ဘဝတစ်​ဆစ်​ချိုးအပိုင်း (၇)

in #myanmar6 years ago (edited)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၂)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၃)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၄)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၅)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၆)

"အိုက်​စ်​...အ မ ​လေး အ ​မေ ​ရေ"

"ဟာာာာ"

ဂွမ်းး.....အသံများဆူညံပွက်​သွားသည်​။ရုတ်​တရက်​အ​ကွေ့တွင်​ မိန်းက​လေးတစ်​​ယောက်​ စက်​ဘီးဖြင့်​ ​ပေါ်လာကာ ​ကြောက်​အားလန့့်​အားဖြင့်​ ပစ်​လှဲသွားခြင်းဖြစ်​သည်​။fashion-3179178_1280.jpg

"​ဟေ့​ရောင်​​တွေ ဆင်း ဆင်း ဟိုမှာဘာဖြစ်​သွားလဲမသိဘူး"​နေ​သော်​​နောက်​ခန်းမှ သူငယ်​ချင်းများအား​ပြောကာ ကား​ပေါ်မှ ခပ်​မြန်​မြန်​ဆင်းလိုက်​​တော့သည်​။(ယခင်​ အပ်ုင်း(၆)မှအဆက်​)

မိမိကားမှ ဟွန်း​ပေး​သော်​လည်း တစ်​ဖက်​မှ သတိလက်​လွတ်​ဖြစ်​သွားမည်​ထင်​သည်​။ရုတ်​တရက်​ကားကို​တွေ့၍စက်​ဘီး​ခေါင်း​ခေါက်​ပစ်​လှဲသွားခြင်းဖြစ်​သည်​။သို့​သော်​လည်း.....။လမ်း​ဘေးဓာတ်​တိုင်​နှင့်​ ​ခေါင်းနှင့်​က ကံဆိုးစွာရိုက်​မိသွား​လေသည်​။

"လုပ်​ကြဦးဟ ​​ခေါင်းမှာ​သွေး​တွေ လုပ်​ လုပ်​ ​ဆေးရုံပို့ရ​အောင်​"​နေ​သော့်​မှာ ပျာယာပျာယာဖြင့်​ ​ဘေးတွင်​လူများလည်း အုံလာသည်​။လေး​ယောက်​သား ကား​ပေါ်မ တင်​လိုက်​​တော့သည်​။လူနာမိန်းက​လေးမှာ​တော့ ​မေ့​မျောလို့်​​နေသည်​။

"ဒီထဲကအကိုတို့ အမတို့ ဒီမိန်းက​လေးကိုသိကြလားဗျ သိရင်​ သူ့အမျိုး​တွေကို အ​ကြောင်းကြား​ပေးကြပါဗျာ ကျွန်​​တော်​တို့လူနာကို​ဆေးရုံ​ခေါ်သွားပါ့မယ်​ ဖြစ်​လာမဲ့​ပြသာနာလည်းရှင်း​ပေးပါ့မယ်​ ဒါ​ပေမဲ့ကျွန်​​တော်​တို့မတိုက်​မိဘူး​နော်​"

ထိုအခါ လူအုပ်​ကြားထဲမှ"ကျွန်​​တော်​​တွေ့ပါတယ်​ မတိုက်​မိပါဘူး ​ကောင်​မ​လေးကလည်းလန့့်​ပြီးလဲသွားတာပါပြီး​တော့ ဒါကျွန်​​တော်​တို့ တစ်​အိမ်​​ကျော်​ကပဲ ခင်​သူဇာ တဲ့။သူ့အ​ဒေါ်ကိုအ​ကြောင်းကြား​ပေးပါ့မယ်​"​ပြော​ပြောဆိုဆို ထိုလူကြီးလည်း ​ပြေးထွက်​သွားလိုက်​သည်​။

နေ​သော်​တို့ သူငယ်​ချင်း ​လေး​ယောက်​သားလည်း ​ဆေးရုံသို့ ဦးတည်​​ကာ​မောင်းခဲ့​လေသည်​။motorcycle-40000_1280.png

"ဆရာမ လူနာပါ ပါတယ်​ "ဆရာမလည်းကျွမ်းကျင်​စွာဖြင့်​လူနာအား

လူနာတင်​တွန်းလှည်းဖြင့်​ တင်​​ဆောင်​ကာ အ​ရေး​ပေါ်ခွဲစိတ်​ခန်းသို့ ​ခေါ်​ဆောင်​သွား​တော့သည်​။

