င​နောင်​ (အပိုင်း ၇)

in #myanmar6 years ago (edited)

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
အပိုင်း ၃ ဖတ်​ရှုရန်
အပိုင်း ၄ ဖတ်​ရှုရန်
အပိုင်း ၅ ဖတ်​ရှုရန်
အပိုင်း ၆ ဖတ်​ရှုရန်
င​နောင်​တစ်​​ယောက်​ နှုတ်​ဆက်​ထွက်​ခွာသွားသည့်​ ကို​ပေါ​၏​ ​ကျောပြင်​အား စိုက်​ကြည့်​​နေမိ​လေသည်​။မည်​သည့်​အ​တွေးတို့ဖြင့်​ စိုက်​ကြည့်​​နေမိသည်​ကို င​နောင်​ကိုယ်​၌သာသိရှိ​ပေလိမ့်​မည်​။
ဤသို့နှင့်​ပင်​ ညီကိုနှစ်​​ယောက်​အတူတွဲ၍လုပ်​ငန်းများလုပ်​လာကြရာ တစ်​ပတ်​တင်း​တင်းပင်​ ဖြည့်​ခဲ့​လေသည်​။ လုပ်​ငန်းခွင်​တွင်းအတူလုပ်​​သော်​လည်း ကိုကြီးသက်နိုင်အေ​န​ဖြင့်​င​နောင်​အား ငွေ​ကြေးကိုင်​ခွင့်​မပြုရဲ​သေး​ပေ။
တစ်​​နေ့င​နောင်​နှင့်​ကိုကြီးသက်​နိုင်​တို့ အခင်းထဲ၌ အလုပ်​လုပ်​​နေချိန်​ သီးနှံယူထားသူတစ်​ဦးမှ ​ငွေလာ​ချေ​လေသည်​။ အခင်းထဲလာ၍​ငွေ​ချေ​သော​ကြောင့်​ ​ငွေများအား အိမ်​ပြန်​ပို့ရန်​ လုပ်​ရ​ပေ​တော့သည်​။ အခင်းအားင​နောင်​နှင့်​ပြစ်​ထား၍မဖြစ်​​ကြောင်း၍ င​နောင်​ကိုသာ ​ငွေများပြန်​ပို့ခိုင်းလိုက်​​လေသည်​။အရင်​လို မဆိုး​လောက်​​ဟု ထင်​၍လွှတ်​လိုက်​မိခြင်းပင်​ဖြစ်​သည်​။
ခွေးမြီး​ကောက်​​ခြေ​ထောက်​စွပ်​ဆိုသည်​မှာ င​နောင်​လိုလူမျိုးပင်​။လက်​ထဲ​ငွေ​ရောက်​​သောအခါ မူလဗီဇကားပြ၍လာ​ပေ​တော့သည်​။ သူ၏အ​ပေါင်းသင်းများ​ခေါ်ကာ ​သောက်​စားရုံအားမရ၍ ရွာထဲရှိနာ​ရေးဝိုင်းသို့ပင်​သွားကာ ဖဲပင်​ရိုက်​ကြ​လေ​တော့၏။
.images.jpg
Crd-org-source
ကိုကြီးသက်​နိုင်​အိမ်​သို့​ရောက်​​သော်​ မိခင်​ကြီးအား င​နောင်​သီးနှံဖိုး ပိုက်​ဆံများ လာ​မ​ပေး​သေးဘူးလား ဟု​မေး​လေသည်​။မိခင်​ဖြစ်​သူလည်း မ​ပေး​သေး​ကြောင်း ​ဖြေ​​လေ၏်​။
ချွေးနှင့်​ရင်း​ နွားနှင့်​ဖက်​ကာလုပ်​​မှ ရသည့်​ပိုက်​ဆံတို့အား င​နောင်​သုံးဖြုန်းပြစ်​​ကြောင်းသိ​​သောအခါ၌ င​နောင်​နှင့်​ကိုကြီးသက်​နိုင်​တို့ ပြဿနာအကြီးအကျယ်​ ဖြစ်​ကြ​ပေ​တော့သည်​။
ကိုကြီးသက်​နိုင်​အား ​ငွေကိုင်​သုံးခိုင်း၍ မိမိကြ​ငွေ​လေးတစ်​ခါသုံးမိသည်​အား ဝိုင်းအပြစ်​​တင်​​နေရ​ကောင်းလားဟူ၍ မိခင်​အားပြော​လေသည်​။
"ဒီအိမ်​မှာမ​နေဘူးဗျာ ထွက်​မယ်​. . . .ဘယ်​​တော့မှ ကျုပ်​ပြန်​မလားဘူးမှတ်​"မိခင်​ကိုပင်​ ​အော်​ဟစ်​ကြိမ်း​ကောင်း၍ အိမ်​မှာဆင်းသွား​လေသည်​။
မူးမူးရူးရူး နှင့်​သူ၏သူငယ်​ချင်း​ကျော်​ကြီးအိမ်​သို့င​နောင်​​ရောက်​သွား​လေသည်​။ ​ကျော်​ကြီး​တို့အိမ်​၌ လူစိမ်းတစ်​ဦးနှင့်​​ကျော်​ကြီးကား​ပြော​နေကြသည်​။င​နောင်​လည်း ​ကျော်​ကြီးဘေးကပ်​ထိုင်​ကာ နား​ထောင်​​နေ​လေ၏။
" ကဲ​ကျော်ကြီး​​ရေ ငါ​ပြောတာစဉ်းစားထား. . .လိုက်​ဖြစ်မ​ယ်​ဆိုလည်း ငါ့ကိုဆက်​သွယ်​လိုက်​​ပေါ့ . . . ငါပြန်​အုန်းမယ်​"
"ဟုတ်​ ဦးစိုးနိုင်​ ကျွန်​​တော်​လိုက်​ဖြစ်​ရင်​ ဆက်​သွယ်​လိုက်​ပါ့မယ်​ "
ဦးစိုးနိုင်​ဆိုသည့်​ လူစိမ်းလည်း ​ကျော်​ကြီးအားနှုတ်​ဆက်​၍ပြန်​သွား​လေသည်​။
င​နောင်လည်း တစ်​စွန်းတစ်​စသာ ကြားသိရ၍ အလုံးစုံ သိရန်​​ကျော်​ကြီးအား ​မေးမြန်း​လေ​တော့သည်​။ ​ဟေ့​ကောင်​​ကျော်​ကြီး ဘာ​တွေလိုက်​ပြီး ဘာ​တွေဆက်​သွယ်​ခိုင်း​နေကြတာလည်းဟ . . . ငါ့လည်း​ပြောပြပါဦး"
ကျော်​ကြီးလည်း ထိုလူ၏အမည်​မှာ ဦးစိုးနိုင်​ဖြစ်​​ကြောင်း၊​ရွှေတူးရန်​ အလုပ်​လာ​ခေါ်​ကြောင်း ၊ လစာမှာလည်း မက်​​လောက်​စရာဖြစ်​​ကြောင်း တို့အား ဦးစိုးနိုင်​​ပြောသွားသည့်​​လေသံတိုင်းလိုက်​၍ င​နောင်​အားရှင်းပြ​လေ၏။
"အ​တော်​ပဲကွာ . . . ငါလည်းအိမ်​​ပေါ်ကအခုဆင်းလာတာ . . . ငါတို့လိုက်​သွားရ​အောင်​​ကျော်​ကြီး" 
ကျော်​ကြီးလည်းတစ်​​ယောက်​တည်းဖြစ်​​နေ၍သာ လိုက်​ရန်​တွန့်​ဆုတ်​​နေခြင်းဖြစ်​သည်​။
ယခုင​နောင်​ပါလိုက်​မည်​ဆို၍ သူလည်းလိုက်​သွားရန်​ဆုံးဖြတ်​လိုက်​​လေသည်​။ င​နောင်​လည်းထိုည၌ ​ကျော်​ကြီးတို့အိမ်​တွင်​သာ အိပ်​လိုက်​​လေသည်​။ နှစ်ဦးသား ယမကာ အရှိန်​​လေးနှင့်​ သူ​ဋ္ဌေးအိမ်​မက်​တို့ပင်​ မက်​၍​နေ​လေ​တော့သည်​။
.1518698063-picsay289131994-1024x745.jpg
Crd-org-source
(အပိုင်း ၈ ဆက်​၍ဖတ်​​ပေးပါရန်​)
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ဟေဟေး..အဲ့ချီးတတ်ကကြောင်လည်းမဟုတ်ကျားသစ်လည်းမဟုတ်ဘူးအရက်သမားဆိုတာသိလိုက်ပီလေ...

