ဘဝတစ်ဆစ်ချိုး(၁)
ကောင်းကင်ပြာထက် တိမ်ရောင်စုံများကင်းစင်လို့ ရာသီဥတုကသာယာလို့နေသည်။အရိပ်အာဝါသကောင်းမွန်သော ဥယျာဉ်လေးတစ်ခုအတွင်း စုံတွဲလေးတစ်တွဲ။သစ်ပင်တစ်ပင် ခြေရင်းတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အချစ်စိတ်များ ဖလှယ်နေကြလေရဲ့။ချစ်သူနှစ်ဦး၏ရှေ့မှောက်တွင်ရှိ ရေကန်ပြင်မျက်နှာမှာလည်း ပကတိတည်ငြိမ်လျှက်ရှိနေသည်။သြော် ချစ်သူနှစ်ဦး၏ဘဝဆိုသည်က တစ်ခါတစ်ရံ ပျော်ရွင်ကြည်နူးမှုတွေနဲ့ပြည့်နက်လွန်းနေပါလား။သို့ပေမဲ့လည်း တစ်ခါတစ်ရံများ၌ မထင်မှတ်ထားသော ဘဝတစ်ဆစ်ချိုးဆိုတာလည်း ရှိကြစမြဲပါပဲ။
"သဲ ကိုယ်တို့နှစ်ယောက် ဘယ်တော့လက်ထပ်ရင်ကောင်းမလဲ ဟင် ကိုယ်တော့ သိပ်ပြီးအချိန်မဆွဲချင်တော့ဘူး ပြီးတော့ ကိုယ်တို့အသက်တွေလည်း မငယ်တော့ဘူးလေ"
"အင်းပါ ကိုရဲ့ သဲမေမေ့ကိုပြောထားပြီးပါပြီ မေမေကဖေဖေ့ကိုမေးကြည့်ဦးမယ်တဲ့လေ"
"အေးပါ ကိုယ်တော့ အချိန်သိပ်မဆွဲချင်တော့ဘူး သဲရယ်"
နေသော်နှင့်နွယ်။သူတို့နှစ်ဦးကား အင်မတန်မှချစ်ကြတဲ့ ချစ်သူနှစ်ဦး။လက်ထပ်ရန်လည်းရည်ရွယ်ထားကြတဲ့ ချစ်သူနှစ်ဦးဖြစ်သည်နှင့်အညီမကြာမီ လက်ထပ်ကြဖို့ စီစဉ်နေကြခြင်းလည်းဖြစ်ပါသည်။အခုလည်း ချစ်သူနှစ်ဦးသား လွတ်လွတ်လပ်လပ် တွေ့ရတဲ့အချိန်လေးမှာ အနာဂတ်ရှေ့ရေးအတွက် ဆွေးနွေးတိုင်ပင်နေကြတာလည်းဖြစ်ပါသည်။ပြီးတော့နေသော် ဆိုသောကောင်လေး နှင့် နွယ်ဆိုသည့် မိန်းကလေးတို့ရဲ့ ချစ်သူသက်တမ်းဟာ လည်း မနည်းတော့ပါ။(၇)နှစ်ဆိုသည့် အချိန်ကာလဟာ နေသော်နှင့်နွယ်တို့နှစ်ဦးအတွက် တည်ငြိမ်ရင့်ကျက်စေသည့် အချိန်ပဲမဟုတ်ပါလား။နှစ်ဖက်မိဘအသိုင်းအဝိုင်းကလည်း သိရှိနားလည်ထားကြပြီမို့ အခက်အခဲဆိုသည်က မရှိစလောက်ပင်။ထို့ကြောင့် နီးစပ်ရန် အခွင့်အရေးများနေခြင်းဖြစ်သည်။
"ကို သဲတို့အိမ်ပြန်ကြရအောင်လေ"ညနေခင်း၏အလှကို ခံစားရင်း နွယ်မှ အိမ်ပြန်ရန် ပြောလာတော့သည်။
"အင်းပါ ပြန်ကြတာပေါ့ နွယ်ရယ်" နေသော်မှ အိမ်ပြန်ရန် သဘောတူလိုက်ပြီး နှစ်ဦးသား နှုတ်ဆက်အနမ်းများပေးကာ အိမ်ပြန်ခဲ့ကြတော့သည်။ညနေခင်းများ၏အလှအပဆိုတာ ချစ်သူနှစ်ဦးအတွက်အရမ်း ပြီးပြည့်စုံလွန်းနေသည်။
