င​နောင်​ (အပိုင်း ၆)

in #myanmar6 years ago (edited)

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုပရန်
အပိုင်း ၃ ဖတ်​ရှုရန်
အပိုင်း ၄ ဖတ်​ရှုရန်
အပိုင်း ၅ ဖတ်​ရှုရန်
ကိုကြီးသက်​နိုင်​အ​နေဖြင့်​ င​နောင်​ယခုလို အရက်​မ​သောက်​၊​ခြေငြိမ်​​နေသည်​အား ဝမ်းသာ​နေမိသည်​။ ​ခြေ​ထောက်​သက်​သာလျှင်​ မိမိနှင့်​အတူ င​နောင်​အား လုပ်​ငန်းများတွင်​တွဲ​ခေါ်မည်​ဟုကြံစည်​ထား​လေသည်​။
မနက်​ခင်း လင်းကြက်​တို့တွန်​ချိန်​ ကိုကြီးသက်​နိုင်​တစ်​​ယောက်​ လယ်​ယာလုပ်​ငန်းခွင်​သွားရန်​ ပြင်​ဆင်​စရာရှိသည်​တို့အားပြင်​ဆင်​၍​နေ​ပေသည်​။ င​နောင်​အား ​ခေါ်ရန်​သတိရ၍ သွားကာကြည့်​ရှု​လေသည်​။ခြေ​ထောက်​မ ဒါဏ်​ရာသည်​လည်းအ​တော်​ပင်​သက်​သာ၍​နေပြီဖြစ်​သည်​။
" င​နောင်​ မင်း​ခြေ​ထောက်​သက်​သာပြီလား"
"ဟုတ်​အကို သက်​သာပါပြီ ဘာလို့လည်း"
"​အေးသက်​သာရင်​ ငါနဲ့ အလုပ်​လုပ်​ရ​အောင်​လိုက်​ခဲ့ကွာ၊ အိမ်​မှာ​နေ​နေရင်​မင်းလည်း စိတ်​​လေတာ​ပေါ့" င​နောင်​ကား ထိုသို့​ခေါ်​​သော်​အခါ၌ငြင်းဆန်​ခြင်းမပြု​ပေ။အကိုကြီးသက်​နိုင်​နှင့်​ င​နောင်​တို့ လယ်​ယာလုပ်​ရန်​ အခင်းများရှိရာသို့ထွက်​ခွာသွားကြ​လေသည်​။
မိခင်​ဖြစ်​သူမှာလည်း ဤကဲ့သို့င​နောင်​အား အတူတွဲကာ​ အလုပ်​​ခေါ်​ပေးသည့်​ ကိုကြီးသက်​နိုင်​၏လုပ်​ရပ်​အား သ​ဘောကျ​၍​နေ​လေသည်​။ ဤကဲ့သို့သာ အမြဲတန်းညီအကို​တွေ စည်းစည်းလုံးလုံး သာလုပ်​ကိုင်​သွားကြလျှင်​ မည်​မျှ​ကောင်းမည်​နည်းဟု ​တွေးမိ​လေသည်​။
.paddy.jpg
Crd-org-source
လယ်​ယာအခင်းသို့​ရောက်​လျှင်​လည်း လိုအပ်​သည့်​ အလုပ်​တို့အား င​နောင်​တစ်​​ယောက်​မညည်းမညူ လုပ်​​ပေသည်​။ င​နောင်​အား ဤကဲ့သို့မြင်​ရ​လေ​သောအခါ၌လည်း ကိုကြီးသက်​နိုင်​တစ်​​ယောက်​ ​ကျေနပ်​မိ​လေသည်​။
ဤမျှ​လောက်​လုပ်​နိုင်​မည်​ဟုထင်​မထားခဲ့၍ဖြစ်​သည်​။ ​ည​နေအလုပ်​အားလုံးပြီးစီး​သောအခါ အိမ်​သို့အတူပင်​ပြန်​လာခဲ့ကြ​လေ၏။
အိမ်​သို့​ရောက်​​သော်​ ကို​ပေါ​ရောက်​၍်​​နေ​လေသည်​။ကို​ပေါကား င​နောင်​တို့နှင့်​ညီကို ဝမ်းကွဲ​တော်​စပ်​သူပင်​ဖြစ်​၏။
"ဟာင​နောင်​ အလုပ်​​တွေဘာ​တွေလုပ်​လို့ပါလားဟ လိမ္မာ​နေပြီ​ပေါ့​လေ"
"ဟုတ်​တယ်​ကို​ပေါ​ရေ ကိုကြီးသက်​နိုင်​​ခေါ်လို့ အလုပ်​ထဲလိုက်​လုပ်​ဖြစ်​တယ်​"
"အေး​အေး အရက်​လည်းသိပ်​မ​သောက်​နဲ့ဟ၊ကြိုက်​လို့​သောက်​မယ်​ဆိုလည်းငါ့လို​သောက်​" ဟုတ်​​ပေသည်​။ကို​ပေါသည်​လည်း အရက်​ကြိုက်​သူတစ်​​ယောက်​ပင်​။သူအရက်​​သောက်​သည်​မှာ စည်းကမ်းရှိ​ပေ၏။မနက်​ခင်းမှစ၍ လုပ်​စရာအလုပ်​တို့ပြီးစီး​အောင်​အရင်​လုပ်​သည်​။ အားလုံးပြီးစီး၍ အလုပ်​သိမ်းမှသာ ကို​ပေါသူကြိုက်​သည့်​အရက်​အား​သောက်​တတ်​​လေသည်​။ကို​ပေါ မည်​မျှပင်​​သောက်​​စေကာမူ ​နောက်​​နေ့များ၌ အလုပ်​ပျက်​သည်​မရှိ​ပေ။
င​နောင်​​အရက်​​သောက်​ပုံနှင့်​ ကို​ပေါအရက်​​သောက်​ပုံသည်​ ဆီနှင့်​​ရေပမာ ကွာခြားလွန်း​ပေ၏။င​နောင်​​ကားသောက်​ပြီ​ဆိုလျှင်​ နံနက်​၊​နေ့လည်​၊ည မ​ရွှေးတတ်​​ပေ။မူး၍​မှောက်လျှင်
ခေတ္တခဏ အိပ်​၍ အိပ်​ရာနိုးလျှင်​ပြန်​​သောက်​တတ်​​သောလူစားမျိုးဖြစ်​သည်​။
ကို​ပေါလည်း သူ့ညီင​နောင်​အား ဆုံးမ၍" ပြန်​ဦးမယ်​ကွာ"ဟူကာ နှုတ်​ဆက်​၍ထွက်​သွား​လေ​တော့သည်​။
.20.jpeg
Crd-org-source
(အပိုင်း ၇ ဆက်​၍ဖတ်​​ပေးပါရန်​)
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

