ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်​ အပိုင်း(၄)

in #myanmar7 years ago

အပိုင်း(၁)
https://steemit.com/myanmar/@yuzana/etyn-et-sit-wng-sa-ethasit-ptampong

အပိုင်း(၂)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-2

အပိုင်း(၃)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-3

အပိုင်း(၄)

ကျွန်​​တော်​ငယ်​စဉ်​အခါမူလတန်း​ကျောင်းသားဘဝတုန်းကမြန်​မာစာအ​တော်​ညံ့ပါသည်​။ညံ့သည်​ဆိုသည်​မှာ
စာမကျက်​၍မဟုတ်​၊ကျောင်းစဖွင့်​ပြီဆိုတာနဲ့ဖတ်​စာအုပ်​က​လေးရ ​နောင်​လဲကျက်​ရမှာမထူးပါဘူးကွာဆိုပြီးအကုန်​​တောင်​အရကျက်​မိ၏၊
ဆရာဆီစာပြန်​ရင်​လဲရ၏၊စာကို​ရေးပြီး​ဖြေတဲ့အခါကြ​တော့မှတလွဲတ​ချော်​​တွေဖြစ်​​နေခြင်းဖြစ်​သည်​။အတန်းနဲနဲရလာ​တော့သိပ္ပံကိုကျွန်​​တော်​တအားဝါသနာပါသည်​။ကျန်​တာကိုဒီ​လောက်​စိတ်​မဝင်​စားပဲ​ကျောင်းစာအပြင်​ အပြင်​စာအုပ်​​တွေပါလိုက်​လံဖတ်​ရှူမိ၏။ထို​ကြောင့်​ယ​နေ့အချိန်​ထိအီလက်​ထ​ရောနစ်​ပြုပြင်​ခြင်းဖြင်းအသက်​​မွေးဝမ်း​ကြောင်းပြုလုပ်နေရ၏။အရင်အချိန်မြန်မာစာကိုအမူ့မဲ့အမှတ်​မဲ့ဖြတ်​သန်းလာရာမှsteemit ကျမှ ကျွန်​​တော်​ဘယ်​​လောက်​န​မော်​နမဲ့နိုင်​တယ်​ဆိုတာသိလာရ​တော့၏။တ​ဖြေး​ဖြေးနဲ့ပြင်​သွားရမယ်​လို့​တော့ဆုံးဖြတ်​လိုက်​ပါသည်​ ။
ကျွန်​​တော်​တို့ရဲ့မ​နောဆိုတဲ့စိတ်​သည်​ ရုပ်​ခန္ဒာနဲ့ဆက်​စပ်​​နေသဖြင့်​စိတ်​အ​ကြောင်း​လေ့လာလျှင်​ရုပ်​ဝတ္ထု​တွေပါ​လေ့လာရ​ပေ​တော့မည်​။

Screenshot_20180131_184043.png

ဟိုအရင်​နှစ်​​ပေါင်း​မြောက်​များစွာက အ​တွေးအ​ခေါ်ပညာနဲ့ပတ်​သက်​လို့
အ​တော်​​လေးတိုးတက်​ထွန်းကားခဲ့တယ်​လို့ကြားဖူးခဲ့၏​လောကကြီးမှာ အဖိုရှိရင်​အမရှိတယ်​၊အလင်းရှိရင်​အ​မှောင်​ရှိတယ်​၊မဟုပ်​ဖူးဆိုတာရှိရင်​ဟုပ်​တယ်​ဆိုတာရှိတယ်​၊အချစ်​ဆိုတာရှိရင်​အမုန်းဆိုတာရှိတယ်​၊အ​ပေါင်းရှိရင်​အနုတ်​ရှိတယ်​၊
ဒါ​ပေမယ့်​ရုပ်​ဝထ္ထု​တွေမှာမတည်​မြဲချင်းဘဲရှိပြီးတည်​မြဲ​နေတဲရုပ်​ဝထ္ထုတည်​မြဲခင်းဆိုတာဘာလို့မရှိတာလဲ၊
မပျက်​မစီးတည်​မြဲ​နေတဲ့အရာရှိကိုရှိရမယ်​ဆိုပြီးအ​တွေးအ​ခေါ်သမား​တွေသူ့ထက်​ငါအပြိုင်​အဆိုင်​​တွေး​ခေါ်ကြ၏၊ဘာ​ကြောင့်​အဲ့​လောက်​ကြီးပြိုင်ဆိုင်​ပြီး​တွေး​ခေါ်​ကြသလဲဆိုရင်​ မပြက်​မစီးတည်​မြဲ​နေတဲ့ရုပ်​ဝထ္ထုကို​တွေ့ရင်​ လူ​တွေသည်​မ​သေဘဲ​နေလို့ရမယ့်​နည်းလမ်း
တွေ့မယ်​လို့ယူဆလို့ပါ။အမျိုးမျိုးစမ်းသပ်​ပြီးရုပ်​အ​လောင်းများကိုမပျက်​မစီး​အောင်​ထားတပ်​တဲ့ပညာလဲတဖက်​ကမ်းခတ်​တပ်​​မြောက်​ကြ၏။
နောက်​တချိန်​မပျက်​မစီးဘဲတည်​မြဲ​နေမဲ့အရာ​တွေ့ပြီးမ​သေဘဲ​နေလို့ရတဲ့​နည်းလမ်း​တွေ့ခဲ့ရင်​ပြန်​လည်​အသက်​သွင်းရန်​ဖြစ်​သည်​။

