ချစ်မြတ်နိုးတာတွေ လုပ်ဆောင်နေပါ

in #myanmar6 years ago

... မင်္ဂလာပါ မိတ်ဆွေတို့ရေ ...
orca-image-1890668431.jpeg_1537577272687.jpeg

ကျွန်တော်သည် စာဖတ်ဝါသနာအိုး တစ်ဦး ဖြစ်သည်
သာမက ကောင်းနိုးရာရာ စာပေတွေကို ပြုစုတတ်သူ
တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် Facebook တွင်
နိုင်ငံခြားမှ အောင်မြင်ရေး ပို့ချသော ဆရာတွေရဲ့
Quote များကို နားလည်သလို ဘာသာပြန်ဆို တင်ပေး
လေ့ ရှိခဲ့ပါတယ်။ ခုလည်း နည်းနည်းလောက် မျှဝေ
ပေးပါဦးမယ်ဗျာ.....

"သင် ချစ်မြတ်နိုးတာတွေကို လုပ်ဆောင်မနေရင်
သင် အချိန်ဖြုန်းနေတာပဲ။
"
Screenshot_2018_0916_154118.png

ဟုတ်ပါတယ်... ကျွန်တော်တို့တွေဟာ စားဝတ်နေရေး၊
စီးပွားရေးအတွက် အဆင်သင့်တာတွေကို ဝင်ရောက်
လုပ်မိလေ့ ရှိကြပါတယ်။ ထို့နောက်တွင်တော့ ထိုအလုပ်
မှာ ပျော်သည် ဖြစ်စေ... မပျော်သည် ဖြစ်စေ... လုပ်မြဲ
လုပ်နေလေ့ ရှိကြပါတယ်။ ပျော်နေလျှင် ပြဿနာ
မဟုတ်သော်လည်း မပျော်လျှင်ကား အချည်းနှီး ဖြစ်ပေ
မည်။ အကြောင်းမှာ မပျော်ဘဲ လုပ်နေသောအလုပ်သည်
အဖြစ် လုပ်နေခြင်းသာ ဖြစ်၍ တိုးတတ်အောင်မြင်မှုကား
မရရှိနိုင်သောကြောင့်ပါ။ တစ်ကယ်ဆို မပျော်လျှင်
ထိုအလုပ်ကို ဆက်မလုပ်သင့်ပါဘူး။ ဆက်လုပ်မယ်ဆို
ပျော်အောင်နေနိုင်ရပါမယ်။ ဒါပေမယ့် လူအတော်များများဟာ
မပျော်တာကိုလည်း ပျော်အောင် မနေနိုင်... မပျော်တဲ့
အလုပ်ကိုလည်း မပြောင်းနိုင် ဖြစ်နေတတ်ကြပါတယ်။
မိမိတို့ တန်ဖိုးထား မြတ်နိုးသော အလုပ် အဟုတ်ပါဘဲ
လုပ်ဆောင်နေရင်း အချိန် ဖြုန်း နေကြမှာလား။
မိတ်ဆွေတို့ ဆိုရင်ရော ဘယ်လိုပါလဲ....

"အောင်မြင်မှု ဆိုတာ ပျော်ရွှင်မှုကို
ဖွင့်တဲ့သော့ မဟုတ်ဘူး။
ပျော်ရွှင်မှုကသာ အောင်မြင်မှုကို
ဖွင့်တဲ့သော့ပါ။
သင် လုပ်နေတာတွေကို ချစ်မြတ်နိုးရင်
သင် အောင်မြင်မှုနှင့်ပြည့်စုံမှာပါပဲ။
"
Screenshot_2018_0916_154018.png

ပျော်ရွှင်မှု နှင့် ပတ်သက်၍ ထပ်ပြောပါရစေ...
ကျွန်တော်တို့ လူအတော်များများဟာ မိမိတို့ ဆောင်ရွက်
ကြသော ပြုဖွယ်ကိစ္စတို့ကို လုပ်ဆောင်နေစဉ်မှာ
စိတ်အားထက်သန်စွာ ပျော်ရွှင် မနေတတ်ကြပါဘူး။
သူတို့ အတွေးထဲမှာ ထိုကိစ္စရပ်တို့ အောင်မြင်လျှင်
ပျော်ရွှင်ရမည်ဟု ထင်မြင်ကြပါတယ်။ တကယ်က
အောင်မြင်မှ ပျော်ရမှာ မဟုတ်ပါဘူး။ လုပ်ဆောင်နေစဉ်
မှာ ပျော်နေရမှာပါ။

မိတ်ဆွေတို့ အနေဖြင့် တစ်ခု တွေးမြင်ကြည့်ပါလား...
မိတ်ဆွေတို့ဟာ သူငယ်ချင်းတစ်စု စုဖွဲ့ပြီး ပျော်ပွဲရွှင်ပွဲ
တစ်ခုသို့ သွားကြမယ် ဆိုပါတော့...
ပျော်ပွဲရွှင်ပွဲသို့ ရောက်မှ ပျော်ကြမှာပါလား?
သွားနေစဉ်မှာရော အပျော်တွေ ဝေဖြာ နေကြမယ်
မဟုတ်လား?

