ဘဝတစ်​ဆစ်​ချိုး(၄)

in #myanmar6 years ago

ယခင်​ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)အပိုင်း(၂)နှင့်​အပိုင်း(၃)တို့အားပြန်​လည်​ဖတ်​ရှုနိုင်​ပါသည်​။"ကြည့်​စမ်း ​အ​မေ့သား​လေးက ​တော်​​တော်​ ​ချောလာတာပဲ မမြင်​ရတာလည်းကြာ​တော့ ပိန်​သွားသလိုပဲ ​မေ​မေ့သားကို အရမ်းလွမ်း​နေတာ လာ လာ သား"​နေ​သော်​မိခင်​ ​ဒေါ်စိန်​စီမှာဝမ်းပန်း​တသာဖြင့်​ ​စောင့်​ကြိုလို့​နေပါသည်​။(၃)နှစ်​တာကာလအတွင်း ကင်းကွာခဲ့​သော ​နေ​သော်​အတွက်​ အရာရာတိုင်းဟာအထူးအဆန်း​သဖွယ်​။မြန်​မာပြည်​ကိုပြန်​​ရောက်​ပြီဆို​တော့ စိတ်​ထဲ သွားချင်​​သော​နေရာများကို ​လျှောက်​လည်​ရန်​ အစီအစဉ်​ချထားခဲ့သည်​။ကိုယ်​​ရော စိတ်​ပါ အနား​ပေးဖို့ လိုအပ်​​နေသည်​။ယခင်​ ၃နှစ်​ကာလအတွင်းက စိတ်​ဒဏ်​ရာအနာ​ဟောင်းများ လုံးဝပကတိ​ပျောက်​ကင်းရန်​ကုစားသည့်​သ​ဘောပင်​။Th1.jpg
credit; http://luxurymenblog.com/thursday-gentleman-style
"သား မြန်​မာပြည်​ပြန်​​ရောက်​ပြီ​ဆို​တော့ သားဘာလုပ်​ချင်​လဲ ဘာဖြစ်​ချင်​လဲ အ​ဖေ့ကို​ပြော အ​ဖေအတတ်​နိုင်​ဆုံးဖြစ်​​အောင်​လုပ်​​ပေးမယ်​"ဖခင်​ဖြစ်​သူ ဦးဝင်းမြိုင်​မှာ သား​လေးအတွက်​ လို​လေ​သေးမရှိ​ဆောင်​ရွက်​​ပေးရန်​အသင့်​ပင်​။မိခင်​ဖြစ်​သူမှာလည်း ထိုနည်းအတိုင်းပင်​။

"သားအခု ဘာအလုပ်​မှမလုပ်​ချင်​​သေးဘူးအ​ဖေ သားအနားယူ​နေချင်​​သေးတယ်​ သား တိတ်​ဆိတ်​ငြိမ်​သက်​​နေတဲ့​နေရာ​လေးတစ်​ခုမှာ ​အေး​အေး​ဆေး​ဆေးအနားယူချင်​တယ်​ဗျာ ပြီးမှ အ​ဖေတို့်အ​မေတို့လုပ်​ငန်းထဲ သား ဝင်​လုပ်​​ပေးပါ့မယ်​"

"​အေးပါကွယ်​အ​မေတို့လည်း ငါ့သား​လေးကိုမခိုင်းရက်​​​သေးပါဘူး ငါ့သား​လေး အနားယူချင်​တယ်​ဆို ​မေ​မေတို့ ပြင်​ဦးလွင်​မှာ ဝယ်​ထားတဲ့ အိမ်​မှာ သွား​နေပါလား အဲ့မှာ အ​မေတို့ စပျစ်​ခြံလည်း ရှိတယ်​​လေ သားအပျင်း​ပြေ ​လျှောက်​လည်​ကြည့်​​ပေါ့ မဟုတ်​ဘူးလား"မိခင်​ဖြစ်​သူ ​ဒေါ်စိန်​စီ​တော့ အကြံ​ပေး​နေ​လေရဲ့။

"အ​​မေ​ပေးတဲ့ အကြံမဆိုးဘူးပဲ သားဒီမှာတစ်​ရက်​ နှစ်​ရက်​​လောက်​​နေပြီး သူငယ်​ချင်း​တွေနဲ့ ပြင်​လွင်​ဦးကို ​ရွေ့​တော့မယ်​"

"​အေးပါကွယ်​ ​အေးပါ သားစိတ်​ကြိုက်​သာ​လုပ်​ပါ အခု​တော့ သွားနား​ချေဦး ခရီးပန်းလာ​ရော​ပေါ့"ဒီလိုနဲ့ ​နေသာ်​လည်း ပြင်​ဦးလွင်​သို့ ​​အေး​ဆေးအနားယူရန်​ စီစဉ်​လိုက်​ပါ​တော့သည်​။

တူ... တူ.. တူ..​နေ​သော့်​ဖုန်းမြည်​သံ။မျက်​လုံးများစမ်းတစ်​ဝါးဝါးဖြင့်​ ဖုန်းအားကိုင်​လိုက်​သည်​။27540572_704812349906851_1545048854147820228_n.jpg
credit; http://welovecele.com/archives/4838
"ဟဲလို"

"​အေး ငါပါကွ မိုးထက်​ပါ မင်းမြန်​မာပြည်​ကို ပြန်​​ရောက်​​နေပြီဆို"

