ဘဝတစ်​ဆစ်​ချိုး(၅)

in #myanmar6 years ago (edited)

ယခင်​ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)အပိုင်း(၂)အပိုင်း(၃)နှင့်အပိုင်း(၄)တို့အားပြန်​လည်​ဖတ်​ရှုနိုင်​ပါသည်​။11-400x242.jpgcredit; https://travel.jumia.com/blog/mm/cat/top-destinations/pyin-oo-lwin

နောက်​တစ်​​နေ့တွင်​ သူငယ်​ချင်းများနှင့်​ ဆုံ​တွေ့ကြကာ လိုရမယ်​ရပစ္စည်းများ အဝယ်​ထွက်​ကြ​တော့သည်​။ထို့​နောက်​သူငယ်​ချင်း​လေး​ယောက်​သား အတွဲညီညီဖြင့်​ ပြင်​ဦးလွင်​သို့ချီတက်​ခဲ့ကြ​တော့သည်​။ရန်​ကုန်​မှ ပြင်​ဦးလွင်​ဆို​သော ခရီးအတိုင်းအတာကာ နည်းလှသည်​​တော့မဟုတ်​။ထို့​ကြောင့်​ သူငယ်​ချင်းများနှင့်​တစ်​လှည့်​စီ ​မောင်းနှင်​လာခဲ့ရသည်​။သူငယ်​ချင်းများက​တော့ အပန်း​ဖြေရမည်​ဖြစ်​၍ ​ပျော်​​နေကြသည်​။လန်းဆန်းတက်​ကြွ​နေ​တော့သည်​။နေ​သော်​သည်​ ငယ်​စဉ်​က ပြည့်​စုံကြွယ်​ဝ​သောအသိုင်းအဝိုင်းမှကြီးပြင်းလာရသူဖြစ်​၍ ဘာအပူအပင်​မှ မရှိခဲ့။မိဘများက​​တော့ ဘဝ​ရှေ့​ရေးအတွက်​​ရှေးရှုပြီး တစ်ဦးတည်း​သောသားတစ်​​ယောက်​အတွက်​ ပြင်​ဦးလွင်​တွင်​ အိမ်​နှင့်​ခြံပါ ဝယ်​​ပေးထားခဲ့သည်​။ထိုအိမ်​​လေးတွင်​ ​​နွေရာသီအပန်း​ဖြေစရာအိမ်​အဖြစ်​ ထားရှိထားခဲ့ကြသည်​။ထို​နေရာတွင်​သဘာဝ၏လတ်​ဆတ်​​သော အ​ငွေ့အသက်​များဖြင့်​ အပန်း​ဖြေရန်​ ဥယျာဉ်​ခြံငယ်​​လေးများရှိသည်​။ထို့ပြင်​ လိ​မ္မော်​ခြံများလည်း စိုက်​ပျိုးထား​သေးသည်​။နေ​သော့်​ဖခင်​ကြီး ဦးဝင်းမြိုင်​မှာ လူယုံ​တော်​လည်းဖြစ်​ တူ​တော်​လည်းဖြစ်​​သော ​မောင်​ဝဏ္ဏအား​ထားရှိကာ လိ​မ္မော်​ခြံအား ဦးစီးလုပ်​​ကိုင်​​စေခဲ့သည်​။အိမ်​ခြံ​စောင့်​ကို​တော့ ဦးသက္ကတို့ဇနီး​မောင်​နှံအား အပ်​နှံထိန်းသိမ်းထား​စေခဲ့သည်​။ဦးသက္ကက​တော့ ဦးဝင်းမြိုင်​ ငယ်​စဉ်​က ထိန်း​ကျောင်း​ပေးခဲ့ရရှာပြီး ယခု​တော့ ပြင်​ဦးလွင်​တွင်​ ခြံ​စောင့်​ရင်း ပန်းအလှစိုက်​ပျိုး​သောအလုပ်​ကို လုပ်​ကိုင်​​နေသည်​။အခုလည်း ​နေ​သော်​တို့သူငယ်​ချင်းတစ်​စု ပြင်​ဦးလွင်​သို့ လာ​နေမည်​ဖြစ်​၍ဝမ်းသာ​နေကြသည်​။မနက်​​စော​သောထ ​ဈေးသွားကာ ဟင်းချက်​မည့်​ပစ္စည်း​များအား စုံစုံလင်​လင်​ဝယ်​လာခဲ့ပြီး ချက်​ပြုတ်​​နေကြ​​တော့သည်​။ပြင်​ဦးလွင်​ရှိအိမ်​ကြီးတွင်​လည်း ဦးသက္ကတို့ဇနှီး​မောင်​နှံသာ ​နေရသည်​ဖြစ်​၍တိတ်​ဆိတ်​​ခြောက်​​သွေ့​နေခဲ့သည်​။အခုကား ​နေ​သော်​နှင့်​သူငယ်​ချင်းများလာ​ရောက်​​တော့မည်​ဖြစ်​၍ ​ပျော်​​နေကြ​တော့သည်​။fourth-man-out1.jpghttps://www.thewrap.com/4th-man-out-review-evan-todd-parker-young-chord-overstreet

