င​နောင်

in #myanmar6 years ago (edited)

စည်​သာယာရွာ​လေးသည်​ ​တောင်​​ခြေရွာ​လေးတစ်​ခုဖြစ်​သည်​။ရွာသူရွာသားအများစုသည်​ လယ်​ယာလုပ်​ငန်းအား လုပ်​ကိုင်​ကြသူများဖြစ်​ကြ​ပေ၏။တောသူ​တောင်​သားတို့ ပီပီရိုးသားကြိုးစားကြသူများဖြစ်​ကြ​ပေသည်​။ ဘာသာ​ရေး၊သာ​ရေး၊နာ​ရေးများ ဖြစ်​​ပေါ်လာလျှင်​ အားလုံးကူညီလုပ်​ကိုင်​​ပေးတတ်​ကြသည်​။
FB_IMG_1525496137086.jpg
Crd-org-source
"အ​မေ သားလယ်​ထဲသွား​တော့မယ်​ ​နေ့လည်​ကြ ထမင်း​စော​စောလာပို့​နော်​"
င​နောင်​တို့အိမ်​မှ အကိုကြီး သက်​နိုင်​၏ အသံပင်​ဖြစ်​​သည်​။ င​နောင်​တစ်​​ယောက်​ သူ့ကိုမသွား​သေး၍သာ အိပ်​ရာထဲလှဲ​နေခြင်းဖြစ်​၏။သူ့အကို သက်​နိုင်​ လယ်​ထဲသွားပြီဆိုမှ ထလာ​လေ​တော့သည်​။ အိမ်​၌်​ ညီကို ၆​ယောက်​ရှိသည်​ဖြစ်​ခါ၊ သက်​နိုင်​မှာအကြီးဆုံးဖြစ်​၏။ င​နောင်​ကား အလတ်​၊သူ၏​အောက်​တွင
်​၄​ယောက်​ရှိ​လေသည်​။ အားလုံးမှာ ​ယောကျာင်္း​လေးများသာ ဖြစ်​ကြသည်​။ အိမ်​တွင်​အဆိုးဆုံးလူကိုပြပါဟုဆိုလျှင်​ င​နောင်​ကိုသာ လက်​ညှိုးထိုးပြရ​ပေမည်​။ ဆိုးသည်​ပင်​မက မိုက်​ရိုင်းသည်​ဟုပင်​ ​ပြော၍ရ​ပေ၏။
ယခုပင်​ကြည့်​ရှုပါ၊အကိုနှင့်​အလုပ်​အတူလိုက်​ရမည်​စိုး၍ အကိုသွားမှ အိပ်​ရာထဲမှထလာ​လေသည်​။ ထလျှင်​ထချင်းပင်​ "အ​မေ ဘာချက်​လည်း ဗိုက်​ဆာလို့"
မိခင်​ဖြစ်​သူမှာ ရှိသည့်​ထမင်းနှင့်​ဟင်းအား ခူးခပ်​​ကျွေး​လေသည်​။ င​နောင်​အ​နေနှင့်​သာ သူ၏အ​မေအား စကားများ​စွာပြောဆို​နေ​သော်​လည်း မိခင်​ဖြစ်​သူမှာ စကားတစ်​ခွန်းမှ ပြန်​လည်​​၍မ​ပြော​ပေ။ ​ပြန်​လည်​​၍ပြောချင်​စရာအ​ကြောင်းလည်း မရှိ​ပေ။
င​နောင်​လည်းင​နောင်​ပင်​။ မနက်​ခင်းလင်းလျှင်​ ထမင်းစား၊ပြီးလျှင်​ တစ်​​နေကုန်​ အရက်​​သောက်​​နေသူဖြစ်​၏။ အိမ်​မိသားစု စားဝတ်​​နေ​ရေး အတွက်​ လုံးဝထည့်​မတွက်​တက်​သူဖြစ်​သည်​။ သူ၏​အောက်​မှ ညီငယ်​​ကျောင်းသား​​လေးများရှိ​သေး​လေသည်​။ ညီငယ်​တို့၏ ​ကျောင်းစရိတ်​အား ​ထောက်​ပံ့ရန်​ကိစ္စသည်​ သူနှင့်​မဆိုင်​သလိုပင်​ ​နေ​လေသည်​။ ဤသည်​ထက်​ဆိုးသည်​ကား ညီငယ်​​ကျောင်းသားတို့ စု၍ထားသည့်​ မုန့်​ဖို့​လေးများကိုပင်​ လစ်​လျှင်​လစ်​သလို ခိုး၍သုံးတတ်​​သေးသည်​။ ညီငယ်​တို့၏ ပိုက်​ဆံမျှသာ မဟုတ်​​ပေ၊တခြား မည့်​သူ၏ပိုက်​ဆံမဆို သူခိုး၍ သုံးတတ်​​လေသည်​။ တစ်​​နေကုန်​တစ်​​နေခန်း အ​ရက်​​သောက်​၍ ည​မှောင်​ချိန်​​ရောက်​မှသာ အိမ်​သို့ပြန်​လာတတ်​သည်​။ အိမ်​သို့​ရောက်​လျှင်​လည်း အိမ်​မိသားစုအား ရစ်​တတ်​​သေး​လေ၏။ ထိုသို့​သော အမူအကျင့်​များ​ကြောင့်​​ကြောင့်​ မိခင်​ဖြစ်​သူ စကားပြန်​၍မ​ပြောသည်​အားလည်း အပြစ်​မဆိုသာ​ပေ။
တစ်​အိမ်​လုံးတွင်​ သူ​ကြောက်​ရသူဆို၍ အကိုကြီးဆုံးဖြစ်​သည့်​ သက်​နိုင်​တစ်​​ယောက်​သာရှိ​လေသည်​။
ယခုလည်း စား​သောက်​၍ အိမ်​မှထွက်ခွာ​သွား​လေ​တော့သည်​။ မိခင်​ဖြစ်​သူမှာ င​နောင်​အား မည်​ကဲ့သို့ ဆုံးမရမည်​ကို မစဉ်းစားတတ်​​အောင်​ဖြစ်​၍​နေ​ပေသည်​။ အသက်​အားဖြင့်​ ၂၅နှစ်​ပင်​​ကျော်​၍​နေ​ပေပြီ။ အရက်​မ​သောက်​ရ​သေးချိန်​၌ ဆုံးမလျှင်
"ဟုတ်​ အ​မေ ဟုတ်​ကဲ့ပါ။ သားနားလည်​ပါပြီအ​မေ သားလိမ်​လိမ်​မာမာ ​နေပါ​တော့မယ်​။"
ထိုကဲ့သို့ အစဉ်​​ချော​နေတတ်​သူ င​နောင်​ပင်​ဖြစ်​၏။ အချိန်​တန်​လျှင်​ သွား​နေဆဲ၊​သာက်​​နေဆဲ အိမ်မိသားစုအား​ရစ်​မြဲပင်​ဖြစ်​​လေသည်​။
မိခင်​ဖြစ်​သူမှာ င​နောင်​တစ်​​ယောက်​အတွက်​နှင့်​ များစွာစိတ်​​သောက ​ရောက်​၍​နေရရှာ​ပေ၏။
.worst-things-to-do-cant-sleep-night-cap.jpg
Crd-org-source
အပိုင်း (၂ )ဆက်​လက်​ဖတ်​ရှု​ပေးပါရန်
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