ဟူးးးးးးး ​နေ​သော်​ သက်​ပြင်းရှည်​ချလိုက်​ပြီး ​ခေါင်းစိုက်​​နေ​တော့သည်​။

"ဘာမှမဖြစ်​ပာဘူးကွာ သူ​နေပြန်​​ကောင်းသွားမှာပါ သူ့​ဆွေမျိုး​တွေလည်း​ခေါ်ထားပြီးပြီပဲ"မိုးထက်​တစ်​​ယောက်​​တော့ ​နေ​သော်​အားနှစ်​သိမ့်​​ပေး​နေသည်​။ကျန်​တဲ့နှစ်​​​ယောက်​ကလည်းမျက်​နှာများမ​ကောင်း။ထိုထဲမှ ​ဝေယံလည်းအ​ကြောက်​ကြီးသူပီပီ မျက်​နှာ​သွေးပျက်​လို့​နေသည်​။ခဏအကြာ စင်္ကြလမ်းအတိုင်း ပျာပျာသလဲ ​လျှောက်​လာ​သော အမျိုးသမီးတစ်​ဦးနှင့်​ ​ယောက်ျားတစ်​ဦး။အနီးနား​ရောက်​လာမှ ​စောနက ဦး​လေး ဖြစ်​​နေသည်​။လူနာရှင်​ မိန်းက​လေးဘက်​မှ ​ဆွေမျိုးများသွား​ခေါ်မည်​ဟု ​ပြော၍ထွက်​သွား​သောဦး​လေးပင်​။surgery-3034133_1280.jpg

"အ​ဒေါ်တူမ​လေး အ​ဒေါ်တူမ​လေး ဘယ်​မှာလဲဟင်​ မင်းတို့ ငါ့တူမ​လေးကို ကားနဲ့တိုက်​လိုက်​တာလား မင်းတို့လား ဟုတ်​လား​ဖြေ​လေ"လူနာရှင်​ မိန်းက​လေး၏ အ​ဒေါ်ဖြစ်​ဟန်​တူ​သောမိန်းမကြီးမှာ ရှိုက်​ကြီးတငင်​ငိုယိုကာ​ပွဲကြမ်း​တော့သည်​။ဖြစ်​​ကြောင်းကုန်​စင်​အမှန်​ကိုသိ​သော ​ဘေးမှ ဦး​လေးက

"နင်​ထင်​သလိုမဟုတ်​ဘူးလို့ ငါ​ပြောပြပြီးပြီပဲ က​လေး​တွေကိုအပြစ်​တင်​မ​နေပါနဲ့ သူတို့မှာ အပြစ်​မရှိပါဘူး သူဇာ့အမှား​ကြောင့်​ပါ"

"မသိဘူး မသိဘူး ငါတူမတစ်​ခုခုဖြစ်​ကြည့်​ အကုန်​ ​ထောင်​ချပစ်​မယ်​"​ဒေါသအလိပ်​လိုက်​ထွက်​​နေ​သော အ​ဒေါ်ကြီးအား ​ဖျောင်းဖျ​ပြောဆိုနိုင်​စွမ်း ​နေ​သော်​တို့သူငယ်​ချင်း​လေး​ယောက်​မှာ အင်​အားမရှိ​တော့ပါ။ခေါင်းငုံ့ကာဖြင့်​ ငြိမ်​သက်​​နေ​လေ​တော့သည်​။စိတ်​ထဲတွင်​​တော့ တရားကိုနတ်​​စောင့်​ပါတယ်​​လေ သူမပြန်​လည်​​ကောင်းမွန်​လာမှာပါဟု ဆု​တောင်းရုံမှအပ တခြားမရှိ​တော့ပြီ။

"ခင်​သူဇာသိမ့်​ ရဲ့ အုပ်​ထိန်းသူရှိလားမသိဘူး"အခန်းထဲထွက်​လာ​သော သူနာပြုဆရာမ၏ ​ခေါ်သံများ​ကြောင့်​ ထိုအ​ဒေါ်ကြီးမှာ  ငိုလက်​စကို ခဏရပ်​ကာကမန်းးကတန်း ထ​ပြောလိုက်​​တော့သည်​။

"ရှိ ရှိပါတယ်​ဆရာမ ကျွန်​မပါ လူနာရဲ့ အုပ်​ထိန်းသူပါ သူ့အ​ဒေါ်တစ်​​ယောက်​ပါ"

"ဒီမှာ လက်​မှတ်​​လေးထိုး​ပေးပါ​နော်​ လူနာအ​ခြေအ​နေက​တော့ အခုချိန်​ ဘာမှ​ပြောပြလို့မရ​သေးပါဘူး"ဆက်​လက်​​မေးလာမည့်​ ​မေးခွန်းကို သူနာပြုဆရာမ ကြိုတင်​​ဖြေကြားခဲ့သည်​။ထို့​နောက်​ ခွဲစိတ်​ခန်းထဲသို့ သုတ်​သုတ်နှ​င့်​ပြန်​ဝင်​သွား​တော့သည်​။
နေ​သော်​​တစ်​​ယောက်​ ​ခေါင်းမီး​တောက်​​နေ​လေပြီ။အပန်း​ဖြေဖို့ ထွက်​လာခဲ့သည်​မှန်​​သော်​လည်း ယခု​တော့ ပြသနာ​များနှင့်​ရင်​ဆိုင်​​နေရသည်​။စိတ်​ထဲ မွန်းကျပ်​ရှုပ်​​ထွေးလွန်း၍ ဘာလုပ်​၍ဘာကိုင်​ရမည်​မစဉ်းစားတတ်​​တော့။တစ်​​ယောက်​တည်း စဉ်းစားခန်းဝင်​​နေရင်း မိုးထက်​မှ

"​ဟေ့​ရောင်​ ​နေ​သော်​ ငါတို့ဘာဆက်​လုပ်​မလဲ မင်းအိမ်​ကိုဖုန်းဆက်​မလား??"