အိမ်သို့ပြန်ရောက်လာသော နေသော်အား မိခင်ဖြစ်သူ ဒေါ်ဆွေမြင့်က ဆီးကြိုကာ--
"သားဒီနေ့ဘယ်သွားနေတာလဲ"
"ဗျာ သားဒီနေ့ နွယ်နဲ့ခဏသွားတွေ့တာပါမေမေ" နေသော်တစ်ယောက် ခေါင်းတကုတ်ကုတ်နှင့် မိခင်ဖြစ်သူအား ဖြေကြားပေးလိုက်သည်။တစ်ကယ်ဆို နေသော် မိခင်သည်လည်း နားလည်ပြီးသား။ပြီးတော့နွယ်နှင့်ဆိုသဘောတူပြီးသားပါ။
"သားတို့ လက်ထပ်ဖို့ကို အမေ့ခွင့်ပြုတယ်နော်သား နွယ့်ဘက်ကိုသာ သေသေချာချာမေးထား နွယ့်မိဘတွေဘက်က ခွင့်ပြုတယ်ဆို အမေတို့ဝတ္တရားအတိုင်း လိုက်တောင်းပေးမယ်"
"ဟုတ်ကဲ့ပါ မေမေ သား သေသေချာချာမေးထားပါတယ် နောက်တစ်ပတ်လောက်ဆို သိရပါပြီ"နေသော်စိတ်ထဲတော့ ပျော်တစ်ဝက်မပျော်တစ်ဝက်နှင့် အီနေတော့သည်။မိမိဘက်ကတော့ အားလုံးသဘောတူ ကြည်ဖြူနေပါသော်လည်း နွယ်ဘက်ကတော့ ဘာမှ မတုံ့ပြန်နိုင်သေးသည်တော့ နည်းနည်း စိုးရိမ်နေရသည်။
နောက်တစ်ပတ်ခန့်အကြာ။
"ဘယ်လို!! ဘယ်လို ဘယ်လို ဘယ်လို နွယ် ကိုယ်နားကြားမှားတာ မဟုတ်ပါဘူးနော် နွယ်ကိုယ်ကြိုနောက်တစ်ခါပြန်ပြောပြပါဦး"
"ကိုကိုကလည်း လာနောက်နေပြန်ပြီ ဖေဖေမေမေတို့က နွယ်တို့နှစ်ယောက်လက်ထပ်ဖို့အတွက်ခွင့်ပြုလိုက်ပြီလို့"
"ဟာ ဝမ်းသာလိုက်တာ နွယ်ရယ် ကိုယ်ဘယ်လို ဝမ်းသာသွားမှန်းကိုမသိတော့ဘူး"
ဒါပဲနော်ကို....နွယ့်ကိုလက်ထပ်ပြီးရင် နွယ့်စကားနားထောင်ရမယ် နွယ်မကြိုက်တာလည်း ဘာမှမလုပ်ရဘူးနော်"
"ဟုတ်ပါပြီဗျာ နားထောင်ပါ့မယ်ဗျ"
ဒီလိုနဲ့. နေသော်နှင့် နွယ်တို့ရဲ့ ချစ်ခရီးလမ်းလေးဟာ အခက်အခဲအတားအဆီးမရှိ သာယာမဲ့လမ်းစကိုမြင်နေရပါပြီ။နေသော်တစ်ယောက်တော့ အတိုင်းမသိပျော်ရွင်နေလို့။စိတ်ထဲတွင် ပျော်တဝက် မပျော်တဝက်နှင့် ဇဝေဇဝါဖြစ်နေသေးသည်။အကြောင်းကတော့မိမိ လူပျိုဘဝကိုစွန့်လွှတ်ရမှာဖြစ်လို့ပါပဲ။
ထို့နောက်မှာတော့ နေသော်နှင့်နွယ်တို့ရဲ့မင်္ဂလာပွဲအတွက် ဖိတ်စာများ ရိုက်ရန် စီစဉ်ကြပါတော့သည်။မင်္ဂလာရက်ကိုတော့ ဧပြီလထဲတွင်ပြုလုပ်ရန်သတ်မှတ်ထားခဲ့သည်။သြော် နှစ်ဦးနှစ်ဖက်ပြီးပြည့်စုံနေသော သူတွေအတွက်တော့ အရာရာတိုင်းဟာ လှပနေပါလား။
