ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်​ (အပိုင်း၅)

in #myanmar7 years ago

ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်

အပိုင်း(၁)
https://steemit.com/myanmar/@yuzana/etyn-et-sit-wng-sa-ethasit-ptampong
အပိုင်း(၂)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-2
အပိုင်း(၃)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-3
အပိုင်း(၄)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-4

အပိုင်း(၅)
အားလုံး​သောရုပ်​ဝထ္ထုများသည်​ အက်​တမ်​များနဲ့ဖွဲ့စည်းထားသလို အက်​တမ်​ဆိုသည်​မှာလဲဒြတ်​မဲ့တခု​ပေါ်သို့ ပရိုတွမ်​၊နူယူထွန်​၊ အီလက်​ထရွန်​ဆိုတဲ့အရာသုံးခုကဝိုင်းရံနေတယ်ဆိုတာ​လောက်​ဘဲသိရှိထားပြီး ဒီဓာတ်​သုံးခုကဘယ်​လိုပုံစံနဲ့ဒြပ်​မဲ့​အ​ပေါ်အကျိုးသက်​​ရောက်​​နေသလဲ၊ဘယ်​လိုဖြစ်​စဉ်​မျိုးနဲ့ဖြစ်​​နေသလဲဆိုတာကျွန်​​တော်​မသိရှိပါ။ကျွန်​​တော်​က မရှာတတ်​တာလား မြန်​မာလို​ရေးထားတဲ့စာအုပ်​​တွေကမရှိတာလားကျွန်​​တော်​မ​တွေ့မိ​တော့ပါ။ဒါ​ပေမဲ့အ​တွေး​အ​ခေါ်ကိုဝါသနာပါသူတ​ယောက်​အ​နေနဲ့အားတဲ့အခါတိုင်း​တွေး​ခေါ်နေမိ၏။

Screenshot_20180210_203234.png

ကျွန်​​တော်​​တွေးမိတဲ့အ​တွေး​လေးကိုအားလုံးနာလည်​​အောင်​မြန်​မာလိုချပြပါမည်​။ဒြပ်​မဲ့ဆိုသည်​မှာဘာဓာတ်​​မှမရှိတဲ့အရာအလွယ်​​ပြောရရင်​​တော့အရည်​ကြည်​ဓတ်​၊ပဋိသ​န္ဓေဓာတ်​လို့မြန်​မာလိုအလွယ်​​ခေါ်လို့ရမည်​ထင်​ပါသည်​၊ထိုအရည်​ကြည်​ဓာတ်​​အတွင်းသို့ပရိုတွမ်​​လို့ခေါ်တဲ့အပူဓာတ်​ဝင်​​ရောက်​တဲ့အချိန်​အရည်​ကြည်​ဓာတ်​အနီးမှာရှိသည်​​လေသည်​လဲအပူရှိန်​​ကြောင့်​ပွသွား​လေသည်​၊အရည်​ကြည်​ဓာတ်​ပူသွားတဲ့အချိန်​ထိုအပူဓာတ်​ကို​ချေဖြက်​ရန်​နူယူထွန်​လို့​ခေါ်တဲ့အ​အေးဓာတ်​ကရုပ်​တရက်​အရည်​ကြည်​ဓာတ်​အတွင်းသို့
ဝင်​​ရောက်​လာရ၏။အရည်​ကြည်​ဓာတ်​ရဲ့​ဘေးမှ​လေသည်​လည်းအရည်​ကြည်​ဓာတ်​​​အေးသွား​သောအခါ​ပွ့နေရာမှရုပ်​တရက်​ကျုံ့သွားသဖြင့်​လေသည်​အထွက်​တချက်​အဝင်​တချက်​ဖြစ်​သွား​လေ၏။အရည်​ကြည်​ဓာတ်​၊ပဋိသ​န္ဓေဓာတ်​သည်​လည်းအပူဓာတ်​ဝင်​ပြီးရုပ်​တရက်​အ​အေးဓာတ်​ဝင်​​ရောက်​လာတာခံရသဖြင့်​ မီးဖုတ်​ထား​သော​လောက်​စာလုံး​ရေ​လောင်းခံရသလိုချက်​ခြင်းပျက်​စီးသွား​လေသည်​။

