င​နောင်​ (အပိုင်း ၄)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုပရန်
အပိုင်း ၃ ဖတ်​ရှုရန်

တစ်​​နေ့
င​နောင်​တစ်​​ယောက်​ မိခင်​မှ မသွားရန်​တား​နေသည့်​ကြားမှ သူ့၏သူငယ်​ချင်းအိမ်​ဟုဆိုကာ ထွက်​သွား​လေသည်​။
သူ့၏သူငယ်​ချင်းအိမ်​၌အ​ပေါင်းသင်းများစုကာ အရက်​ဝိုင်းတည်​ခင်းကြပါ​တော့သည်​။
အရက်​က​လေး​ ​ထွေလာကြရာ သင်္ချိုင်းကုန်းသို့ ချိုးငှက်​ပစ်​သွားရန်​ တိုင်​ပင်​ကြ​လေသည်​။ကြောက်​တတ်​သူအချို့က မလိုက်​လို​သော်​လည်း "မင်း​ယောကျာင်္းမဟုတ်​ဘူးလား၊ ငါတို့​တောင်​သွားရဲ​သေးတာ မင်းကမလိုက်​ရဲဘူးလား"စသည့်​ စကားလုံးများဖြင့်​ စိတ်​ဆွ၍ ​မပါ​ပာအောင်​​ခေါ်​ဆောင်​ကြ​လေသည်​။ဤသို့ဖြင့်​ အရက်​သမားတစ်​စု သင်္ချိုင်းကုန်း​သို့ ချိုးငှက်​ပစ်​သွားကြ​တော့သည်​။အချိန်​ကား ညပိုင်း၇နာရီဝန်းကျင်​ခန့်​ပင်​ဖြစ်​​လေ၏။ မူးမူးရူးရူး နှင့်​သချိင်္ုင်းအတွင်း ရုတ်​ရင်းကြမ်းတမ်း​သောစကားများကိုလည်း​ကောင်း၊ စည်းမဲ့ကမ်းမဲ့ အပြုမူတို့ကိုလည်း​ကောင်း ​ပြောဆို၊ပြုမူခဲ့ပုံ​ပေါ်​ပေ၏။
.FB_IMG_1526749916593.jpg
Crd-org-source
အိမ်​သို့ပြန်​​ရောက်​​သော်​ င​နောင်​တစ်​​ယောက်​ ထိန်​လန့် ​ကြောက်​ရွံ​နေ​လေ​တော့သည်​။ပါးစပ်​မှလည်း" မလာနဲ့ မလာနဲ့ သွားသွား"စသည့်​စကားတို့​ပြောဆို​နေ​တော့သည်​။လက်​မှလည်း တစ်​စုံတစ်​ခု သူ့၏နားကပ်​လာ၍ တွန်းထုတ်​ခါ​နေ​လေသည်​။ မိခင်​ဖြစ်​သူမှ "ဘာမှမရှိပါဘူး "င​နောင်​ရယ်​ အိပ်​​တော့အိပ်​​တော့ "
ဆို၍ အိပ်​ရာခင်း​ပေး၊ခြင်​​ထောင်​ ​ထောင်​​ပေးပြီး အိပ်​ခိုင်းရ​လေ၏။သို့​သော်​ မိခင်​ရှိ​နေစဉ်​၌သာ ​ခေတ္တခဏ အိပ်​၍ ပြန်​လည်​၍ထိတ်​လန့်​​နေပြန်​​လေ၏။ အိပ်​​နေရမှ ပြန်​လည်​ထ၍ မိခင်​အိပ​နေသည့်​ အနားသို့သွာ၍ "အ​မေ သားကိုလာထိုင်​ကြည့်​​နေတယ်​ သားမအိပ်​ရဲဘူး" ဟူ၍ မိခင်​အိပ်​​နေရာအနီး၌ ထိုင်​​နေ​လေသည်​။
မိခင်​ဖြစ်​သူလည်း အိပ်​​နေရာမှထ၍ ဘုရားစင်​​ပေါ်၌ရှိ​သော ပုရိတ်​​ရေအားတိုက်​ခါ အိပ်​ခိုင်းရပြန်​​ပေသည်​။ အတန်​ငယ်​ငြိမ်​သက်​သွားမှ မိခင်​ဖြစ်​သူလည်း ပြန်​လည်​ကာအိပ်​စက်​ခြင်းပြု​လေသည်​။
ကိုကြီးသက်​နိုင်​လည်း င​နောင်​ယခုလိုဖြစ်​​နေ​သောအခါ အိပ်​၍ကားမရ​ချေ။ မနက်​၂နာရီပင်​​ကျော်​​၍​နေပြီးဖြစ်​ရာ ယခုထိတ​ရေးမှ အိပ်​လို့ မရ​သေး၍ င​နောင်​မြန်​မြန်​အိပ်​​ပျော်​ပါ​စေဟုသာ ဆု​တောင်း​နေရ​လေသည်​။
ဤလိုနှင့်​ နာရီဝက်​ တစ်​နာရီခန့်​ ငြိမ်​သက်​သွား​လေ၏။ မိသားစုအားလုံးလည်း အိပ်​​မောကြကုန်​​ပေ​တော့သည်​။
" မလာနဲ့ မလာနဲ့ ငါ့နားမလာနဲ့​နော်​ မလိုက်​ဘူး ငါမလိုက်​ဘူး​နော်​" စူးစူးဝါးဝါးနှင့်​ င​နောင်​၏​အော်​သံပင်​။ အားလုံးလန့်​၍ပင်​နိုးလာကြ​တော့သည်​။ ပါးစပ်​ကလည်း​အော်​ဟစ်​၍ လက်​မှလည်း တကာကာ ပြုခါ ​သူ့အိပ်​ရာ​ခေါင်းရင်း၌ရှိ​သော ပြတင်း​ပေါက်​နား တိုး၍တိုး၍ ကပ်​သွား​လေသည်​။ ထို့​နောက်​ ပြတင်း​ပေါက်​မှပင်​ခုန်​၍ပင်​ ချပါ​လေ​တော့သည်​။ မည်​သူမှ ဆွဲချိန်​ပင်​ မရလိုက်​ကြ​ပေ။
ခေါင်းရင်းပြတင်း​ပေါက်​ ​အောက်​တည့်​တည့်​ရှိ ခြံစည်းရိုးမှဝါးချွန်​များ င​နောင်​၏​ပေါင်​သို့ စိုက်​ဝင်​ကုန်​​တော့၏။ အား ခနဲကျယ်​​လောင်​စွာ​အော်​သံ​ကြောင့်​ အနီးနားအိမ်​များမှပင်​ လာ​ရောက်​ကြည့်​ရှုကုန်​​တော့သည်​။
ကားအမြန်​ငှါး၍ ​ဆေးရုံသို့ ပို့​ဆောင်​ကြရ​လေသည်​။
ဆေးရုံ​ရောက်​၍ ၂ရက်​၃ရက်​ခန့်​ထိပင်​ င​နောင်​တစ်​​ယောက်​ အ​ကြောက်​မ​ပြေ​သေး​ပေ။
ပေါင်​မှ ဝါးချွန်းထိုးမိသည့်​ ဒဏ်​ရာသက်​သာရန်​ပင်​ တစ်​ပတ်​ခန့်​ ​ဆေးရုံ၌ ​နေခဲ့ရ​ပေသည်​။
ဒဏ်​ရာသက်​သာ၍ ​ဆေးရုံမှ ဆင်းလာ​သော်​လည်း ​ခြေ​ထောက်​သည်​ ​ထော့နဲ့​ထော့နဲ့နှင့်​သာ င​နောင်​တစ်​​ယောက်​​လျှောက်​နိုင်​​သေး​ပေသည်​။
.hos.jpg
Crd-org-source
မိခင်​စကားနားမ​ထောင်​​သောင​နောင်​ ဤခံစားရမှုများ​ကြောင့်​ လိမ္မာသွားမည်​​လော၊သို့မဟုတ်​ ဆက်​၍ဆိုးမိုက်​​နေမည်​​လော 
အပိုင်း ၅ ဆက်​၍ဖတ်​​ပေးပါရန်
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ကျော်ဗေဒင်ဆီသွားမေးတာတော့ ငနောင်လိမ်မာသွားမယ်လို့ပြောတယ်။ဗေဒင်ခ5000တော့ညေးအောင်ကြီးကပြန်ပေးရလိမ့်မယ်။စေတနာနဲ့သွားမေးပေးထားတာမိုလို့။ဟီ

