ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၂)

in #myanmar6 years ago

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၂)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၃)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၄)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၅)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၆)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၇)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၈)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၉)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၀)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၁)

-----ယခင်​အပိုင်း(၁၁)မှအဆက်​-----

ယေ​န့အဖို့ ယခင်​​နေ့နှင့်​မတူ တမူထူးခြား​နေသည်​ဟု ​နေ​သော်​ခံစားမိသည်​။မ​နေ့ကဆိုလျှင်​ ​ဆေးရုံကြီးတွင်​ လူနာများ၊လူနာ​စောင့်​များဖြင့်​ရှုပ်​ယှက်​ခတ်​လို့​နေသည်​။ယခု ထိုသို့မဟုတ်​ ရှင်းလင်းလျှက်​။

ကော်​ရစ်​တာဘက်​ ​ရောက်​လို​ဇောတို့ဖြင့်​ ​လျှောက်​လာခဲ့​သော်​လည်း စိတ်​ထဲတွင်​​နှေး​နေသည်​ဟုထင်​​နေမိသည်​။အခန်း​ရှေ့​ရောက်​၍ ဝင်​မည်​အပြု စိတ်​ထဲ​လေးခနဲဖြစ်​သွားသည်​။168759184.jpgcredit image; https://www.istockphoto.com

"ဘာဖြစ်​​တာလဲကွ ဝင်​မှာဖြင့်​မဝင်​ဘူး အ​ပေါက်​ဝမှာ လာရပ်​​နေတယ်​"မိုးထက်​​ပြောလည်း​ပြောစရာဖြစ်​​နေသည်​။နေ​သော်​မှာ အခန်း​ရှေ့​ရောက်​မှ အခန်းသို့ချက်​ချင်းမဝင်​ဘဲ ရပ်​​နေမိသည်​။

"ငါ ငါ့စိတ်​ထဲ ဘယ်​လိုဖြစ်​သွားလည်းမသိဘူးကွ ​လေးခနဲဖြစ်​သွားတယ်​ အဲ့ဒါ​ကြောင့်​ ငါခဏရပ်​လိုက်​တာ"

"​သြော်​ မင်းဟာကလည်း စိတ်​​လေး​နေတာနဲ့ ​ပေါ့ေ​နတာနဲ့ပဲ လူနာနားမ​ရောက်​​တော့ဘူး လာ လာ အထဲ ထဲဝင်​မယ်​ကွာ ​တော်​ကြာတစ်​မျိုးထင်​​နေကြဦးမယ်​"​နောက်​ကရဲထက်​မှ စိတ်​မရှည်​​တော့ဟန်​ဖြင့်​ဝင်​​ပြောလိုက်​ပြီး အခန်းထဲဝင်​သွား​တော်​သည်​။သူငယ်​ချင်းသုံး​ယောက်​သားဝင်​သွား​တော့မှ ​နေ​သော်​ ​နောက်​မှ​နေ၍ လိုက်​ဝင်​သွား​တော့သည်​။

"​သြော်​ ငါ့​မောင်​တို့​တောင်​​ရောက်​လာပြီကိုး လာကြလာကြ ထိုင်​ထိုင်​ထိုင်​"

"ဟုတ်​ကဲ့ ခင်​ဗျ ​နေ​သော်​လာ​လေကွာ"​နောက်​မှာရစ်​သီရစ်​သီနှင့်​လာ​နေ​သော ​နေ​သော်​အား ရဲထက်​​ခေါ်လိုက်​သည်​။နေ​သော်​လည်းလွတ်​​နေ​သော ခုံတစ်​ခုတွင်​ သင့်​တင့်​သလိုထိုင်​လိုက်​သည်​။ထို့​နောက်​ လူနာရှင်​ ​ကောင်​မ​လေးဆီအကြည့်​​ရောက်​သွားလိုက်​သည်​။ထိုစဉ်​ကုတင်​ထက်​​တွင်​​မှေး​နေ​သော သူဇာမှာ အသံများကြား၍ မျက်​လုံးဖွင့်​အား ​ဘေးနားသို့ ​​ဝေ့ဝိုက်​ကြည်​လာ​တော့သည်​။ရုတ်​တရက်​ဆိုသလိုမထင်​မှတ်​ဘဲ ​နေ​သော်​နှင့်​ အကြည့်​ချင်းဆုံမိသွားသည်​။ထိုအခါမှာ​တော့ ​နေ​သော်​တစ်​​ယောက်​ အံ့အားသင့်​စရာ​ကောင်း​သော အဖြစ်​အပျက်​နှင့်​ကြုံ​တွေ့ရပါ​တော့သည်​။