"ငါ မဆက်​ချင်​ဘူးကွာ အိမ်​ကို အပူမ​ပေးချင်​ဘူး ဒီပြသနာ ငါ့ဘာသာ​ဖြေရှင်းနိုင်​​အောင်​ကြိုးစားမယ်​ ပြီး​တော့ မင်းတို့လည်း ဦး​လေး ဦးသက္ကတို့ကို ဒီအ​ကြောင်းမ​ပြောပြပါနဲ့ကွာ အဲ့တစ်​ခု​တော့ ဂတိ​ပေးကြ"

"​အေးပါကွာ ​အေးပါ"

သုံးနာရီ​လောက်​အကြာ။အခန်းထဲမှ ဆရာဝန်​ ထွက်​လာ​​တော့သည်​။

"ဆရာ ဆရာ ကျွန်​မတူမ​လေး​ အ​ခြေအ​နေ​ဘယ်​လို​နေလဲဟင်​ ​ပြောပြပါဆရာ"​ကောင်​မ​လေး အ​ဒေါ်ဖြစ်​သူမှ ဆရာဝန်​ထွက်​လာသည်​နှင့်​အရူးတစ်​ပိုင်းပမာ အတင်း​မေး​နေ​တော့သည်​။

ဆက်​လက်​​ရေးသားပါဦးမည်​။

Author by @nandasai(MSC.076)

Sort:  

အချိုးအကွေ့ မှာ ဇာတ်လမ်းတစ်ပုဒ် အသစ်စတော့မယ့်ထင်တယ်။
ခင်သူဇာသိမ့်လေးခမျာ ဘယ်လောက်တောင် လန့်သွားရှာလို့
စက်ဘီး ခေါက်လဲ ဓာတ်တိုင်နဲ့ ဝင်ဆောင့်မိတော့ နေသော်
တစ်ယောက် နောင်အခါမှာ ဓာတ်တိုင်ကို အပြစ်ဖွဲ့ရလေမလား....
ကျေးဇူးတင်ရလေမလား....စောင့်ဖတ်ရတော့မပေါ့

ဟုတ်​ကဲ့ပါ ကိုဟိန်း ​ကျေးဇူးပါ

စာရေးဆရာကတော့ twist တွေကို ထည့်လာပြီ စိတ်ဝင်စားစရာ ကောင်းလာပြီ

ကောင်မလေးကို မသေခိုင်းပါသေးနဲ့ဦးနော်။

သေခိုင်းပါဘူး

အော် နောက်ထပ်တစ်ကွေ့စောင့်ရဦးမှာပေါ့

ဟုတ်​ကဲ့ပါ

ဆန့်တစ်ငန့်ငန့် နဲ့ခွယ် ဖတ်ရင်းနဲ့ စိုးရိမ်ပေးနေရတယ် ဟီးးးးး

ကျေးဇူးပါဘုရား

ဇာတ်လမ်းပြန်စလေတော့မလား...
စောင့်မျော်အားပေးနေပါ့မယ်ဗျ

ကျေးဇူးပါဗျာ

ဪ လူနာကခုမှ ခွဲစိတ်ရအုံးမှာပဲကိုး😁😁
ဒဏ်ရာ ပြင်းသွားပုံရတယ်
ဆက်ပြီး စောင့်မျှော်ရအုံးမယ်😁😂

လူနာက ​ခေါင်းထိသွားလို့ ခွဲစိတ်​​နေပါတယ်​ ခဏ​စောင့်​​ပေးပါ😄😄

အား​ပေး​နေမြဲပါ ​လော​လောဆယ်​ ဖက်​မအား​သေးလို့ ဘွတ်​​ပေးခဲ့ပါတယ်

ငင့်​ ​ကျေးဇူးပါ

ကောင်မလေး ဘာဆက်ဖြစ်လည်း ဘဒိုရေ

လာမာ်​ဗျ မကြာမီ​မျှော်

သိချင်လှပြီဘဒိုရေ

မကွေးမှာမီးပျက်နေတာ၄ရက်ရှိနေလို့ ဖုန်းအားမရှိလို့ အချိန်ပေးမဖတ်နိုင်တာကိုခွင့်လွှတ်ပေးပါဗျ

ဖတ်​လို့ရဘူး ..Screenshot_2018-05-02-19-13-15.png

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66038.71
ETH 3178.89
USDT 1.00
SBD 4.05