ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၁)

in #myanmar6 years ago

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၂)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၃)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၄)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၅)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၆)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၇)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၈)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၉)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၀)

ယခင်​ အပိုင်း (၁၀) မှအဆက်

"​ဟေ့​ရောင်​ ​ဟေ့​ရောင်​ ​နေ​သော်​ ​နေ​သော်​"​ဘေးမှ သူငယ်​ချင်းဖြစ်​သူမိုးထက်​ ​နေ​သော်​အားလှုပ်​နှိုးလိုက်​ခြင်းပင်​။ထိုအခါမှ ​ချွေးသီး​ချွေးလုံးများဖြင့်​ အိပ်​မက်​မှ​နေ​သော်​ လန့်​နိုးလာခဲ့​လေသည်​။not_breathing_by_gilraen_ar_feiniel-d4f6ux4.jpg
credit imagehttps://oer-wout.deviantart.com/art/A-Dream-Upon-Waking-420621897
ထိုအခါ မိုးထက်​မှ

"ငါမင်းကိုလှုပ်​နိုး​နေတာကြာပြီ နွယ်​ နွယ်​ နွယ်​နဲ့တစ်​နွယ်​ထဲ နွယ်​​နေတာလဲကွာ အိပ်​မရ​တော့ဘူး ဒါနဲ့ မင်းဘာအိပ်​မက်​​တွေမက်​​နေတာလဲ"

"ငါ ငါ နွယ့်​ကို အိပ်​မက်​ မက်​လို့ကွ နွယ်​ငါ့ဆီပြန်​လာမယ်​တဲ့ ပြီး​တော့​ပျောက်​သွားတယ်​ကွာ"

"ဟာ မင်းအိပ်​မက်​ကမဖြစ်​နိုင်​တာပြီး​တော့ နွယ်​က​သေပြီ​လေကွာ ဘယ်​လိုလုပ်​ပြန်​လာမှာလဲ"

"မသိ​တော့ဘူးကွာ အိပ်​မက်​ ထဲမှာ​တော့ အတိအကျ​ပြော​နေတာပဲ တစ်​ခုထူးဆန်းတာကတစ်​ခါမှ ငါ နွယ့်​ကိုအိပ်​မက်​မမက်​ဖူးဘူးကွ ဒာပထမဦးဆုံးပဲပြီး​တော့ တိုက်​တိုက်​ဆိုင်​ဆိုင်​မ​နေ့က နွယ့်​ နှစ်​ပတ်​လည်​​နေ့်ဖြစ်​​နေတာပဲ"

"​အေးကွာ ငါက​တော့ အိပ်​မက်​​တွေကိုသိပ်​အယုံအကြည်​မရှိဘူးကွ ​အေး ဒါ​ပေမဲ့တစ်​ခါတစ်​ရံ အိပ်​မက်​နဲ့ လက်​​တွေ့က တိုက်​ဆိုင်​​နေတာ​တွေ​တော့ ကြုံဖူးတယ်​"

"မင်းတို့နှစ်​​ယောက်​ ဘာ​တွေတီးတိုးတီးတိုး​ပြော​နေတာလဲကွာ ငါအိပ်​လို့မရ​တော့ဘူး"

ထိုအခါမှ ​ဘေးတွင်​ အိပ်​​နေ​သော သူငယ်​ချင်းထဲမှတစ်​​ယောက်​ဖြစ်​တဲ့ ရဲယံက ဝူးတူးဝါးတားဖြင့်​ ညည်းညူ​တော့သည်​။

"မင်းကအခုမှလာပြီး နားလာညည်း​နေတယ်​ ​စောနကျအိပ်​​နေတာ အ​သေ​ကောင်​ကြီးအတိုင်းပဲ ဟို​ကောင်​ဆိုပိုဆိုး"မိုးထက်​က​တော့ အိပ်​​ရေးကြီး​သော ရဲယံနှင့်​ ရဲထက်​တို့နှစ်​​ယောက်​ကိုအပြစ်​တင်​ပစ်​လိုက်​သည်​။Premiere+Warner+Bros+17+Again+After+Party+VL1sfICzbGKl.jpgcredit image http://m.zimbio.com/Zac+Efron's+Celebrity+Friends/articles/JM2DaYWzr-K/basically+fourth+Jonas

"​အေးကွ ငါညက အိပ်​ယာဝင်​​နောက်​ကျသွားလို့ ဟီး ဟို​ကောင်​​လောက်​ငါက မဆိုး​သေးပါဘူးကွာ ဟို​ကောင်​ဖြင့်​ `မ´ သွားပြီးကားလမ်းမှာ သွားထား​တောင်​နိုးမဲ့​ကောင်​မဟုတ်​ဘူး ဒါနဲ့မင်းတို့နှစ်​​ယောက်​ ဘာအ​ကြောင်း​တိုင်​ပင်​​နေကြတာလဲ?"

