မှအက်​တမ်​များရဲ့ဖြစ်​တည်​ပြက်​စီးမှူကိုအ​ခြေခံပါတယ်​၊ခန္တာကိုယ်​မှအက်​တမ်​များဖြစ်​တည်​ပြက်​စီးမှူမြန်​ဆန်​လျှင်​ စိတ်​​တွေလှူပ်​ရှား နှစ်​လုံးခုံးမှူမြန်​လာမယ်​ အသက်​ရှူမှူ​တွေမြန်​လာမယ်​ ၊ဒီ​လေးခုကတခုနဲ့တခုအမှီသဟဲပြု​နေပြီးတခုနဲ့တခု ထိမ်းချုပ်​နိုင်​တယ်​၊လူတ​ယောက်​မှာ နှစ်​လုံးခုန်​နူန်းတမိနှစ်​ကိုဘယ်​​လောက်​ဆိုတဲ့စံသတ်​မှတ်​ချက်​ရှိပါတယ်​ အဲ့ဒီချိန်​သည်​စိတ်​အညိမ်​ဆုံးအချိန်​ဖြစ်ပြီး ပကတိစိတ်​လှိုင်းနဲ့အနီးစပ်​ဆုံးအချိန်​ဖြစ်​​ပါတယ်၊၊

Screenshot_20180326_003856.png

၊နှစ်​လုံခုန်​နှူန်းမြန်​လျှင်​လဲမ​ကောင်း​နှေးလျှင်​လဲမ​ကောင်းပါ။ပကတိစိတ်​လှိုင်းသည်​ဘာခံစားမူမရှိသလို​လောဘလဲမရှိ ​ဒေါသလဲမရှိမူရင်းစိတ်​အဖြူ​ရောင်​သက်​သက်​ဖြစ်​ပါသည်​။
ဒီပကတိစိတ်​လှိုင်းသည်​ဘာနှင့်​တူသလဲဆိုရင်​ ​လေထဲတွင်​ရှိ​သောအီလထရွန်​ပကတိလှိုင်းနဲ့တူပါတယ်​၊​လေထဲတွင်​ရှိ​သော ပကတိအီလထရွန်​လှိုင်းများကို အီလက်​ထ​ရောနှစ်​စက်​ပစ္စည်းများနှင့်​ဖမ်းယူနိုင်​ပါတယ်​၊​အီလက်​ထ​ရောနစ်​စက်​ပြာထဲတွင်​ ခရစ်​စတယ်​ဆိုတဲ့​အော်​တိုလှိုင်းထုပ်​​ပေး​သောပစ္စည်း​လေးပါပြီး စက်​ပြာကိုဗို့​ကြွေးလိုက်​တာနဲ စက်​ပြားတခုလုံးကို ​အော်​တိုလှူိင်းတခုထုပ်​​ပေးပါတယ်​၊ကျုနာ​ဘောက်​မှဖမ်းယူရရှိ​သော​လေထဲ ရှိအီလက်​ထရွန်​ပကတိလိုင်းကို ခရစ်​စတယ်​မှထုပ်​​ပေး​သောလှိုင်းနှင့်​​ပေါင်းစပ်​လိုက်​ပါသည်​။ သို့မှသာ​လေထဲတွင်​ရှိ​သောအီလထရွန်​လျှပ်​စစ်​လှိုင်းကို ကျွန်​​တော်​တို့မြင်​ရ၊ကြားရ၊သိရပါသည်

