ကျွန်​​တော်​​စိတ်​ဝင်​စား​သောစိတ်​ (၁)

in #myanmar6 years ago (edited)

ကျွန်​​တေ်​စိတ်​ဝင်​စား​သောစိတ်​ (ပထမပိုင်း)
= = = = =
ကျွန်​​တော်​ငယ်​စဉ်​မူလတန်း​ကျောင်းသားဘဝတုန်းကပခုက္ကူမြို့မှ ​ကျောင်းအုပ်​ဆရာကြီးဦးသြဘာဆိုတာကို
ကျွန်​​တော်​တို့ရွာမူလတန်းမှာပညာသင်​ကြားခဲ့ရပါတယ်​။ ဆရာကြီးကစာအသင်​အပြ​ကောင်းသလို
စည်းကမ်းလဲအလွန်း​ကောင်းပါတယ်​။
တပည်​​တွေအ​ပေါ်မှာလဲသားသမီးအရင်းလိုချစ်​ရှာပါတယ်​။ည​ရောက်​ပြီဆိုဆရာကြီးကရွာထဲလမ်း​လျှောက်​ရင်း သူတပည့်​အိမ်​​ရှေ့​ရောက်​ရင်​ "​မောင်​ဖြူရေစာမကျက်​​​သေးဘူးလား"
"​​မောင်​နီ​ရေစာမကျက်ေ​သေးဘူးလား"
ဟု ​ကျောင်းသားရှိတဲ့အိမ်​​ရှေ့လမ်းက​နေ
နံမယ်​တပ်​ပြီးနှူတ်​ဆက်​သွား​လေ့ရှိပါတယ်​။
မနက်​​ကျောင်း​ရောက်​လို့အတန်းထဲ​ရောက်​ရင်​ "​မောင်​ဖြူက​တော့ညကဆရာ​အော်​မှစာအုပ်​​ပျောက်​လို့လိုက်​ရှာရတယ်​ "
"​မောင်​နီက​တော့ ဆရာလဲတအိမ်​နှစ်​အိမ်​​ကျော်​​ရောက်​ရင်​စာကျက်​သံတိပ်​​တော့တာပဲ" လို့ဆရာကြီးက​ပြောရင်​တတန်းလုံက က​လေး​တွေ ဝိုင်းရီကြတာ​ပေါ့။အဲလို​နေ့စဉ်
လာ​တော့ ညစာမကျက်​တတ်​တဲ့ကျွန်​​တော်​တို့​တွေလဲ ဆရာကြီးလမ်းမဘက်​ကမ​အော်​ခင်​စာကျက်​တတ်​တဲ့အကျင့်​ရသွားခဲ့​တော့တယ်​။
ဒီလိုနဲ့ဆရာကြီးက​ရွှေ​ပြောင်းရမဲ့အချိန်​​ရောက်​လာ​တော့တရွာလုံးကနှစ်​​မျှောကြတာ​ပေါ့။
ဆရာကြီးကကျွန်​​တော်​တို့မိသားစုနဲ့ ကျွန်​​တော့သူငယ်​ချင်းမိသားစုကို သူများ​တွေထက်​ ပိုပြီးတရင်းတနီးရှိပြီးကျွန်​​တော့အ​ဖေ့ကိုလဲအ​တော်​ခင်​တာကို​တွေရပါတယ်​။ ဒီ​တော့ဆရာကြီးက "မင်းတို့နှစ်​​ယောက်​ငါနဲ့လိုက်​ခဲ့ကြ ဟိုမှာ​ကျောင်းတက်​ မင်းတို့ကဒီနှစ်​အစိုးရစစ်​ဆို​တော့အ​ရေးကြီးတယ်​"ဆိုပြီးဆရာကြီးတာဝန်​ကျရာ ဂန့်​​ဂေါနယ်​ဘက်​ကရွာကို​ခေါ်​တော့ မိဘများကလဲထည့်​သဖြင့်​ကျွန်​​တော်​တို့နှစ်​​ယောက်​ဆရာကြီးနဲ့လိုက်​ခဲ့ပါ​တော့တယ်​။
ဒီလိုနဲ့​ကျောင်းအိပ်​​ကျောင်းစားဖြင့်​ကျောင်း​တက်​လာခဲ့ပြီးစာ​မေးပွဲ​ဖြေပြီး​တော့ဆရာကြီးက
"မင်းတို့နှစ်​​ယောက်​ရွာအလည်​ပြန်​ချင်​ပြန်
တပတ်​​လောက်​​နေပြီးအမြန်​ပြန်​လာခဲ့ မင်​တို့ကို​ကျောင်းမဖွင့်​ခင်​အင်္ဂလိပ်​စာကြိုသင်​ရမယ်​"လို့​ပြောပါတယ်​။ဆရာကြီးခွင့်​ပြုသဖြင့်
ကျွန်​​တော်​တို့နှစ်​​ယောက်​လဲ​ပျော်​ရွှင်​စွာဂန့်​​ဂေါမှကုန်​ကားကြီးစီးပြီးပြန်​လာခဲ့ကြပါတယ်​။ဖြစ်​ချင်​​တော့လမ်းမှာကားကပြက်​​နေပြန်​ပါတယ်​၊ကျွန်​​တော်​တို့ကပခုက္ကူမ​ရောက်​ခင်​ကျွန်​​တော်​တို့ရွာနဲ့(၆)မိုင်​​လောက်​​ဝေးတဲ့စံပြကံမ္မဆိုတဲ့ ရွာ​လေးမှာဆင်းရမှာပါ။အဲ့ဒီရွကအရင်​တုန်းက(၅)ရက်​တ​ဈေးနဲ့စည်​ကားတဲရွာ​လေးဖြစ်​ပြီးကျွန်​​တော်​တို့ရွာဖက်​​တွေက​ဈေးဝယ်​ရင်
အဲ့ဒီ​ဈေးမှာဝယ်​ကြပါတယ်​။ခုကားပြက်​တာနဲ့ကမ္မရွာကိုအချိန်​မရှိ ည (10)နာရီ​လောက်​မှာသွား​ရောက်​​တော့ကျွန်​​တော်​တိုနှစ်​​ယောက်​အဲ့ဒီရွာမှာအသိကလဲမရှိက​လေး​တွေလဲဖြစ်​ပြန်​ဆို​တော့အခက်​​တွေပြန်​ပါ​တော့တယ်​။
Screenshot_20180117_192027.png

