ဘဝတစ်​ဆစ်​ချိုး(၆)

in #myanmar6 years ago



ယခင်​ ဘဝတစ်​ဆစ်​ချိုး အပိုင်း(၅)မှအဆက်​..

အပိုင်း(၁)မှ အပိုင်း(၅)ထိ အပိုင်းများပြန်​လည်​ဖတ်​ရှုလိုပါက ​အောက်​တွင်​ပြန်​လည်​ဖတ်​ရှုနိုင်​ပါသည်​။

အပိုင်း(၁)

အပိုင်း(၂)

အပိုင်း(၃)
အပိုင်း(၄)

အပိုင်း(၅)

"​တော်​ပါ​တော့ကွာ ငါလည်းအဲ့အ​ကြောင်း​တွေဆက်​မကြားချင်​​တော့ဘူး မနက်​ဖြန်​မှ ဘုန်းကြီး​ကျောင်းမှာ ကုသိုလ်​တစ်​ခုခုလိုက်​​ပေးကြတာ​ပေါ့" ​သြော်​နွယ်​ရယ်​ မင်းကိုယ့်​ကိုခွဲသွားတာ​စောလွန်းပါတယ်​ကွာ ​နေ​သော်​ရင်​ထဲမှ တိတ်​တိတ်​​လေး ကြိတ်​​ပြော​နေ​လေရဲ့။weeping-3332113_1280.jpg

ညခင်း ​ရေမိုးချိုး ထမင်းစားပြီသည်​နှင့်​သူငယ်​ချင်း ​လေး​ယောက်​အိပ်​ယာတန်းဝင်​ကြ​တော့သည်​။ခရီးကလည်း ပန်းလာသည်​ဖြစ်​၍ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​ကြသည်​။ထိုထဲမှ ​နေ​သော်​တစ်​​ယောက်​ အိပ်​၍မ​ပျော်​နိုင်​။ပြင်​ဦးလွင်​မြို့သို့ ဝင်​​ရောက်​လာလျှင်​ပဲ သူ့စိတ်​ထဲတွင်​ တစ်​ခုခုကိုခံစား​နေမိသည်​။ဘာကိုခံစားရလဲဆို​တော့ သူကိုယ်​တိုင်​ပင်​ ​သေ​သေချာချာမသိ။တောင်​​တွေး​မြောက်​​တွေးနှင့်​ပင်​ တစ်​​ယောက်​တည်းအိပ်​ယာထက်​ လူးလှိမ့်​​နေခဲ့သည်​။မနက်​ဖြန်​ နွယ်​ နှစ်​ပတ်​လည်​​နေ့အတွက်​ကုသိုလ်​​ကောင်းမှု ပြုလုပ်​ရမည်​ဖြစ်​သည့်​အတွက်​ နွယ်​အ​ကြောင်း ရုတ်​တရက်​ ​တွေးမိပြန်​သည်​။အတိတ်​ဆိုသည်​က ​မေ့ဖို့ခက်​ခဲမှန်း ​နေ​သော်​သ​ဘော​ပေါက်​လာသည်​။တခြားအရာများအား ​မေ့​ပျောက်​ရန်​ လွယ်​ကူခဲ့​ပေမဲ့လည်း နွယ့်​ကို​တော့ ​မေ့ဖို့မလွယ်​ခဲ့။တချိန်​က နွယ့်​ကို ​မေ့နိုင်​လို​မေ့နိုင်​ငြား နိုင်​ငံခြားသို့ ထွက်​သွားခဲ့​သော်​လည်း အလုပ်​မဖြစ်​ခဲ့။အခု​တော့ နွယ်​နှစ်​ပတ်​လည်​​နေ့ ​ရောက်​​တော့မည်​ဆို​တော့ကာ ပို၍သတိရမိပြန်​သည်​။မေ့မရတဲ့အမှတ်​တရများစွာအချို့ထဲက.....။fashion-3179178_1280.jpg

"ကို နွယ်​တို့ ဘယ်​​တော့ လက်​ထပ်​ကြမလဲဟင်​!!"