ရဲထက်​​မေးလိုက်​​တော့မှ ​နေ​သော်​ မျက်​နှာတစ်​ချက်​ပျက်​သွားပြီး

"ငါ နွယ့်​ကိုအိပ်​မက်​မက်​လို့ကွ"

"​သြော်​ မင်းစိတ်​စွဲလို့​နေမှာပါကွာ"ရဲယံ ​ခေါင်း​လေး တစ်​ငုံ့ငုံ့ဖြင့်​ ​နေ​သော်​စိတ်​စွဲ၍ မက်​သည်​ဟု စိတ်​လွယ်​ကိုယ်​လွယ်​ယူဆ​နေကြသည်​။နေ​သော်​အ​နေဖြင့်​​တော့ နွယ်​ တကယ်​ပြဲပန်​လာ​တော့မည်​လားဟု စိတ်​ထဲ​တွေးရင်း တဖန်​ရင်​ခုန်​​နေ​သည်​​တော့အမှန်​။

"ငါ့တူတို့ မျက်​နှာသစ်​ ကိုယ်​လက်​သန့်​စင်​ပြီးရင်​ မနက်​စာ ​ကော်​ဖီ ​သောက်​လို့ရပြီ​နော်​"မျက်​နှာသစ်​ပြီး ​ရေချိုးခန်းထဲမှထွက်​လာ​သော အ အိပ်​ကြီးသူ ရဲထက်​အား ဦးသက္က ​ကော်​ဖီ​သောက်​ရန်ေ​​ခ်ါလိုက်​သည်​။

"ဟုတ်​ကဲ့ ဦးသက္က ​နေ​သော်​တို့ကို သွား​ခေါ်​ပြီး ဆင်းလာခဲ့ပါ့မယ်​"

"လာ လာတူ​လေးတို့ ​ကော်​ဖီ နဲ့မုန့်​နဲ့ စားလိုက်​ဦး"အိမ်​​ပေါ်မှဆင်းလာ​သော ​နေ​သော်​တို့​လေး​ယောက်​အား အရီးမြမှထမင်းစားပွဲ​ပေါ်တွင်​ ​ကော်​ဖီနှင်​မုန့်​ပြင်​ဆင်​​ပေးလိုက်​သည်​။

မနက်​စာစား​သောက်​ကြပြီး ​နေ​သော်​မှ အဝတ်​စားလဲလှယ်​ကာ

"မင်းတို့သုံး​ယောက်​ အဝတ်​စားလဲချင်​တဲ့သူလဲ မလဲချင်​တဲ့သူ ကားသွားထုတ်​ထား ငါတို့​ဆေးရုံသွားကြမယ်​ ဟို​ကောင်​မ​လေးအ​ခြေအ​နေဘယ်​လို​နေလဲ သွားကြည့်​ရဦးမယ်​" 

"သြော်​ ​အေး ငါတို့လည်း​မေ့​နေတာ သွားကြည့်​ကြတာ​ပေါ့"ရဲထက်​မှ​မေ့​နေသ​ယောင်​ဖြစ်​​နေ​သော သူငယ်​ချင်းအစားဝင်​​ဖြေ​ပေးလိုက်​သည်​။သို့နှင့်​ သူငယ်​ချင်း​လေး​ယောက်​သား ​ဆေးရုံသို့ ဦးတည်​လိုက်​​တော့သည်​။

´တူ တူ တူ".... ​ဘောင်းဘီအိတ်​ကပ်​ထဲမှ ဖုန်းလာ​နေ​သောအသံ။

"ဟဲလို အမိန့်​ရှိပါ ​နေ​သော်​ပါခင်​ဗျာ"

"ဟဲလို အ​ဒေါ်ပါကွယ် သူဇာအ​ဒေါ်ပါ သူဇာ​လေးသတိရလာလို့ ဖုန်းဆက်​တာပါ"

"ဟုတ်​လား အန်​တီ ဝမ်းသာစရာပဲ​ပေါ့ ကျွန်​​တော်​တို့လည်း အခု​လေးတင်​ထွက်​လာမလို့်​ ပြင်​ဆင်​​နေတာ"

"ဒါနဲ့​လေ ​မောင်​​နေ​သော်​ အ​ဒေါ့်တူမ​လေးအ​ခြေအ​နေက​လေ ......"တစ်​ဖက်​မှ သူဇာ၏ အန်​တီဖြစ်​သူ ​ဒေါ်ချို​လေးအသံမှ ​ခေတ္တ စကားစပျက်​သွားသည်​။နေ​သော်​လည်း စိုးရိမ်​ကြီးစွာဖြင့်

အ​ဒေါ်​တူမ​လေး ဘာဖြစ်​လို့လဲဟင်!!"