အရက်​သမား အမှားတစ်​ရာတဲ့ဗျာ .. ​နောက်​တစ်​ပိုင်း ရင်​ခုန်​စွာ ​စောင့်​​မျှော်​​နေပါတယ်​ ကို​အောင်​ကြီး​ရေ ..

ဟုတ်​ ​ကျေးဇူးပါပဲ အကိုမြန်​မာပြည်​သား​ရေ

This post has received a 10.00% upvote from @msp-bidbot thanks to: @aunggyi100. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.

ကျေးဇူးများစွာတင်​ပါတယ်​ဗျာ

ဇာတ်​လမ်းကိုအ​ကွေ့အ​ကောက်​​လေး​တွေ၊မထင်​မှတ်​တာ​လေး​တွေ​ရေကြည့်​ပါလား​မောင်​​လေး။ဆက်​လက်​ဖတ်​ရှူ့ရန်​​စောင့်​​မျှော်​​နေပါသည်​။

ဟုတ်​အမ ​အကြံ​ပေးတာ​ကျေးဇူးပါ အမ

ကြောက်ရသူရှိပေလို့ တော်ပါသေးလား ဟွောင်ကြီးရယ်

ကြောက်​ရတဲ့သူမရှိရင်​​တော့ မလွယ်​ဘူးအမ​ရေ

အရက်က မကောင်းဘူးနော်...
ဘာတွေများနောက်ပိုင်းဆက်ဖြစ်မလဲဗျာ...
ရင်ခုန်စွာမျော်လင့်စောင့်စားရင်း

ဟုတ်တယ်​​ ကိုကိုမိုးဟန်​ အရက်​သမားဆို အမှား များတယ်

You got a 50% upvote from @aungzawhtwe courtesy of @aunggyi100 ! its cool fee free .

ကျေးဇူးတင်​ပါတယ်​ ကို​ထွေး

Loading...

လူကိုဖျက် အရက်

အရက်​​သောက်​ရင်​​တော့ ပျက်​ပီ​ပေါ့ အမရယ်

Hi LOVE YOUR POST MAN!!! LIKE MY POST TOO!!!!! HERE IS THE LINK: https://steemit.com/bots/@abusereports/last-minute-upvote-list-2018-05-02

Release the Kraken! You got a 2.15% upvote from @seakraken courtesy of @aunggyi100!

ကျေးဇူးပါပဲဗျ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.034
BTC 64008.01
ETH 3308.26
USDT 1.00
SBD 3.93