ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်​ အပိုင်​(၃)

in #myanmar7 years ago (edited)

အပိုင်း(၁) (၂) မဖတ်​ရ​သေးသူများအတွက်

https://steemit.com/myanmar/@yuzana/etyn-et-sit-wng-sa-ethasit-ptampong အပိုင်း(၁)

https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-2 အပိုင်း(၂)

စိတ်​၏စွမ်းအားများ
= =
ကျွန်​​တော်​ငယ်​စဉ်​အခါက ကိုယ့်ကျေးရွာဘုရာပွဲများတွင်​​​ရွာမှလူငယ်​များစု​ပေါင်းကာ ပျော်​ပွဲရွင်​ပွဲအတွက်ဇာတ်​ပွဲ ကပြကြတဲ့​နေရာမှာလဲပါဝင်​ခဲ့ဖူး၏။အရွယ်​​လေး​ရောက်​လာတဲ့အခါကဗျာတိုကဗျာစ​လေး​တွေကိုစင်​​ပေါ်တက်​ရွတ်​ဖတ်​ခဲ့ရသလို့ဗိုလ်​ချုပ်​ရာပြည့်​ပွဲတွင်​စာ​ပေ​ဟော​ပြောပွဲစင်​မြင့်​​ပေါ်၌ဗိုလ်​ချုပ်​အ​ကြောင်းကိုတက်​​ရောက်​​ဟော​ပြောခဲ့ဖူး၏။ထိုအချိန်​အခါကရင်​ခုန်​စိတ်​လှူပ်​ရှားမူထိုက်​သင့်​သ​လောက်​ရှိခဲ့​​သော်​လဲ ယခု Steemit မှာစိတ်​ဆိုတဲ့မ​နောအ​ကြောင်း​ရေးရမှာ​တော့အလွန်​တရာစိတ်​လှူပ်​ရှား​နေပါသည်​။အဘယ်​​ကြောင့်​ဆို​သော်​ ကျွန်​​တော်​တို့ကိုးကွယ်​​နေသည့့်​ဗုဒ္ဓဘာသာသည်​ စိတ်​ဆိုတဲ့မ​နောနဲ့ရုပ်​ဆိုတဲ့ခန္ဒာကို
အ​ခြေခံထား​သော​ကြောင့်​ဖြစ်​သည်​။ကျွန်​​တော်​သည်
ဘုရား​ဟောကိုဆန့်​ကျင်​​ရေးမိရင်​ "ဘုရားထက်​ကြီးတဲ့လူကြီးဘုရားရဲ့ဆရာကြီး"ဆိုပြီးဝိုင်းပြီးပြစ်​တင်​ကဲ့ရဲ့ကြမှာအ​သေအခြာပင်​ဘုရား​ဟောနဲ့ထပ်​တူကြ​နေပြန်​လဲ"ဒါ​တွေကဘုရား​ဟော​တွေပါကွာ သူ​ပြောမှမဟုပ်​ပါဘူး" ဆိုပြီးကဲ့ရဲ့ ပြစ်​တင်​ကြပါအုံးမည်​။မည်​သိုပင်​ဖြစ်​​စေကျွန်​​တော့ရဲ့အ​တွေးအ​ခေါ်များကိုချပြလို့ စာဖတ်​သူရဲ့​ဝေဖန်​တုန့်​ပြန်​မူကို
လက်​ခံဖို့အဆင်​သင့်​ဖြစ်​​နေပါတယ်​။
လူ​တွေရဲ့မ​နောဆိုတဲ့စိတ်​သည်​ ​လောကကြီးတခုလုံးမှာပါဝါအရှိဆုံးတန်​ခိုးအရှိဆုံး စိတ်​မ​နောမှဖြစ်​ခြင်​​သောအရာများကိုရုပ်​ဝထ္ထုများကလိုက်​လုပ်​​ပေး​နေရ၏။စိတ်​ဆိုတဲ့မ​နောစိတ်​သည်​ သက်​ရှိအားလုံးရဲ့စိတ်​​တွေနဲ့အမြဲတမ်းကူးလူးဆက်​ဆံ​နေ၏။အဆက်​အသွယ်​များပြုလုပ်​​နေ၏။စိတ်​ဆို​သောမ​နောသည်​အမြဲတမ်း​ပြောင်းလဲ​နေ၍​ရေလှိုင်းသဖွယ်​လှိုင်းအဖြစ်​ရှိ​နေ၏။