Screenshot_20180326_003912.png

၊​ရှေး​ခေတ်​အဖြူအမဲတီဗွီများကိုကြည်​ဖူးကြမည်​ထင်​ပါသည်​ ၊
တီဗွီလွှင်​ရုံမှရုပ်​သံမလွှင့်​ပဲပိတ်​ထားရင်​ "ရှဲ" ဆိုတဲ့အသံနဲ့အတူ တီဗွီဖန်​သားပြင်​မှာ ပိုး​ကောင်​​လေး​တွေ ရူပ်​ရှက်​ခပ်ပျံသန်း​နေတဲ့ပုံမြင်​ရပါလိမ့်​မည်​။အဲ့ဒီလှူိင်းသည်​​လေထဲတွင်​ရှိ​သောလျှပ်​စစ်​လှူိင်းများကိုဖမ်းမိ​နေခြင်းဖြစ်​ပါသည်​၊အကယ်​၍ လျှပ်​စီးလက်​ရင်​​၊ဝါယာ​ရှော့တခုခုဖြစ်​ခဲ့လျှင်​ဖန်​သားပြက်​မှာစင်း​ကြောင်းများဖြစ်​​ပေါ်သွာပါလိမ့်​မည်​ ၊ပုံမှန်​လျှပ်​စစ်​လှိုင်း​ပေါ်သို့ရုပ်​တရက်​ထပ်​ဆင့်​လျှပ်​စစ်​လှိုင်း​ဖြစ်​​ပေါ်သွား​သော​ကြောင့်​ဖြစ်​ပါသည်​၊အကယ်​၍အသံလွှင်​ရုံမှ ပုံမှန်​လျှပ်​စစ်​လှိုင်း​ပေါ်သို့ အသံလှိုင်း​လေးတခုတင်​လိုက်​မည်​ဆိုလျှင်​တင်​လိုက်​​သောအသံသည်​ ကျွန်​​တော်​တို့လှိုင်းဖမ်းစက်​​ရေဒီယိမှအသံများကြားရ​ပေမည်​၊ထိုအသံလှိုင်းးသည်​​ပေါ့ပါးသဖြင့်​ ​ကမ္ဘာတခြမ်း​တော်​​တော်​​ဝေး​ဝေးအထိ​ပြေးပါသည်​၊အကယ်​၍အသံလွှင့်​ရုံသည်​၊မူရင်းလှိုင်း​ပေါ်သို့ အသံလှူိင်း​ရော၊ ရုပ်​ပုံလှို်​င်း​ရော၊ရုပ်​ပုံလှိုင်းတွင်​ကာလာမျာ​ပေါ်​စေရန်​ ကာလာလှိုင်း​ရော အဆင့်​ဆင့်​လှိုင်း​တွေထပ်​​ဆင့်​ထပ်​ဆင့်​တင်​​​နေလျှင်​လှူိင်းသည်​​လေးလံ​နေပြီး​ဝေး​ဝေး​ပြေးနိုင်​စွမ်းမရှိ​ပေ
လှူိင်းစွမ်းအားကျသွားမည်​ဖြစ်​ပါသည်​၊အဝတ်​လှမ်းကြိုးတန်း​ပေါ်အဆင့်​ဆင့်​အဝတ်​များတင်​လှမ်းထားသကဲသို​လေးလံ​နေ​ပေလိမ့်​မည်​၊ ထို​ကြောင့်​တီဗွီ
ထပ်​ဆင့်​လွှင့်​တဲ့စက်​ရုံ​တွေမြို့တိုင်းမှာတည်​​ဆောက်​ရခြင်းဖြစ်​ပါည်​။