"အန်တီ နွယ်ဘယ်သွားလဲ"
"သြော် မောင်နေသော်ပါလား နွယ်မရှိဘူးကွဲ့ သူ့သူငယ်ချင်းလာခေါ်လို့အပြင်ခဏလိုက်သွားတယ်"ဖိတ်စာ လိုက်ဝေရန်အတွက်နွယ့်အား နေသော် လာရှာနေခြင်းပင်။နွယ်မရှိဆိုတော့ လေးလံသောခြေလှမ်းများဖြင့် နေသော် ပြန်လှည့်ထွက်ခဲ့သည်။ထိုနေ့က ခြောက်ကပ်ကပ်နှင့်ရာသီဥတုက မသာယာခဲ့ပါ။
"တူ တူ တူ"silent လုပ်ထားသော နေသော် ဟန်းဖုန်းလေးမှ ဆက်တီခုံ ပေါ်မှာ တုန်ခါလာသည်။နွယ်အိမ်မှပြန်လာပြီး ခေါင်းမကြည်မလင်ဖြစ်နေ၍ ခဏလှဲနေသော နေသော် အိပ်ချင်မူးတူးနှင့် ဖုန်းအား ကောက်ကိုင်လိုက်သည်။နွယ့်အိမ်ကဖုန်းပါလား!!!
"ဟဲလို ...ဟုတ်ကဲ့ အန်တီ ကျွန်တော်နေသော်ပါ......ဗျာာာ၊.....ဘယ်လို....ဘယ်လို..."နေသော်တစ်ယောက် အိပ်နေရာမှ ငေါက်ခနဲ ထထိုင်လိုက်တော့သည်။
Author by @nandasai(msc.076)
Photos from Google image့
နောက်တစ်ပိုဒ်ကိုမျှော်နေတယ် ဘရို
ခုလုခုလုဖြစ်အောင် ဘိုလို လုပ်လိုက်တာလဲခွယ်
စဉ်းစားခန်းရောက်သွားလို့ပါ ဘုရား
ဘဒိုလည်း ဇာတ်ရှိန်တင်ပြီး ထားခဲ့တယိဗျာ 😂
အလုပ်လေးလည်းရှိလို့ပါ
ဘာတွေများ ဆက်ဖြစ်မလဲ မျော်နေမယ်ဗျာ... နောက်ဆိုတန်းလန်း
ကြီးထားခဲ့ပါနဲ့ ခံစားရခက်လို့ပါ ဟီး....
မကြာမီ လာမည် ဟဲ ဟဲ
တန်းလန်းကြီးထားရက်လိုက်တာဗျာ😅😅
ဟင် ဗျာ ဘယ်လို ဆိုပြီး တန်းလန်းကြီးဗျာ ညားမှာလား ထွက်ပြေးတာလား သေမှာလားဗျာ
လာမယ်ဗျာ ဖြည်းဖြည်ပေါ့ လို့
ကောင်းခန်းရောက်မှဗျာ
ဟီး
ဇာတ်လမ်းက ရှုပ်တော့မယ်ထင်တယ်
ဟုတ်တယ်ခင်ဗျ
ဟာ ..ဘဒိုဗျာ တစ်လစ်ကြီးထားခဲ့တယ်။ဖုန်းခေါ်တဲ့အခန်းတွေဖတ်ရတာ ရင်ခုန်ဖို့ကောင်းတယ်။ပထမဖုန်းခေါ်တုန်းက သဘောမတူလို့ ထအော်တာလားလို့ 😁😂။နောက်အပိုင်းလေးလဲ ဆက်လက် အားပေးနေမယ်ဗျာ။
ဟုတ်ကဲ့ ကျေးဇူးပါ
ခုတော့ ကျနော်တို့လည်း.ငေါက်ခနဲ ဆက်ငင်ဆက်ငင်ဖြစ်တာပေါ့ broရယ်...မျှော်နေတယ် bro နောက်အပိုင်းလေး
ကျေးဇူးပါဗျာ