Screenshot_20180131_184106.png

နောက်​မကြာခင်​အချိန်မှာ​​အ​တွေးအ​ခေါ်သိပ္ပံပညာရှင်​တ​ယောက်​မှမပျက်​မစီးရှိ​နေမဲ့အရာ​တွေ့ပြီတည်​မြဲခြင်းဆိုတဲ့နိယာမ​တွေ့ပြီလို့​ဆိုလိုက်​ပါတယ်​။ရုပ်​ဝထ္ထုအားလုံးမှာ​မော်​လီကျူးများနဲ့တည်​​ဆောက်​ထား​သောအရာဖြစ်​သည်​။မော်​လီကျုးများကွဲထွက်​ခြင်း​ကြောင့်​ရုပ်​ဝထ္ထုများပျက်​စီးရခြင်းဖြစ်​သည်​။မော်​လီကျုးသည်​မပျက်​မစီးဘဲတည်​မြဲနေတဲ့အမှန်​တရားသာဖြစ်​သည်​လို့​ဆိုပါသည်​။မော်​လီကျုး၏အရွယ်​အစားမှာ
လေထဲတွင်​လွင့်​​မျော​နေ​သော​ရေမှူံ​လေးတမှူံထဲတွင်
မော်​လီကျုးအလုံး​ပေါင်း​သောင်းဂဏန်းပါဝင်​တယ်​လို့ဆို၏။နှစ်​အ​တော်​အတန်​ကြာလာ​သော်​ အ​တွေးအ​ခေါ်သိပ္ပံပညာရှင်​တ​ယောက်​မှမပျက်​မစီးဘဲရှိမဲ့အမှန်​တရားသည်​​မော်​လီးကျုးမဟုပ်​ဘဲ
မော်​လီကျုးထဲတွင်​ပါဝင်​​သော အက်​တမ်​သာလျှင်​ဖြစ်​သည်​လို့ဆိုလိုက်​ပါသည်​။မော်​လီကျုးသည်​အက်​တမ်​များဖြင့်​ဖွဲစည်းထား​သောရုပ်​ဝထ္ထုသက်​သက်​မျှသာဖြစ်​ပြီးသူသည်​ပျက်​စီးချင်း၊မတည်​မြဲခင်းသ​ဘောဆက်​ရှိ​နေ​သေးသည်​လို့ဆိုလိုက်​ပါသည်​၊အက်​တမ်​သည်​ရုပ်​ဝထ္ထုမဟုပ်​ဘဲ ရုပ်​မဟုပ်​သောဓာတ်​တွေသာလျှင်​ဖြစ်​သည်​။ရေဆို​သော​မော်​လီကျုးတခုသည်​ ဟိုက်​ဒရိုဂျင်​အက်​တမ်​နှစ်​လုံးနဲ့​အောက်​ဆီဂျင်​အက်​တမ်​တလုံး​ပေါင်းစပ်​ထား​သော​ရေ​မော်​လီကျုးတခုပင်​ဖြစ်​သည်​။
မည်​သည့်​ရုပ်​ဝထ္ထုပစ္စည်းကိုမဆို မိမိဖြစ်​ချင်​​သောရုပ်​ဝထ္ထုပစ္စည်းတခုရရန်​ မိမိဖြစ်​ချင်​​သောရုပ်​ဝထ္ထုထဲတွင်​ပါဝင်​​သောအက်​တမ်​အချိုးအစားနဲ့ညီရန်​ မူလရုပ်​ဝထ္ထုမှာပါဝင်​​သောအက်​တမ်​များအား လိုတိုးပို​ရှော့လုပ်​၍ မိမိလိုချင်​​သောရုပ်​ဝထ္ထုပစ္စည်းကိုရ​စေ၏