နေ​သော်​ရင်​ခွင်​ထဲ က​လေး​လေးတစ်​​ယောက်​လို တိုး​ဝှေ့ရင်း နွယ်​ ​မေးခွန်းထုတ်​​နေ​လေရဲ့။

"အင်း ကိုယ်​လည်း နွယ်​နဲ့ အတူ​နေချင်​ပါပြီ လာမဲ့ တနင်္ဂ​နွေ​နေ့ကျရင်​ အ​ဖေနဲ့အ​မေကို ကိုယ်​ ဖွင့်​​ပြော​တော့မယ်​ အိမ်​ကလည်း နွယ်​နဲ့ဆိုသ​ဘောတူမှာပါ"

ကန်​​ရေပြင်​နံ​ဘေး ခုံတန်းလျား​လေးဝယ်​ ချစ်​သူနှစ်​ဦး တီးတိုးတီးတိုးနှင့်​ အချစ်​ခန်းဖွင့်​ကြည်​နူးလို့​နေသည်​။

"ကို နွယ်​​လေ ကိုယ့်​ကိုသိပ်​ချစ်​တယ်​ သိလား နွယ်​​သေခဲ့ရင်​​တောင်​ ကျွတ်​မယ်​မထင်​ဘူး ကိုယ့်​​ဘေးနားမှာပဲနွယ်​​နေချင်​တာ"

"အိုး နွယ်​ရယ်​ နိမိတ်​မရှိ ဘာမရှိစကား​တွေ နွယ်​ကဘာလို့​သေရမှာလဲ"

နွယ့်​စကားကြား​တော့ ​နေ​သော်​ မျက်​နှာပျက်​သွားသည်​။ဒါကိုနွယ်​ အလိုက်​သိစွာဖြင့်

"နွယ်​က သ​ဘော​ပြောတာပါ နွယ်​က​လေ ကိုနဲ့ အတူ​နေပြီး က​လေး​တွေအများကြီး​မွေး​ပေးမှာ"

"ဟ ဟ ဟ"​နေ​သော်​တစ်​​ယောက်​ မ​အောင့်​အီးနိုင်​ဘဲ ဟက်​ဟက်​ပက်​ပက်​ရယ်​ချလိုက်​​တော့သည်​။

"​နေ​သော်​ ​နေ​သော်​ ​ဟျောင့်​ "ဘယ်​​လောက်​များ အ​တွေးထဲ ​မျောပါ​နေသည်​မသိ ​ဘေးမှ သူငယ်​ချင်းတစ်​​ယောက်​ လာ​ခေါ်မှ အသိစိတ်​များ ပြန်​ဝင်​လာခဲ့သည်​။

"ဟာ လန့်​သွားတာပဲကွာ"

"​ခေါ်​နေတာကြာ​နေပြီကွာ မလှုပ်​မယှက်​နဲ့ငြိမ်​​နေတာ ငါ​တောင်​လန့်​ရမှာ"သူငယ်​ချင်းမှ ထိုသို့​ပြန်​​ပြောသဖြင့်​ ​နေ​သော်​ ပြန်​တိတ်​သွား​တော့သည်​။

"​အေးကွ ငါအိပ်​မရလို့ မင်းက ဘာထလုပ်​တာလဲ"

"​ရေဆာလို့ ​ရေသွား​သောက်​လိုက်​ဦးမယ်​"​ပြော​ပြောဆိုဆိုနှင့်​ပင်​ ​နေ​သော့်​အနားမှ ထွက်​သွား​တော့သည်​။

ဟူးးးး သက်​ပြင်းကို ဖြည်းဖြည်းချရင်း ပြန်​အိပ်​ရန်ုပြင်​လိုက်​ပြန်​သည်​။နာရီကြည့်​​တော့ ၂နာရီ ခွဲ​နေပြီ။

"​ဟျောင့်​ ​နေ​သော်​ ထ​တော့ထ​တော့ ​နေမြင့်​​နေပြီဟ မင်းဘုန်းကြီး​ကျောင်းသွားမှာမဟုတ်​လား"မိုးထက်​ တစ်​​ယောက်​ ​အော်​နိုးလိုက်​မှ မျက်​လုံးများပွတ်​သပ်​ကာ နာရီလှမ်းကြည့်​လိုက်​သည်​။မနက်​ ၈နာရီခွဲ ​နေပြီ။အိပ်​ယာထက်​မှ ကပျာကယာထရင်း ​​ရေမိုးချိုး အဝတ်​အစားလဲကာ ​ကော်​ဖီ​သောက်​ရန်​ပြင်​​တော့သည်​။

"​သြော်​ ဘွား​လေး ဒီအနီးအနားမှာ ဘုန်းကြီး​ကျောင်းရှိတယ်​မဟုတ်​လား ဘုန်းကြီး​ကျောင်းမှာ ကုသိုလ်​လည်း နည်းနည်းလုပ်​ချင်​လို့"

