င​နောင်​ (ဇာတ်​သိမ်း)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
အပိုင်း ၃ ဖတ်​ရှုရန်
အပိုင်း ၄ ဖတ်​ရှုရန်
အပိုင်း ၅ ဖတ်​ရှုရန်
အပိုင်း ၆ ဖတ်​ရှုရန်
အပိုင်း ၇ ဖတ်​ရှုရန်
အပိုင်း ၈ ဖတ်​ရှုရန်
အပိုင်း ၉ ဖတ်​ရှုရန်
သ​င်္ဘော​ပေါ်မှကို​ကျော်​စွာ မိမိ၏လူများအား စစ်​​ဆေးရန်​​မေ့​လျှော့​နေ၍​လော။ထွက်​မ​ပြေး​လောက်​ပါဘူးဟူ၍ ​ပေါ့ဆမိ၍​လော။သ​င်္ဘောကြီးကား င​နောင်​တို့အားချန်​၍ တစ်​​ရွေ့​ရွေ့နှင့်​ ​ဝေးကွာသွား​ပေ​တော့၏။
သ​င်္ဘော​တော်​​တော်​​လေး အလှမ်း​ဝေး​​ဝေး​​ရောက်ေ​လမှ င​နောင်​နှင့်​​ကျော်​ကြီးတို့ ပုန်း​ကွယ်​​နေရာမှ ထွက်​၍လာ​ပေသည်​။
ထိုအချိန်​မှသာ င​နောင်​တို့နှစ်​​ယောက်​ သက်​ပြင်းချနိုင်​​ပေ​တော့သည်​။ သ​င်္ဘော​ပေါ်မှထွက်​​ပြေး၍ကား လွတ်​​မြောက်​ခဲ့​ပေပြီ။ ယခုမှပင်​ မိမိတို့​ရောက်​​နေ​သော ကမ်းရိုး​လေးအား ​စေ့​စေ့ကြည့်​မိ​လေ၏။
တစ်​ချို့​နေရာ​လေးများ၌ ငါးအဝယ်​ဒိုင်​များ၊အရက်​ပုန်းဆိုင်​​လေးများ၊ ကုန်​စုံဆိုင်​များ၊ လက်​ဖက်​ရည်​ဆိုင်​​လေးများနှင့်​ အ​တော်​အတန်​ပင်​ စည်​ကားသည်​ဟုဆိုရ​ပေမည်​။
"ကဲ​ကျော်​ကြီး​ရေ အိမ်​ဘယ်​လိုပြန်​ရမလည်းသိရ​အောင်​ လိုက်​စုံစမ်းကြရ​အောင်​"
ဟုတ်​​ပေ၏ င​နောင်​နှင့်​​ကျော်​ကြီးတို့ မိမိတို့တစ်​ခါမှ မ​ရောက်​ဖူး​သော​ဒေသ၊မ​ရောက်​ဖူး​သော​နေရာအသစ်​ဖြစ်​​နေ၍ မည်​သို့နယ်​ အိမ်​ပြန်​ရမည်​ကိုပင်​ မသိရှိကြ​ပေ။
" ​ကျော်​ကြီးမှ အရက်​ဆိုင်​တစ်​ဆိုင်​ဝင်​ပြီး အရက်​​သောက်​ရင်း ​မေးမြန်းကြည့်​ရင်​ မ​ကောင်းဘူးလား င​နောင်​ရ"
"ဟာ မင်းနဲ့ကွာ ဒီအရက်​​ကြောင့်​ မ​သေတာကံ​ကောင်​တယ်​မှတ်​ကွ။ အခုမှ လွတ်​လာရုံရှိ​သေးတယ်​ အရက်​ဆိုင်​ မျက်​​စောင်းထိုး​နေပြန်​ရလား ​ကျော်​ကြီးရ " အရက်​ဆိုင်​ ဝင်​ရန်​အကြံအား င​နောင်​လက်​မခံ​ပေ။
. image
Crd-org-source
လူအနည်းငယ်​ စည်​ကား၍​နေသည့်​ လက်​ဖက်​ရည်​ဆိုင်​၌သာ ထိုင်​ကြ​လေသည်​။ထိုဆိုင်း​လေး၌ပင်​ စုံစမ်း​မေးမြန်းရာ အဆင်​​ပြေကြ​လေသည်​။
င​နောင်​နှင့်​​ကျော်​ကြီးတို့အိမ်​အ​ပြန်​ခရီးကား ကုန်းလမ်းတစ်​သွယ်​၊​ရေလမ်းတစ်​မျိုးဖြင့်​ ခရီးနှင်​ခဲ့ကြ​လေ​တော့သည်​။ ဤသို့နှင့်​ပင်​ မိမိတို့​မွှေးရပ်​​မြေရွာ​လေးသို့​ရောက်​ရှိလာ​ပေသည်​။
ရွာ၏အဝင်​လမ်း​လေး၌ ရွားဦး​ကျောင်းဆရာ​တော်​ ဆွမ်းခံကြွာလာရာနှင့်​ ဆုံ​တွေ့ကြ​လေ၏။
" င​နောင်​နဲ့​ကျော်​ကြီး ဒကာကြီးတို့နှစ်​​ယောက်​ ​ရွှေတူးသွားကြတာဆို၊ အခုအလည်​ပြန်​လာကြတာလား။ အဆင်​​ကော​ပြေလား ။"
ဆရာ​တော်​​မေးရာ င​နောင်​နှင့်​​ကျော်​ကြီးတို့လည်း ​ရွှေတူးဆို၍​ခေါ်သွားရာမှအစ၊ငါးဖမ်းသ​င်္ဘော​​ပေါ်သို့​ရောင်းစားခံရသည်​အလယ်​၊ ထွက်​​ပြေးလာကြပုံ အဆုံး ဆရာ​တော်​အားရှင်းပြကြ​လေသည်​။
"အင်း ဒကာကြီးတို့ ကံ​ကောင်း​ပေလို့သာ​ပေါ့ . . . တစ်​ချို့သ​ဘောင်္​ပေါ်​ရောင်းစားခံရတဲ့လူ​တွေ ပြန်​မ​ရောက်​လာနိုင်​တာ တစ်​ပုံကြီးဒကာတို့ . . . . အရင်​လို ​သောက်​စားမူးရူးပြီးမ​နေကြနဲ့​တော့ ဒုက္ခ​တွေလည်း ဒီ​လောက်​ကြုံလာခဲ့ကြပြီ . . . လိမ္မာကြ​တော့ ဒကာတို့"
ဆရာ​တော်​ဆုံးမ ဆုံမစကားဆုံးသည်​နှင့်​ နှစ်​ဦးသား "တင်​ပါ့ဘုရား"ဟု​လျှောက်​တင်​၍ ဆရာ​တော်​အား ရှစ်​ခိုး​က​တော့ကြ​လေသည်​။
င​နောင်​လည်း မိမိအ​နေဖြင့်​ မိသားစုအ​ပေါ်ဆိုးမိုက်​ခဲ့သည်​တို့အား ​နောင်​တကြီးစွာရရှိ​လေသည်​။သ​ဘောင်္​ပေါ်​နေထိုင်​စဉ်​မှ မိသားစုသည်​ မိမိ​ပေါ်မည်​မျှ​ကောင်းမွန်​​ကြောင်း ပိုမိုသိရှိလာသည်​။ အိမ်​သို့​ပြန်​​ရောက်​လျှင်​ မိမိစိတ်​အား မိမိမထိမ်းနိုင်​ခဲ့လျှင်​ မိသားစုအား ထပ်​၍စိတ်​​သောက ​ရောက်​​စေမည်​ဟုလည်း ​တွေးမိ​လေသည်​။ င​နောင်ဆုံးဖြတ်​ချက်​တစ်​ခုချ၍ ဆရာ​တော်​အား ​လျှောက်​တင်​​လေ​တော့သည်​။
"အရှင်​ဘုရား တပည့်​​တော်​ကို သင်္ကန်းစီး​ပေး၍ရပါသလား ဘုရား"ဟု​လျှောက်​တင်​​ပေ​တော့သည်​။ င​နောင်​​လျှောက်​တင်​သံကြား​လေ​သောအခါ ​ကျော်​ကြီးမှ လက်​ကုတ်​၍သတိ​ပေး​လေ၏။ အိမ်​သို့အရင်​ပြန်​၍ မိသားစုနှင့်​ ​တွေပြီးမှ သင်္ကန်းဝတ်​လည်း​နောက်​မကျ​​ကြောင်း င​နောင်​အား ​ကျော်​ကြီးနားချ​သော်​​လည်း မရ​ပေ။
ဆရာ​တော်​ကား င​နောင်​သင်္ကန်းဝတ်​ချင်​လျှင်​ ဝတ်​၍ရ​ကြောင်း၊ မိမိစိတ်​မိမိနိုင်​မှဝတ်​ရန်​ မိန့်​​လေသည်​။ င​နောင်​သည်​ မိမိစိတ်​နိုင်​​ကြောင်း​လျှောက်​တင်​၍ ဆရာ​တော်​နှင့်​လိုက်​ပါသွား​လေ​တော့သည်​။
င​နောင်သည်​​ကျန်​ရှိ​နေ​သော ဘဝသက်​တမ်းတို့အား ရှင်​ကုသလ ဘွဲ့အမည်​ဖြင့်​ သာသနာ့​ဘောင်​အတွင်း၌ ​အေးချမ်းစွာ ကုန်​ဆုံး​စေ​တော့​လေသည်​။
. . . ပြီးပါပြီ . . .
. image
Crd-org-source
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ဇာတ်သိမ်းအရမ်းကောင်းပါတယ်ညီရေ။စာရေးဆရာဖြစ်လောက်တယ် ရွက်ပုန်းသီးလေး။တော်တယ်ဗျာ။နောက်ဇာတ်လမ်းတွဲတွေလဲရေးပါအုံးဗျာ။အားပေးနေမယ်။

