ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်​ အပိုင်း(၇)

in #myanmar6 years ago

အပိုင်း(၁)
https://steemit.com/myanmar/@yuzana/etyn-et-sit-wng-sa-ethasit-ptampong
အပိုင်း(၂)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-2
အပိုင်း(၃)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-3
အပိုင်း(၄)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-4
အပိုင်း(၅)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-5
အပိုင်း(၆)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-6
အပိုင်း(၇)
အက်​တမ်​များနှင့်​ဖွဲ့စည်းထား​သော ကျွန်​​တော်​တို့သက်​ရှိများအားလုံးရဲ့ခန္တာကိုယ်​သည်​ ထိုအက်​တမ်​များရဲ့ဖြစ်​တည်​မူ့ ထိုအက်​တမ်​များရဲ့ပြက်​စီးမူး​ကြောင့်​ထွက်​​ပေါ်လာ​သောလျှပ်​စစ်​အီလထရွန်​လှိုင်း(စိတ်​)များသည်​လဲတည်​ညိမ်​မူ့မရှိ​ပေ၊ စက္ကန့်​နှင့်​အမျှဖြစ်​တည်​ပြက်​စီး​သောအက်​တမ်​များ​ကြောင့်​လူ့ရဲ့လျှပ်​စစ်​အီလက်​ထရွန်​လှိုင်း​(စိတ်​)သည်​လည်းစက္ကန့်​နှင့်​အမျှ​ပြောင်းလဲ​နေ​ပြီးခန္တာကိုယ်​ရဲ့အနှံ့အပြားမှာတည်​ရှိ​နေသည်​ကိုသိရှိရ​ပေမည်​။လျှပ်​စစ်​လှိုင်းသည်​တခုနှင့်​တခုခုန်​ကူးနိုင်​ပြီး​ပေါင်းစပ်​နိုင်​သည့်​သ​ဘော​ကြောင့်​သက်​ရှိတို့ရဲ့စိတ်​သည်​လည်းတခုနှင့်​တခုခုန်​ကူးနိုင်​၏။

Screenshot_20180225_001805.png

ဥပမာ သားသတ်​သမားတ​ယောက်​သည်​မိမိသတ်​လိုက်​​သောသက်​ရှိသတ္တဝါရဲ့ခန္တာပြက်​စီးပြီးလျှင်​ထိုသတ္တာဝါရဲ့အီလထရွန်​လှိုင်း(စိတ်​)များသည်​သားသတ်​သမားရဲ့ အီလထရွန်​လှိုင်း(စိတ်​)ဆီသို့တချို့တဝက်​​ပေါင်းစည်းမိကြ၏။နေ့စဉ်​နှင့်​အမျှသတ်​​နေရလျှင်​​နေ့စဉ်​နှင့်​အမျှ ကူးခြင်းကိုခံရ၏။
သာသတ်​သမားအရွယ်​​ကောင်းကျန်​မား​ရေး​ကောင်းချိန်​သူရဲ့ခန္တာအက်​တမ်​ပြက်​စီးဖြစ်​တည်​မှူ့မျတချိန်
တွင်​သူရဲ့စိတ်​သည်​လဲအင်​ပီယာ​တောင့်​ပြီးလန်းဆန်းတက်​ကြွသမာဓိအား​ကောင်း​နေသဖြင့်​မိမိရဲ့စိတ်​ကိုတခြားစိတ်​များလာ​ရောက်​လွှမ်းမိုးခြင်းကိုမသိသာ​ပေ။တချိန်​ချိန်​မှာမိမိရဲ့ခန္တာကိုယ်​ကျမ်းမာ​ရေးမ​ကောင်းချိန်
စိတ်​ဓတ်​များကျ​နေချိန်​တွင်​သိသာလာ၏။တချို့သားသတ်​သမားများကျန်​မာ​ရေးမ​ကောင်း၍အိပ်​ရာထဲလဲ​နေချိန်​ခန္တာကိုယ်​မှထွက်​ရှိ​သောမိမိရဲ့စိတ်​သည်​လဲကျဆင်းလာသဖြင့်​မိမိသတ်​ခဲ့​သောသတ္တဝါများရဲ့စိတ်​များလွှမ်းမိုးလာ၏။နောက်​ဆုံးအချိန်​မိမိရဲ့စိတ်​ကုန်​ခါနီးအသက်​ထွက်​ချိန်​တွင်
နွားသတ်​သူများနွားလို့​အော်​ပြီး။ဝက်​သတ်​သူများဝက်​လို့​အော်​မိကြ၏။နောက်​ဆုံးခန္တာပြက်​ချိန်​တွင်​မိမိရဲ့စိတ်​အမှန်​များမရှိကြဘဲမိမိရဲ့ဘဝဖြတ်​သန်းချိန်​တွင်​လုပ်​​ဆောင်​ကြံစည်​ခဲ့​သောစိတ်​များသာအင်​အားများလာခဲ့၏။ ထို​နောက်​​သေဆုံးပြီးသည်​အခါလျှပ်​စစ်​အီလထရွန်​များမပြက်​မစီးအမြဲတည်​ရှိတဲ့သ​ဘော​ကြောင့်​ထိုလျှပ်​စစ်​အီလထရွန်​လှိုင်း(စိတ်​)သည်​သူနဲ့ကိုက်​ညိ​သော အရည်​ကြည်​ဓာတ်​ပရိသ​န္ဒေဓာတ်​ကိုရှာ၍အပူ အ​အေး ​လေ များနှင့်​​ပေါင်းစပ်​ခါခန္တာပြန်​ဖြစ်​ရပြန်​၏။