ဒီလို့နဲ့ကျွန်​​တော်​တို့နှစ်​​ယောက်​တ​ယောက်​မျက်​နာတ​ယောက်​ကြည့်​ပြီး "မင်းပြန်​ရဲလား"လို့​မေးလိုက်​ပါတယ်​။သူကလဲ
"ပြန်​ရဲပါတယ်​ကွာသွား​နေကျလမ်း​တွေဘဲ​ကြောက်​စရာမရှိပါဘူး" လိုသူကပြန်​​ပြောပါတယ်​။ပြောလို့သာ​ပြောရ လကမိုက်​ပြီး​မှောင်​မဲ​နေ​တော့အရဲ့စွန့်​ပြီးပြန်​ခဲ့ကြပါတယ်​။ လမ်းတ​လျှောက်​လဲ နှစ်​​ယောက်​သမား​ကြောက်​စိတ်​​ပြေ​စေရန်
ရသမျှတွံ​တေးသိန်းတန်​သီချင်း​တွေ ကုန်း​အော်​ပြီးတ​ယောက်​တလှည်​​အော်​ဆိုလာခဲ့ပါတယ်​။ရတဲ့သီချင်းကုန်​သွား​တော့
ကိုဖုန်းကြွယ်​မမြစိမ်းဇာတ်​ထုပ်​ကို တ​ယောက်​တလှည့်​​အော်​လို့လာခဲ့ပါတယ်​။
ဒီလို့နဲလမ်းခရီးတဝက်​​ရောက်​​တော့ကျွန်​​တော်​တို့​ဈေးသွားရင်​နား​နေကြတဝက်​မန်းကြီးပင်​လို့​ခေါ်တဲ့မန်း​ကြီးပင်​ကြီးနား​ရောက်​လာပါတယ်​။မန်​ကြီးပင်​ကြီးကအုံ့အုံ့မှိုင်းမှိုင်းနဲ့
အရိပ်​အာဝါသက​ကောင်း​ကောင်း မန်​ကြီးပင်​ကြီး​အောက်​မှာ ကျွန်​​တောတိုရွာက ဖိုးသက်​ထွန်းဆိုတဲ့အဖိုးကြီးက ခရီးသယ်​လမ်းသွားလမ်းလာများနား​နေရန်
ခုတင်​လို ကွပ်​ပြစ်​ကြီးတခု​ဆောက်​ထားပါတယ်​။ခုတင်​ရဲ့အ​ပေါ်မှာ ဖျာကြမ်းနှစ်​ချပ်​ခင်​ထားပြီး
မန်​ကြည်းပင်​မှာ​သောက်​​ရေအိုး​လေးတလုံးဆွဲထားပါတယ်​။ကျွန်​​တော်​တို့နှစ်​​ယောက်
မောလဲ​မောအသံ​တွေလဲဝင်​ လာလို့​သောက်​​ရေအိုးမှ​ရေကိနှစ်​​ယောက်​သား​သောက်​ပြီးကွတ်​ပြစ်​​ပေါ်မှာပက်​လက်​အိပ်​အနားယူလိုက်​ကြပါတယ်​။ဘေးပတ်
ဝန်းကျင်​ကလဲလမိုက်​ညမို့မဲ​မှောင်​ပြီးဘာကိုမှ
သဲသဲကွဲကွဲ မမြင်​ရပါဘူး။အဲ့ဒါနဲ့ကျွန်​​တော်​က "ငါတို့​ညောင်းလဲ​ညောင်းပြီး​မောလဲ​မောပြီ
ဒို့ဒီမှာအိပ်​ပြီးမိုးလင်​ခါနီးမှရွာကိုဆက်​သွာရ​အောင်​ကွာ"လို့​ပြောလိုက်​ပါတယ်​။"​ကောင်းတယ်​​ကောင်းတယ်​ငါလဲအိပ်​ချင်​​နေတယ်​"တဲ့၊
ဒီလိုနဲ့နှစ်​​ယောက်​သမားရှိုက်​ကနဲအိပ်​​ပျော်​သွားလိုက်​တာ အာရုံတက်​ချိန်​​ရောက်​​တော့
"​ဟေ့​ကောင်​ထထမိုးလင်း​တော့မှာ"လို့​ပြောပြီးကျွန်​​တော်​ကလဲ ​"အော်​ ​အေးထပြီ" ဆိုပြီးနှစ်​​ယောက်​သမားရွာကိုခပ်​သွက်​သွက်​က​လေး​လျှောက်​လာခဲ့ကြပါတယ်​။
Screenshot_20180117_192435.png