အား​ပေးတာ ​ကျေးဇူးပါပဲ ကိုဇာ😊

ဖတ်လို့ကောင်းတယ် bro ရေ

ဟုတ်​ bro

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးတင်​ပါတယ်​ @minnowsupport ​ရေ

This post has received a 2.24 % upvote from @drotto thanks to: @aunggyi100.

လူတိုင်းအေးချမ်းကြပါစေ

ဟုတ်​ အကို​ကျေးဇူးပါ

လူမိုက်ကြီး ဇာတ်သိမ်းလှတယ် အောင်ကြီးရေ

ဟုတ်​ အမ

ငနောင်လေး လိမ္မာသွားပီ။

လိမ္မာသွားပါပြီ အမ

လူမိုက်ကြီးဇာတ်သိမ်းလေး good ဗျာ

ဟုတ်​ ​ကျေးဇူးတင်​ပါတယ်​ ဦး​ထွေး

သာသနာ့ဘောင် ဝင်သွားတာကိုး

ဟုတ်​တယ်​ အမ

ခု ဘဝ တင်​မဟုတ်​ဘဲ​နောင်​သံသရာအတွက်​ပါ​ကောင်းတဲ့အရာကို​ရွေးချယ်​လိုက်​တာပါ။Very very good

ဟုတ်​တယ်​အကို

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62966.47
ETH 2631.87
USDT 1.00
SBD 2.79