Screenshot_20180225_001906.png

ဥပမာ​ပြောရလျှင်​လျှပ်​စစ်​လှိုင်းများကို ဘိုင်နရီဂဏန်းဖြစ်သည့် 0.1.အဖြစ်ပြောင်းလဲပြီးမီမိုရီကဒ်​များတွင်​သိမ်းဆည်းလို့ရ​သော ​ဆော့ဝဲလ်​ဖန်းဝဲ များနှင့်​တူ၏။ ထို​ဆော့ဝဲလ်​ ဖန်းဝဲများသည်​ ​ဆော့ဝဲလ်​ ဖန်းဝဲလ်​အနိမ့်​အမြင့်​အဆင့်​အတန်း​ပေါ်မူတည်​၍သူတို့ run လို့ရမဲ့အီလက်​ထ​ရောနစ်​ဆတ်​ကစ်​ပြားမှာသာrunလို့ရ၏။ကွန်​ပြူတာမှာrun​သော​ဆော့ဝဲသည်​ ဖုန်း​တွေမှာrunလို့မရ​သလို ဖုန်း​တွေမှာrun​သော​ဆော့ဝဲသည်​ mp4မှာrunလို့လဲမရ​ပေ။ထို့​ကြောင့်​မိမိအသက်​ရှင်​ချိန်​တွင်​မိမိလုပ်​​ဆောင်​ခဲ့​သောလုပ်​ရပ်​များသည်​မိမိ​သေဆုံးပြီးတဲ့အခါမိမိရဲ့အီလထရွန်​​လှိုင်း(စိတ်​)အဆင့်​အတန်းအနိမ့်​အမြင့်​ကိုဖြစ်​​ပေါ်​စေပြီးမိမိရဲစိတ်​နဲ့ကိုက်​ညီသည့်​အရည်​ကြည်​ဓာတ်​ပရိသ​န္ဒေဓာတ်​ကိုရရှိမှာဖြစ်​ပါသည်​။
မိမိသတ်​ခဲ့​သောသား​ကောင်​ရဲ့စိတ်​မျိုးလွမ်းမိုးခံရ​သောသားသတ်​သမားသည်​ပြန်​လည်​၍လူရဲ့ခန္တာကိုယ်​ရရှိရန်​ခဲယဉ်း​ပေလိမ့်​မည်​။
ထို​ကြောင့်​ကျွန်​​တော်​တို့သည်​မ​ကောင်း​သောလုပ်​ရပ်​များ​၊မ​ကောင်း​သောအရပ်​​ဒေသ၊မ​ကောင်း​သောအကြံအစည်​များမကြံစည်​သင့်​​ပေ။ကောင်း​သောအလုပ်​၊ကောင်း​သောအရပ်​​ဒေသ၊​ကောင်း​သောအကြံအစည်​များ​တွေး​တောခြင်းဖြင့်​ကျွန်​​တော်​တို့ရဲ စိတ်​​ပေါ်ကို ဖြူစင်​​သောစိတ်​မ​နောအကြည်​ဓာတ်​များလွှမ်းမိုး​စေသင့်ပေသည်​။ဖြူစင်​​သောမ​နောစိတ်​များလွှမ်းမိုး​နေခြင်း​ကြောင့်​တခါတ​လေကိုယ်​အန္တရယ်​ကျမှာကိုကိုယ့်​စိတ်​ကမသိရင်​​တောင်​၊မသိမသာကိုယ့်​စိတ်​ထဲဝင်​လွှမ်းမိုးထား​သောဖြူစင်​​သောမ​နောစိတ်​ရဲ့နှိုးဆွမူ​ကြောင့်​အန္တရယ်​က​နေလွတ်​​မြောက်​တတ်​လေ၏။ ကိုယ်​ကကား​ပေါ်တက်​ပြီးမှအ​ကြောင်းအမျိုးမျိုး​ကြောင့်​လိုက်​ခြင်​စိတ်​မရှိလို့ဆင်း​နေခဲ့တဲ့ကား လမ်းမှာ​မှောက်​ပြုပြက်​​နေတာလဲ ကြုံးဘူးကြ၏။ဒါ​တွေသည်​ကိုယ့်​စိတ်​​အ​ပေါ်လွှမ်းမိုးထား​သည့်​ဖြူစင်​​သောမ​နောစိတ်​ရဲ့​စေ့​ဆော်​မူ့​ကြောင့်​ဖြစ်​​ပေလိမ်​မည်​။

