၂၄/ ၉/ ၂၀၁၈ ( တနင်္လာနေ့) MSC အုပ်စု (၃ ) မှ promotion တင်ရန်

in #myanmar6 years ago (edited)

Steem-myanmar မှ promotion စည်းကမ်းများအား ယခင်က နေ့စဉ် ဖော်ပြခဲ့ရာမှ ယခု အချိန်တွင် promotion ရရှိသော စာရင်းများကိုသာ နေ့စဉ် ဖော်ပြပေးနေပါသည် ။ ထို့ကြောင့် ယခုအပတ်တွင် promotion စည်းကမ်းများကို ပြန်လည် ရေးသား ဖော်ပြပေးလိုက်ပါသည် ။

၁ ။ MSC member တို့၏ ဆောင်းပါးများတွင် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရပါမည် ။

  • အင်္ဂလိပ်ဖြင့် ဖြစ်စေ မြန်မာစာဖြင့်ဖြစ်စေ နှစ်မျိုးလုံးဖြင့်ဖြစ်စေ original content သာ ရေးသားသူ ဖြစ်ရမည် ။ ရေးသားသော ဆောင်းပါးအတွက် ref ယူခွင့်ရှိသည် ။ ref မှာ အလုံးစုံ ကူးယူခြင်း မဟုတ်ပဲ link များဖြင့် ref ပေးနိုင်ပါသည် ။
  • စာလုံးရေ အနည်းဆုံး တစ်ထောင်အထက် ရှိရမည် ။ မိမိ ဆောင်းပါးကို ဖြစ်နိုင်လျှင် အပိုဒ်ခွဲ၍ copyright လွှတ်သော ပုံများဖြင့် တန်ဆာဆင်နိုင်လျှင် ပိုကောင်းသည် ။
  • မိမိရေးသားသော ဆောင်းပါးသည် လူမှု အဖွဲ့အစည်း တစ်စုံတစ်ရာ အကျိုးရရှိစေနိုင်ရမည် ။ ဥပမာ - အနုပညာ ,ရသ ,နည်းပညာ ,အတွေးအမြင်, ကျန်းမာရေး အသိပညာ အစရှိသဖြင့် ။
  • tag list မှန်ကန်စွာ ထည့်၍ ဆောင်းပါးအဆုံးတွင် MSC- Number နှင့် ရေးသားသူ မိမိဖြစ်ကြောင်း သက်သေခံသည့် အနေဖြင့် မိမိနာမည် ဖော်ပြရမည် ။

၂ ။ Promotion တင်ရာတွင် လိုက်နာရမည့် စည်းကမ်းများ ။

  • Promotion ရယူသူတို့ ဤ Steem-myanmar page ကို မဖြစ်မနေ vote ပေးရမည် ။
  • comment တွင် မိမိ၏ MSC Reguister Number ကို အရင် ဖော်ပြပါ ။ ပြီးမှ post link ပေးရပါမည် ။
  • vote နှင့် comment ပြည့်မှီရန် sub-group leader များမှ တာဝန်ယူ ပေးရပါမည် ။
  • အခြားသူများ၏ MSC-number များကို ယူသုံး၍ Promotion တင်ထားသည်ကို တွေ့ရှိလျှင် MSC မှ ရာသက်ပန် ထုတ်ပယ်ပါမည် ။
  • sub-group leader များမှ မိမိ အဖွဲ့ဝင်များမှ မိမိ အဖွဲ့ဝင်များ Promotion ရနိုင်သော နေ့ရက်များကို မှတ်သားထား၍ အဖွဲ့ဝင်များအား တိုက်တွန်းနှိုးဆော်ပေးရပါမည် ။
  • MSC admin များမှ ယခင် Promotion ကဲ့သို့ post တစ်ခုချင်းစီ လိုက်လံစစ်ဆေး၍ လိုအပ်ချက်မှား တွေ့ရှိပါက Promotionမှ ထုတ်ပယ်မည်ဖြစ်၍ sub-group leader များမှ မိမိအဖွဲ့သားများ အမှားကင်းစေရန် အတတ်နိုင်ဆုံး စစ်ဆေးပေးရမည် ။

အဖွဲ့ဝင်များအားလုံး သိရှိပြီးသားစည်းကမ်းများ ဖြစ်သော်လည်း ပြန်လည် မှတ်သားစေနိုင်ရန် Steem-myanmar page မှ ပြန်လည် ဖော်ပြပေးလိုက်ပါသည် ။

logo.png

Myanmar Steemit Community

Sort:  

Team ထဲဝင်ခြင်လိုဘယ်လိုလုပ်ရမလည်း

လောလောဆယ် member အသစ် လက်ခံခြင်းကို ခဏ ဆိုင်းငံထားပါတယ် ဗျ။ ပြန်လက်ခံတဲ့အခါ အသိပေးပါ့မယ်ဗျ။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64202.90
ETH 3439.10
USDT 1.00
SBD 2.59