"ရှိတယ်​​လေ ငါ့တူရဲ့ လမ်းထိပ်​က​နေ ​​မြောက်​ဘက်​ကို ဆက်​သွား ပြီးရင်​ညာကိုချိုးရင်​​ရောက်​ပြီ"ဦးသက္ကမှ မီးဖို​ချောင်​ဝင်​လာရင်း ဘုန်းကြီး​ကျောင်းသို့သွားရမည့်​​နေရာအား လမ်းညွန်​​ပေး​နေသည်​။သို့နှင့်​ ​​ကော်​ဖီ​သောက်​ပြီး လှူဖွယ်​ပစ္စည်းများ ဝယ်​ယူကာသူငယ်​ချင်း​လေး​ယောက်​သား ဘုန်း​တော်​ကြီး​ကျောင်းသို့ ဦးတည်​လာခဲ့​တော့သည်​။

"​နေ​သော်​​ရှေ့လမ်း​ရောက်​ရင်​ ညာကိုချိုးရမှာ​နော်"

"​အေးပါကွာ ငာသိပါတယ်​ ဆရာမလုပ်​နဲ့"

တီတီတီ ...အ​ကွေ့တစ်​​ခုအ​ရောက်​တွင်​ ကားဟွန့်​​ပေးကာ​နေ​သော်​ ဆွဲ​ကွေ့လိုက်​သည်​။800px-Maymyo_also_known_as_Pyin_Oo_Lwin_(14890080072).jpg

credit image;http://welcometopyinoolwin.blogspot.com/2015/03/british-style-colonial-buildings-in.html?m=1
&"အိုက်​စ်​...အ မ ​လေး အ ​မေ ​ရေ"

"ဟာာာာ"

ဂွမ်းး.....အသံများဆူညံပွက်​သွားသည်​။ရုတ်​တရက်​အ​ကွေ့တွင်​ မိန်းက​လေးတစ်​​ယောက်​ စက်​ဘီးဖြင့်​ ​ပေါ်လာကာ ​ကြောက်​အားလန့့်​အားဖြင့်​ ပစ်​လှဲသွားခြင်းဖြစ်​သည်​။

"​ဟေ့​ရောင်​​တွေ ဆင်း ဆင်း ဟိုမှာဘာဖြစ်​သွားလဲမသိဘူး"​နေ​သော်​​နောက်​ခန်းမှ သူငယ်​ချင်းများအား​ပြောကာ ကား​ပေါ်မှ ခပ်​မြန်​မြန်​ဆင်းလိုက်​​တော့သည်​။
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
ဆက်​လက်​​ရေးသားပါမည်​။

အအ~2.jpg
Author by @nandasai(msc.076)

Sort:  

နှစ်ပတ်လည်လုပ်ခါနီးကျမှ
အိပ်မက်တွေမက်ရင်း
ကားထမောင်းတော့ စက်ဘီး နှစ်ပတ်လည်ပြီလားဗျ😁

ဟုတ်​တယ်​ဗျ

ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာ ကောင်းနေပါပြီ

ဟုတ်​ကဲ့ ​ကျေးဇူး ကို​စော

တစ်ဆစ်ပြီးတစ်ဆစ်ချိုးနေတာ ချိုးလိုက်တိုင်းလည်းကောင်းနေတာပါပဲလားဗျာ

အကုန်ရေးပြီးသွားရင် စာအုပ်ထုတ်တော့ဗျ။

ဟဲ ဟဲ

အရင်ပိုင်းလေးနဲ့ဆက်စပ်ဖြစ်ပါတယ်အရမ်းကောင်းတယ်

အား​ပေးတဲ့အတွက်​​ကျေးဇူးပါ

သွားလေသူကို ကုသိုလ်ကောင်းမှုပြု ပြီး အမျှဝေပေးရခြင်းသည် ကောင်မွန်သောသူတို့၏ အလုပ်ဖြစ်သည်

ဟုတ်​ကဲ့ မတင်​တာကြာပြီ​နော်​ ဦးဇင်း

အဲဒီမှာ စတွေ့တာပဲ နောက်တစ်တစ်ချိုးကွေ့

စ​တွေ့ပြီ​လေ

ဇာတ်လမ်းစပီလေ 😁

ဟိ ဟိ

မိန်းကလေးဘာဖြစ်လဲသိရအောင် စောင့်နေပါမယ်ဗျာ

ဟုတ်​ကဲ့ ကိုသား​ပေါက်

တစ်ယောက်တစ်မျိုးဇာတ်လမ်းလေးတွေ မရိုးရပါဘူးဗျာ။

ဟုတ်​ကဲ့ စဉ်းစားပြီး ​ရေးရတာ​ပေါ့ဗျာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63057.34
ETH 2546.78
USDT 1.00
SBD 2.64