စိတ်ညစ်ပြေတာအရက်ပါ အရက်သောက်မယ်ကွာ လွမ်းဆွေးပြေတာအရက်ပါ အရက်သောက်မယ်ကွာ သောကဖြေတာအရက်ပါအရက်သောက်မယ်ကွာ...အို..သောက်လေမူးလေမူးလေကောင်းလေပါ...မူးလေရူးလေသောက်မယ်သောက်မယ်ကွာ။

သောက်​လိုက်​ကြစို့ကိုဇာ​ရေ😂

လိမ္မာလက်​စနဲ့ ဆက်​လိမ္မာမလား .. ပြန်​ဆိုးအုံးမှာလား ဆိုတာ ​မျှော်​​နေပါတယ်​ ကို​အောင်​ကြီး​ရေ ..

ဟုတ်​အကို ​မျှော်​​နေ​ပေးတာ ​ကျေးဇူးပါပဲ ဗျ

စည်းကမ်း​လေးနဲ့​သောက်​​တော့ပို​ကောင်းတာ​ပေါ့

ဟုတ်​တယ်​ဗျ စည်းကမ်း​လေးမဲ့ဆို မဆိုးဘူး

နီးလာပြီ လိမ်မာဘို့ လား ပြန်သောက်ဖို့ လားတော့မသိဘူးဗျ ဟီးး

ဟီးဟီး ကျွန်​​တော်​လည်းသိဘူး😂

နစ်ခွက်သောက်တော့မူး
သုံးခွက်သောက်တော့ရူး

လေးခွက်​​သောက်​​တော့​မှောက်​​ပေါ့​နော်​😁

You got a 7.22% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

ကျေးဇူးပါ

တန်ဆေးလွန်ဘေး ချင့်ချိန်သောက်မယ်ဆိုရင်
ဆေးဖြစ်ပါတယ်ဗျ...
ကျွန်တော်က ဘီယာပဲကြိုက်တယ်😂😂😂

ကျွန်​​တော်​လည်း ဘီယာဘဲ😂

ခွေးမြီးကောက် ကျည်တောက်စွပ်လားဘဲ ငနောင်

အာ့လိုဘဲဖစ်​​နေမလားမသိ အမ

ယေ့ယေ့ ငနောင် နည်းနည်းလိမ်မာလာပြီ

ဟုတ်​တယ်​bro kyaw​ရေ

အဲ့တော့ အရက်ပြတ်သွားဘီလားဆိုတာ နောက်အပ်ုင်း မျှော်ပေါ့ နော်

ဟုတ်​အမ😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 60205.00
ETH 2994.41
USDT 1.00
SBD 3.90