"ကို"

သူဇာထံထွက်​​ပေါ်လာ​သောစကားတစ်​ခွန်း။အားလုံးက အံ့အားသင့်​စွာ ​နေ​သော်​ထံ အကြည့်​​ရောက်​သွားကြသည်​။နေ​သော်​မှာလည်း မိမိ​နောက်​သို့ ပြန်​လှည့်​ကြည့်​မိသည်​။

သို့​သော်​မည်​သူမှရှိမ​နေခဲ့ပါ။သူဇာ အ​ဒေါ်ဖြစ်​သူ ​ဒေါ်ချို​လေးမှာလည်း ပါးစပ်​အ​ဟောင်းသားဖြင့်​ အံသြ​နေ​တော့သည်​။ထိုအခိုက်​အတန့်

"တူမ​လေး တူမ​လေး နိုးလာပြီလားဟင်​ အန်​တီ​လေကွယ်​ တူမ​လေးအန်​တီ အန်​တီချို​လေး ​လေ မှတ်​မိလား" ​ဒေါ်ချို ​လေးတစ်​​ယောက်​ စိုးရိမ်​စိတ်​များဖြင့်​ သူဇာအား ​ဇွတ်​​မေး​နေ​လေသည်​။သို့​သော်​သူဇာထံ မှ ​ကျေနပ်​စရာ အ​ဖြေတစ်​ခု ​ဒေါ်ချို ​လေးမရခဲ့ပါ။သူဇာမှာ ​ဒေါ်ချို ​လေးအား ခပ်​စိမ်းစိမ်းကြည့်​ကာ

"ကျွန်​မ ရှင့်​ကိုမသိဘူးရှင့်​ ဘယ်​ကအန်​တီလည်း ကျွန်​မမသိဘူး ကို​ရေ ကျွန်​မဆီလာပါဦး"သူဇာတစ်​​ယောက်​ သူစိမ်းဆန်​ဆန်​ ​ဒေါ်ချို ​လေးအား အနားကပ်​မခံ​တော့​ပေ။နေ​သော်​ ဘာလုပ်​၍ ဘာကိုင်​ရမှန်းမသိ​တော့။သူ့အား "ကို" ဟု​ခေါ်ဆို​သော သူမှာ ဒီကမ္ဘာတွင်​တစ်​ဦးသာရှိသည်​။ထိုသူမှာ နွယ်​တစ်​​ယောက်​ပင်​။

"နွယ်​" ​နေ​သော့်​ နှုတ်​ခမ်းဖျားမှ တိုးတိုး​လေး ထွက်​လာ​သောအသံ။တကယ်​ပဲ နွယ်​ပြန်​လာ​လေသလား ​နေ​သော်​ဆုံးဖြတ်​နိုင်​စွမ်းမရှိ​တော့ပါ။dc-Cover-r7s8taq5hp0fm1upu432k0g040-20170804103919.jpegcredit image; https://www.deccanchronicle.com

"ကို​ရေ နွယ်​​လေ ကို ကို့ရဲ့နွယ်​​လေ မမှတိမိ​တော့ဘူးလားဟင်​ နွယ်​ကိုတစ်​ခုခုပြန်​​ပြောပါဦး"ဒီတစ်​ခါမှ​တော့ ​နေ​သော်​တစ်​​ယောက်​တည်း မဟုတ်​​တော့ဘဲ သူငယ်​ချင်းများပါ ပြူးပြဲလန့်​ကုန်​ကြ​တော့သည်​။အ​ကြောက်​ကြီး​သော ရဲထက်​ဆိုလျှင်​ ​နောက်​သို့ ​ပြေးဆုတ်​သွားမိသည့်​အထိပင်​။

ထိုအခါမှာ​တော့ ​နေ​သော်​ ထိုင်​​နေရာမှ မတ်​တပ်​ထရပ်​လိုက်​ပြီး အံကိုတင်းတင်းကြိတ်​ကာဘယ်​အချိန်​ကမှမသိ တွဲခိုကျလာ​သော မျက်​ရည်​​စများကိုပွတ်​သပ်​လိုက်​ရင်း

"ကို မ​မေ့ဘူးနွယ်​ ဘယ်​​တော့မှ ကို မ​မေ့ခဲ့ဘူး"

ထိုစကားသံကိုကြားလျှင်​ပဲ သူဇာမှာက​လေး​လေးတစ်​​ယောက်​လိုမ​အောင့်​အီးနိုင်​​တော့ဘဲ ​နေ​သော်​လက်​အား လှမ်းဆုပ်​ကိုင်​လိုက်​​တော့သည်​။