Screenshot_20180128_105657.png

စိတ်​ဆို​သောမ​နောစိတ်​သည်​ရုပ်​ခန္ဒာနှင့့်​အတူတွဲရှိပြီးတခုနဲ့တခုအမှီသဟဲပြု​နေ၏။ရုပ်​ခန္ဒာထိခိုက်​လျှင်​စိတ်​ပါထိခိုက်​၍ ၊စိတ်​မ​နောကိုထိခိုက်​လာလျှင်​ရုပ်​ခန္ဒာပါထိခိုက်​လာ၏။
မ​နောစိတ်​ရဲ့ပါဝါစွမ်းအားတန်​ခိုးသည်​ မ​နောစိတ်​ရဲ့သန့်​ရှင်းမှူ့အနည်းအများ​ပေါ်မှာများစွာမူတည်​​နေပါသည်​။စိတ်​ရဲ့မ​နောအကြည်​ဓာတ်​အမှန်​တကယ်​သန့်​ရှင်းလာပြီဆိုလျှင်​အ​ရောင်​သည်​တဖိတ်​ဖိတ်​​တောက်​​နေသည်​လို့ဆိုကြပါသည်​၊လူ​တွေသုံး​နေသည့်
နီယွန်​မီးများလိုအ​ရောင်​​တောက်​​နေခြင်းမျိုးမဟုပ်​​ပေ၊
စိတ်​သည်​​ပေါ့​ပေါ့ပါးပါး​လွင့်​လွင့်​​လူးလူး​လေး​နေပြီးတဖိတ်ဖိတ်အမြဲတန်းကွန့်မြူးနေခြင်ကိုဆိုလိုပါသည်​။အဲ့ဒီစိတ်​ကို​မေတ္တာအကြည်​ဓာတ်​၊​မေတ္တာဓာတ်​လို့​ခေါ်ဆိုပါသည်​။ခုချိန်​မှာ​တော့လူ​တွေမှာအဲ့ဒီစိတ်​မျိုးမရှိနိုင်​ပါ​လေ၊ အနဲအများသန့်​ရှင်းမှူ​ပေါ်မူတည်​ပြီးစိတ်​တန်​ခိုးများသည်​လဲတ​ယောက်​နဲ့တ​ယောက်​မတူညီ​ပေ၊ကျွန်​​တော်​တို့ကြားသိ​နေ​သော​တောင်​တန်းသာသနာပြုဆရာ​တော်​တပါးသည်​ အများသူငါရွတ်​ဖတ်​​သောပရိတ်​တရား​တော်​ကိုရွတ်​ဖတ်​ကာ ပရိတ်​​ရေကိုဆူပွက်​​စေ၏။ခရစ်​ယန်​သာသနာပြုဘုန်းကြီးတပါးသည်​​ရေအပြည့်​ထည့်​ထား​သော​သောက်​​ရေအိုးမှ​ရေများကိုမျက်​စိမှိတ်​ဆု​တောင်းစာရွတ်​ဖတ်​ကာ​ရေအိုးထဲမှ​ရေများအားတထိုင်​တဲနဲ့ကုန်​စင်​​အောင်​ယိုစိမ့်​​စေ၏။ဒီအဖြစ်​အပြက်​များသည်​သန်​ရှင်းစင်​ကြယ်​​သောမ​နောစိတ်​ပိုင်​ဆိုင်​​သောသူများသာလုပ်​နိုင်​​သောအဖြစ်​အပြက်​များဖြစ်​သည်​။သန့်​ရှင်းစင်​ကြယ်​​သောမ​နောစိတ်​ပိုင်​ဆိုင်​ဘို့အတွက်​ဘာ​တွေလုပ်​ရမည်​နည်း။မှား​သောလုပ်​ရပ်​များကိုမ​တွေး​တောမကြံစည်​ဘဲအမှန်​တရားများကိုသာလက်​ကိုင်​ထား​တွေး​တောကြံစည်​​လုပ်​ကိုင်​နေမှသန့်​ရှင်း​သောစိတ်​မ​နောအကြည်​ဓာတ်​ကိုရရှိမည်​ဖြစ်​ပါသည်​။
အချို့​သောကိစ္စရပ်​များသည်​သူ့ဖက်​ကကြည့်​လဲမှန်​သည်​ ကိုယ့်​ဖက်​ကကြည့်​လဲမှန်​သည့်​ကိစ္စရပ်​များကြုံဘူးကြမည်​ထင်​ပါသည်​၊တကယ်​​တော့အမှန်​တရားသည်​အမှန်​တရားသာဖြစ်​၍တခုထဲသာရှိပြီးအမှန်​တရားနှစ်​ခုမရှိနိင်​​ပေ။အမှန်​တရာသည်​ဘယ်​​တော့မှ​ပြောက်​ပြက်​သွား​သောအရာမဟုပ်​ပါ​၊သူ့ဘက်​ကိုယ့်​အမှန်​တရားငြင်းခုံ​နေသူများသည်​ အမှန်​တရားမသိ​သောသူများသာဖြစ်​​နေပါသည်​။နောက်​ဆုံးအမှန်​တရားသိ​သောပညာရှင်​ကြီးများထံသွား​ရောက်​၍ဆုံးဖြတ်​မှအမှန်​တရားကိုသိသွားကြ​လေသည်​။