Screenshot_20180225_001924.png

လူတိုင်းလူတိုင်းသည်​အမှားများနှင့်​မကင်း​ခြေတချို့​သောအမှားများကိုသိ၍ဖြစ်​​စေမသိ၍ဖြစ်​​စေကျုးလွန်​မိကြ၏။ကျုးလွန်​မိ​သောအမှားများ​ကြောင့်​ကိုယ့်​စိတ်​​ပေါ်​ရောက်​လာ​သောမ​ကောင်းမူ့စိတ်​လှိုင်းများထက်​သာလွန်​​ကောင်းမွန်​​သောစိတ်​လိုင်းများလွမ်းမိုးလာ​စေရန်​သူ​တော်​​ကောင်း​တွေရှိ​သောအရပ်​ကိုများများသွားပြီးသူ​တော်​​ကောင်း​တွေရဲ့​ကောင်း​မှူ့အလုပ်​များကိုများများလုပ်​​ပေးရသည်​။မိမိရဲစိတ်​ပါဝါသမာဓိအား​ကောင်း​စေရန်​၊တရားထိုင်​ကမ္မဌာန်းရှူ့မှတ်​ခြင်း များများလုပ်​​ပေးရ၏။မိမိရဲ့စိတ်​ကျမ်းမာ​ရေး​ကောင်​​အောင်​လည်းဂရုစိုက်​​ပေးရ၏။ယ္ခုမြန်​မာနိုင်​ငံနိင်​ငံ​တော်​အတိုင်​ပင်​ခံ​ဒေါ်​အောင်​ဆန်းစုကြည်​သည်​တ​နေ့လျှင်​တနာရီ​ကျော်​ပုံမှန်​တရားထိုင်​သည်​ဟုဆို၏
ထို့​ကြောင့်​သူမ၏မ​နောစိတ်​သည်​သမာဓိအား​ကောင်း​နေသဖြင့်​​တော်​ရုံတန်​ရုံ​ဘေးပတ်​ဝန်းကျင်​ရဲ့စိတ်​ရိုက်​ခတ်​မူလှိုင်းများကိုမမူ့​တော့​ပေ။ပြသ်​သနာ​ပေါင်း​သောင်း​ခြောက်​​ထောင်​ကိုလဲ​အေး​အေး​ဆေး​ဆေးဘဲ​ဖြေရှင်းနိုင်​သလိုလူတ​ယောက်​ရူးသွးနိုင်​​လောက်​​အောင်​ဆု​ပေါင်း​မြောက်​များစွာ​ပေး​သော်​လည်းအမှိုက်​​ကောက်​သင့်​ရင်​ထ​ကောက်​တပ်​သူဖြစ်​သည်​။သူ့ကို​စောက်​​ရှောက်​​သောဆရာဝန်​များ၏​ပြောကြားချက်​အရ ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ခန္တာကိုယ်​​သွေးလည်​ပတ်​မူ့သည်​ အရွယ်​ငယ်​ငယ်
မိန်းမတ​ယောက်​ရဲ့​သွေးလည်​ပတ်​မှူ့ကဲ့သို့အား​ကောင်း​နေတယ်​လို့​ပြောတာကြာဖူး၏။နေ့စဉ်​တရားမှတ်​ပြီးစိတ်​သမာဓိအား​ကောင်း​စေရန်​​နေထိုင်​​သောအကျိုး
ကျေးဇူး၏ရလဒ်​ပင်​ဖြစ်​​ပေသည်​။ထို့​ကြောင့်​ခန္တာကိုယ်
ကျမ်းမာကြ့ခိုင်​​အောင်​​ဂရုစိုက်​​နေကြရသလို၊စိတ်​ကိုလဲကျမ်းမာကြံ့ခိုင်​​အောင်​​နေသင့်​ပါသည်​ဟု့တိုက်​တွန်းရင်း​နောက်​အပတ်​ဝိညဉ်​များရှိမရှိကိုဆက်​လက်​​ရေးသားပါအုံးမည်​ ။
အားလုံးကို​ကျေးဇူးတင်​ပါသည်​။

