င​နောင်​ (အပိုင်း ၅)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုပရန်
အပိုင်း ၃ ဖတ်​ရှုရန်
အပိုင်း ၄ ဖတ်​ရှုရန်
ခြေ​ထောက်​ဒဏ်​ရာ မသက်​သာ​သော​ကြောင့်​ င​နောင်​တစ်​​ယောက်​ အပြင်​သို့ပင်​မထွက်​နိုင်​​ပေ။ င​နောင်​၏ စရိုက်​ကား အံသြစရာ​ကောင်း​ပေသည်​။အရက်​အား မ​သောက်​၍လည်း​နေနိုင်​​​လေ၏။ အရက်​မ​သောက်​လျှင်​ ​တော်​​တော်​​လေးကို ​ဖော်​​ရွေတတ်​သူဖြစ်​သည်​။
ယခုလည်း အိမ်​နား၌ရှိ​သော မိတ်​​ဆွေများနှင့်​ ပြုံးရွှင်​​ဖော်​​ရွေစွာ စကား​ပြောဆို​နေ၏။
"မင်းနဲ့ကွာ အရက်​မ​သောက်​ရင်​​တော့ အ​ကောင်း အရက်​​သောက်​ရင်​​တော့မင်း​လောက်​ဆိုးတဲ့​ကောင်​မရှိ​တော့ဘူး. . . . မ​သောက်​ဘဲ​လည်း​နေနိုင်​တာကို ... . .မ​သောက်​ဘဲ​နေပါလားကွာ" ဦး​​ကျောက်​ခဲမှ င​နောင်​အား သွင်​သင်​​ပေးရှာသည်​။အရက်​မ​သောက်​လျှင်​​ မည်​သူဆုံးမသည်​ဖြစ်​​စေ င​နောင်​လက်​ခံတတ်​သည်​။ အရက်​မူးချိန်​၌ သွင်​သင်​ဆုံးမလျှင်​​မူ င​နောင်​၏ပြဿနာရှာခြင်းပင်​ခံကြရ​သေး၏။
.download-19.jpg
Crd-org-source
င​နောင်​တွင်​၏ကဲ့သို့ ဆိုဆုံးမတတ်​သည့်​မိတ်​​ဆွေ​ကောင်းများလည်းရှိ​ပေသည်​။အရက်​မ​သောက်​လျှင်​ ဆုံးမ​ပေးသူများအားလုံးနှင့်​ င​နောင်​အဆင်​​ပြေ၏။
ထို့အတူ အ​ပေါင်းသင်းဆိုးများမှလည်း င​နောင်​အား အရက်​ဆိုင်​​ခေါ်ရန်​အလို့ငှါ အိမ်​နားသို့လာလာကြည့်​​နေတတ်​သည်​။ အိမ်​ထဲထိ​တော့ ဝင်​၍မ​ခေါ်ရဲ​ပေ။မိခင်​ကြီးမှ အရက်​​သောက်​ရန်​လာ​ခေါ်​လျှင်​"မရှိဘူး"ဟူ၍ မျက်​နှာထားတင်းတင်းနှင့်​ ​ပြောဆိုလွှတ်​တတ်​​သော​ကြောင့်​ပင်​။ထို့သို့လာ​ခေါ်​သောသူတို့ထဲ၌ ​ကျော်​ကြီးဆို​သောတစ်​​ယောက်​ဆိုးဆုံးပင်​ဖြစ်​သည်​။ ​ကျော်​ကြီးကား ညီမနှစ်​​ယောက်​လုပ်​ကိုင်​ကျွေးသည်​အား အခန့်​သားထိုင်​စား​နေသူပင်​၊ အချိန်​တန်​ အရက်​ဖိုး​တောင်း အရက်​ဆိုင်​သွား ဤသည်​ကားသူ၏ ​နေ့စဉ်​လုပ်​​နေကျ အလုပ်​ပင်​ဖြစ်​သည်​။ယခုလည်း အရက်​ဆိုင်​သွားရန်​ င​နောင်​အားလာ​ခေါ်ခြင်းဖြစ်​သည်​။ င​နောင်​၏ အနီး၌ သူ၏မိခင်​ရှိ​နေ၍သာ မ​ခေါ်ရဲဖြစ်​၍်​​နေ​လေသည်​။
အ​ရှေ့​လျှောက်​လိုက်​၊အ​နောက်​​လျှောက်​လိုက်​ဖြင့်​ င​နောင်​၏မိခင်​ အလစ်​အား ​ချောင်း​နေ​လေသည်​။အခွင့်​သင့်​လျှင်​ ​အရက်ဆိုင်သို့​​ခော်​ထုတ်​သွားမည်​ဖြစ်​​လေ၏။
င​နောင်​၏မိခင်​သည်​ ဤအ​ခြေ​နေကိုသိ၍​ကျော်​ကြီးမမြင်​​အောင်​ င​နောင်​အား အိမ်​ထဲဝင်​​နေခိုင်းထား​လေသည်​။ 
"အ​ဒေါ် င​နောင်​ရှိလား"
ကျော်​ကြီးတစ်​​ယောက်​မ​နေနိုင်​သည့်​အဆုံး င​နောင်​မိခင်​ကြီးအား အရဲစွန့်​၍ ဝင်ကာ​မေး​လေ​တော့သည်​။ ​ကျော်​ကြီး၏ပုံစံမှာလည်း မူး၍ပင်​​နေ​ပေ၏။လာ​မေးရန်​လှမ်း​လျှောက်​လာစဉ်​ထဲကပင်​ ယိုင်​တိယိုင်​တိုင်​ဖြစ်​​နေ​လေသည်​။
" မင်းတို့နဲ့ကွယ်​ သူ့ဟာသူ​ ​အေး​အေးချမ်းချမ်း၊လိမ္မာ​နေတာကို ဘာလို့လာ​ခေါ်​နေရတာလည်း။အ​ဒေါ်​တောင်းပန်​ပါတယ်​ ​ကျော်​ကြီးရယ်​ အ​ဒေါ်သားကို လာလာမ​ခေါ်ပါနဲ့ကွယ်​" မိခင်​ကြီးမှာ င​နောင်​အရက်​​သောက်​မည်​အားစိုးရိမ်​၍ ​ကျော်​ကြီးအား အလိမ္မာသုံးကာ ပထုတ်​​နေရ​လေ၏။
ကျော်​ကြီးလည်း​ခေါ်၍မရမည်​သိ၍ ​ခေါင်းစိုက်​စိုက်​နှင့်​ ထွက်​သွား​လေ​တော့သည်​။
မိခင်​ကြီးမှာ အသက်​၃၀ ပင်​ပြည့်​​တော့မည့်​င​နောင်​၊စဉ်းစား​တွေး​ခေါ်တတ်​မှုနည်းပါးသည့်​င​နောင်​၊သူ၏သူငယ်​ချင်းများ​ပြောလျှင်​ အဟုတ်​ထင်​တတ်​သည့်​င​နောင်​ ၏​ရှေ့​ရေးအား​တွေးကာ ရင်​​မော၍​နေရ​လေသည်​။
တခြားသားသမီး​တွေကား သူ့ဟာနှင့်​သူ ​နေတတ်​၊စားတတ်​၍ စိတ်​မပူရ​သော်​လည်း င​နောင်​အတွက်​၌မူ ​နေ့စဉ်​ရက်​စက်​ ပူပန်​၍သာ​နေရရှာ​ပေ၏။
.Chin_-8-768x1156.jpg
Crd-org-source
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ဟိုစကားပုံလို​တော့ ဖြစ်​​တော့မယ်​ င​နောင်​​ရေ .. ​ကောင်​​လေးက မ​သောက်​ရင်​ ​ကောင်းရှာပါတယ်​ .. ခက်​တာက အချိန်​ပြည့်​ ​သောက်​​နေတာ .. ဆိုတာမျိုး .. 😀 ဆက်​အား​ပေး​နေပါတယ်​ ကို​အောင်​ကြီး​ရေ ..