ဒီလိုပါပဲ မိမိတို့ ဖြစ်မြောက်ချင်တာ တစ်ခုအတွက်
လုပ်ဆောင်နေစဉ်မှာကတည်းက ဖြစ်မြောက်ချင်တာတွေ
ဖြစ်မြောက်လာတော့မှာ ဆိုပြီး
ပျော်ရွှင်စွာ ဆောင်ရွက်
ကြရမှာပါ။
တစ်ကယ်စင်စစ်ကလည်း အောင်မြင်မှု ရတယ် ဆိုတာ
ပျော်ပျော်စွမ်းဆောင်ခဲ့မှ ရတဲ့အရာပဲ ဖြစ်ပါတယ်။

"သင် လုပ်ဖို့ ဆုံးဖြတ်တာ ဘာဖြစ်ဖြစ်
သင့်ကို ပျော်ရွှင်စေမယ့်အရာ ဖြစ်ပါစေ။
"

ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့် ...
မိမိတို့ ချစ်မြတ်နိုးသော အလုပ်ကို ရွေးချယ်ကြပါ။
မိမိတို့ ပျော်ရွှင်စေမည့် အလုပ်ကို လုပ်ဆောင်ကြပါ။
မိမိတို့ မချစ်မြတ်နိုးသော၊ မပျော်သော အလုပ်ကို
စွန့်လွှတ်နိုင်ကြပါစေ။ သို့မဟုတ်မူ မိမိတို့ လုပ်ဆောင်
သော အလုပ်ကို ချစ်မြတ်နိုးပါ။ ပျော်ရွှင်စွာ လုပ်ဆောင်ပါ။
ထို့သို့မဟုတ်ပါဘဲ မချစ်မြတ်နိုးသော၊ မပျော်ရွှင်သော
အလုပ်ကိုပဲ လုပ်ဆောင်နေရင်း အချိန် မဖြုန်းကြပါနဲ့။
အချိန်သည် အစား ပြန်ရရိုး မရှိလို့ပါဗျာ...

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

အလုပ်လုပ်ရင်းနဲ့ပျော်ရွှင်လာပါပြီ

ကောင်းပါပေတယ်ဗျာ ဆက်လုပ်ပါ

You got a 7.87% upvote from @dailyupvotes courtesy of @billionairehein!

မပျော်လဲ လုပ် ပျော်လဲလုပ် ၈နှစ်ရှိပီ😁

အစိုးရနိုင်ငံ့ဝန်ထမ်း သုံးလ ပဲ လုပ်ဖူးတယ် မပျော်လို့😁

ဟုတ်​ပါတယ်​...တန်​ဖိုးရှိတဲ့စာသားများပါ....မှတ်​သားပါ့မယ်​...

ခုလို ပြောပေးတာ ဝမ်းသာပါတယ်ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by billionairehein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အချိန်မဖြုန်းသင့်ပါ

ပြန်မရနိုင်သော အချိန်ကို အကျိုးရှိစွာ အသုံးချပါ

မကြည် လိုပဲ မပျော်လဲလုပ် ပျော်လဲလုပ်လာလိုက်တာ
ပင်စင်နားတောင်နီးရော့ထင်

လက်စနဲ့ ပင်စင်ယူပြီးမှ ပျော်ရာလုပ်ပါတော့ဗျာ

You got a 5.82% upvote from @minnowvotes courtesy of @billionairehein!

ဟုတ်တယ်။အဲလိုဘဲ အချိန်တွေကုန်နေတယ်

ကိုယ်တော့ steemit ကလွဲရင် ဘယ်ဟာလုပ်ရ ပျော်မယ် မသိသေးတာ

ပျော်ရွှင်မှုကသာ အောင်မြင်မှုကို ဖွင့်တဲ့သော့ပါလား တွေးမိပြီလေ

ဘာပဲလုပ်လုပ် ပျော်နေမှ အောင်မြင်မှာပါ

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58607.22
ETH 2616.94
USDT 1.00
SBD 2.43