ဒီလိုနဲ့ရွာကိုဝင်​​တော့ အိမ်​ကိုမ​ရောက်​ခင်​လမ်းမှာ​တွေ့တဲ့သူ​တွေကအထူးအဆန်းလိုကျွန်​​တော်​တို့နှစ်​​ယောက်​ကို
ကြည့်​ကြပါတယ်​။တ​ယောက်​က အိမ်​ခြံစည်းရိုးက​နေ​မျှော်​ကြည်​ပြီး "ဒီက​လေးနှစ်​​ယောက်​က ကမ္မက​နေလာခဲ့တာ​တော့မဟုပ်​​လောက်​ဖူး မင်းတို့နှစ်​​ယောက်​ဘယ်​မှာအိပ်​ခဲ့တာလဲ"တဲ့
ကျွန်​​တော်​လဲ "တဝက်​မန်​ကြည်းပင်​ အိပ်​လာတာဗျ" လို့​ပြောလိုက်​ပါတယ်​။အဲဒီဦး​လေးကြီးက "အံပါကွာ မင်းတို့မလို့ . .".ဆိုပြီးစကားကိုရပ်​ထားပါတယ်​။ကျွန်​​တော်​တို့နှစ်​​ယောက်​လဲတ​ယောက်​မျက်​နာတ​ယောက်​ကြည့်​ပြီးပြုံးစိစိဖြစ်​​နေပါတယ်​။နှစ်​​ယောက်​သမားအိမ်​ဝင်းထဲဝင်​​တော့ အ​ဖေက နွာချည်​ရင်း "မင်းတို့ဘယ်​မှာအိပ်​ခဲလဲ"တဲ့သူငယ်​ချင်းက"တဝက်​မန်း​ကြည်​ပင်​ဗျ"လို​ပြော​လိုက်​တော့ "ဟာ မင်းတို့ဘာမဖြစ်​ဖူးလား မ​နေ့က
မသိန်း​ဌေးတဝက်​မန်းကြည်းပင်​မှာကြိုးဆွဲချ
သေထားတာ"တဲ့ ကျွန်​​တော်​တို့နှစ်​​ယောက်​လဲ
အဲဒီအခါကျမှာ" ဗျာ" ဆိုပြီးနှစ်​​ယောက်​သမားပြိုင်​တူ​အော်​မိကြပြီးကြက်​သီး​တွေထလာခဲ့ပါတယ်​။ကျွန်​​တော်​တို့နှစ်​​ယောက်​သည်​ဒီအ​ကြောင်း​တွေမသိသဖြင့်​နှစ်​​ယောက်​သမားအိပ်​လာခဲ့ကြတာ နှစ်​​ယောက်​လုံးလဲဘာမှမဖြစ်​ခဲ့။ အခုဒီအ​ကြောင်းကိုသိသွား​တော့ပြန်​လျှင်​ဒီတဝက်​မန်​ကြည်​ပင်​နားကဘယ်​လို့မှမပြန်​ရဲ