ဟုတ်​ ​ကေျးဇူးပါ အကိုမြန်​မာပြည်​သား

စိုးတဲ့သူတွေကိုမိဘကပိုမချစ်ဘူး။စိတ်ပူတာ။ဒါပေမယ့်သူတို့ကိုစိတ်ပူရင်းနဲ့ လိမ်မာပြီးရှာကျွေးတဲ့သားသမီးကျတော့ မေ့နေသလိုဖြစ်နေတတ်ပြန်တယ်။ဘာလို့ဆိုလိမ်မာနေတော့ သိပ်ဆုံးမစရာမလိုသလို စကားလဲသိပ်မပြောနေရဘူးဆိုတော့။

ဟုတ်​ပါတယ်​ ခိုခိုဇာ

အသက်၃၀ပြည့်တော့မယ်
ဆိုးတုန်း မိုက်တုန်းလား

ဟုတ်​ပ ဒီအရွယ်​ထိ ဆိုး​ကောင်း​နေတုန်းအမ

You got a 6.61% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

င​နောင်​ကမ​သောက်​​တော့ဘယ်​ဆိုးလဲ
လိမ်​မာသားဘဲ

မ​သောက်​ရင်​ ​ကောင်းတယ်
သောက်​ရင်​ထိမ်းမရဘူးဗျ

မိဘတွေက ဆိုးတဲ့သူပိုချစ်တာလား
စိုးရိမ်းပိုတာလား

ချစ်​တာ​တော့ အတူတူချစ်​ကြတာဘဲဖြစ်​မယ်​ဗျ
အစိုးရိမ်​ပိုတာဖြစ်​မယ်​ ဦး​ထွေး

စိတ်က မကောင်းမှုမှာ ပိုပြီးပျော်မွေ့တတ်ကြတယ်

ဟုတ်​ပါတယ်​ bro

This post received a $0.315 (60.00%) upvote from @upvotewhale thanks to @aunggyi100! For more information, check out my profile!

ကျေးဇူး @upvotewhale

င​နောင်​လိမ္မာလာပြီ​ပေါ့။

မ​သောက်​ရင်​ လိမ္မာတယ်​အမ

Release the Kraken! You got a 11.24% upvote from @seakraken courtesy of @aunggyi100!

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 57111.61
ETH 2875.04
USDT 1.00
SBD 3.69