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

V100%$0.07 v n m.

v100%$0.05 v n m.

အသိ‌တွေတိုး‌စေပါတယ်‌။‌နောက်‌အပိုင်း‌တွေ ‌စောင့်‌‌မျှော်‌‌နေပါတယ်‌ညီ။

Thanks youပါ

ဖတ်ရှုအားပေးနေပါတယ်အစ်ကို ဗဟုသုတရစေပါတယ်ဗျ မသိတာတွေသိခွင့်ရတယ်

ကျေးဇူးပါ

110000
110001
110010
110101

😁😁

01 နှစ်​လုံးထဲနဲ့​ရေးသွား​တာ​နော်​​ဆော့ဝဲ​တွေက

"စိတ်​"အ​ကြောင်းဖတ်​ရတာစိတ်​၀င်​စားဖို.​ကောင်းတယ်​....good post

ကျေးဇူးပါ

လိုက်လို့ကို မိတော့ဘူးရယ် ဟီးဟီး

အမှီသာလိုက်​ခဲ့​တော့ဆရာ​ရေ့

အကိုကတော်တော်လေးကိုဗဟုသုတပြည့်တာဘဲဗျ

စိတ်​ထဲ​ရေးစရာ​ပေါ်လာတာ​ရေးမိ​တော့တာပါ

သိတဲ့အတိုင်းပဲ Admin ဆို​တော့ကာ ​ဟိုလူ့သံသယနဲ့ကြည့်​ ဒီလူ့သံသယနဲ့ကြည့်
ကောင်းလွန်းလို့ ယုံ​တောင်​မယုံဘူး ဖြစ်​နိုင်​နဲနဲ​လျော​ရေးပါ့လား
ကြိုက်​လို့

အဟား​သေခြာလားဆရာသက်
စိတ်​ထဲရှိတာ​ရေးတာ​ပေါ့​ပေါ့ပါးပါးပါဘဲ
တခါတ​လေ ဖတ်​တဲ့သူ ပြင်းမှာစိုးလို့
ပိုစ်​နှစ်​ခုကြား ဖတ်​​ကောင်း​လေး​တွေညှတ်​​ရေး​နေရတာ
ဖတ်​တဲ့ သူငြီး​ငွေ့မှာစိုးတယ်​​လေ

ဆက်​လက်​​စောင့်​​မျှော်​​နေ့ပါ့မည်​.

ကျေးဇူးပါ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59876.72
ETH 3191.77
USDT 1.00
SBD 2.43