ငမ်း ​ဈေးကြီးတယ်​ ဒီဘက်​မှာ ၂၅၀၀ ရှိ​တာကို
😂😂

နည်းနည်းလန့်သွားပီဆိုတော့ လိမ္မာတော့မယ်ထင်တယ် ခ်ခ်

လိမ္မာပါ​စေ ဆု​တောင်းရတာဘဲအမ

သရဲဝင်​ပူး​တော့​ကြာက်​သွားမှာ​ပေါ့။

ကြောက်သွားတာ​တော့ တကယ်​အမ

ကြောက်စရာ

သရဲ သရဲ

ဒီအပတ် ဇာတ်သိမ်းတွေဖတ်ရတာများတယ်
ကောင်းကြတယ်ဗျို့ 

ဟုတ်​ ဦး​ထွေး

အပိုင်းဆက်တွေ ရေးရတာလည်း ရှေ့က လင့်တွေ ပြန်ပြန် ချရတာ မစားသာဘူး

Note ထဲသိမ်းထား​လေ အမ ​ရှေ့ကလင့်​​တွေ

မလာနဲ့ ကွောင်ကြီး မလာနဲ့ သွားသွား 😁😁

ငိ ကျ​နော်​လာပရ​စေ😂

မည်သို့ဖြစ်မည် လော ဆိုတာ

မည့်​သို့ဖြစ်​မည်​​လော​ပေါ့​နော်​ အမ😂

တကယ်​​တော့ မဖဲဝါ ဦးအင်းနဲ့စိတ်​ဆိုးပြီး င​နောင့်​ဆီ လိုက်​လာတာပါ .. ​သူတို့ ​ပြေလည်​ရင်​ ပြန်​သွားမှာပါ ..😂😂 ​နောက်​တစ်​ပိုင်း ​မျှော်​​နေပါတယ်​ ကို​အောင်​ကြီး​ရေ ..

အော်​ အာ့မဖဲဝါပါလာတာကိုး😀

ကိုအောင်ကတော့ ငါးဖမ်းလိုက်ရေချိုးလိုက်ပဲနော...

ဟုတ်​ အကို😂

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 59856.14
ETH 2986.21
USDT 1.00
SBD 3.63