download (1).jpeg

သက်​ရှိများရဲ့စိတ်​လှိုင်းသည်​လည်းဤကဲ့သိုဖြစ်​​ပေသည်​၊မူရင်းပကတိစိတ်​​ပေါ်တွင်​ မျက်​စိဖြင့်​မြင်​၍ကြိုက်​နှစ်​သက်​​သောအရာရှိလာပါက
လောဘဆို​သောစိတ်​လှိုင်း​လေးက ပကတိစိတ်​လှိုင်း​ပေါ်မှာထပ်​ဆင့်​​ပေါ်လာပါတယ်​၊ဤ​လောဘဆို​သောစိတ်​လှိုင်းက​လေးဖြစ်​​ပေါ်လာတာနဲ့ခန္တာကိုကရယူပိုင်​ဆိုင်​ဖို့ကြိုးစားရပါ​တော့တယ်​ ၊ခန္တာကိုယ့်​မှရယူနိုင်​စွမ်းမရှိခဲ့လျှင်​ ​ဒေါသဆိုတဲ့စိတ်​လှိုင်းကထပ်​ဆင့်​ဖြစ်​​ပေါ်ရပြန်​ပါတယ်​၊ဤကဲ့သို့အဆင့်​ဆင့်​စိတ်​လှိုင်းများ​လောဘ​တွေ၊​မောဟ​တွေ အဆင့်​ဆင့်​​မြောက်​များစွာဖြစ်​​ပေါ်လာတဲ့အခါစိတ်​သည်​​လေးလံပြီး စိတ်​ရဲ့ပါဝါလဲကျဆင်းသွားရပါတယ်​၊ဤကဲ့သို့ဖြစ်​တဲ့အချိန်​မှာလိုချင်​တာမရ၍စိတ်​သည်​မကြည်​လင်​သဖြင့်​ မည်​သည့်​အလုပ်​ကိုလုပ်​သည်​ဖြစ်​​စေစိတ်​မပါ​တော့​ခြေ၊စဉ်းစား​တွေး​ခေါ်ရ​သောစာ​ရေးဆရာများ၊အီလက်​ထ​ရောနစ်​အနုစိပ်​ပြင်​ရ​သောသူများမှာတအားသိသာပါသည်​၊အလုပ်​ရာတွင်​၊စာ​ရေးရာတွင်​​အောင်​မြင်​မှူနဲသွားပါသည်​။ဤကဲသို့ထပ်​ဆင့်​ဖြစ်​​ပေါ်လာ​သောစိတ်​လှိုင်းကို အဘိဓမ္မာဆရာများကမည်​သို့​ခေါ်သည်​ကျွန်​​တော်​မသိပါ အ​ခေါ်အ​ဝေါ်​တော့ရှိပါသည်​။နောက်​အပတ်​မှ မ​နောအကြည်​ဓာတ်​အ​ကြောင်းကိုဆက်​၍​ရေးသားပါအုံးမည်​၊အားလုံးကို​ကျေးဇူးပါသည်​၊၊

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

အေးပါဟာ နင့်ကိုတော့ လိုက်မမီတော့ဘူး နားလည်သလောက်တော့ ဖတ်ထားမယ်ပြီးတော့ ဆက်ဖတ်မယ်လေ😁

ကျေးဇူးပါ

စိတ်အကြောင်းဖတ်ရတာ အရမ်းဗဟုသုတရပါတယ်အစ်ကို

ကိုယုဇန ‌ရေ စာအုပ်‌ထုတ်‌ပါဗျ။အား‌ပေး‌နေပါတယ်‌။

ဟားးးးမလုပ်​ပါနဲ့ဗျာ
ဝိုင်းပယ်​ခံ​နေရပါအုံးမယ်
အဘိဓမ္မာ​လေးလဲ တီးမိမှ
သိပ္ပံဘာသာရပ်​ကိုလဲ နဲနဲသိမှနာလည်​မှာဗျ

စိတ်​၀င်​စားပါတယ်​....ဆက်​အား​ပေးပါ့မယ်​...

ကျေးဇူးပါ

ဖြစ်​ပျက်​ ​နေတာ မှန်​သမျှ ဟာ စိတ်​​ကြောင့်​သာ

မှန်​ပါတယ်​ဗျာ

စိတ် က ထိန်းချုက်ရခက်တယ်ဗျာ

လျှင်​သလားမ​မေးနဲ့

ကိုယု ရဲ့ စိတ် အကြောင်းက လေ့လာမှတ်သားစရာ ကောင်းလှပါတယ်

ကျေးဇူးပါဗျာ

သဘာဝကျအောင် စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်လေးကို အတွေးအခေါ်နဲ့ ပေါင်းစပ် ရေးပြထားတာ သဘောကျမိပါတယ်ခင်ဗျာ

ခုလိုအား​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ဗျာ

အပိုင်းတွေအတော်များလာပြီဘဲ

ဟုတယ်​ဗျ ​ရေးရင်း​ရေးရင်းနဲ့ ဘယ်​လိုဆုံးရမယ်​သိ​တော့ဘူးဟီးးးး
စတာပါ ပြီး​တော့မှာပါ ​ရေးရင်​​တော့ကုန်​နိုင်​​တော့ဘူး​လေ

ကောင်းပါတယ်ဗျ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56949.15
ETH 2401.26
USDT 1.00
SBD 2.33