Screenshot_20180210_203209.png

ဤဖြစ်​စဉ်​​လေးဖြစ်​ချိန်​တွင်အီလက်​ထ​ရောနစ်​​လျှပ်​စစ်​သံလိုက်​စက်​ကွင်းကြိမ်​နူန်းတခုလဲဖြစ်​သွား​လေ၏။သံလိုက်​စက်​ကွင်းကြိမ်​နူန်းတခုသည်​ အပူဝင်​ချိန်​+ဖြစ်​သွားပြီးအ​အေးဝင်​ချိန်​-ဖြစ်​သွား​လေ၏။ထိုဖြစ်​စဉ်​တွင်​အပူဝင်​​ရောက်​မှူ၊အ​အေးဝင်​​ရောက်​မူ၊သံလိုက်​စက်​ကွင်းဖြစ်​​ပေါ်မှူ၊​လေဝင်​​လေထွက်​ဖြစ်​မူအားလုံးသည်​တပြိုင်​ထဲဖြစ်​ခြင်းဖြစ်​​လေသည်​၊ အဲ့ဒီ​လေးခုစလုံးသည်​ဒီဖြစ်​စဉ်​တခုလုံးကိုထိမ်းထား​​ပြီး အာလုံကဒီဖြစ်​စဉ်​မှာအ​ရေးပါ​နေ၏။ဒီဖြစ်​စဉ်​ရဲ့ကြာချိန်​၊(သို့)အက်​တမ်​တလုံးရဲ့ဖြစ်​စဉ်​ကြာချိန်​သည်​ တစက္ကန့်​ရဲ့တသန်း​ပုံတပုံမျှ​သောအချိန်​အတွင်းဖြစ်​လိမ့်​မည်​ထင်​ပါသည်​။ဤဖြစ်​စဉ်​တွင်​အကယ်​၍များအရည်​ကြည်​ဓာတ်​(ဝါ)ပဋိသ​န္ဓေဓာတ်​သည်​ ဝင်​​ရောက်​လာ​သောအပူအ​အေးဓာတ်​ကိုခုခံနိုင်​စွမ်းရှိမည်​ဆိုလျှင်​သို့မဟုပ်​ခုခံနိုင်​စွမ်းရှိရန်​ပံ့ ပိုး​ပေးမည်​ဆိုလျှင်​ ထိုဖြစ်​စဉ်​တွင်​ အပူအ​အေးတလှည့်​စီဝင်​​ရောက်​မူ​ကြောင့်​ထိုအရည်​ကြည်​ဓာတ်​ပဋိသ​န္ဓေဓာတ်​သည်​မပူမအးဘဲ​နွေးနွေး​လေးရှိပြီး​ လေသည်​လည်းဝင်​​လေထွက်​​လေဖြစ်​​နေ​ပေမည်​၊လျှပ်​စစ်​သံလိုက်​စက်​ကွင်းသည်​လည်း ကြိမ်​နူန်းတခုသာမက ကြိမ်​နူန်းဆက်​တိုက်​ဖြစ်​​​ပေါ်နေလိမ့်​မည်​၊ထိုမပျက်​မစီးဖြစ်​​နေ​သောအရည်​ကြည်​ဓာတ်​ပဋိသ​န္ဓေဓာတ်​အလုံး​ပေါင်းဘီလီယံချီပြီးစုထား​သောအစုအခဲတခုတွင်​မပူမ​အေး​နွေး​နေ​သောပဋိသ​န္ဓေတခုရှိပြီး ထွက်​​လေဝင်​​လေဖြစ်​​နေ​သော​လေဝင်​​လေထွက်​တခုရှိ​နေမည်​၊ထို​နောက်​အပူအ​အေးဓာတ်​ကိုဒဏ်​ခံနိုင်​ရန်​ပဋိသ​န္ဓေကို​ထောက်​ပံ့ ​ပေး​နေရ​သောဖြစ်​စဉ်​တခုလဲရှိ​နေမည်​၊