Screenshot_20180128_105719.png

အမှားအမှန်​ကိုသိရှိဘို့ ဘဝအ​တွေ့အကြုံများကို​လေ့လာမှတ်​သားပြီးစာအုပ်​စာ​ပေများကိုအမြဲ့မပြတ်​ဖတ်​ရှူ​လေ့လာ​နေရမည်​ဖြစ်​​သည်​။ဒါမှသာလျှင်​အမှားအမှန်​ခွဲ ခြားနိုင်​ပြီး အမှန်​တရားများကိုပြုလုပ်​ခြင်းဖြင့်​သန့်​ရှင်းကြည်​လင်​​သောစိတ်​နဲ့စိတ်​ရဲ့တန်​ခိုးများရရှိ​စေမှာဖြစ်​ပါသည်​။ကျွန်​​တော်​တင်​ပြ​သောအ​ကြောင်းအရာများသည်​အ​သေးအဖွဲကိစ္စများသာဖြစ်​၍စာဖတ်​သူများအ​နေဖြင့်​အကျယ်​ချဲ့၍​တွေးကြည့်​လျှင်​ပို၍သိသာပါလိမ့်​မည်​။စိတ်​ဆို​သောမ​နောသည်​သက်​ရှိများတဦးနှင့်​တဦးကူးလူးဆက်​​နေသည်ဆိုသည်​​မှာသာမန်​လူများပင်​ဤတန်​ခိုးကိုရရှိ​နေ၏။သင်​သည်​ကျွန်​​တော့​ရှေ့ထိုင်​​နေလျှင်​ကျွန်​​တော်​သည်​သင့်​အားမတိုမထိပဲနှင့်​သင်​ခန္ဒာပုံပြက်​သွာ​အောင်​လုပ်​နိုင်​သလိုသင်​သည်​လဲလုပ်​နိုင်​ပါသည်​။ကျွန်​​တော်​သည်​သင့်ရှေ့မှာအလွန်တရာချဉ်သောသံပုရာသီးကိုအားရပါရကိုက်စားပြနေလျှင်သင်၏ခံတွင်းထဲမှသွားရည်​အိမ်​သည်​အလိုလိုသွား​ရေများကျလာလိမ့်​မည်​။အလွန်​တရာတိပ်​ဆိတ်​ညိမ်​သက်​​နေ​သောခုနရက်​တရားစခန်းထဲတရားထိုင်​​နေစဉ်​ ​ယောဂီတ​ယောက်​​ယောက်​မှဟက်​ဟက်​ပက်​ပက်​​ချောင်းဆိုး​နေလျှင်​သင်​၏လည်​​ချောင်းထဲမှယားယံလာကာသင်​သည်​​လည်းချောင်းဆိုးချင်​စိတ်​ကိုဖြစ်​​​ပေါ်​စေမှာအမှန်​ပါ။ဒီဖြစ်​ရပ်​များသည်​ သက်​ရှိများစိတ်​တခုနဲ့တခုကူးလူးဆက်​ဆံ​နေသည့်​ဖြစ်​ရပ်​အ​သေးအဖွဲများသာဖြစ်​၍စာဖတ်​သူများအကျယ်​ချဲ့၍​တွေး​တောနိုင်​ပါသည်​ ။စိတ်​ဆို​သောမ​နောသည်​​ရေလှိုင်းသဖွယ်​ရှိခြင်း။ရုပ်​ခန္ဒာနဲဆက်​စပ်​​နေခြင်းမှာရုပ်​ပိုင်းဆိုင်​ရာများနဲ့ဆက်​စပ်​​နေသဖြင့်​ရုပ်​ပိုင်းဆိုင်​ရာများကိုလဲခွဲခြားစိတ်​ဖြာ​လေ့လာရ​ပေ​တော့မည်​။ရုပ်​ပိုင်းဆိုင်​ရာများကို​နောက်​အပတ်​မှာဆက်​လက်​တင်​ပြပါအုံးမည်​လို့​ပြောကြားရင်းနဲ့အားလုံးကို​ကျေးဇူးတင်​ပါသည်​။
By-@yuzana(shineshine)
image-google
MSC-146

Sort:  

Good တယ်​ဗျာ

ကျန်တာတော့မသိဘူး
ကိုယ့်ရှေ့မှာသံပု ရာသီးလာစားပြနေရင်တော့
ရေးထားတဲ့အတိုင်းဖြစ်မိမှာသေချာတယ်

မှန်​တယ်​သူငယ်​ချင်း

good writing bro

ကျေးဇူးပါ

ဖက်လို့ကောင်းတယ်အကို နောက်အပိုင်းတွေစောင့်နေပီ

Ok ပါဦးသာ​အေး

စိတ်ကငြိမ့် မလွယ်ဘူးဟ ၅မိနစ်တောင် ဖမ်းမရ😂😂

စိတ်ကငြိမ်ဖို့ မလွယ်ဘူးဟ ၅မိနစ်တောင် ဖမ်းမရ😂😂

တရားမှတ်​ အန်​တီ

Good writting post bro.

ကျေးဇူးပါဘရို

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58665.29
ETH 2302.95
USDT 1.00
SBD 2.51