"အ​ဒေါ်မ​ပြောပြတတ်​ဘူးကွယ်​ ​ဆေးရုံ​ရောက်​မှ အကဲခတ်​ကြည့်​ပါ​နော်​ အ​ဒေါ်ဘယ်​လိုနားလည်​ရမှန်းမသိ​တော့လို့ပါ"

"ဟုတ်​ကဲ့ပါ ​ဒေါ်​ဒေါ် ဒါဆို ကျွန်​​တော်​ဖုန်းချလိုက်​​တော့မယ်​​နော်​"

"​အေး​ ​အေး"

နေ​သော်​ သိချင်​စိတ်​များလွန်​ကဲပြန်​​နေသည်​။ဒေါ်ချို​လေးက​တော့ ​ပြောမပြတတ်​​အောင်​ ဖြစ်​သွားသည့်​အ​ကြောင်းရင်းက ဘာဖြစ်​နိုင်​မည်​လဲ။

:ဘာတဲ့လဲ ​နေ​သော်​"​ဘေးမှ နားစွင့်​ပြီးနား​ထောင်​​နေ​သော သူငယ်​ချင်းသုံး​ယောက်​ သား သိချင်​​ဇောဖြင့်​ ဝင်​​မေးလိုက်​သည်​။

"အခု​တော့ ငါလည်းမသိ​သေးဘူး ​ဆေးရုံ​ရောက်​မှ သိလိမ့်​မယ်​ သွားမယ်​ မြန်​မြန်​လုပ်​"ထိုအခါမှ​လေး​ယောက်​သား ​လော​လောနှင့်​ ကားထဲ ဝင်​ကြ​တော့သည်​။

သည်​​နေ့က ယခင်​​နေ့နှင့်​မတူ တမူထူးခြား​နေသည်​ဟု ​နေ​သော်​ခံစားမိသည်​။မ​နေ့ကဆိုလျှင်​ ​ဆေးရုံကြီးတွင်​ လူနာများ၊လူနာ​စောင့်​များဖြင့်​ရှုပ်​ယှက်​ခတ်​လို့​နေသည်​။ယခု ထိုသို့မဟုတ်​ ရှင်းလင်းလျှက်​။

ဆက်​လက်​​ရေးသားပါဦးမည်​။

Author by @nandasai(MSC.076)

Sort:  

သတိမေ့နေသူထဲ နွယ်များ ဝင်ပူးလေရော့သလား

အဲ့လိုလာမယ်​ထင်​တယ်

နွယ်ဝင်ပူးပြီးနေသော်ကိုဘာတွေများ
ပြောမလဲ ဘာတွေဆက်ဖြစ်မလဲ စိတ်ဝင်စရာကောင်းနေပြီဗျာ ဆက်လက်အားပေးနေတယ်ဗျာ

ကျေးဇူးအထူးတင်​ပါတယ်​ဗျ

ဆေးရုံရောက်ရင်ဘာဆက်ဖြစ်မလဲဗျာ

ဟုတ်​ကဲ့ကြိုးစာ​ရေးသားပါမယ်​ဗျ

ရင်ခုန်စရာတော့ ကောင်းနေပြီ...🤔🤔🤔

ဟိ ဟိ

ထူးခြားမှုတော့ဖြစ်တော့မယ်ထင်တယ်
ဆက်လက်ရေးသားတာကိုပဲစောင့်ရတော့မှာပေါ့နော့👍👍👍👏👏👏

ဟုတ်​ကဲ့ ကိုမိုး​ကျေးဇူးပါဗျာ

ဘာ​တွေဆက်​ဖြစ်​မလဲဆိုတာကို ​စောင့်​​မျှော်​​နေမယ်​ညီ​ရေ...

ဟုတ်​ကဲ့ ကိုလင်း

စွဲလမ်းစိတ်များနှင့် နွယ်အိပ်မက်ပေါ့ ညီလေး

ဟုတ်​ပါတယ်​ဗျ

စိတ်ဝင်စားလာပါပြီ

ဟုတ်​ကဲ့ ကို​စော ​ကျေးဇူးပါဗျာ ဖတ်​ရှု​ပေးတဲ့အတွက်

ဆက်လက်စောက်မျှော် ရမှာပေါ့လေ

စောင့်​​မျှော်​ လုပ်​ပါဗျ
စောက်​​မျှော်​ဆို​တော့ မျက်​လုံးပြူးသွားတယ်

ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီဗျာ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64106.00
ETH 3129.71
USDT 1.00
SBD 4.16