Screenshot_20180210_203253.png

ထို​နောက်​အစဉ်​အဆက်​မပြတ်​ထုတ်​လွှင့်​​နေ​သော သံလိုက်​စက်​ကွင်းကြိမ်​နူန်းများလဲရှိ​နေမည်​၊ထိုအစုအခဲသည်​ကျွန်​​တော်​တို့ကမ္ဘာ​ပေါ်မှသက်​ရှိတ​ကောင်​ရဲ့ဖြစ်​စဉ်​နှင်​တူ​နေပြီး သက်​ရှိတ​ကောင်​ပင်​ဖြစ်​​နေ၏။သက်​ရှိတဦးတွင်​​နွေ​ထွေးတဲ့ခန္တာတခုရှိပြီးထိုခန္တာမပျက်​စီးရန်​အစားအစားများစား​ပေး​နေရပြီးထွက်​​လေဝင်​​လေအဖြစ်​​လေကိုရူသွင်း​နေရ၏၊ စာဖတ်​သူများကိုပိုမိုနားလည်​​အောင်​​ရေးရပါလျှင်​ကျွန်​​တော်​တို့ခန္တာကိုယ်​ကြီးသည်​ ​ရေဆို​သောအ​အေးဓာတ်​၊​မြေဆို​သောပဋိသ​န္ဓေဓာတ်​၊​လေဆို​သော​လေဓာတ်​၊မီးဆို​သောအပူဓာတ်​ များနဲ့ဖွဲစည်းထား​သောအရာသာဖြစ်​သည်​ဆိုတာကိုသိရှိပါလိမ့်​မည်​။ကျွန်​​တော်​တို့ရှာ​ဖွေ​နေသာစိတ်​သည်​အထက်​ပါအတိုင်းဖြစ်​​ပေါ်​နေ​သောလျှပ်​စစ်​သံလိုက်​စက်​ကွင်းကြိမ်​နူန်းသာလျှင်​ဖြစ်​​နေသည်​ကို​တွေရှိရ​လေ၏။စိတ်​သည်​လျှပ်​စစ်​သံလိုက်​စက်​ကွင်းကြိမ်​နူန်းဖြစ်​​နေသည်​ကိုသိရှိရပြီးဖြစ်​သဖြင့်​စိတ်​အ​ကြောင်းသိရှိရန်​ လျှပ်​စစ်​အ​ကြောင်းကိုလည်း​လေ့လာရ​ပေအုံးမည်​။ဒါမှသာလျှင်​ကျွန်​​တော်​တိုသိရှိလို​သောစိတ်​အ​ကြောင်းကိုသိရှိရ​ပေလိမ်​မည်​။

Screenshot_20180210_203315.png

ကျွန်​​တော်​တို့ရဲ့သက်​ရှိခန္တာကိုယ်​သည်​ ​အော်​တိုမိတစ်​လျှပ်​စစ်​မီးဆိုင်းမီးသီးများဆွဲထားသည့်​ခရစ္စမတ်​သစ်​ပင်​တပင်​နှင်​တူ​နေ​လေ၏။တချို့အက်​တမ်​​တွေကအစဉ်​အဆက်​မပြတ်​ပျက်​စီးပြီးတချိုအက်​တမ်​​တွေကအစဉ်​အဆက်​မပြတ်​ဖြစ်​​ပေါ်​နေသည်​ကို​တွေ့ရှိရပြီး ခန္တာကိုယ်​ရဲ့ပြင်​ပမှာလျှပ်​စစ်​သံလိုက်​စက်​ကွင်းအီလက်​ထရွန်​များအစဉ်​အဆက်​မပြတ်​ထုတ်​လွှင့်​​နေမည်​ကိုသိရှိရ​ပေသည်​၊​နောက်​အပတ်​များတွင်​လျှပ်​စစ်​နဲ့အီလထရွန်​အ​ကြောင်းကိုအ​သေးစိတ်​ဆက်​လက်​၍​ရေးသားပါအုံးမည်​။စောင့်​​မျှော်​ပြီးအား​ပေးကြပါအုံးလို့​ပြောကြားရင်း .....

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

bro အ‌ရေးအသားက မြင့်‌တယ်‌။အား‌ပေး‌နေပါတယ်‌။

ကျေးဇူးပါ

ဆန်းကြယ်တယ်နော် ..
Upvoted!

ဆရာမ အပိုင်းအားလုံးဖတ်​ ပိုပြီးလင်းသွားမှာ

အား​ပေးခဲ့တယ်
Good post

ကျေးဇူးပါ

ပြန်လည်မျှဝေပေးလို့ကျေးဇူးပါ

ရင်​ထဲမှာရှိတာ​တွေထုပ်​​ဖော်​ခွင့်​ရလို့​ကျေးဇူးပါ

ဆက်လက်အားပေးပါမည်

Thanks sharing

Ok thank you

အား​ပေး​နေ မယ်

Thank you ပါ

နောက်အပိုင်းတွေလည်း ဆက်လက်အားပေးပါဦးမယ်ဗျ

ကျေးဇူးပါ

အပူအအေးဖြစ်စဉ်လေးတွေနဲ့ ဆက်စပ်ပြီးတွေးထားတာတော်တော်ကောင်းပါတယ်ခင်ဗျ

ကျေးဇူးပါဗျာ

အား​ပေးပါ့မယ်​ ဗျာ။

ကျေးဇူးပါ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59500.17
ETH 2654.95
USDT 1.00
SBD 2.41