မြန်​မာ့အဂ္ဂိယဖိုလ်​ထိုးချင်းပညာသည်​အဲဒီသ​ဘောကိုအ​ခြေခံ၍ပြုလုပ်​ကြခြင်းဖြစ်​၏။သို့​သော်​ဖြစ်​ဖို့သ​ဘောတရားသာရှိ၍လက်​​တွေ့လုပ်​ရန်​မှာဖြစ်​နိုင်​ဖို့မလွယ်​​ကူပေ။ ရှိ​စေ​တော့​နောက်​ဆုံး​တွေရှိ​သောအက်​တမ်​သည်​တကယ်​မပြက်​မစီးဘဲတည်​ရှိ​နေတဲ့အမှန်​တရာလားဆိုတာ​လေ့လာရ​ပေအုံးမည်​။အက်​တမ်တလုံး​ရဲ့ဖွဲ့စည်းမူ့မှာ မည်​သည်​ဓာတ်​မှမရှိတဲ့ဒြပ်​မဲ့တခု​ပေါ်သို့ ပရိုတွန်​လို့​ခေါ်တဲ့ အဖိုဓာတ်​ (သို့)အ​ပေါင်းဓာတ်​(သို့)အပူဓာတ်​တခု။နူယူထွန်​လို့​ခေါ်တဲ အမဓာတ်​(သို)အနုတ်​ဓာတ်​(သို့)အ​အေးဓာတ်​တခု၊အီလက်​ထရွန်​လို့​ခေါ်တဲ့အီလက်​ထ​ရောနစ်​သံလိုက်​စက်​ကွင်းတခုတိုမှဝင်​​ရောက်​အားပြိုင်​​နေရာယူ​နေကြခြင်းဖြစ်​သည်​။ တနည်းအားဖြင့်​ဒြပ်​မဲ့တခု​ပေါ်သို့၊ပရိုတွမ်​​ဓာတ်​၊နူယူထွန်​ဓာတ်​၊တို့ဝင်​​ရောက်​အားပြိုင်​​နေရာယူခြင်း​ကြောင့်​အီလက်​ထရွန်​ဆိုတဲ့သံလိုက်​စက်​ကွင်းဝန်းရံ​နေတဲ့သ​ဘောဖြစ်​၏။ထိုဓာတ်​များသည်​ရုပ်​မရှိကြ​ပေ
တခြား​သောရုပ်​ဝထ္ထုများ​အ​တွင်းဝင်​​ရောက်​မှီခိုရပါ့မှသူတို့ရဲ့ဂုဏ်​သတ္တိများထွက်​​ပေါ်လာခြင်းဖြစ်​ပြီှးသူတို့ရှိခြင်းမရှိခြင်းကိုလူ​တွေကသိရ၏။ထို​ကြောင့်​နံမယ်​အ​ခေါ်သာရှိပြီးအမှန်​တကယ်​မရှိ​သောအရာ​တွေဖြစ်​​နေ၏။ကျွန်​​တော်​တို့အနီးပတ်​ဝန်းကျင်​မှရုပ်​ဝထ္ထုပစ္စည်းအားလုံးသည်​ (မရှိခြင်း+မရှိခြင်း=ရှိခြင်း)ဆိုတဲ့​ဖော်​မြူလာပုံ​သေနည်းနှင့်​သွားတူ​နေ​လေ၏။
ကျွန်​​တော်​တို့မျက်​စိ​အောက်​မှမြင်​​တွေ့​နေရ​သောအရာဝထ္ထုအားလုံးသည်​အမှန်​တကယ်​မရှိ​သောအရာများဖြစ်​​နေသည်​ကိုသုံးသပ်​မိရင်း​နောက်​အပိုင်းများတွင်​ အမှန်​တကယ်​တည်​မြဲ​နေတဲ့အရာနှင့်​​နောက်​ဘဝဆိုတာရှိလားမရှိလားဆိုတာကိုဆက်​လက်​ပြီး​ရေးသားပါအုံးမည်​လို့​ပြောကြားရင်း အားလုံးကို​ကျေးဇူးတင်​စွာဖြင့်​. . .
By -@yuzana(shineshine)
image-google
MSC-146