"​သြော်​ ​အေး ဟုတ်​တယ်​ကွ မ​နေ့တုန်းကမှပြန်​​ရောက်​တာ"

"​အေးကွာ ငါ့ကို အ​ကြောင်းမကြား ဘာမကြားနဲ့ onlineမှာလည်း မ​တွေ့ရဘူး ငါတို့ကိုအဆက်​​အသွယ်​ဖြတ်​ထားတာလားကွာ"

"မဟုတ်​ရပါဘူးကွာ မင်းတို့ဆီအဆက်​သွယ်​မလုပ်​တာမဟုတ်​ပါဘူး တစ်​​လောကလုံးကို ခဏ​လေး​မေ့ထားချင်​လို့ပါပြီး​တော့အစီအစ​ဉ်​တစ်​ခုလည်းဆွဲ​နေလို့ဟ"

ဘာအစီအစဉ်​လည်း ​ပြောပြဦး​လေကွာ

"ဒီလိုကွ ငါ​နောက်​နှစ်​ရက်​​နေရင်​ ပြင်​ဦးလွင်​ကို ​ပြောင်း​နေမလို့ အဲ့ဒါ မင်းတို့ကိုလည်း ​ခေါ်သွားမလို့ အပျင်း​ပြေ စိတ်​​အေးလက်​​အေးအနားယူရ​အောင်​​ပေါ့"

"ကြိုက်​သွားပြီ ကွာ ငါတို့လည်း ပြင်​ဦးလွင်​မ​ရောက်​တာကြာပြီ စရိတ်​အားလုံးမင်းခံ​နော်​"

"​အေးပါကွာ အစဉ်​အလာအရ ငါပဲ ကုသိုလ်​လုပ်​ရမှာ​ပေါ့ကွာ"

"ဟ ဟ​ ​အေးပါကွာာာ ငါဟိုနှစ်​​ယောက်​ကိုဖုန်းလှမ်း​ပေးထားမယ်​​နော်​ ​အေး​အေး ငါဖုန်းချလိုက်​​တော့မယ်​ ok"

ဟူးး....​နေ​သော်​ သက်​ပြင်း​မော​တစ်​ချက်​ချလိုက်​​တော့သည်​။နေ​သော်​တွင်​​ကျောင်း​နေဖက်​သူငယ်​ချင်း​လေး​ယောက်​ရှိသည်​။ထိုထဲတွင်​ ​နေ​သော်​သည်​ အနစ်​နာခံဆုံး စိတ်​အရှည်​ဆုံး အသီးခံတတ်​ဆုံးဖြစ်​သည်​။ပြသာနာတစ်​ခုခုဖြစ်​ခဲ့လျှင်​ ​နေ​သော်​သာဦး​ဆောင်​ရှင်း​ပေးသည်​။ထို့​ကြောင့်​ သူငယ်​ချင်းများက ​နေ​သော့်​အား ​လေးစားအားကိုးကြသည်​။အခုလည်း ပြင်​ဦးလွင်​သို့ သွားရမည်​ဖြစ်​၍ သူငယ်​ချင်းများအားမထားခဲ့နိုင်​။အတူတူသွားရန်​ ​ခေါ်လိုက်​ခြင်းဖြစ်​သည်​။

နောက်​တစ်​​နေ့တွင်​ သူငယ်​ချင်းများနှင့်​ ဆုံ​တွေ့ကြကာ လိုရမယ်​ရပစ္စည်းများ အဝယ်​ထွက်​ကြ​တော့သည်​။အအ~2.jpg


Author by @nandasai(msc.076)

Sort:  

ဒရာမာဇာတ်လမ်းလေးပေါ့ ... နောက်အပိုင်းကို ဆက်လက်စောင့်မျှော်နေပါ့မယ်

တစ်ပိုင်းလွှတ်သွားတယ် ပြန်ဖက်ပါရစေ😁😁

ဟုတ်​ကဲ့ ​ကျေးဇူးပါဗျာ

ပြင်ဦးလွင်ကနေလို့ကောင်းတယ်။ ကျွန်တော်တောင် ပြောင်းနေချင်တာ

ဟုတ်​ပါ့ဗျာ

ဇာတ်လမ်းအဆက်ကို မေ့နေလို့ အရင်ဟာတွေကို ပြန်ဖတ်ရသေးတယ် ဇာတ်ရည်လည်အောင်။

ဟုတ်​ကဲ့ ကို​ထွေး

ဟီးး ဇာတ်ရည်မလည်တော့ အစကနေ ပြန်ဖက်ရတော့မယ်😁

ကျွန်တော့လိုပေါ့။
အပြင်သွားရင် ဒကာခံရတာ ထုံးစံကြီးကိုဖြစ်လို့ 😂

တိုက်​ဆိုင်​သွားတယ်​​ပေါ့

သုံးနှစ်တာ ကာလအတွင်း ဒဏ်ရာတွေပျောက်သွားခဲ့ရပြီလားဗျ

ပျောက်​သွားပြီဆိုပါ​တော့ ဟီး

စိုက်ခင်းကြီး သဘောကျသကွာ

ပြင်​ဦးလွင်​ကပါ ကိုဟိန်း

သင်္ကြန်နဲ့ဆိုတော့ အဆက်ပြတ်သွားတယ် အရင်အပိုင်းတွေပါ ပြန်ဖတ်လိုက်ရတယ်

ဟုတ်​ကဲ့​ ​ကျေးဇူးပါ

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70884.24
ETH 3570.27
USDT 1.00
SBD 4.76