ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်​(၂)

in #myanmar6 years ago (edited)

အပိုင်း(၁)

https://steemit.com/myanmar/@yuzana/etyn-et-sit-wng-sa-ethasit-ptampong

အပိုင်း(၂)

ကျွန်​​တော်​နဲ့ဖီလိုဆိုဖီ(philosophy)
= = = = = ကျွန်​​တော်​​ရေးသား​နေ​သောအ​ကြောင်းအရာများသည်​ ကျွန်​​တော့ဘဝအ​တွေ့အကြုံများ၊
ကျွန်​​တော့်​ကြားမိသမျှစကားများ၊ကျွန်​​တော်​ဖတ်​မိသမျှစာအုပ်​များထဲမှ သဘာဝမကျတာ​တွေကိုဖယ်​ သဘာဝကျတာ​တွေကိုဆက်​စပ်​​တွေး​ခေါ်ပြီး​ရေးသားထား​သောအ​ကြောင်​အရာများဖြစ်​ပါသည်​။ တချို​သောအ​ကြောင်းအရာများသည်
နံမယ်​ကြီးပုဂ္ဂိုလ်​များ​ရေးသားထား​သောအ​တွေးအ​ခေါ်များနဲ့တူချင်​မှတူလိမ့်​မည်​၊တူတဲ့အရာများလဲရှိလိမ်​မည်​၊ကျွန်​​တော့်​မှာအကျင့်​တခုရှိပါသည်​ အဲ့ဒါက​တော့ မည်​သို​သောနံမယ်​ကြီးပုဂ္ဂိုလ်​၊မည်​သို​သောသြဇာရှိပုဂ္ဂိုလ်​ဖြစ်​ပါ​စေ၊သူတို့​​ပြော​သောစကား၊သူတို့​တွေး​သောအ​တွေးအ​ခေါ်များကို မျက်​စိမှိတ်​ပြီးမယုံတပ်​ပါ။လူအများလက်​ခံလို့လူအများရဲအကြိုက်​လိုက်​လိုသာ​နေရမယ်​၊သဘဝကျလား မကျလားအပြန်​ပြန်​အလှန်​လှန်​စဉ်းစားပြီးမှသဘာဝကျတာကိုလက်​ခံပြီး သဘာဝမကျတာကိုလက်​မခံပါ။
Screenshot_20180123_001644.png