ကား​လေးတစ်​စီး တရိပ်​ရိပ်​ဖြင့်​ အ​ဝေး​ပြေးလမ်း​ပေါ် အရှိန်​ဖြင့်​​မောင်းနှင်​​နေခဲ့သည်​။နားလိုက်​​မောင်းလိုက်​နှင့်​ ​မေမြို့(သို့မဟုတ်​)ပြင်​ဦးလွင်​မြို့သို့ ဝင်​​ရောက်​လာခဲ့​တော့သည်​။မြို့သို့ဝင်​​ရောက်​လာပြီဆိုရင်​ပဲ ​အေးချမ်း​သော ​တော​တောင်​သဘာဝအလှများနှင့်​လတ်​ဆတ်​​​သောလေ​ကောင်း​လေသန့်​တို့က ဆီးကြိုလို့​နေသ​ယောင်​​ယောင်​။စိတ်​ထဲ​ပေါ့ပါးလန်းဆန်း​နေ​တော့သည်​။ပန်းမြို့​တော်​ဟုတင်​စား​ခေါ်​ဝေါ်ကြ​သော ပြင်​ဦးလွင်​မြို့တွင်​ ပန်းမြို့​တော်​နာမည်​နှင့်​အညီ ပန်း​ပေါင်းများစွာလည်း ​တွေ့မြင်​ခံစားနိုင်​ပါသည်​။

"တီတီ..တီတီ."........အိမ်​​ရှေ့မှကားဟွန်းတီးသံ။ဦးသက္ကတစ်​​ယောက်​ ပန်း​ရေ​လောင်း​နေရာမှ ​တံခါးဆီသို့ အ​ပြေးအလွှား သွားကြည့်​​တော့သည်​။

"ဟာ ​မောင်​​နေ​သော်​တို့ပါလား ခဏ​လေး ဦး​လေးတံခါးဖွင့်​​ပေးမယ်​"​ပြော​ပြောဆိုဆို ဦးသက္ကတစ်​​ယောက်​ တံခါးအားတွန်းဖွင့်​လိုက်​​သည်​။

"မယ်​မြ​ရေ ဒီမှာ ​မောင်​​နေ​သော်​တို့​ရောက်​လာပြီ​ဟေ့ ပစ္စည်း​တွေ လာသယ်​ကူပါဦး"ဦးသက္ကက​တော့ ဇနီးဖြစ်​သူကို လာ​အော်​​နေ​လေရဲ့။

"ရပါတယ်​ ဦးသက္ကရယ်​ ကျွန်​​တော်​အရွယ်​​ရောက်​ပါပြီဗျ ငယ်​ငယ်​ကလို မသယ်​နိုင်​တာမှမဟုတ်​ဘဲ ဘွား​လေးကိုလည်း မခိုင်းရက်​ပါဘူး"​ကား​ပေါ်မှဆင်းရင်း ​နေ​သော်​ဦးသက္ကအား ဆီး​ပြောလိုက်​သည်​။

ထို့​နောက်​ ဦးသက္ကဇနီးဖြစ်​သူ မယ်​မြလည်း ​မီးဖို​ချောင်​ထဲမှခပ်​သုပ်​သုပ်​ထွက်လာကာ

"​ပေး​..​ပေး..​တူ​လေးတို့အိတ်​​တွေ ဘွား​လေးသယ်​​ကူမယ်​"

"ဟုတ်​ကဲ့ ရပါတယ်​ခင်​ဗျ..ရပါတယ်​"​နေ​သော့်​သူငယ်​ချင်းသုံး​ယောက်​လုံး သံပြိုင်​ ညှိ့ထားသလိုသံပြိုင်​​ပြောလိုက်​​တော့သည်​။800px-Maymyo_also_known_as_Pyin_Oo_Lwin_(14890080072).jpgcredit; commons.m.wikimedia.org
"လာကြ လာကြ အ​မော​ပြေ အ​အေး​လေး​သောက်​လိုက်​ဦး ပြီးမှ ခနနားလိုက်​"

"ဟုတ်​ကဲ့ ဘွား​လေး"