"နွယ့်​ကို ထားပြီး မသွားရဘူး​နော်​ ဒီမှာ နွယ်​တစ်​​ယောက်​တည်းမ​နေချင်​ဘူး​နော်​ ​နော်​လို့ကို"

"အင်းပါ နွယ့်​ကို ကိုယ်​မထားခဲ့ပါဘူး ကတိ​ပေးပါတယ်​ကွာ"မျက်​ရည်​တစ်​ဖက်​ နှင့်​ ​နေ​သော်​တစ်​​ယောက်​ အခက်​​တွေ့​နေသည်​​တော့အမှန်​။ထိုအခိုက်​အတန့်​ သူငယ်​ချင်းထဲမှ မိုးထက်​က

"မင်းက နွယ်​ဟုတ်​လား ငါတို့ယုံ​အောင်​လည်းလုပ်​ပါ ငါ့သူငယ်​ချင်းကို စိတ်​ဆင်းရဲ​အောင်​မစပြန်​မ​ဖော်​ပါနဲ့ မှန်​မှန်​​ပြောစမ်း"မိုးထက်​​ပြောလိုက်​​သော စကား​ကြောင့်​ သူဇာအကြည့်​က ^မိုးထက်​ထံ​ပြောင်းလာခဲ့သည်​။ံ

နင့်​ရုပ်​​ခွေးချီသွားရင်​​တောင်​ မှတ်​မိ​နိုင်​​သေးတယ်​ နင့်​နာမည်​မိုးထက်​ ဟိုဟာ ရဲထက်​ ဟိုတစ်​​ယောက်​ရဲယံ ဟုတ်​ရဲ့လား"သူဇာစကားဆုံးသွား​တော့ သူငယ်​ချင်း သုံး​ယောက်​သား ပါးစပ်​အ​ဟောင်းသားနှင့်​ပင်​။

ဆက်​လက်​​ရေးသားပါဦးမည်​။

Author by @nandasai(MSC.076)

Sort:  

စိတ်ဝင်စားစရာ ကောင်းလွန်းပါပြီ ဇာတ်လမ်းလေးက
မျှော်နေပါတယ် ခင်ဗျ

ဟုတ်​ကဲ့ကြိုးစာ​ရေးသားပါဦးမယ်

ဝင်ပူးပြီး ပြောတာများလားကွယ်

အင်း ဘယ်လိုဇာက်လမ်းပါလိမ့်
တစ်ခါမှမဖတ်ဖူးသလိုပဲ ဒီလိုဇာတ်လမ်းမျိုး😁😁
ဇာတ်လမ်းဆုံးမှအဖြေသိရမယ်ထင်တယ်နော့

ကြိုးစား​ရေးသားဦးမယ်​ဗျ

ဘယ်လိုတွေ ဆက်ဖြစ်လာမလားကွယ်။

ဟုတ်​ကဲ့ ​စောင့်​​မျှော်​​ပေးပါဦးဗျ

တစ်​ပင်​တည်း ရင်​ထဲကနွယ်​ အာကြီးသီချင်း​တောင်​ ဆိုချင်​မိတယ်​😂

ဟိ ဟိ

အရင်​ပတ်​ကမဖက်​ဖြစ်​လို့ ပြန်​ဖက်​ဦးမယ်

ဟုတ်​ကဲ့ ​ကျေးဇူးပါခင်​ဗျ

တော်သေးတာပေါ့ သတိရလာပြီ အဓိကလူမှတ်မိလို့ hee hee

ဟုတ်​တယ်

ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာပါပဲဗျာ

ဟုတ်​ကဲ့ ​ကျေးဇူးပါ ကို​စော​ရေ

နွယ်ဆိုရင် အတိတ်ကို သတိရတက်လွန်းလို့ပါဗျာ😪😪😪

ရှိခဲ့တယ်​​ပေါ့

postတ်ခုလုံးကိုမဖတ်ပေးနိုင်လို့တောင်းပန်ပါတယ်ဗျ ကျွန်တော်တို့ရုံးမှာမကွေးတိုင်းအတွက်တစ်တိုင်းလုံးအစည်းအဝေးရှိနေတဲ့အတွက်ခွင့်လွှတ်ပေးပါဗျ sundayမှာ postအားလုံးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါမယ်ဗျ

ရပါတယ်​ဗျ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 61821.21
ETH 3068.39
USDT 1.00
SBD 3.84