ကျွန်​​တော်
ဖီ​လော်​ဆိုဖီ အ​တွေးအ​ခေါ်ပညာရပ်​ကိုစိတ်​ဝင်​စားပါသည်​၊ တချိုက​ပြောကြသည်​ ဖီ​လော်​ဆိုဖီဆိုတာ စိတ်​ကူးယဉ်​သက်​သက်​ပါလို့​ပြောကြပါသည်​။
ကျွန်​​တော်​က​တော့ဒါကိုလက်​မခံပါ၊ ဖီလိုဆိုဖီဆိုတာစိတ်​ကူးယာဉ်​တာ​တော့ဟုတ်​တယ်​ ဒါ​ပေမဲ့ဘိန်းစားတ​​ယောက်​လို ဘိန်းစားပြီး​ထွေရာ​လေးပါး
စိတ်​ကူးယာဉ်​တာမျိုးမဟုပ်​​​ခြေ၊ဖီလိုဆိုဖီဆိုတာသူများက​တော့ဘယ်​လိုအဓိပ္ပာယ်​ဖွင့်​သည်​ကျွန်​​တော်​မသိ၊ကျွန်​​တော်​က​တော့ဖီလိုဆိုဖီဆိုတာသဘာဝကျ​သောအ​တွေးအ​ခေါ်များ၊အမှန်​တရားများလို့အဓိပ္ပာယ်​ဖွင့်​မိပါသည်​။အ​နောက်​နိုင်​ငံများသည်
ဖီ​လိုဆိုဖီပညာရပ်​ကိုအထူးတလည်​လိုက်​စားကြပါသည်​၊အဘယ်​​ကြောင့်​ဆို​သော်​ ရုပ်​ဝထ္ထုအသစ်​အဆန်းများ​ပေါ်​ပေါက်​လာရခြင်းမှာသဘာဝကျတဲ့အ​တွေးအ​ခေါ် ဖီလိုဆိုဖီပညာရပ်​​ကြောင့်​​ပေါ်ထွက်​လာရတာ​တွေဖြစ်​​နေလို့ပါ။ဒါ​ကြောင့်​အ​တွေးအ​ခေါ်ပညာရပ်​ကို တချို့နိုင်​ငံ​တွေက​ကျောင်းသုံးစာအုပ်​​တွေမှာ​တောင်​ပြဌာန်းထားတယ်​လို့ကြားမိပါသည်​။
ကျွန်​​တော်​တို့နိုင်​ငံမှာ​တော့ အ​တွေးအ​ခေါ်ပညာရပ်​ကို​ကျောင်းသုံးစာအုပ်​​တွေမှာမပြဌာန်းနိုင်​တဲ့အပြင်​ ​တွေး​ခေါ်​နေသူများကလဲ၊ဘာသာ​ရေးအယူဝါဒ၊ရိုးရာနတ်​ယုံကြည်​မူနဲ့​ရှေးအစဉ်​အလာဆိုတဲ့ယုံကြည်​မူ​လောင်းရိပ်​​အောက်​ကရုန်းမထွက်​နိုင်​ဘဲ ဖြစ်​​နေ၏။တချိန်​တုန်းကမြန်​မာနိုင်​ငံမှာအ​တွေးအ​ခေါ်ပညာရှင်​တ​ယောက်​ရှိခဲ့တယ်​လို့ကြားမိခဲ့ပါသည်​။ ကမ္ဘာ့ဖီလိုဆိုဖီအ​တွေးအ​ခေါ်ကွန်​ဖရင့်​ကကြီးမူးကျင်းပတဲ့အ​တွေးအ​ခေါ်စာတမ်းဖတ်​ပွဲမှာမြန်​မာနိုင်​ငံကအ​တွေးအ​ခေါ်ပညာရှင်​လဲစာတမ်းတင်​သွင်းခဲ့ဖူး၏။ဒါ​ပေမဲ့သူရဲ့စာတမ်းကိုလက်​မခံ​ပေ အဘယ်​​ကြောင့်​ဆို​သော်
ဘာသာ​ရေးကိုအ​ခြေခံပြီး​တွေး​ခေါ်ထား​သော​အ​တွးအ​ခေါ်များဖြစ်​​နေခြင်းကြောင့်​ဖြစ်​ပါသည်​။အ​နောက်​နိုင်​ငံ​တွေကဒီလိုမဟုပ်​​ပေ ဘာသာ​ရေးကသတ်​သတ်​ အ​တွေးအ​ခေါ်ကသတ်​သတ်​သီခြားစီခွဲထားကြပါသည်​။ကျွန်​​တော်​တို့မြန်​မာနိုင်​ငံ ဘာဖြစ်​လို့သူများ​နောက်​ကြ​နေသလဲ​မေးရင်
ဖြေကြပါလိမ့်​မည်​ ပြည်​တွင်းစစ်​​ကြောင့်​၊
အချင်းချင်းမညီညွတ်​လို့စသည်​ဖြင့်​​ဖြေကြပါလိမ်​မည်​၊ဒီလိုသာ​ဖြေ​နေမယ်​ဆို အ​ဖြေ​ပေါင်း​သောင်းဂဏန်းဖြစ်​သွားပါလိမ့်​မည်​။ အမှန်​မှာသဘာဝကျတဲ့အ​တွေးအ​ခေါ်များနိမ့်​ကျ​နေခြင်း​ကြောင့်​ဖြစ်​ပါလိမ့်​မည်​၊အ​တွေးအ​ခေါ်​တွေမြင့်​လာလျှင်​အချင်းချင်းမညီညွတ်​စရာအ​ကြောင်းမရှိ၊စစ်​ပွဲများဖြစ်​​နေစရာအ​ကြောင်းမရှိ၊ရုပ်​ဝထ္ထုပစ္စည်းအသစ်​အဆန်း​တွေလဲ​အသစ်အ​သစ်​ပေါ်ထွက်​လာလိမ့်​မည်​။