Sort:  

V 100% $0.120V n C done.@thihakoko

ဘယ်အရာမှမတည်မြဲဘူးလို့ထင်တယ်အကိုရေ
အချစ်ရှိရင်အမုန်းရှိတယ်
အချစ်ဆိုရင်လည်းအမြဲမချစ်နိုင်သလို
အမုန်းဆိုရင်လည်းအမြဲတမ်းမုန်းမနေနိုင်ဘူး
တည်မြဲခြင်းဆိုတာလည်းအဲလိုဘဲလူသားမျိုးဆက်မပျက်သုန်းသေးချိန်လူတွေတစ်နေ့တစ်နေ့သေနေကျတာကိုမြင်ပြီးလူတွေကမတည်မြဲဘူးလို့ပြောကြတာ
အဲသဘောဘဲအရာရာတိုင်းကတချထန်ချိန်မှာသေဆုံးကြရတာဘဲ
လူတစ်ယောက်နဲ့တစ်ယောက်ချစ်တယ်
သူတို့သေဆုံးငည်အထိဘဲချစ်ရတယိ
သူတို့၂ယောက်သေသွားရင်သူတို့၂ယောက်ကြားကသူတို့ရဲ့အချစ်ကလည်းသူတို့နဲ့အတွက်လိုက်လံသေဆုံးသွားကြတယ်
လူသားတွေကများပြားနေတာကြောင့်ဘာလို့မတည်မြဲနေတာလဲဆိုတာလိုက်လံစဉ်းစားနေကြတာ
တကယ်တော့အကိုပြောသလိုအလင်းရောင်ရှိရင်အမှောင်ရှိတယ်ဆိုတာကအကို့အတွက်ဘဲအကိုတည်မြဲတယ်လို့သတ်မှတ်တဲ့အရာတွေကအကိုမရှိတော့တဲ့နောက်ပိုင်းမှာအကို့အတွက်ပျောက်ကွယ်သွားကြတယ်
ဒါကြောင့်ဘယ်အရာမှမတည်မြဲဘူးလို့မြင်မိပါတယ်

ကျ​နော်​က​တော့ဘရိုလိုအ​တွေးအ​ခေါ်များများလုပ်​တဲ့သူသ​ဘောကြတယ်​ဗျာ

အလင်းအ​မှောင်
အချစ်​အမုန်းဆိုတာ​တွေအမှန်​တကယ်​ရှိခြင်းတရားလို့​ရေးထားခြင်းမဟုပ်​ပါ။မ ပြက်​စီးဘဲ တည်​မြဲ​နေတဲ့အရာလို့ဆိုလိုထားခြင်းလဲမဟုပ်​ပါ။ အလင်းဆိုတဲ့အရာရှိ​နေသ၍အ​မှောင်​ဆိုတာရှိ​နေမည်​။အချစ်​ဆိုတဲ့အရာရှိ​နေသ၍အမုန်းဆိုတာရှိ​နေမည်
။အလင်းဆိုတာမရှိရင်​အ​မှောင်​လဲမရှိနိုင်​။အပူဆိုတာရှိ​နေသ၍
အ​အေးဆိုတာရှိ​နေမည်​ အဲ့ဒီအမှန်​တရား​တွေကိုဆိုလိုပါသည်
။မတည်​မြဲခင်းဆိုတဲ့အရာရှိ​နေပြီး တည်​မြဲချင်းအရာမရှိချင်းကိုဆိုလိုပါသည်​ ။ရှင်းပြမူနာမလည်​သူများ ကျ​နော့ရဲ့အားနည်းချက်​သာလျှင်​ဖြစ်​ပါသည်

အော်အဲလိုလား
ဟီးမန့်ချင်ဇောနဲ့နည်းနည်းမျက်စိမှောက်သွားတာထင်အကိုရေ
နောက်လာမဲ့အကို့ပို့စ်ကိုဒီပို့စ်နဲ့ပေါင်းပီးမှသေချာပြန်စဉ်းစားတော့မယ်ဗျို့မျှော်နေပါ့မယ်😁😁

အကို့ပို့စ်ဖတ်ကာမှစဉ်းစားမိတာလေးတွေပါ
အဲတာကြောင့်ထပ်ရေးပေးဖို့တောင်းဆိုပါတယိဗျာ
အားပေးနေပါ့မယ်

ငါမန့်ဖို့အတွက်စကားလုံးလေးချန်ထားခဲ့ပါဦးဟ………သူရ

ချန်ဘူးဟီး
😝😝😝

သူပြောသွားတာတွေကပြည့်စုံနေတော့ ကျွန်နော်စာဖတ်ပြီးလှည့်ပြန်ခဲ့ရတယ်ဗျာ……သူရ

ဟဲဟဲ မပြောတက်လို့ မပြောတော့ဘူး

don't speak

စိတ်ဝင်စားစွာနဲ့ ဖတ်လို့ ကောင်းပါတယ်ဗျာ

ရှိလား မရှိလား​ပြော။

ဘာဘာ ဘာမှမသိဘူး

စိတ်ဝင်စားဖို့ကောင်းပါတယ်
အားပေးနေမယ်

စိတ်ဝင်စားဖို့ကောင်းတယ်

အတွေးအခေါ်များလိုက်မှီရန် ကြိုးစားရပေဦးမယ်ဗျ

Okပါဗျာရ

အတူတူပဲ

ခုဘိုအပိုင်းလေးနဲ့တင်တာ အရမ်းကောင်းတယ်@yu

ကျေးဇူးပါဘရို

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61110.07
ETH 2731.78
USDT 1.00
SBD 2.45