နေ​သော်​တို့သူငယ်​ချင်း​လေး​ယောက်​သား အ​အေး​သောက်​ရင်း ခဏတာ အနားယူ​ကြ​တော့သည်​။အနားယူ​နေရင်းက ရုတ်​တရက်​​နေ​သော်​တစ်​​ယောက်​ တစ်​ခုခုကို သတိရမိသွားသည်​။ပြီး​နောက်​ ညိုးငယ်​​သောမျက်​နှာဖြင့်

"​သြော်​ ငါ​မေ့​တော့မလို့ မနက်​ဖြန်​ နွယ်​ နှစ်​ပတ်​လည်​​နေပဲ ဘုန်းကြီး​ကျောင်းသွားပြီး ကုသိုလ်​လုပ်​​ပေးမှပဲ"

"​အေး ဟုတ်​သားပဲ ငါတို့လည်း လိုက်​ခဲ့​ပေးမယ်​​လေကွာ"မိုးထက်​မှ ​နေ​သော်​ပုခုံးကာ ပုတ်​လိုက်​ရင်း ​ပြောလိုက်​သည်​။

"​အေးကွာ ဘာလိုလိုနဲ့ နွယ်​ဆုံးတာ ၃နှစ်​​ကျော်​ခဲ့ပြီ နွယ့်​အဖြစ်​က ဆိုးပါတယ်​ကွာ"​နေ​သော်​သူငယ်​ချင်းထဲမှ ​​အောင်​​ကောင်းထက်​က ဆက်​​ပြောလိုက်​သည်​။
"​တော်​ပါ​တော့ကွာ ငါလည်းအဲ့အ​ကြောင်း​တွေဆက်​မကြားချင်​​တော့ဘူး မနက်​ဖြန်​မှ ဘုန်းကြီး​ကျောင်းမှာ ကုသိုလ်​တစ်​ခုခုလိုက်​​ပေးကြတာ​ပေါ့" ​သြော်​နွယ်​ရယ်​ မင်းကိုယ့်​ကိုခွဲသွားတာ​စောလွန်းပါတယ်​ကွာ ​နေ​သော်​ရင်​ထဲမှ တိတ်​တိတ်​​လေး ကြိတ်​​ပြော​နေ​လေရဲ့။
ဆက်​လက်​​ရေးသားပါမည်​။
အအ~2.jpg

Author by @nandasai(MSC.076)

Sort:  

ခရီးထွက်တာ ပျော်ဖို့ ကောင်းပေမယ့် အတိတ်ကလွမ်းဆွေးစရာက မေ့လို့မရပါဘူးလေ

ရေးသားပါအုံးဗျာ
နှစ်ပတ်လည်မှာလည်း မေ့မရတာတွေနဲ့ဝမ်းနည်းနေရမှာလားမသိဘူးနော်

ဟုတ်​ကဲ့ ကိုမိုး

ဆက်စောင့်ရင်း အရမ်းကောင်းတယ်ဗျ

ပုံလေးတွေကြည့်ပြီး ပြင်ဦးလွင် ဇာတိမြို့လေးတောင်
သတိရမိသွားတယ်😁😁😁

ပြင်​ဦးလွင်​ သား​ပေါ့ အဲ့မြို့ကို​တော့ အရမ်းသ​ဘောကျတယ်

ဟုတ်ပါတယ်ဗျ😁😁😁

ဖက်လို့ကောင်းတယ် အဆက်ကိုစောင့်ဖက်ပါမယ်ခင်ဗျာ

ကျေးဇူးပါကိုလင်း

အခန်းဆက်တွေဆိုတော့ ရှေ့တစ်ပိုင်းပါ ပြန်ပြန်ဖတ်မှ ဇာတ်ရည်လည်တယ်ဗျို့။

ရှည်​နိုင်​သမျှ ရှည်​​အောင်​ ဆွဲဆန့်​ ထားရတယ်​ဗျို့

ဝမ်းနည်းရတော့မယ်ထင်တယ်

ပျော်​ရမှာ

ရည်းစားသေ နိုင်ငံခြားသွား ပြန်လာ ပြင်ဦးလွင်ရောက်
နောက်တစ်ဆစ် ဘယ်တော့ချိုးဦးမလဲ

ချိုး​တော့မယ်

အားပေးခဲ့တယ်ညီရေ

ဇာတ်လမ်းတွေဖတ်တာများရင်း ရှုပ်သွားပီ။နွယ် ဆိုတာအရှေ့အပိုင်းတွေမှာကျန်ခဲ့ပီလာဟင်။ 😁

ရှေ့ကအပိုင်းမှာပါ ပါတယ်​ ...

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63475.87
ETH 3121.13
USDT 1.00
SBD 3.87