င​နောင်​ အပိုင်း (၈)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
အပိုင်း ၃ ဖတ်​ရှုရန်
အပိုင်း ၄ ဖတ်​ရှုရန်
အပိုင်း ၅ ဖတ်​ရှုရန်
အပိုင်း ၆ ဖတ်​ရှုရန်
အပိုင်း ၇ ဖတ်​ရှုရန်
မနက်​ခင်းလင်းသည်​နှင့်​ ခရီးထွက်​ရန်​လိုအပ်​သည်​တို့အား ဝယ်​သင့်​တာဝယ်​၍ထုပ်ပိုးပြင်​ဆင်​ထားလိုက်​ကြ​လေသည်​။ ​ကျော်​ကြီးတို့အိပ်​၌ပင်​ နံနက်​စာစား​​သောက်​ရင်းနှင့်​ပင်​ ဦးစိုးနိုင်​လာအ​ခေါ်အား​စောင့်​ဆိုင်း​နေကြ​လေ၏။
င​နောင်​နှင့်​​ကျော်​ကြီးတို့စား​သောက်​ပြီး သိပ်​မကြာခင်​၌ပင်​ ဦးစိုးနိုင်​​​ရောက်​ရှိလာ​လေ၏။
"ကဲအဆင်​သင့်​ဖြစ်​ပြီလား ​ကျော်​ကြီး​ရေ . . .
အဆင်​သင့်​ဖြစ်​ရင်​သွားရ​အောင်​ . . . ကားကလမ်းထိပ်​မှာငါတို့ကို​စောင့်​​နေတယ်​"
"ဟုတ်​ အဆင်​သင့်​ပါဦးစိုးနိုင်​​ရေ ကျုပ်​တို့လည်း ဦးစိုးနိုင်​ကို​စောင့်​​နေတာပါ" ​ကျော်​ကြီးပြန်​လည်​​ဖြေကြားပြီးသည်​နှင့်​ င​နောင်​နှင့်​​ကျော်​ကြီးတို့ ခရီး​ဆောင်​အိပ်​တို့အားသယ်​​ဆောင်​၍ ကားရှိရာအရပ်​သို့ထွက်​ခွာသွားကြ​လေ၏။
.ae9d2213638947278d02d48dc0285c44eb479916.jpg
Crd-org-source
ကား​လေးမှာ Light truck ကားအဖြူ​လေးပင်​ဖြစ်​၏။အထုပ်​ပိုးများအား ကား​ပေါ်သို့တင်​​ဆောင်​ပြီးသည်​နှင့်​ "ကားဆရာ​ရေ ​မောင်းလို့ရပြီဗျို့" ​အော်​သံပြုလိုက်​သည်​နှင့်​ ကား​လေးလည်း စတင်​၍ထွက်​ခွာလာ​​တော့သည်​။ ဦးစိုးနိုင်​ကား ကား​ခေါင်းအတွင်းထိုင်​၍တစ်​ခြားလူ​ခေါ်ရမည့်​အိမ်​များအားလမ်းပြ​ပေး​လေသည်​။ င​နောင်​နှင့်​​ကျော်​ကြီးကား ကား​နောက်​ခြမ်း၌ဖြစ်​​လေသည်​။စတင်​ထွက်​လာချိန်​၌ င​နောင်​နှင့်​​ကျော်​ကြီးတို့နှစ်ေ​ယာက်​ထဲဖြစ်​​သော်​လည်း သွားရင်းနှင့်​တစ်​အိပ်​ဝင်​တစ်​အိမ်​ထွက်​​ခေါ်လာခဲ့ရာ စုစု​ပေါင်း ၁၃​ယောက်​ပင်​ရှိလာ​ပေ၏။ ယခုဦးစိုးနိုင်​​ခေါ်လာသည့်​ ၁၃​ယောက်​မှာ အားလုံးသည်​ ​အရွယ်​​ကောင်းသည့်​ ယောကျာင်္းသားများပင်​ဖြစ်​​လေသည်​။ကား​ပေါ်၌ တစ်​ဦးနှင့်​တစ်​ဦးမိတ်​ဆက်​ကြ၊​ ​ထွေရာ​လေးပါး စကား​ပြောကြနှင့်​​မောင်းလာသည့်​ကား​လေးမှာ ခရီးတစ်​​ထောက်​နားရန်​ ထမင်းဆိုင်​​ရှေ့၌ ရပ်​လိုက်​​ပေ​တော့သည်​။
"ကဲအားလုံးထမင်းစားရ​အောင်​ ဆင်းကြကွာ"ဦးစိုင်းနိုင်​စကားဆုံးသည်​နှင့်​ ကား​ပေါ်ပါလာသူတို့မှာ အလျှိုအလျှိုထမင်းဆိုင်​တွင်းသို့ဝင်​​ရောက်​သွားကြသည်​။ င​နောင်​နှင့်​​ကျော်​ကြီးလည်း အားလုံးနည်းတူထမင်းဆိုင်အတွင်းသို့ ​​​ဝင်​​ရောက်​ရန်​သွားရင်းနှင့်​ပင်​ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ မျက်​စပြစ်​ပြကြ​လေသည်​။ သ​ဘောကား အရက်​​သောက်​ပြီးမှ ထမင်းစားကြမယ်​ ဆိုသည့်​​သ​ဘောပင်​။
င​နောင်​နှင့်​​ကျော်​ကြီးတို့သည်​ ဝိုင်းတစ်​ဝိုင်း၌သီးခြားထိုင်​ကာ အရက်​အား အရင်​မှာ​သောက်​​လေသည်​။ အရက်​​​သောက်၍​ဝမှ ထမင်းစားခြင်းအမှုအားပြုကြ​လေ၏။
အားလုံးစား​သောက်​ပြီးကြ​သောအခါ ကား​ပေါ်တက်​၍ဆက်​လက်​ထွက်​ခွာသွားကြ​​လေသည်​။
ဤသို့နှင့်​ပင်​ င​နောင်​တို့စီးလာ​သော Light truck ကား​လေးမှာ ပင်​လယ်​ပြင်​ အစပ်​​၌ရပ်​တန့်​သွား​ပေ​တော့သည်​။
ကား​ပေါ်ပါလာသူ အသီးသီးတို့အား မိမိတို့အထုပ်​များကို သ​င်္ဘော​ပေါ်သို့​ရွှေ့ရန်​ ဦးစိုးနိုင်​​ပြောကြားသည်​နှင့်​ ကိုယ့်​အထုပ်​​လေးများအားကိုသယ်​ကြ၍ သ​င်္ဘော​ပေါ်သို့​နေရာယူကြ​လေသည်​။ သ​င်္ဘော၏အကြီးအကဲဖြစ်​ဟန်​တူသူနှင့်​ ဦးစိုးနိုင်​တို့နှစ်​ဦးသား စကားများ​ပြောဆို၍ ဦးစိုးနိုင်​အား အထုပ်​တစ်​ထုပ်​​ပေးလိုက်​​လေ​တော့သည်​။ထို့​နောက်​ ဦးစိုးနိုင်​မှာ ဆက်​၍လိုက်​​ပါလာခြင်း မရှိ​တော့​ပေ။
အမှန်​၌ င​နောင်​အပါဝင်​ လူငယ်​ ၁၃​ယောက်​သည်​ ငါးဖမ်းသ​င်္ဘော​ပေါ်သို့ ​ရောင်းစားခံရခြင်းပင်​ဖြစ်​​လေ၏။ ငနောင်​၊ကျော်​ကြီးနှင့်​ လူငယ်​တို့သည်​ ငါးဖမ်းသ​င်္ဘော​ပေါ်သို့​ရောင်းစားခံရခြင်းအား မသိရှိကြ​သေး​ပေ။
သ​င်္ဘော၏အကြီးကဲဖြစ်​ဟန်​တူသူသည်​ င​နောင်​အပါဝင်​ လူငယ်​၁၃ဦးတို့အားတင်​​ဆောင်​၍ ​သ​င်္ဘောအားကမ်းမှာ စတင်​ခွာ​လေ​တော့သည်​။ တစ်​​ရွှေ့​ရွှေ့နှင့်​​မောင်းနှင်​၍လာသည်​မှာ ကမ်းစပ်​သည်​ပင်​ မှုံပြပြသာမြင်​ရ​ပေ​တော့၏။
.images.jpg
Crd-org-source
. . . . ဇာတ်​သိမ်းပိုင်းဆက်​၍ဖတ်​ရှု​ပေးပါရန်​ . . .
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