တော့ တခြားကွင်းလမ်းမှ ကျွန်​​တော်​တို့ပြန်​ခဲ့ရပါတယ်​။ကျွန်​​တော်​အဲ့ဒီအချိန်​ကတဲက စိတ်​ဆိုတဲအရာကိုစိတ်​ဝင်​စားတဲ့စိတ်​ကအမြစ်​​တွယ်​လဲခဲပါ​တော့တယ်​။စိတ်​ဆိုတာ ကိုင်​တွယ်​လို့မရတဲ့နာမ်​တခု ဘယ်​အနားလဲရှိမှန်းမသိ၊တချို့ကအုံး​နောက်​မှာရှိတယ်​ဆို​ပေမဲ့ ​ခြေသလုံးကနာလာရင်​​ခြေသလုံး​ရောက်​သွားပြန်​တယ်​၊တခါတ​လေအ​ဝေးမှာရှိတဲ့အ​မေ့အိမ်​ကို​ရောက်​​နေပြန်​တယ်​၊ရုပ်​ဝတ္ထု မဟုပ်​ပါဘဲနဲ့ ဒီအ​ကြောင်း​တွေမသိခင်​ကတမျိုးသိပြီး​တော့တမျိုးဘာဖြစ်​လို့ကျွန်​​တော်​တို့ခန္တာကို
ရုပ်​ဝတ္ထုကြီးကိုအသွားတလမ်း အပြန်​တလမ်းသွားခိုင်းရတာလဲ။ခု​တော့စဉ်းစားတပ်​လာပါပြီ၊ ကျွန်​​တော်​သိလိုက်​ပါပြီ။ လောကကြီးမှာ ကိုင်​တွယ်​လို့မရ အ​ကောင်​အထည်​မရှိပါဘဲလူ​တွေနံမယ်​​ပေးထားတဲ့နာမ်​တရား​တွေဟာ ကိုင်​တွယ်​လို့ရတဲ့ရုပ်​ဝထ္ထု​တွေကို ပုံစံပျက်​ယွင်းသွား​အောင်​လုပ်​နိုင်​တယ်
ရွေ့လျှားသွာ​အောင်​လုပ်​နိုင်​တယ်​ ရုပ်​ဝတ္ထု​တွေထက်​စွမ်းအားရှိတယ်​၊ပါဝါအားပိုရှိတယ်​ဆိုတာကိုသိလိုက်​ရပါပြီ၊လူ့ပတ်​ဝန်းကျင်​မှာရှိတဲ့ရုပ်​ဝတ္ထုအားလုံကလဲလူ့ရဲစိတ်​နဲ့ဆက်​စပ်​​နေပါတယ်​၊စိတ်​အ​တွေးအ​ခေါ်မြင့်​တဲ့သူ​တွေရဲ့အနားမှာရှိတဲ့ရုပ်​ဝထ္ထု​တွေဟာ
အဆင့်​မြင့်​​နေပြီး၊စိတ်​အ​တွေးအ​ခေါ်နိမ့်​ကျ​တဲ့သူ​တွေရဲ့အနားကရုပ်​ဝထ္ထု​တွေက​တော့
အဆင့်​နိမ်​​နေတာကို​တွေ့ရမှာဖြစ်​ပါတယ်​၊ ကျွန်​​တော်​စိတ်​ဝင်​စားတဲ့ဒီစိတ်​ဆိုတဲ့အရာကို
ကျွန်​​တော်​သိသ​လောက်ကျွန်​​တော့ရဲ့အ​တွေးအ​ခေါ်များနဲ့​ရှေ့အပတ်​မှာကျွန်​​တော်​ဆက်​​ရေးပါအုန်းမည်​။
အားလုံးကို​ကျေးဇူးတင်​ပါတယ်​။