Screenshot_20180123_001732.png

ကမ္ဘာ့နံမယ်​ကြီး​ဝေါလီးဝုဒ်​ရုပ်​ရှင်​​လောကမှာဆိုလျှင်​အ​တွေးအ​ခေါ်ပညာရှင်​များကို သဘာဝကျတဲ့အ​တွေးအ​ခေါ်များကို ကြိုက်​သလို​တွေး​ခေါ်​ပေးကြပါရုပ်​ရှင်​ဖြစ်​​အောင်​လိုက်​ရိုက်​ဖို့ကသူတို့တာဝန်​ထားပါဆိုပြီးအ​တွေးအ​ခေါ်များကိုဝယ်​ယူ​နေကြရ၏။
ကျွန်​​တော်​တိုနိုင်​ငံမှာလဲ အ​တွေးအ​ခေါ်များရင့်​သန်​လာဘို့လူငယ်​များကို​မြေ​တောင်​​မြှောက်​​ပေးသင့်​၏။အ​တွေးအ​ခေါ်စာ​ပေများကို ကိုယ့်​အ​တွေးအ​ခေါ်နဲ့မတူလို့ဆိုပြီးဆန့်​ကျင်​အပြစ်​တင်​ဘို့မလုပ်​သင့်​​ပေ၊ဒါမှသာလျှင်​အ​တွေးအ​ခေါ်စာ​ပေများ​ ပေါများထွန်းကားလာပြီးလူငယ်​များအ​တွေးအ​ခေါ်မြင့်​မားလာလိမ့်​မည်​၊အ​နောက်​နိုင်​ငံ​တွေမှာကမ္ဘာကြီးဟာအလုံးမဟုပ်​ဘဲအပြားကြီးဆိုပြီး​တွေး​ခေါ်တဲ့အ​တွေးအ​ခေါ်ပညာရှင်​များ​တောင်​ရှိ၏၊သူတို့ကိုမည်​သူမျှမကဲ့ရဲ့​ခြေ၊က​လေးများသူတို့စိတ်​ဝင်​တစား​မေးလာတဲ့​မေးခွန်းများကို သဘာဝကျကျမှန်​မှန်​ကန်​ကန်​​ဖြေ​ပေးသင့်​ပါသည်​။မမှန်​မကန်​​ပြီးပြီး​ရော့ဆိုပြီးသဘာဝမကျ​သောအ​ဖြေမျိုးလူကြီးများမှမ​ပေးသင့်​​ပေ၊ ဥပမာဆိုပါဆို့ စ​လောင်းဖုန်းနှစ်​ချပ်​တီး​နေတဲ့က​လေးကို
"ဟဲ့က​လေးစ​လောင်​ဖုံးနှစ်​ချပ်​မတီးနဲ့ကျားကိုက်​တတ်​တယ်​"လို့ အ​ပြောခံရတဲ့က​လေးနဲ့ "ဟဲ့က​လေးစ​လောင်​ဖုံးနှစ်​ချပ်​မတီးနဲ့ကွဲတတ်​တယ်​" လို့​ပြောခံရတဲ့က​လေးဘယ်​က​လေးကကြီးလာရင်​အ​တွေးအ​ခေါ်မြင့်​လာမလဲ ဥာဏ်​ရည်​ထက်​မြက်​လာမလဲဆိုတာမိတ်​​ဆွေတို့စဉ်းစားကြည့်​ပါ။ ​နောက်​အပတ်​မှာဆက်​လက်​ပြီးအ​တွေးအ​ခေါ်စာ​ပေးများဆက်​လက်​​ရေးသားပါအုံးမည်​။
အားလုံးကို​ကျေးဇူးတင်​ပါတယ်​။
writing =@yuzana (shine shine)
image= google
MSC=146

Sort:  

voting 100% 0.096$ V n C Done . @thiha/poe

အောင်မြင်ပါစေ

ကျေးဇူးပါ

Philosophy၏ မူရင်းအဓိပ္ပါယ်​မှာ
Love of wisdom(အသိပညာကိုချစ်​မြတ်​နိးခြင်း)ဖြစ်​သည်​။

ဟုတ်​တယ်​ ဘရို​ရေ
တချို့ကလဲ အမှန်​တရား တဲ့
တချို့ကလဲ အဘိဓမ္မာတဲ့
မထူးပါဘူးအတူတူပါဘဲ ကို့်​ယ့်​အ​တွေးနဲ့ကို​ယ်​​ရေးလိုက်​တာပါ

အတွေးတွေကတော့ တော်တော်များပါတယ် အစ်ကိုရယ်

ဟုတ်​တယ်​ဘရို ကို့်​ယ်​ဘာသာစကားမဟုပ်​​တော့ခက်​တယ်
LOVE ​တောင်​အဓိပ္ပါယ်​အမျိုးမျိုးပြန်​တာ​တွေ့ဘူးတယ်

ကောင်းပါတယ်

သူကအတွေးအခေါ်နဲ့ဆိုင်တော့ ကိုယ်တွေလိုက်မမှီဘူးပေါ့

ရိုးရိုး​လေးပါ

အတွေးကောင်းအရေးကောင်းလို့ပြောရမယ်

စိတ်​ထဲ​တွေးမိတာ​ရေးတာအ​ကောင်းဆုံးဘဲ

အ​တွေးအ​ခေါ်စာ​ပေ​ကြေိုက်​တယ်

လာမယ်​ဘရို

အပိုင်း၁ရော အပိုင်း၂ရောကောင်းပါတယ်@yu

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59876.72
ETH 3191.77
USDT 1.00
SBD 2.43