သြော်တဖြည်းဖြည်းနဲ့ ဇာတ်တောင်သိမ်းတော့မယ်နောက်လေးရက်ဆို..ငါးဖမ်းသဘောင်္ဆိုရင်တော့ တော်တော်ကံဆိုးတာဗျာ။တော်တော်နဲ့ပြန်မလွှတ်ဘူးတဲ့။ကံမကောင်းရင် ပင်လယ်ထဲမှာပဲသေရတယ်ဆိုပဲ။

ငါးဖမ်း​သ​ဘောင်္​ပေါ်​ရောင်းစားခံရတဲ့သူ​တွေ ​တော်​​တော်​ ဒုက္ခ ​ရောက်​ကြတယ်​လို့​တော့ကြားဖူးတယ်​ကိုဇာ

လူမိုက်ကြီးငနောင် ဘယ်လိုများဆက်ဖြစ်ပ

ဟုတ်​ပဗျာ ​တော်​​တော်​ဆိုးတဲ့င​နောင်

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါပဲ

This post has received a 14.29% upvote from @msp-bidbot thanks to: @aunggyi100. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.

အို​ခေပါ

This post has received a 2.41 % upvote from @drotto thanks to: @aunggyi100.

ကျေးဇူး @drotto

You got a 8.72% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

အို​ခေ ​ကျေးဇူးပါပဲ

မသိမ်းဘဲဆက်ရေးပါအုံးဗျ

ငမ်း တကယ်​ကြီလား😂

Release the Kraken! You got a 26.14% upvote from @seakraken courtesy of @aunggyi100!

ကျေးဇူးတင်​ပါတယ်

This post has received a 1.17% upvote from thanks to: @aunggyi100.
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

I like your bot

ကဲ… အဲဒီမှာ စတွေ့မှာ …ဒုက္ခ ကို

ဒုက္ခ ​တွေစ​တွေ့ပြီ​လေ

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61649.11
ETH 3003.31
USDT 1.00
SBD 3.77