ငမ်း အတူတွဲ​သောက်​ဖူးလို့လား​အေ😂😂

ငွေလိုရင် အိမ်ပြန်လာလိမ့်မယ်
ပစ်ထားလိုက် 😂

ဟုတ်​တယ်​ ပြစ်​ထားမယ်​😂

ငနောင်တစ်ယောက် လိမ္မာနေပီမှတ်တယ်..မိုက်တုန်းပဲကိုးး...

ဆိုး​နေတုန်း bro😢

ဇာတ်ကအရှိန်တက်လာပြန်ပေါ့

သိမ်း​တော့မလားလို့ ဦး​ထွေး😂

လိုက်သွား မှာ နေမှာဘာ

အရက်​ဆိုင်​ရှိမှ လိုက်​မှာတဲ့အမ😂

ဟာ ဟိုငမူးအလည်လာတယ်

ချိတက်​​ငမူးလား😂

င​နောင်​​ရွှေတူး​လိုက်​မည်​ဆိုပါလား

လိုက်​သွားမယ်​ထင်​တယ်​ဗျ☺

cheetahလာလည်​တယ်​ကွ။င​နောင်​အရက်​​သောက်​လို့ဖြစ်​မယ်​😜😜

ချိတက်​ ဘာလာလုပ်​လည်းမသိ😂😂

This post received a $0.210 (33.33%) upvote from @upvotewhale thanks to @aunggyi100! For more information, check out my profile!

အခုမှ ပြန်ရောက်လာတော့ skynet လိုင်းဖွင့်ကြည့်မိသလို ဖြစ်နေတယ် ဗျာ

ဇာတ်​လမ်းတွဲကို တဝက်​ကကြည့်​​နေရသလို​လေး😂

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98