@yuzana (shine shine)
MSC-146
Image-google

Sort:  

သူငယ်ချင်း စာလုံးပေါင်း နဲနဲ မှားတာကလွဲရင် နင်ရေးတာ ဖတ်ကောင်းတယ်ဟ😁

ဟုပ်​လားပြန်​စစ်​ကြည့်​မယ်​​လေ

ကျေးဇူးပါ

ကောင်းတယ်​စိတ်​အ​​ကြောင်းဆို​တော့စိတ်​ဝင်​စားလာပြီ

Good
Thank for sharing

ကောင်းပါ့ဗျာ

ကျေးဇူးသူငယ်​ချင်း

စာလေးလည်းဖက်လို့ကောင်းသလို ကမ္မက မုန့်ပြားသလပ်နဲ့
မွေးရပ်မြေ ပခုက္ကူကိုစာဖက်ရင်းသတိရမိပါတယ်ဗျာ

ကျေးဇူးတင်​ပါတယ်​@gelatofresco

ဆက်​​ရေးပါ အကို ..

ရေးရမယ်​ဘရို​ရေ့
ဖီလိုဆိုဖီအ​တွေးအ​ခေါ်​တွေ

Yes, စိတ်​က အဆန်းကျယ်​ဆုံးနဲ့နားလည်​ဖို့ခက်​ခဲ​သောအရာ....အတိုင်းအဆမရှိကျယ်​ပြန့်​တဲ့ သဘာဝတရား​တွေရှိတယ်

မှန်​တယ်​ဘရို အခန်းဆက်​​တော်​​တော်​များများ​ရေးမှသ​ဘော​ပေါက်​ကြမှာ ပါ

ရေးပါbro. အဆုံးမရှိတဲ့စိတ်​က ပင်​လယ်​​ရေလိုပဲ​ပေါ့....
ပင်​လယ်​​ရေခပ်​ထုပ်​မကုန်​သလို၊ စိတ်​​တွေလဲယက်​ထုပ်​လို့မကုန်​နိင်​လို့ ​ရေးဗျာ၊ အား​ပေးတယ်

အဓမ္မခန္ဓာပေါင်း 8400 မှာအကျဉ်းချုံးလိုက်ရင် အဓိကကစိတ်ပါ စိတ်ကိုမကြောက်စိတ် ရဲရင့်စိတ် ရှက်စိတ်တွေဖြစ်တဲ့ စေသသိတ် ကအရောင်ဆိုးတာပါ

မှန်​ပါတယ်​ဗျာ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76